loading

14. Nov.2025 တစ်နေ့တာလမ်းညွှန်ချက်များနှင့် ဆောင်ရန်ရှောင်ရန် သိစရာများ

  • Home
  • Blog
  • 14. Nov.2025 တစ်နေ့တာလမ်းညွှန်ချက်များနှင့် ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်၊ တန်ဆောင်မုန်းလဆုတ်(၁၀)ရက်၊ သောကြာနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ (၁၄) ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၄၇)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၆း၃၅)နာရီဖြစ်ပြီး ၊ ညနေ(၅း၃၅)နာရီမှာ နေဝင်ပါ တယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ ဘီလူး မြေခံဖြစ်၍ သေကြေပျက်စီးရတတ်သောကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်ခြင်းကို အထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  မိတ္တုမြေခံတဲ့နေ့ဖြစ်ပါတယ်။ မိတ္တုမြေခံဖြစ်တာကြောင့် မိမိတွင်ပိုင်ဆိုင်ရရှိပြီးသား စည်းစိမ် ဉစ္စာများ တစ်ဖြည်းဖြည်း လျော့ပါး ဆုံးရှုံးလာတတ်ခြင်းတွေဖြစ်စေတာမို့ ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ကျောင်းတွေ သိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုး တွေ အထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာ ရက်တံခွန်၊ ရသေ့ကျော်၊ ရက်ယုတ်မာ ကျရောက်နေတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။

ဒီနေ့ဟာရက်တံခွန်ရက်ကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ စီးပွားရေး၊လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့်အလုပ်ကိစ္စ ရေးရာအဖြာဖြာတွေမှာရေရှည်အောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်။

ဒီနေ့ဟာရသေ့ကျော်ရက် ကျရောက်တဲ့ နေ့ရက်ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ စီးပွားရေး၊လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့်အလုပ်ကိစ္စ ရေးရာအဖြာဖြာတွေမှာရေရှည်အောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်။

ရက်ယုတ်မာကျရောက်တဲ့နေ့ဖြစ်တာကြောင့် အိမ်ဆောက် တာ၊တိုက်ဆောက် တာ၊ ဆိုင်ဆောက်တာ၊ ပန္နက်ရိုက် တာ၊တိုင်ထူတာမျိုးတွေ မလုပ်သင့်ပါ။ လုပ်မိတယ် ဆိုရင်တော့ ရေမီးမင်းခိုးသူ၊အမွေခံသားဆိုးသမီးဆိုးဆိုတဲ့ ရန်သူမျိုးငါးပါးကြောင့် ပြန်လည်ပျက်စီးရ တတ်ပါ တယ်။

ဒီနေ့ဟာ တီထိအရတော့ ပြည့်ဝခြင်းကိုပေးတဲ့ လဆုတ်တီထိ (၁၀)လုံး ကျရောက်နေတာ ဖြစ်ပါတယ်။

တီထိ(၁၀)လုံးအနေဖြင့် ကြည်လင်မှု၊စိတ်လက်အေးချမ်းမှုတွေကိုပေး တဲ့ ပုဏ္ဏတီထိကျရောက်တဲ့နေ့ရက်ပဲ ဖြစ်ပါ တယ်။ဒါကြောင့်ဒီလိုနေ့ရက်မျိုးမှာတော့ဘာသာရေးဆိုင်ရာမြင့်မြတ် သောကိစ္စတွေကို အထူးအလေးပေး ဆောင်ရွက် နိုင် ပါတယ်။အခက်အခဲပြဿနာတွေကိုငြိမ်းချမ်းအောင်ဖြေရှင်းဖို့ ရက်ကောင်းလဲဖြစ်ပါတယ်။ မင်းစိုး ရာဇာ နှင့်ဆက် စပ်သောကိစ္စရပ်များဆောင်ရွက်ရန်ကောင်းသောအချိန်အခါနေ့ရက်ဖြစ်ပါတယ်။အလုပ်လျှောက်ထားခြင်းများ ဆောင် ရွက်လို့ကောင်းတဲ့နေ့ရက်လဲဖြစ်ပါတယ်။

ငွေကြေးရင်းနှီးမြုပ်နှံခြင်းတွေကိုလဲဆောင်ရွက်နိုင်ပါတယ်။ လက်ကားအလုပ်များ၊ ကိုယ်စားလှယ်အလုပ် များနှင့် ဖြန် ချီရေးဖြန့်ဖြူးရေးအလုပ်များ ပိုမိုအားကောင်းမဲ့နေ့ရက်ပါပဲ။ ပညာဖြင့်ရပ်တည်အသက်မွေးသူများက တော့ ဒီနေ့မှာ အဘက်ဘက်ကတိုးတတ်အဆင်ပြေပါလိမ့်မယ်။ ဒီနေ့ဟာတီထိုးလို့အထူးပဲကောင်းပါတယ်။ ၁၊၅၊၈ ဂဏန်း များများ ပါတဲ့ထီလက်မှတ်ကိုရွေးချယ်ကံစမ်းလိုက်ပါ။

