loading

24. Oct.2025 တစ်နေ့တာလမ်းညွှန်ချက်များနှင့် ဆောင်ရန်ရှောင်ရန် သိစရာများ

  • Home
  • Blog
  • 24. Oct.2025 တစ်နေ့တာလမ်းညွှန်ချက်များနှင့် ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်၊ တန်ဆောင်မုန်းလဆန်း(၄)ရက်၊ သောကြာနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ (၂၄) ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၃၆)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၆း၂၄)နာရီဖြစ်ပြီး ၊ ညနေ(၅း၄၆)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က မြောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ နဂါး မြေခံဖြစ်၍ ပျက်စီးဆုံးရှုံးရတတ်သော နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်ရန် မသင့်ပါ။

ဒီနေ့ဟာတီထိမြေခံအရ  တနင်္လာမြေခံတဲ့နေ့ဖြစ်ပါတယ်။ တနင်္လာမြေခံ ဖြစ်တဲ့အတွက် ဒီနေ့မှာ လုပ်ကိုင် လိုက်သော လုပ်ငန်းများမှန်သမျှ အကျိုးအမြက်ကြီးကြီးမားမားရရှိကြွယ်ခြင်း၊ ချမ်းသာခြင်း၊ စည်းစိမ်ဉစ္စာ တိုးပွား ခြင်းများ အထူးပင်ရရှိစေနိုင်တာကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုး တွေ အထူးဆောင်ရွက် သင့်ပါတယ်။

ဒီနေ့ဟာ ရက်တံခွန်ကျရောက်နေတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။

ဒီနေ့ဟာရက်တံခွန်ရက်ကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ စီးပွားရေး၊လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့်အလုပ်ကိစ္စ ရေးရာအဖြာဖြာတွေမှာရေရှည်အောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်။

ဒီနေ့ဟာ တီထိအရတော့ အောင်မြင်ခြင်းကိုပေးတဲ့ လဆန်းတီထိ(၃)လုံး ကျရောက်နေတာ ဖြစ်ပါတယ်။

တီထိ(၃)လုံးအနေဖြင့် အင်အားများ၊စွမ်းအားများကိုပေးတဲ့ ဇယတီထိကျ ရောက် တဲ့နေ့ ရက်ပဲဖြစ်ပါတယ်။ ဒီလိုနေ့ရက်တွေမှာတော့ မိမိစွမ်းဆောင်ရည်ကို ပိုကောင်းအောင်လုပ်သင့်ပါတယ်။ မိမိ လုပ်နိုင် သည်ထက်လျှော့ပြီး လုပ်တာမျိုးတွေကိုလဲအထူးရှောင်လိုက်စေချင်ပါတယ်။ ငွေကြေးနဲ့ပတ်သက်ပြီးတော့လဲ ကြိုး စားပြီးရှာဖွေ လိုက်ပါ။  ဝန်ထမ်းအလုပ်များ အထက်လူကြီးကို မိမိတောင်းဆိုချင်တာတွေတင်ပြတောင်းဆိုလို့ ရ တဲ့ နေ့ရက်ပါပဲ။

မိမိလက်ဝယ်ရှိတဲ့စက်ပစ္စည်းတွေကို ပြုပြင်ခြင်းထိန်းသိမ်းခြင်းများလဲ ဆောင်ရွက်သင့်သလို လိုအပ်တဲ့ စက်ပစ္စည်း ဝယ်မယ်ဆိုရင်လဲ အထူးအကျိုးပေးတာကိုတွေ့ရပါတယ်။ အတတ်ပညာများစတင်သင်ကြားခြင်း တွေ၊သင်တန်း စတင် တတ် ရောက်ခြင်းတွေအထူး ဆောင်ရွက်လို့ကောင်းပါတယ်။အလုပ်လျှောက်ခြင်း၊အလုပ်ရှာခြင်းများလဲ တိုး တတ် နိုင်တာကိုတွေ့ရပါတယ်။ ကျန်း မာရေးကတော့အထူးညံ့ကြုံနေရတတ်ပါတယ်။ ငွေကြေးနဲ့ပတ်သက် ပြီးတော့ စွန့်ဦးတီထွင်လုပ်ကိုင်ခြင်းမျိုးတွေကို စတင်လို့ကောင်းတဲ့နေ့ရက်မျိုးပါပဲ။

