loading

21. Oct.2025 တစ်နေ့တာလမ်းညွှန်ချက်များနှင့် ဆောင်ရန်ရှောင်ရန် သိစရာများ

  • Home
  • Blog
  • 21. Oct.2025 တစ်နေ့တာလမ်းညွှန်ချက်များနှင့် ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်၊ တန်ဆောင်မုန်းလဆန်း(၁)ရက်၊ အင်္ဂါနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ (၂၁) ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၃၅)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၆း၂၃)နာရီဖြစ်ပြီး ၊ ညနေ(၅း၄၈)နာရီမှာ နေဝင် ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက် မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က တောင်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ နတ်မြေခံဖြစ်ပါ၍ ဘေးသင့်တတ်သဖြင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ မြေတူးဆွတာတွေ လုပ်ကိုင်ဆောင်ရွက်ခြင်းငှာ မသင့် သေးပါ။

ဒီနေ့ဟာတီထိမြေခံအရ  ကြာသပတေးမြေခံတဲ့နေ့ဖြစ်ပါတယ်။ ကြာသပတေးမြေခံအရ မိမိကြံစည်စိတ်ကူး ထားသော အရာမှန်သမျှ အချိန်မရွှေ့ဆိုင်းပဲ ချက်ချင်းလက်ငင်း အကောင်အထည်ဖေါ် ဆောင်ရွက်သင့်ချိန်ဖြစ်၍       ခိုင်ခန့်တဲ့ အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူး ဆောင်ရွက်လို့ရပါတယ်။

ဒီနေ့ဟာ သိကြားပြည်ပြဿဒါး ကျရောက်နေတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။

ရှောင်သင့်တာတွေကတော့ သိကြားပြည်ပြဿဒါးဖြစ်တာကြောင့်  လောကုတ္တရာ မင်္ဂလာနဲ့ပက်သက်သော ရှင်ပြုခြင်း၊ နားသခြင်း၊ ပဉ္ဇှင်းခံခြင်း၊ ဘုရားထီးတင်ခြင်း၊ စတဲ့ကိစ္စတွေတတ်နိုင်သလောက်  ရှောင်သင့်ပါတယ်။ စာရွက်စာတမ်း လက်မှတ်ထိုးခြင်းများ၊ ကတိကဝတ်ပြုခြင်းများတွင်အမှားအယွင်းတွေရှိတတ်ပါတယ်။ ဘယ်သူပဲ ကျန်းမာရေးအညံ့ ကြုံပါက နာတာရှည်ဖြစ်သွားတတ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ ပြည့်ဝခြင်းကိုပေးတဲ့ လကွယ်တီထိ ကျရောက်နေတာ ဖြစ်ပါတယ်။

တီထိ(၁၅)လုံး လကွယ်တီထိအနေဖြင့် ကုန်သွယ်စီးပွားရေးလုပ်ငန်းများအထူးတိုးတတ်နေပါလိမ့် မယ်။ မိမိလိုချင်တဲ့ အကူအညီတွေကိုလဲတောင်းခံလို့အလွန်ကောင်းတဲ့နေ့ရက်မျိုးပါပဲ။ အတတ်ပညာတစ်ခုခုကို စတင်လေ့လာ မယ်ဆို ဒီနေ့မှာစတင်ခြင်းဖြင့် ဆုံးခန်းတိုင်အောင်တတ်မြောက်ပါလိမ့်မယ်။

            အဓိဋ္ဌာန်တွေဝင်ခြင်း၊ဂါထာမန္တန်များသင်ကြားလေ့လာခြင်းတွေကိုလဲ အထူးဆောင်ရွက်နိုင်ပါ တယ်။ရင်းနှီးမြုပ် နှံထား သောအလုပ်တွေကနေကောင်းစွာအကျိုးအမြတ်ပြန်လည်ရရှိမဲ့နေ့ရက်ပါပဲ။ အလုပ်ခန်းများ၊ ဆိုင်ခန်းများ စတင်ဖွင့်လှစ်လို့ကောင်းတဲ့နေ့ရက်ပါပဲ။

