ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်၊ သီတင်းကျွတ်လဆုတ်(၂)ရက်၊ ဗုဒ္ဓဟူးနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ (၈) ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၂၇)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၆း၁၅)နာရီဖြစ်ပြီး ၊ ညနေ(၅း၅၆)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။
လက်သမားမြေခံ ကတော့ ကျား မြေခံဖြစ်၍ ပျက်စီးခြင်းကို ပေးတဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်ရန် အထူးရှောင်ကျဉ်သင့်တဲ့ နေ့ရက်ဖြစ်ပါတယ်။
ဒီနေ့ဟာ အမြိတ္တစုတ်၊ မဟာရက်ကြမ်း ကျရောက်နေတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။
ဒီနေ့ဟာအမြိတ္တစုတ်ရက်ကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ စီးပွားရေး၊လူမှုရေး၊ကျန်းမာ ရေး၊ ပညာရေးနှင့်အလုပ်ကိစ္စ ရေးရာအဖြာဖြာတွေမှာ ရေရှည်အောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်။ လောကီ အစီအရင် လုပ်ခြင်း၊ သိဒ္ဓိတင်ခြင်း၊အင်းဆွဲခြင်းများကို အလေးပေးဆောင်ရွက်နိုင်ပါလိမ့်မယ်။ ဂမ္ဘီရဆန်တဲ့ ကိစ္စတွေအတွက် ဆောင်ရွက်လို့အလွန်ကောင်းပါတယ်။
မဟာရက်ကြမ်းကျရောက်တဲ့နေ့မျိုးတွေမှာ အရေးကြီးတဲ့ လုပ်ငန်းဆောင်တာတွေကို မလုပ်သင့်ပါဘူး။ ဒီနေ့မှာ ခရီး ကိစ္စတွေ တတ်နိုင်သရွေ့ရှောင်သင့်ပါတယ်။ အထူးသဖြင့် ရေလမ်းခရီးများ၊ မသွားဖူးတဲ့အရပ် ဒေသများ၊ တော တောင်များ သွားရောက်ခြင်းမျိုးကို အထူးပဲရှောင်စေချင် ပါတယ်။မင်္ဂလာကိစ္စများလဲ အလုံးစုံရှောင်လိုက် စေချင်ပါ တယ်။ လက်ထပ်ထိမ်းမြားခြင်း၊စေ့စပ်ခြင်း၊မင်္ဂလာစကားပြောခြင်း၊ ရုံးတတ်လက်မှတ် ထိုးခြင်းများလဲ အထူးရှောင် အပ်ပါ တယ်။
ဒီနေ့ဟာ တီထိအရတော့ ကောင်းကျိုးဖြစ်ထွန်းစေခြင်းကိုပေးတဲ့ လဆုတ်တီထိ(၂)လုံး ကျရောက်နေတာ ဖြစ်ပါတယ်။
တီထိ (၂)လုံး အနေဖြင့် ကျော်ကြားခြင်း၊ကံကောင်းခြင်းတွေကိုပေးတဲ့ ဘဒြာတီထိကျ ရောက်တဲ့နေ့ရက်ပါပဲ။ဒါကြောင့် ငြိမ်းချမ်းရေးနှင့်ပတ်သက်သောအလုပ်များ အထူးကောင်းပါ တယ်။အစားအသောက်နှင့်ပတ်သက်သော အလုပ်အကိုင် များ၊အဝတ်အစားနှင့်ပတ်သက်သောအလုပ်အကိုင်များအထူးကောင်းပါ တယ်။အဆင်ပြေတိုးတတ်မှုတွေကြုံရနို င်ပါ တယ်။ လူတိုင်းဇွဲရှိရှိလုပ်ဆောင်ကြည့်ပါ။ယာဉ်ကား နှင့်ပတ်သက် သော အလုပ်များ၊စက်ကားယန္တရားငှားရမ်း တဲ့အလုပ် များအထူးကောင်းပါတယ်။ မိမိလုပ်ချင်တာတွေ ကို အားထည့်လုပ်ဆောင်သွားနိုင်ပါ လိမ့်မယ်။လက်ရှိ အလုပ်တွေကို ထပ်ချဲ့တာ၊ဆိုင်ခွဲဖွင့်တာ မျိုးတွေကောင်းပါ တယ်။စာရေးခြင်း၊ ကဗျာရေးခြင်း၊ သီချင်းစပ်ခြင်း၊ ပန်းချီဆွဲခြင်း၊ ပန်းပု ထုခြင်း စတဲ့အနုပညာဖန်တီးမှုတွေကို ဆောင်ရွက်နိုင်တဲ့နေ့ရက်လဲဖြစ်ပါတယ်။
