ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်၊ နတ်တော်လဆန်း(၂)ရက်၊ သောကြာနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ (၂၁) ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၅၀)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၆း၃၈)နာရီဖြစ်ပြီး ၊ ညနေ(၅း၃၂)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က မြောက်အရပ် ဖြစ်ပါတယ်။
လက်သမားမြေခံ ကတော့ ကညာ မြေခံဖြစ်၍ မင်းစိုးရာဇာများ ပူဇော်တဲ့ နေ့မျိုးဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ၊ မင်း၊ အစိုးရနှင့် ပတ်သက်ဆက်နွယ်သော လုပ်ငန်းဆောင်တာများလည်း ဆောင်ရွက်လို့ အထူးကောင်းပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ ဗုဒ္ဓဟူးမြေခံတဲ့နေ့ဖြစ်ပါတယ်။ ဗုဒ္ဓဟူးမြေခံအရ ဉစ္စာပစ္စည်းများ အလွယ်တကူရရှိ ခြင်းနှင့် ချမ်းသာရတတ်ခြင်းအကျိုးကိုပေးတာကြောင့် ခိုင်ခန့်တဲ့ အဆောက်အဦးတွေ၊ ကျောင်းတွေ၊ အိမ်တွေ၊ လမ်း တံတားတွေ အထပ်အမြင့်အဆောက်အဦးတွေ ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာတွေ အထူးကောင်း ပါတယ်။ရက်ယုတ် မာကျရောက်တာမို့ အချိန်အခါရွေးပြီးမှဆောင်ရွက်ပါ။
ဒီနေ့ဟာ ရက်တံခွန်၊ ရက်ယုတ်မာ၊ နဂါးပေါ် ကျရောက်နေတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။
ဒီနေ့ဟာရက်တံခွန်ရက်ကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ စီးပွားရေး၊လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့်အလုပ်ကိစ္စ ရေးရာအဖြာဖြာတွေမှာရေရှည်အောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်။
နဂါးပေါ်ရက်ဆိုတာကတော့ အခြားအညံ့အဆိုးဖြစ်တာတော့မဟုတ်ပါဘူး။ နဂါးပေါ်ရက်ကျရောက်တဲ့နေ့ မျိုးက accident ဖြစ်လွယ်ပါတယ်။ ယာဉ်ကားကို သတိထားမောင်းနှင်ပါ။ လမ်းဖြတ်ကူးတာလဲသတိရှိပါတယ်။ ချော်လဲတာ စလစ်ဖြစ်တာမျိုးတွေလဲဖြစ်လွယ်ပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာလုပ်ကိုင်သူဆို safety ပြည့်စုံစွာဝတ်ပါ။ Halmet ဆောင်းတာ၊ safety shoe ဝတ်ဆင်တာမျိုးကို ဂရုတစိုက်လုပ်ပါ။ ဒီနေ့မှာ PPE ပြည့်စုံ စွာနဲ့အလုပ်လုပ်ပါ။ အမြင့်တတ်ရင်လဲ သတိထားပါ။ ဒီလိုနေ့မျိုးမှာ မတော်တဆထိခိုက်မှုလေးတွေ သွေးထွက် သံယိုဆိုတာမျိုးတွေ ဖြစ်လွယ်ပါတယ်။ ဒါကြောင့်သတိရှိစွာ လုပ်ကိုင်ဆောင်ရွက်ပါ။
ဒီနေ့ဟာ တီထိအရတော့ ပျော်ရွှင်ခြင်းကိုပေးတဲ့ လဆန်းတီထိ(၁)လုံး ကျရောက်နေတာ ဖြစ်ပါတယ်။
မိမိတို့အတွက်ကောင်းသောလိုအင်တွေပြည့်ဝရ တတ်ပါ တယ်။ ကျန်းမာရေးက တော့ဒီနေ့ရက်တွေမှာ အိပ်ရာ ထဲလဲနေသူတွေကတောင်နလန်ပြန်ထူတတ်ပါတယ်။ လိုအပ်တဲ့ ခွဲစိပ်ကုသ မှုများလုပ်ရမယ်ဆိုရင်တော့ ဒီနေ့မှာ လုပ်ဆောင် လို့အောင်မြင်တတ်ပါတယ်။ စစ်လက်နက် ဝယ်ယူ ခြင်း များ၊စစ်ရေး လေ့ကျင့်ခြင်းများဆောင် ရွက်နိုင် တဲ့နေ့ပါ။
