ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်၊ သီတင်းကျွတ်လကွယ်ရက်၊ တနင်္လာနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ (၂၀) ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၃၄)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၆း၂၂)နာရီဖြစ်ပြီး ၊ ညနေ(၅း၄၈)နာရီမှာ နေဝင် ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က တောင်အရပ် ဖြစ်ပါတယ်။
လက်သမားမြေခံ ကတော့ ဗြဟ္မာ မြေခံဖြစ်၍ လာဘ်လာဘကိုပေးတဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်းလိုင်းခန်းတည်ဆောက်ခြင်းတွေ၊အိမ်ခန်းဖွဲ့တာတွေ အိမ်ပြင်တာတွေ၊မြေတူးဆွတာတွေ ဆောင်ရွက် လို့ ကောင်းပါတယ်။
ဒီနေ့ဟာ လူ့ပြည်ပြဿဒါး ကျရောက်နေတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။
လူ့ပြည်ပြဿဒါးကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် မင်္ဂလာကိစ္စတွေမှန်သမျှရှောင် သင့်ပါတယ်။ လက်ထပ်ခြင်း ၊ရုံးတတ်လက်မှတ်ထိုးခြင်း၊စေ့စပ်ခြင်း၊မင်္ဂလာစကားပြောခြင်းများလဲအထူးရှောင် သင့်ပါတယ်။အရေးကြီးတဲ့ ကိစ္စတွေ ကိုရှောင်သင့်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ ဖယ်ရှင်းခြင်းအတွက် သုံးရန်ပေးတဲ့ လဆုတ်တီထိ(၁၄)လုံး ကျရောက်နေတာ ဖြစ်ပါတယ်။
တီထိ(၁၄)လုံးအနေဖြင့် ဒီနေ့ဟာ တီထိအရတော့ ရက်စက်ကြမ်းကြုတ်မှုတွေကိုပေးတဲ့ ရိတ္တာတီထိကျရောက်နေ တဲ့နေ့ ရက်ပဲဖြစ်ပါ တယ်။ ဒါကြောင့်ဒီလိုနေ့ရက်မှာတော့ ငွေနဲ့ပတ်သက်ပြီးပြောဆိုလို့ကောင်းတဲ့နေ့ရက်ပါပဲ။ မိမိရ ပိုင်ခွင့် တွေကိုပြန် တောင်း ဆို လို့အထူးကောင်းတဲ့နေ့ရက်ပါပဲ။ စနေဂြိုဟ်စိုးမိုးတဲ့နေ့ရက်ဖြစ်တာကြောင့် လူမျိုးကွဲ များနဲ့ ဆက်စပ် လုပ်ကိုင် ခြင်း တွေက အလုပ်အကိုင်အကြံအစည်အောင်မြင်ခြင်းတွေ၊တိုးတတ်ခြင်းတွေကိုအထူးကြုံ ရမည်။ ကျန်းမာရေး အားနည်း နေသူများ ဆရာကောင်း၊ဆေးကောင်းနှင့်တွေ့ပြီး ကျန်းမာသွားတတ်ပါတယ်။
ဒီနေ့အမဲသားစားသုံးခြင်းကိုရှောင်ကြည်လိုက်ပါက အဘက်ဘက်ကကံမြင့်သွားပါလိမ့်မယ်။ နိုင်ငံခြားအင် တာဗျူး ကိစ္စများ၊နိုင်ငံခြားသွားဖို့လိုက်ပါဆောင်ရွက်ခြင်းများအဆင်ပြေချောမွေ့ပါလိမ့်မယ်။အလုပ်အကြွေးတွေဆပ် နိုင်မဲ့ နေ့ရက် မျိုးပါပဲ။ ယာဉ်ကားဝယ်ခြင်းများဒီနေ့မှာအထူးရှိနေပါလိမ့်မယ်။ မိမိဖြစ်ချင်တာတွေကိုလဲ ဖြစ်အောင် လုပ်သွား နိုင်ပါလိမ့်မယ်။ ပြောလိုတာကအခက်အခဲတွေကို ကောင်းစွာရင်ဆိုင်ကျော်လွှားနိုင်ပါလိမ့်မယ်။
ရန်သဘော ၊အနိဌသဘောဆောင်တဲ့တီထိလဲဖြစ်ပါတယ်။ ဒါကြောင့်ပဲ အရက်ချက်တာ၊ဓားလှံလက်နက်ပြု လုပ်တာ၊ အလောင်းအစားလုပ်တာတွေ၊စစ်လက်နက်ပြုလုပ်တာ တွေ အထူးဆောင်ရွက်နိုင်ပါတယ်။ စိုက်ပျိုးထား တဲ့ကောက်ပဲ သီး နှံတွေကို ပိုးသတ်ဆေးဖြန်းခြင်းကိစ္စများဆောင် ရွက်နိုင်တဲ့နေ့ပါပဲ။