စိတ်တိုင်းကျလုပ်ကိုင်နိုင်တဲ့နေ့ရက်ဖြစ်တာကြောင့် အလုပ်နဲ့ပတ်သက်ပြီးပြုပြင်ပြောင်းလဲခြင်းများဒီနေ့မှာ အလေး ပေး ဆောင်ရွက်သင့်ပါတယ်။ ဒီလိုနေ့ရက်တွေမှာတော့ စာပေနဲ့ပတ်သက်သောကိစ္စတွေဖြစ်တဲ့ ဂျာနယ်၊မဂ္ဂဇင်း၊ စာအုပ်စာပေများစတင်ဖြန့်ချီလို အလွန်ကောင်းပါတယ်။အထည်လိပ်လုပ်ငန်းများ၊ဖက်ရှင်ဒီဇိုင်းနဲ့ ပတ်သက်သော အလုပ်များ၊ အထည်ဆိုင်နှင့် ပိုးထည်ဆိုင်များ အထူးအဆင်ပြေပါလိမ့်မယ်

ရေတွင်းရေကန်တူးဖော်ခြင်း အဝီစိတွင်းတူးဖော်ခြင်းများဆောင်ရွက်နိုင်ပါတယ်။ ခရီးသွားရင်းနဲ့လမ်းမှာတွေ့တဲ့ ထီဆိုင်မှာ ထီကံစမ်းလိုက်ပါ။ ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ရောဂါရှာဖွေတာ၊ကုသတာမျိုးတွေလုပ်ဆောင်သင့် ပါတယ်။ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းများ၊ ပွဲစားအလုပ်များ၊ကြားကနေဝန်ဆောင်မှုပေးရတဲ့ လုပ်ငန်းဆောင် တာ များ၊ အထူးဆောင်ရွက်လို့အဆင်ပြေတတ်ပါတယ်။

ဒီနေ့မှာရှောင်သင့်တာကတော့ လူတော်တော်များများ အပေါင်းအသင်းမှားတတ်ပါတယ်။ သူများစကားနား ယောင် ပြီး လုပ်လိုက်တဲ့အလုပ်တွေကအညံ့များနေတတ်ပါတယ်။ ငွေကြေးနဲ့ပတ်သက်ပြီးတော့လဲ လူလိမ်ခံရတတ် ပါတယ်။ မိမိမတတ်ကျွမ်းနားမလည်ဘဲနဲ့ ကြားကပြောလို့လိုက်လုပ်တာမျိုးရှောင်လိုက်ပါ။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ ည(၇း၁၂)နာရီမှ ည(၈း၀၄)နာရီအတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ ရာဇဖွား၊ အနုရာဓနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ဗြိစ္ဆာစန်း၊ တူရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေးသူများဟာ အခက်အခဲတွေကို ကောင်းစွာ  ကျော်လွှားနိုင်ကြသူတွေဖြစ်ပါတယ်။ ကြိုတင်ပလန်တွေရှိ နေတတ် ပြီးတော့ တစ်ခုခုဖြစ်ပြီဟေ့ဆိုရင် ကြိုတင်ပြင်ဆင် ထားတဲ့အလေ့အကျင့်ကြောင့် အဆိုးမကြုံရတတ်ပါ။ တကယ်ကြိုတင် ပြင် ဆင်ရခက်တာက အိမ်ထောင်ရေးပါ။ အဘက် ဘက်က စီစစ်ပြီး ယူခဲ့ရင်တောင်မှ ကိုယ်လက်ထပ်ပြီးမှ အိမ်ထောင် ဘက်က ဗွေဖောက်တာမျိုးတွေအလွန်ဖြစ်ရတတ်ပါ တယ်။ မထင်မှတ်ထားသော ဘဝအချိုးအကွေ့တွေကိုလဲ ကြုံရ တတ် ပါတယ်။ ယောကျာ်းလေးဖြစ်ဖြစ်၊မိန်းကလေးဖြစ် ဖြစ် ပုံမှန်ဝင်ငွေထက် ကိုယ်ပိုင်စီးပွားရေးလမ်းကြောင်းပေါ်ကို ခြေချသင့်ပါတယ်။ ငွေပိုငွေလျှံတွေများလာရင် ဖြန့်ကြန့် ပြီး လုပ်ငန်းအသေးအလေးတွေ အများအပြားလုပ်ထားသင့်တဲ့ ဇာတာပါ။ ဒီနေ့မွေးရင်သွေးငယ်ရဲ့ မိဘတွေအနေနဲ့ အင်္ဂလိပ်စာအပြင် အခြားဘာသာစကားတစ်ခုကိုပဲ တွဲပြီး သင်ပေးသင့်ပါတယ်။