ရေတွင်းရေကန် တူးဖော်ခြင်းတွေ အဝီစီတွင်းတူးခြင်းတွေဆောင်ရွက်နိုင်ပါတယ်။ နှစ်ရှည်ပင်များ စတင် စိုက်ပျိုးတာ မျိုးတွေ ဒီနေ့မှာစတင်လို့ကောင်းပါတယ်။ အလုပ်နဲ့ပတ်သက်ပြီး မိမိလုပ်ချင်တဲ့ မိမိဝါသနာပါတဲ့ အလုပ် တွေကို စတင်ခြေတစ်လှမ်းလှမ်းကြည်တာမျိုးတွေပြုသင့်ပါတယ်။မင်းအစိုးရနဲ့ပတ်သက်သောကိစ္စများ၊ အစိုးရဌာနဆိုင်ရာတွေနဲ့ပတ်သက်သောကိစ္စများ ပြောဆိုလို့ အဆင် ပြေအောင်မြင်တတ်ပါတယ်။

ရှောင်သင့်တာတွေကတော့ဒီနေ့မှာလောင်းကစားအလုပ်များတတ်နိုင်သ၍ရှောင်လိုက်ပါ။ အပျော်အပါးအ အသောက် အစားလျော့လိုက်ပါ။ ကျန်းမာရေးအားနည်းနိုင်တဲ့နေ့ရက်ဖြစ်တာကြောင့် ၇ရက်သားသမီးများအားလုံး ကျန်းမာရေး ကိုအထူးဂရုစိုက်ပေးပါ။ယနေ့တွင် ကြန့်ကြာနေသော ရပိုင်ခွင့်ဟောင်းများကို ပြန်လည်ဆတာင်း ခံနိုင် သည်။ လျှို့ ဝှက်ချက်များ ပေါက်ကြားတတ်သည်။ လုံခြုံရေးအထူးဂရုစိုက်ပါ။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ ည(၇◌း၂၄)နာရီမှ ည(၈း၁၅)နာရီအတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ သိုက်ဖွား၊ စိတြနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ကန်စန်း၊ တူရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေး သူများဟာ ရည်မှန်းချက်ကြီးသူ၊ ဂုဏ်သိက္ခာရှိပြီး စနစ်ကျ သည်။ ထိရောက်စွာ ဆက်သွယ်ပြောဆို နိုင်မှုသည် သင်၏ ဖောက်သည်တွေ၊မိတ်ဆွေတွေကို လေးစားမှု ရရှိကြောင်း သေချာစေပါသည်။ ငွေရေးကြေးရေး အမြတ် အစွန်းနှင့် ဆုလာဘ်များ မကြာခဏရောက်လာတတ် သောဇာတာဖြစ်သည်။ မူလဇာတာအရ သောကြာအိမ်ပေါ်ရောက် နေတဲ့ အင်္ဂါမို့ဖိစီးမှုကြီးစွာဖြင့် လုပ်ဆောင်ခြင်းသည် သင့်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါသည်။ ကပ်စေးနည်းပြီး မစားလျက်၊ မဝတ် လျက် သော  စိတ်ကိုလဲပြု ပြင်သင့် ပါတယ်။ ပင်ပန်းနွမ်းနယ်မှုကို ရှောင်ရှားရန် မိမိကိုယ်ကို ဂရုစိုက် မှုကို ဦးစားပေးလုပ်ဆောင်ပါ။ ကမ်းခြေမှာ အပန်း ဖြေပါ။ စာအုပ်ဖတ်ပါ။ သင့်သားသမီးများ၏ အောင်မြင်မှုများတွင် ပျော်ရွှင်မှုနှင့် ဂုဏ်ယူမှုကို သင်တွေ့ရှိရလိမ့် မယ်။ သို့သော် ကိုယ့်အသက် တော်တော်ကြီးမှသာ သားသမီးတွေရဲ့ စောင့် ရှောက်မှုကို ပြန်ရတတ်ပါတယ်။ ငယ်ရွယ် စဉ်တဇွတ်ထိုးလုပ်တတ်ပေမဲ့ ကြီးလာရင် ဆင်ခြင်တုံတရားသိပ်ကြီးတဲ့သူဖြစ် ပါတယ်။