ရန်ပြဿနာတွေကို ထိပ်တိုက်မျက်နှာချင်းဆိုင်ဖြေရှင်းခြင်းဖြင့် ပြေလည်အောင်ညှိယူနိုင်ပါလိမ့်မယ်။ ရန်သူစခန်း ကိုချေမှုန်းတာ၊ရန်သူအားလက်ရဖမ်းဆီးတာမျိုးတွေဆောင်ရွက်နိုင်တဲ့နေ့ရက်ပါပဲ။အိမ်အသစ်ဆောက်ရန်၊ ဆိုင်အ သစ်ဆောက်ရန် အိမ်အဟောင်း၊ဆိုင်အဟောင်းတွေကို ဖြိုဖျက်ခြင်းများလဲ အထူးဆောင်ရွက်လို့ကောာင်းတဲ့နေ့ ရက်ပါပဲ။
ဆေးစား၊ ဆေးကုပြုရန် ရက်ကောင်းဖြစ်သည်။ ရောဂါ ရှာဖွေခြင်း၊ ကုသခြင်းများ ပြုနိုင်သည်။ အကြီးအကဲများထံ ဝင်ထွက်သွားလာရန် ရက်ကောင်းဖြစ်သည်။ မင်္ဂလာကိစ္စမှန်သမျှ ဆောင်ရွက်ရန် ရက်ကောင်းဖြစ်သည်။ လုပ်ငန်း ကိစ္စများ စတင်ဆောင်ရွက်၍ အကျိုးရှိမည်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ ည(၇◌း၂၈)နာရီမှ ည(၈း၁၉)နာရီအတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ ပုတိဖွား၊ ဟဿတနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ကန်စန်း၊ တူရာသီဖွားဖြစ်ပါသည်။ ဒီနေ့ မွေး သူများဟာ ကံကောင်းတာတွေကိုပြောပြရရင် အထောက်အပံ့ကောင်းတွေရရှိလွယ်သူဖြစ်ပါတယ်။ အစွမ်း အစသာ ရှိ မယ် ဆို ရင် အိမ်များစွာပိုင်ဆိုင်နိုင်ကြသူတွေဖြစ်ပါတယ်။ ငွေကြေးနဲ့ပတ်သက်သော အကူအညီတွေလဲ ရလွယ်တဲ့ ဇာတာဖြစ်တာကို တွေ့ရပါတယ်။ နာမည်ကို တနင်္လာအစ စနေအပိတ်မှည့်လိုက်မိရင်ဖြစ်စေ၊တနင်္လာအစ ဗုဒ္ဓဟူး အပိတ် မှည့်လိုက်မိရင်ဖြစ်စေ ဘဝမှာ လမ်းမှားရောက်ဖို့ တွန်းအားပေးသွားနိုင်တာကိုတော့သိထားရပါလိမ့်မယ်။ အား နည်းချက် တွေထဲမှာတော့ စိတ်ညစ်တဲ့ ဒဏ်ကို မခံနိုင်ဆုံးသူတွေဖြစ်နေကြတာပါပဲ။ စိတ်ရှုပ်လာလေလေ လမ်းမှား ရောက်ဖို့များလေပါပဲ။ လင်မယားတွေရန်များများ ဖြစ်နေကြသူတွေဟာ တနင်္လာ ပုတိဖွားကို မမွေးသင့်ပါဘူး။ မိဘ တွေကြောင့် စိတ်ရှုပ်သွားပြီး စိတ်ကျသွားနိုင်လို့ပါပဲ။
ဟဿတ နက္ခတ်သည် အလင်း သို့မဟုတ် လျှင်မြန်သော နက္ခတ်ဖြစ်ပြီး၊ ဆေးဘက်ဆိုင်ရာကုသမှုများ၊ ပညာရေး စတင် ခြင်း၊ ခရီးများစတင်ခြင်း၊ သူငယ်ချင်းများတွေ့ခြင်း၊ အဝယ်ရောင်းခြင်း၊ ဝိညာဉ်ရေးဆိုင်ရာလှုပ်ရှားမှုများ၊ အလှဆင် မှုများ၊ အနုပညာလက်ရာများ၊ လေ့ကျင့်ခန်းများနှင့် ချေးငွေ့များပေးခြင်း သို့မဟုတ် လက်ခံခြင်းတို့အတွက် ကောင်း မွန်သည်။
ဤနက္ခတ်သည် ဘေးသို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး ခြေလေးချောင်းသတ္တဝါများ (မြင်း၊ ကျား၊ ကုလားအုတ် နွားစသည်ဖြင့် ဝယ်ယူခြင်းနှင့် လေ့ကျင့်ခြင်းနှင့် ပတ်သက်သည့် အလုပ်များ၊ ၊ ရေ-မြေ-လေ၊ သယ်ယူပို့ဆောင်ရေး၊ မောင်းနှင်ခြင်း၊ နွားလှည်း၊ ရထား၊ ထွန်ယက်ခြင်း၊ သီချင်းဆိုခြင်း၊ ဂီတတူရိယာများ၊ လမ်း၊ ဆည်များ စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။