အနုရာဓ နက္ခတ်သည် နူးညံ့သိမ် မွေ့သော သဘောသဘာဝရှိသည့် နက္ခတ်ဖြစ်ပြီး အနုပညာ၊ သင်ယူမှု၊ မိတ်ဖွဲ့မှု၊ ကာမဂုဏ်အပျော်အပါး အလှဆင်မှု၊ လိင်ဆက်ဆံမှု၊ ဝတ်စုံသစ်ဝတ်ဆင်မှု၊ လက်ထပ်မှု၊ သီဆိုကခုန်မှု၊ စီတန်း လှည့် လည်ပွဲများ၊ အခမ်းအနားများ၊ ပွဲတော်များ၊ စိုက်ပျိုးရေးနှင့် ခရီးသွားလာမှုများအတွက်ကောင်းမွန် သော နက္ခတ် ဖြစ်သည်

အနုရာဓနက္ခတ်အချိန်များတွင် ထီထိုးခြင်း၊ မေတ္တာ ရေးစကား ပြောဆိုခြင်း၊ အလှပြင်ခြင်း၊ လက်ဝတ် ရတနာ ဝတ် ဆင်ခြင်း၊ ယာဉ်၊ စက်ပစ္စည်း ရောင်းဝယ်ခြင်း၊ ဆိုင်ကယ်၊ ဆိုက်ကား၊ စက်ဘီး၊ ကားအရောင်း အဝယ်ပြုလုပ်ခြင်း၊ ခြံမြေ အိမ်ရာအရောင်း အဝယ် လုပ်ခြင်း၊ ခရီးသွားလာခြင်း၊ မိတ်ဆုံပွဲ၊ ပါတီပွဲ၊ စာပေလုပ်ငန်း၊ စာပေဖြန့်ချိခြင်း ကောင်း၏။

ဂြဟဇာပွင့်ရာအရပ်သည် တောင်အရပ်ဖြစ်သည်။ ဂြဟဇာပွင့်သောအရပ်ကို မျက်နှာမူ၍ အိမ်ဆောက်ခြင်း၊ ခေါင်းဆေးမင်္ဂလာပြုခြင်း ကဲ့သို့သော ကောင်းမွန်သော ကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းမွန်ပါသည်။

သောဘဂျယုဂ် ကျရောက်နေသောကြောင့် “ကံကောင်းခြင်း”ဟူသော အဓိပ္ပာယ်ကို ကိုယ်စားပြုသည်။  ကောင်းသော ကိစ္စရပ်များအားလုံးအတွက် အထူးသင့်တော်ပါသည်။

တေထိလကရိုဏ်း ကျရောက်နေသောကြောင့် နန်းတက်ပွဲ အိမ်နှင့်ပတ်သက်သော လှုပ်ရှားမှုများ၊ ကျော်ကြားခြင်း၊ အခွင့်အာဏာနှင့် အလှဆင်ခြင်းဆိုင်ရာ လုပ်ငန်းဆောင်တာများအတွက် အထူးကောင်းပါသည်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၁၀း၂၂)နာရီမှ နေ့လည်(၁၁း၅၀)နာရီအတွင်း ကျရောက် နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ ဗုဒ္ဓဟူး၊ ရာဟု၊ သောကြာ သားသမီးများပဲဖြစ်ပါတယ်။         

ကံညံ့သော နေ့သားများကတော့ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါ၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ အညိုရောင်နှင့် ကြည်ပြာရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၈၊ ၅) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး …. သရဏံဂုံ၃ပါးကို (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင်ပြေ လွယ်ကူချောမွေ့ပါ လိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ “ဘိန်းမုန့်” ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒ တွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၄၅၀ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

#ကိုးကားစာအုပ်စာရင်း

နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2025

အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2025

အောင်မှန်- အခါပေးဒိုင်ယာရီ2025

ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2025

ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2025

ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ

မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်

သူရဇ္ဇ လစဉ်မဂ္ဂဇင်း

Leave a Reply

Your email address will not be published. Required fields are marked *