ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်၊ သီတင်းကျွတ်လဆန်း(၁၀)ရက်၊ ဗုဒ္ဓဟူးနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၂၂)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၆း၁၀)နာရီဖြစ်ပြီး ၊ ညနေ(၆း၀၀)နာရီမှာ နေဝင်ပါ တယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ သောကြာမြေခံတဲ့နေ့ဖြစ်ပါတယ်။ သောကြာမြေခံအရ ဥစ္စာပစ္စည်းရရှိခြင်း၊ချစ်သူ၊ မိတ်ဆွေ ပေါများခြင်းအကျိုးကိုရရှိစေသောကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေစတင်ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူး ဆောင်ရွက်လို့ ရပါ တယ်။
ဒီနေ့ဟာ တီထိအရတော့ လဆန်းတီထိ ၉လုံးကျရောက်နေတာ ဖြစ်ပါတယ်။ဒါကြောင့်ဒီလိုနေ့မျိုးမှာတော့ နိုင်ငံရပ်ခြား အလုပ်တွေအထူးကောင်းပါတယ်။ ပြည်တွင်း ပြည်ပသို့ ထွက်ခွာလုပ်ကိုင်ဖို့ ကြိုးစားခြင်းတွေလဲ အထူးတိုး တတ် ပါလိမ့်မယ်။ နိုင်ငံခြားသွားဖို့ကိစ္စတွေ အဆင်ပြေ တိုးတတ် ပါလိမ့်မယ်။
အနိဌအလုပ်တွေဖြစ်တဲ့ ပိုးသတ်ဆေးဖြန်းတာ၊ အမဲလိုက်တာ၊ရန်သူကို ဖမ်းဆီး တာမျိုးတွေဆောက်ရွက် နိုင်ပါတယ်။ ဒါအပြင်အနာရောဂါကိုခွဲစိပ်ခြင်း၊လက်နက်အသုံးပြုခြင်းများအထူးပဲဆောင် ရွက်နိုင်ပါတယ်။ အဖျော် ယာမက နှင့် ပတ်သက်သောအလုပ်များ ရန်ကိုဒီထက်တိုးမလာအောင်လို့ထိပ်တိုက်ရင်ဆိုင် ဖြေရှင်းခြင်းများအထူး ပဲဆောင်ရွက် နိုင် ပါတယ်။
ဆေးခန်းများ၊ဆေးရုံများ၊ဆေးဆိုင်များစတင်ဖွင့်လှစ်ခြင်းဖြင့်ထူးခြားစွာအောင်မြင်မှုတွေကိုရလာတတ်ပါ တယ်။ အလှု ကုန်ပစ္စည်းများရောင်းချခြင်းအလုပ်များလဲ မိတ်တွေတိုးပါလိမ့်မယ်။မေတ္တာရေးကံကောင်းနေတဲ့နေ့ ရက်ဖြစ် တာ ကြောင့် မေတ္တာတောင်းခံခြင်း၊ချစ်ရေးဆိုခြင်း၊ ချစ်သူနဲ့လက်ထပ်ဖို့တိုင်ပင်ဆွေးနွေးခြင်းများအထူး ကောင်းပါတယ်။
အလုပ်တွင်ဖြစ်စေ၊အဖွဲ့အစည်းတွင်ဖြစ်စေမိမိရသင့်ရထိုက်သောရပိုင်ခွင့်တွေကိုရအောင်တောင်းဆိုလို့ အထူး ကောင်း တဲ့ နေ့ရက်ပါပဲ။ရပ်ဝေးနဲ့ဆက်စပ်လုပ်ကိုင်ဆောင်ရွက်ရသောအလုပ်များ စတင်ဆောင်ရွက်ရန် အချိန်အခါ ကောင်း တဲ့နေ့ရက်ပါပဲ။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ ည(၈း၄၀)နာရီမှ ည(၉း၃၄)နာရီအတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံ လာရ ပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိ ခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ မရဏဖွား၊ မနက် ၉နာရီ၅မိနစ်အထိ ပြုပ္ဗာသဠ်နက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ဓနုစန်း၊ ကန် ရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေးသူများဟာ စကားအပြောအဆို မတတ်သူတွေဖြစ်ပါတယ်။ တစ်ပါးသူတွေကို အား နာတတ်သူတွေဖြစ်ပြီးတော့ ဒုက္ခရောက်နေသူတွေကို ကူညီကယ်တင်ချင်တဲ့ပရဟိတစိတ်ရှိသူတွေဖြစ်ကြပါတယ်။ အိမ် ထောင် ရေးကံအားနည်းချက် ရှိကြပြီး စနေနေ့ဖွား၊ တနင်္လာနေ့ဖွားတွေကို ယူမိရင် အိမ်ထောင်ရေးသာယာနိုင် ခြေ အနည်းဆုံးဖြစ်သွားတတ်ပါတယ်။ လောင်းကစားကြောင့်ဘဝနစ်မွန်းတတ်ကြသူတွေလဲဖြစ်ကြပါတယ်။ ငွေကြေးကံ အောင် မြင် မှုအားနည်းပေမဲ့အရင်း အနှီးထုတ်ပေးမဲ့သူတွေ အများအပြားရှိနေတတ်ပါတယ်။ ငွေရှာရလွယ်ကူပြီးတော့ ငွေမြဲဖို့ခက်ခဲတဲ့သူတွေပါပဲ။ သတိ ထားရမှာက ဥာဏ်ကြီးပညာကြီးဖို့လိုတဲ့သူတွေမို့ ပညာရေးမှာ ဘွဲ့ရရှိအောင် ကြိုးစားသင့်ပါတယ်။ စာပေဖတ်ပြီး ဥာဏ် ကြီးသူ၊ဆင်ခြင်တုံတရားရှိသူဖြစ်အောင်လုပ်နိုင်ရင် အဆင်ပြေပါတယ်။ ဈေး ရောင်းတော်သူတွေဖြစ်ပြီးတော့ ဘယ် ပစ္စည်း မဆို လွယ်လင့်တကူရောင်းထွက်နိုင်အောင် ရောင်းနိုင်ကြသူများလဲ ဖြစ် ပါတယ်။
ဂြဟဇာပွင့်ရာအရပ်သည် အောက်အရပ်ဖြစ်သည်။ ဂြဟဇာပွင့်သောအရပ်ကို မျက်နှာမူ၍ အိမ်ဆောက်ခြင်း၊ ခေါင်း ဆေးမင်္ဂလာပြုခြင်း ကဲ့သို့သော ကောင်းမွန်သော ကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းမွန်ပါသည်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နေ့လယ်(၁၁း၄၉)နာရီမှ မွန်းလွဲ(၁း၁၉)နာရီအတွင်း ကျရောက် နေပါ တယ်။ ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ကြာသပတေး၊တနင်္ဂနွေသားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ သောကြာသားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊ဗုဒ္ဓဟူး၊ရာဟု၊စနေသားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ အဖြူရောင်နှင့် အစိမ်းရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၂၊၃) ဂဏန်း တွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး …. အရပ်ဆယ်မျက်နှာမေတ္တာပို့(၁)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင်ပြေ လွယ်ကူ ချော မွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ “ဖရုံယို” ဘုရားကပ်လှူပြီး လိုရာဆုတောင်း ပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒ တွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၄၅၀ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695
နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2025
အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2025
အောင်မှန်- အခါပေးဒိုင်ယာရီ2025
ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2025
ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2025
ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ
မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်
သူရဇ္ဇ လစဉ်မဂ္ဂဇင်း