ကျက်သရေမင်္ဂလာရှိအောင်နေထိုင်လေကံကောင်းလေပါပဲ။ သမ္မာ အာဇီဝဖြင့်အသက်မွေးခြင်းတွေ၊ သုစရိုက် ဆယ်ပါး ဖြည့်ကျင့်ခြင်းတွေလဲဆောင်ရွက်နိုင်တဲ့နေ့ရက်ပါပဲ။ဒီလိုနေ့မျိုးမှာ ခေါင်းဆေးခြင်း၊ခေါင်းလျှော် ခြင်းများ ပြု လုပ်ခြင်းဖြင့် ကျန်းမာရေးနဲ့ပက်သက်ပြီးတော့အနာ ရောဂါကင်းပါလိမ့်မယ်။ အထက်လူကြီးများ၊ ဌာနဆိုင်ရာလူကြီး များနှင့် တွေ့ဆုံဆွေးနွေးလို့အထူးကောင်းတဲ့ကာလ ပါပဲ။
ဒီလိုနေ့ရက်တွေမှာ ခန်းဝင်ပစ္စည်းဝယ်တာမျိုးတွေ၊အိမ်ထောင်ပရိဘောဂအသစ်တွေလဲလှယ်တာမျိုးတွေ အထူးပဲ ဆောင် ရွက်နိုင်ပါတယ်။ အိမ်ခန်းဖွဲ့ မလွတ်ကင်းတဲ့သစ်ပင်များကိုခုတ်လဲှခြင်းမျိုးတွေ ဆောင်ရွက်လို့အထူး ကောင်းပါတယ်။ လယ်ယာစိုက်ပျိုးရေးနှင့်ပက်သက်သောအလုပ်တွေ အထူးပဲအဆင်ပြေပါ လိမ့်မယ်။
ဒီနေ့မှာကုမ္ပဏီတစ်ခုစတင်တည်ထောင်ခြင်းတွေ၊ ဆိုင်များ၊လုပ်ငန်းသစ်များ စတင်ဆိုင်းဘုတ်တင်ဖွင့်လှစ် ခြင်းများ အထူးဆောင်ရွက်နိုင်ပါတယ်။ ရွှေငွေလက်ဝတ်ရတနာများ ဝယ်ယူမယ်ဆိုရင်လဲ ဒီနေ့မှာဝယ်ယူလို့အထူး သင့်တော်ပါ တယ်။
မိမိချစ်ရသူကို ချစ်ကြောင်း၊ကြိုက်ကြောင်းမေတ္တာစကားပြောဆိုခြင်းများ အထူးဆောင်ရွက်လို့ကောင်းတဲ့ နေ့ရက်ပါပဲ။ ဈေးများ၊စူပါမားကတ်များ၊ အထည်ဆိုင်များ၊ အလှပြင်ဆိုင်များ ရောင်းအားတိုးတတ်မှုတွေရှိလာနိုင်တဲ့ နေ့ရက်မျိုးပါပဲ။
ယနေ့တွင် ခေါင်းဆေး၊ ခေါင်းလျှော်ခြင်းပြုက လူနတ်ချစ်ခင်မည်။ ယနေ့တွင် အိမ်ခြံမြေ ရောင်းဝယ်ခြင်း များ မပြုရပါ။ လျှို့ဝှက်သတင်းများ ပေါက်ကြားတတ်သည်။ ရန်ပဋိပက္ခများ ရင်ဆိုင်ဖြေရှင်းရန် ရက်ကောင်း ဖြစ်သည်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ ည(၂၀း၁၅)နာရီမှ ည(၂၁း၀၇)နာရီအတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ မရဏဖွား၊ အဿဝဏီနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ မိဿစန်း၊ ကန်ရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေးသူများဟာ အများအားဖြင့်တော့ လူဝင်စားတွေများပါတယ်။ နီးစပ်သူတွေထဲက တစ်ဦးဦးပြန်ဝင်စားတာ မျိုးတွေဖြစ်တတ်ပါတယ်။ ငွေကြေးကံအားကောင်းပြီးတော့ ငွေရှာရလွယ်တယ်။ အရင်းအနှီးလိုရင်လဲ ပေးတဲ့သူပေါများ ပါတယ်။ ဈေးရောင်း၊ဈေးဝယ်သိပ်တော်သူတွေဖြစ်ပြီး ကုန်စုံဆိုင်တွေ၊ စူပါမားကတ်တွေဖွင့်ပြီးအောင်မြင်ကြတာမျိုး အထူးတွေ့ရပါတယ်။ အလုပ်ခွင်မှာ အများအတွက် အနစ်နာခံပြီး ကူညီပေးတတ်ပါတယ်။ မိဘနှင့်မိသားစုကိုလဲ တွယ် တာတတ် ပြီး အသက်ကြီးလာလို့ မိဘကို ပြုစုရပြီဆိုရင်လဲ အခြားသားသမီးတွေကရှောင်ဖယ်နေတတ်ပေမဲ့ ကိုယ့်က တော့မိဘကို အမြဲအနစ်နာခံ စောင့်ရှောက်သူတွေဖြစ်ကြလိမ့်မယ်။ တစ်ခုသတိထားရမှာက အိမ်ဝယ်တဲ့အခါ ဆွေမျိုး သားချင်းတွေနဲ့ ကပ်ရပ်နေရာတွေမှာ မဝယ်မိပါစေနဲ့။ ကိုယ့်ပတ်ဝန်းကျင်က ကိုယ်နဲ့မသိတဲ့ တစ်စိမ်းတွေများတဲ့နေရာ မှာသာအခြေချစေချင်ပါတယ်။