ဂြဟဇာပွင့်ရာအရပ်သည် အောက်မြေကြီးအရပ်ဖြစ်သည်။ ဂြဟဇာပွင့်သောအရပ်ကို မျက်နှာမူ၍ အိမ်ဆောက်ခြင်း၊ ခေါင်းဆေးမင်္ဂလာပြုခြင်း ကဲ့သို့သော ကောင်းမွန်သော ကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းမွန်ပါသည်။
ဝေဓတိယုဂ် ကျရောက်နေသောကြောင့် “ရပ်တန့်ခြင်း၊ ဖမ်းဆီးခြင်း” ဟူသော အဓိပ္ပာယ်ကို ကိုယ်စားပြုသည်။ ကံမကောင်းသော ယောဂအချိန် ဖြစ်သည်။
သကုဏိကရိုဏ်း ကျရောက်နေသောကြောင့် တိုက်ခိုက်မှု၊ ပြိုင်ဆိုင်မှု၊ ဆေးများ၊ ဂါထာ၊ အစီအရင်၊ ခိုးယူခြင်းနှင့် ကဲ့သို့သော ရာဇဝတ်မှုများ ကျူးလွန်ရန်၊ ငှက်များကို ထိန်းကျောင်းခြင်း၊ ဆေးနှင့် သက်ဆိုင်သောအလုပ်များနှင့် စစ်ပွဲ အမျိုးမျိုးတို့ကို လုပ်ဆောင်ရန်အတွက် အထူးသင့်တော်ပါသည်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၇း၂၇)နာရီမှ နံနက်(၈း၅၅)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။
ကံကောင်းသောနေ့သားများကတော့ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ရာဟု၊ စနေ သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ တနင်္ဂနွေ၊ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္လာ၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ အဖြူရောင်နှင့် နို့နှစ်ရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၂၊ ၉) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး ….သုဂတောဂုဏ်တော် (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင်ပြေ လွယ်ကူချောမွေ့ပါ လိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ “သာကူ” ဘုရားကပ်လှူပြီး လိုရာဆုတောင်း ပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒ တွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၄၅၀ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695
နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2025
အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2025
အောင်မှန်- အခါပေးဒိုင်ယာရီ2025
ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2025
ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2025
ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ
မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်
သူရဇ္ဇ လစဉ်မဂ္ဂဇင်း