အစုရှယ်ယာဝင်ခြင်းတွေ၊ အသင်းအဖွဲ့စတင်ဖွဲ့စည်းခြင်းတွေ၊စုပေါင်းပရဟိတလုပ်ခြင်းတွေဆောင်ရွက်လို့ အထူး ကောင်းပါတယ်။ ကုမ္ပဏီများ ဝန်ထမ်းတွေကို သင့်တော်သလိုနေရာချထားခြင်းတွေ၊ လုပ်ငန်းနဲ့ပတ်သက် ပြီးရာထူး အပြောင်းအလဲလုပ်ခြင်းတွေဆောင်ရွက်လို့ကောင်းတဲ့နေ့ရက်ပါပဲ။

ဒီလို နေ့မျိုးဟာ သမထဘာဝနာပွားများခြင်းကိစ္စများအထူးဆောင်ရွက်နိုင်ပါတယ်။ ပုတီးစိပ်ခြင်း၊ဂါထာမန္တာန်ရွတ် ဖတ် ခြင်း၊အစီအရင်များပြုလုပ်ခြင်းတွေအထူးဆောင်ရွက်နိုင်ပါတယ်။ အိုးအိမ်တည်ဆောက်ဖို့အတွက် အိမ် ဆောက် ပစ္စည်းဝယ်ယူခြင်းများ ဒီနေ့မှာဆောင်ရွက်လို့သင့်တော်ပါတယ်။

အလှူအတန်းအလုပ်များ၊ကုသိုလ်ရေးနဲ့ပတ်သက်သောအလုပ်များဆောင်ရွက်နိုင်ပါတယ်။ ဘုရားဖူးခရီးများ အလှူနဲ့ ပတ်သက်သောခရီးတွေအလွန်ကောင်းပါတယ်။နိုင်ငံခြားသားများနှင့် ပတ်သက်ဆက် နွယ်သောအလုပ် များ၊ နယ်စပ်၊ ဒါမှမဟုတ်နိုင်ငံရပ်ခြားမှာစီးပွားရှာခြင်းများ အဆင်ပြေကောင်းမွန်တဲ့နေ့ရက်ပါပဲ။ စီးပွားရေးလုပ်ငန်း များ မိမိတို့ထုတ် ကုန်များကိုအွန်လိုင်းကနေကြော်ငြာခြင်း၊ပြည်တွင်းပြည်ပသို့ဖြန့်ဖြူးရောင်းချခြင်းများကောင်းပါ တယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ ညနေ(၅း၄၉)နာရီမှ ညနေ‌(၆း၄၁)နာရီအတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ ရာဇဖွား၊ ပြုဗ္ဗာဖလဂုဏီနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ သိဟ်စန်း၊ တူရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေးသူများဟာ အခက်အခဲတွေကို ကောင်းစွာကျော်လွှားနိုင်ကြတယ်။ ဦးတည်ချက်ရည်မှန်းချက်အတိုင်းအပြည့် အဝဆောင်ရွက်နိုင်ကြသူတွေဖြစ်ပါတယ်။ သတိထားရမှာက အိမ်ထောင်ရေးအားနည်းချက်ရှိပြီး ကိုယ့်ထက်အဆင့် အတန်းနိမ့်သူတွေနဲ့ အိမ်ထောင်ကျတတ်ပါတယ်။ငွေကြေးအင်အားတောင့်တင်းမှုတွေကိုအသက် ၂၈ကနေ အသက် ၄၂အတွင်း အပြည့်အဝရရှိနိုင်ကြပါတယ်။ ကျန်းမာရေးအားနည်းချက်ရှိပြီးတော့ ဆီးဝမ်းသွေးလေ မမှန်တာမျိုးတွေ၊ မိန်းကလေးဆို ဓမ္မတာမမှန်တာတွေ၊ အထိုင်များသူတွေဆို လိပ်ခေါင်းရောဂါဖြစ်တတ်တာမျိုးတွေကြုံရတတ်ပါတယ်။ အသက်ကြီးပိုင်းမှာ မပြင်ဆင်နိုင်ရင် အိုဇာတာညံ့သွားတတ်ပါတယ်။