ဤနက္ခတ်သည် ဘေးသို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး ခြေလေးချောင်းသတ္တဝါများ (မြင်း၊ ကျား၊ ကုလားအုတ်၊ နွားစသည်ဖြင့် ဝယ်ယူခြင်းနှင့် လေ့ကျင့်ခြင်းနှင့် ပတ်သက်သည့် အလုပ်များ၊ ၊ ရေ-မြေ-လေ၊ သယ်ယူပို့ဆောင်ရေး၊ မောင်းနှင်ခြင်း၊ နွားလှည်း၊ ရထား၊ ထွန်ယက်ခြင်း၊ သီချင်းဆိုခြင်း၊ ဂီတတူရိယာများ၊ လမ်း၊ ဆည်များ စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။
ဂြဟဇာပွင့်ရာအရပ်သည် အနောက်မြောက်အရပ်ဖြစ်သည်။ ဂြဟဇာပွင့်သောအရပ်ကို မျက်နှာမူ၍ အိမ်ဆောက်ခြင်း၊ ခေါင်းဆေးမင်္ဂလာပြုခြင်း ကဲ့သို့သော ကောင်းမွန်သော ကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းမွန်ပါသည်။
ဗျာဃာတယုဂ် ကျရောက်နေသောကြောင့် “သတ်ခြင်း” ဟူသော အဓိပ္ပာယ်ကို ကိုယ်စားပြုသည်။ ကောင်းသောကိစ္စရပ် များ လုပ်ကိုင်ဆောင်ရွက်ရန် လုံးဝသင့်လျော်မှုမရှိပါ။
ကောလဝါကရိုဏ်း ကျရောက်နေသောကြောင့် မင်္ဂလာဆောင်၊ သတို့သမီးရွေးချယ်၊ သူငယ်ချင်း၊ အချစ်ရေး၊ အလှ ဆင်ရန်၊ ချစ်ကြည်ရင်းနှီးမှု၊ သဘောတူညီချက် သို့မဟုတ် ကာလရှည်ကြာ တည်မြဲနေမည့်အရာများကဲ့သို့သော ပုံသေလုပ် ထားသည့် အရာများအတွက် အထူးကောင်းမွန်ပါသည်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နေ့လယ်(၁၁း၅၃)နာရီမှ မွန်းလွဲ(၁း၂၂)နာရီအတွင်း ကျရောက် နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ တနင်္လာ၊ ဗုဒ္ဓဟူး၊ ရာဟု၊ ကြာသပတေး သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ သောကြာသားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ ငွေရောင်နှင့် အစိမ်းရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၇၊ ၉) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး ….လောကဝိဒူဂုဏ်တော်ကို (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင်ပြေ လွယ်ကူ ချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ “လိမ္မော်သီး” ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒ တွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၄၅၀ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695
နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2025
အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2025
အောင်မှန်- အခါပေးဒိုင်ယာရီ2025
ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2025
ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2025
ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ
မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်
သူရဇ္ဇ လစဉ်မဂ္ဂဇင်း