စိတြနက္ခတ်သည် နူးညံ့သိမ်မွေ့သော သဘောသဘာဝရှိသော နက္ခတ်ဖြစ်ပြီး ပညာရပ်များ လေ့လာရန်၊ မိတ်ဖွဲ့ရန် ကောင်းသော၊ ကာမဂုဏ်၊ အလှဆင်ခြင်း၊ လိင်ဆက်ဆံခြင်း၊ အဝတ်အစားအသစ် ဝတ်ဆင်ခြင်း၊ လက်ထပ်ခြင်း၊ သီချင်းဆိုခြင်း၊ ကခုန်ခြင်း၊ စီတန်းခြင်း၊ မင်္ဂလာအခမ်းအနားများ၊ ပွဲတော်များ၊ စိုက်ပျိုးရေးနှင့် ခရီးသွားခြင်းတို့အတွက် သင့်လျော်သည်။

ဤနက္ခတ်သည် ဘေးသို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး ခြေလေးချောင်းသတ္တဝါများ (မြင်း၊ ကျား၊ ကုလားအုတ်၊ နွားစသည်ဖြင့်) ဝယ်ယူခြင်းနှင့် လေ့ကျင့်ခြင်းနှင့် ပတ်သက်သည့် အလုပ်များ၊ ၊ ရေ-မြေ-လေ၊ သယ် ယူပို့ဆောင်ရေး၊ မောင်းနှင်ခြင်း၊ နွားလှည်း၊ ရထား၊ ထွန်ယက်ခြင်း၊ သီချင်းဆိုခြင်း၊ ဂီတတူရိယာများ၊ လမ်း၊ ဆည်များ စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။

ဂြဟဇာပွင့်ရာအရပ်သည် အထက်အရပ်ဖြစ်သည်။ ဂြဟဇာပွင့်သောအရပ်ကို မျက်နှာမူ၍ အိမ်ဆောက်ခြင်း၊ ခေါင်း ဆေးမင်္ဂလာပြုခြင်း ကဲ့သို့သော ကောင်းမွန်သော ကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းမွန်ပါသည်။

ဝီသကုမ္ဘယုဂ် ကျရောက်နေသောကြောင့် “အဆိပ်အိုး” ဟူသော အဓိပ္ပာယ်ကို ကိုယ်စားပြုသည်။ ကောင်းသော ကိစ္စရပ် များ လုပ်ဆောင်ရန် လုံးဝသင့်လျော်မှု မရှိပါ။

နာဂကရိုဏ်း ကျရောက်နေသောကြောင့် ကံမကောင်းစွာ၊ စွမ်းအား၊ ပြိုင်ဆိုင်မှု၊ ရက်စက်ကြမ်းကြုတ်သော အကျင့် များကို အသုံးပြု၍ အဖျက်အမှောင့်နှင့် အဖျက်အမှောင့် လုပ်ရပ်များနှင့် ပို၍ သင့်တော်ပါသည်။ မရွှေ့မပြောင်းနိုင်သော အရာများနှင့် အထူးသင့်တော်ပါသည်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၂း၄၅)နာရီမှ ညနေ(၄း၁၃)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ ကြာသပတေး၊ သောကြာ သားသမီးများပဲဖြစ်ပါတယ်။       

ကံညံ့သော နေ့သားများကတော့ အင်္ဂါ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ ရာဟု၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ ငွေရောင်နှင့် မီးခိုးရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၉၊ ၄) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး ….ဗုဒ္ဓေါဂုဏ်တော် (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင်ပြေ လွယ်ကူချောမွေ့ပါလိမ့် မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ “ဇီးယို” ဘုရားကပ်လှူပြီး လိုရာဆုတောင်း ပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒ တွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၄၅၀ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

#ကိုးကားစာအုပ်စာရင်း

နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2025

အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2025

အောင်မှန်- အခါပေးဒိုင်ယာရီ2025

ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2025

ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2025

ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ

မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်

သူရဇ္ဇ လစဉ်မဂ္ဂဇင်း

Leave a Reply

Your email address will not be published. Required fields are marked *