ပြုဗ္ဗာဖလဂုဏီနက္ခတ်သည် ရက်စက်ကြမ်းကြုတ်သော နက္ခတ်တာရာများဖြစ်ပြီး တိုက်ခိုက်ရန်၊ အတင်းအကြပ်၊ မကောင်းမှု၊ လှည့်ဖြားမှုနှင့် ပဋိပက္ခ၊ ပျက်စီးခြင်းများအတွက် သင့်လျော်သည်။ ရန်သူ၊ ထောင်ချ၊ အဆိပ်ခတ်ခြင်း၊ မီးရှို့ခြင်း၊ စစ်တိုက်ခြင်း၊ မီးတင်ရှို့ခြင်း၊ ဖျက်ဆီးခြင်း၊ နာမည်ပျက်ခြင်းနှင့် ရက်စက်ကြမ်းကြုတ်ခြင်းတို့ကြောင့် ကောင်းမှု မင်္ဂလာကိစ္စများအတွက် မသင့်တော်ပါ။

ဤနက္ခတ်သည် အောက်သို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး ရေတွင်းတူးခြင်း၊ တိုင်ကီ၊ မိုင်းတူးခြင်း၊ သင်္ဂြိုဟ်ခြင်း နှင့် စည်းစိမ်ဥစ္စာများ မြှုပ်နှံခြင်း ၊ စက်ရေတွင်း မီးရထားလမ်းများ ၊ လှိုဏ်ဂူအတွင်း ဝင်ရောက်ခြင်း ၊ နက္ခတ်ဗေဒင် သင်္ချာဘာသာရပ် ၊ ပန်းပုပညာ ၊ အနုပညာ ၊ အရေးအသား ၊ ဝိဉာဉ် သိပ္ပံ နှင့် သရဲ တစ္ဆေ ထိန်းချုပ်ခြင်း ၊ သစ်သား စု ဆောင်းခြင်း၊ မန္တန်၊ ယန္တရား၊ ပေါင်နှံထားသော ပစ္စည်းများကို ပြန်ယူခြင်း စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။

ဂြဟဇာပွင့်ရာအရပ်သည် အနောက်အရပ်ဖြစ်သည်။ ဂြဟဇာပွင့်သောအရပ်ကို မျက်နှာမူ၍ အိမ်ဆောက်ခြင်း၊ ခေါင်းဆေးမင်္ဂလာပြုခြင်း ကဲ့သို့သော ကောင်းမွန်သော ကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းမွန်ပါသည်။

ဣန္ဒယုဂ် ကျရောက်နေသောကြောင့် “သိကြားမင်း၊ အကြီးအကဲ” ဟူသော အဓိပ္ပာယ်ကို ကိုယ်စားပြုသည်။ ကုသိုလ် ကောင်းမှု အားလုံးအတွက် အထူးကောင်းမွန်ပါသည်။

ဝဏိဇကရိုဏ်း ကျရောက်နေသောကြောင့် မြတ်သောယောဂအချိန်ဖြစ်သည်။ ကုသိုလ်ကောင်းမှုအားလုံးအတွက် အထူးကောင်းမွန်ပါသည်။

ဝဏိဇကရိုဏ်း ကျရောက်နေသောကြောင့် မြတ်သောယောဂ အချိန်ဖြစ်သည်။ ကုန်သွယ်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ ခရီးသွားလာခြင်းနှင့် လုပ်ငန်းကိစ္စရပ်များအတွက် ကောင်းသောအကျိုး၊ စီးပွားရေးလုပ်ငန်းဆောင်တာများတွင် ကျယ်ပြန့်သောအသိပညာရှိပြီး အရောင်းအဝယ်ကိစ္စရပ်များအတွက် အသင့်တော်ဆုံး ဖြစ်ပါသည်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၁၀း၂၅)နာရီမှ နံနက်(၁၁း၅၀)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ ဗုဒ္ဓဟူး၊ ရာဟု၊ ကြာသပတေး သားသမီးများပဲဖြစ်ပါတယ်။  

ကံညံ့သော နေ့သားများကတော့ တနင်္ဂနွေ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊ သောကြာ၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ အစိမ်းရောင်နှင့် လိမ္မော်ရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၉၊ ၁) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး …အရဟံသိဒ္ဓိဘဂဝါအောင်(၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင်ပြေ လွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ “ထောပတ်သီး” ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒ တွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၄၅၀ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

#ကိုးကားစာအုပ်စာရင်း

နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2025

အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2025

အောင်မှန်- အခါပေးဒိုင်ယာရီ2025

ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2025

ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2025

ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ

မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်

သူရဇ္ဇ လစဉ်မဂ္ဂဇင်း

Leave a Reply

Your email address will not be published. Required fields are marked *