ခရီးနဲ့ပတ်သက်ပြီးတော့လဲ အဆင်ပြေချော့မွေ့ပါလိမ့်မယ်။ ကုန်သည်စီးပွားများ ဈေးကောင်းရ တတ်ပါ တယ်။ သူများ တွေရဲ့ကတိတွေကိုတော့ လွယ်လွယ်မယုံသင့်တဲ့နေ့ပါ။ ဆေးဖော်ဆေးစပ်ရန်ကောင်းသော နေ့ရက် ဖြစ်ပါ တယ်။ ဘာလုပ်လုပ်သေချာမှလုပ်ပါ။ အဲလိုမှမဟုတ်ရင်စတင်လိုက်တဲ့ကိစ္စမှန်သမျှ တစ်ပိုင်းတစ်စနှင့် အပြီးမသတ် ဖြတ်ရတတ်ပါတယ်။ မိမိကုန်ပစ္စည်းကို ကြော်ငြာခြင်းများစတင်လို့ အလွန်ကောင်းတဲ့နေ့ရက်ပါပဲ။
ကြော်ငြာဆိုင်းဘုတ်များ၊ကြော်ငြာတဲ့ BILL BOARDများထောင်ခြင်းမျိုးဒီနေ့မှာစတင်နိုင်ပါတယ်။ အိမ်ခြံမြေ ရောင်း ခြင်း ဝယ်ခြင်းအလုပ်များ၊ကြားကနေအဆင်ပြေအောင်အကျိုးဆောင်ပေးရတဲ့အလုပ်များ ပိုမိုအဆင်ပြေ တတ်ပါ တယ်။စားသောက်ကုန်လုပ်ငန်းများ၊စက်ယန္တရားနှင့်ပက်သက်သောအလုပ်များပိုမိုတိုးတတ်ပါတယ်။ကုန်ပစ္စည်းများသိုလှောင်ခြင်းများလဲအထူးသင့်လျော်ပါတယ်
ယနေ့ ကုန်ပစ္စည်းအသစ်များကို စတင်မိတ်ဆက်နိုင်ပါသည်။ သမားပြသခြင်း၊ ဆေးဝါးကုသခြင်းများ အတွက် ရက် ကောင်းဖြစ်သည်။ သဗ္ဗသတ္တသိဒ္ဓိယုဂ် ရရှိသော နေ့ရက်ဖြစ်သည်။ အလုံးစုံသော အခက်အခဲများ ဖြေရှင်းနိုင်မည်။ သူတစ်ပါးအပေါ် ယုံကြည်လွှဲအပ်ပြီးလုပ်သော ကိစ္စမှန်သမျှ အထူးရှောင်ကျဉ်ပါ။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ ညနေ(၅း၂၂)နာရီမှ ညနေ(၆း၁၄)နာရီအတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ ရာဇဖွား၊ အနုရာဓနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ဗြိစ္ဆာစန်း၊ ဗြိစ္ဆာရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေး သူများဟာ ဖွားဇာတာကောင်းပြီးသားဖြစ်ပါတယ်။ နာမည်ပေးမှန်ရင် အတိုင်းထက်အလွန်ကောင်း လိမ့်မယ်။ သတိထား ရမှာက အနီးကပ်ယုံကြည်ရသူတွေကပဲ လိမ်လည်ခြင်းကိုခံရတတ်ပါတယ်။ နောက်ပြီးတော့ ငွေကြေးပိုင်း ဆိုင်ရာ ခြေငှားရင်ဆုံးတတ်ပါတယ်။ မိမိအောက်မှာ အငယ်ညီ၊ညီမတွေရှိရင်ထိုသူတွေရဲ့ ဆိုးကျိုးပေးခြင်းကို သိသိ သာသာခံရ တတ်ပါတယ်။ ငွေကြေးကံအားကောင်းနေပြီး အလုပ်ခွင်ငွေကြေးကို ကောင်းစွာစီမံခန့်ခွဲနိုင်ပါတယ်။ မိန်းကလေးဖြစ်စေ ယောကျာ်းလေးဖြစ်စေ ကိုယ့်ထက် အဘက်ဘက်က နိမ့်ကျသူ၊ဒါမှမဟုတ်နွမ်းပါးသူနဲ့ ဖူးစာရေစက် ဆုံတတ်ပါတယ်။
အနုရာဓ နက္ခတ်သည် နူးညံ့သိမ် မွေ့သော သဘောသဘာဝရှိသည့် နက္ခတ်ဖြစ်ပြီး အနုပညာ၊ သင်ယူမှု၊ မိတ်ဖွဲ့မှု၊ ကာမဂုဏ်အပျော်အပါး အလှဆင်မှု၊ လိင်ဆက်ဆံမှု၊ ဝတ်စုံသစ်ဝတ်ဆင်မှု၊ လက်ထပ်မှု၊ သီဆိုကခုန်မှု၊ စီတန်း လှည့် လည်ပွဲများ၊ အခမ်းအနားများ၊ ပွဲတော်များ၊ စိုက်ပျိုးရေးနှင့် ခရီးသွားလာမှုများအတွက်ကောင်းမွန် သော နက္ခတ် ဖြစ်သည်
အနုရာဓနက္ခတ်အချိန်များတွင် ထီထိုးခြင်း၊ မေတ္တာ ရေးစကား ပြောဆိုခြင်း၊ အလှပြင်ခြင်း၊ လက်ဝတ် ရတနာ ဝတ် ဆင်ခြင်း၊ ယာဉ်၊ စက်ပစ္စည်း ရောင်းဝယ်ခြင်း၊ ဆိုင်ကယ်၊ ဆိုက်ကား၊ စက်ဘီး၊ ကားအရောင်း အဝယ်ပြုလုပ်ခြင်း၊ ခြံမြေ အိမ်ရာအရောင်း အဝယ် လုပ်ခြင်း၊ ခရီးသွားလာခြင်း၊ မိတ်ဆုံပွဲ၊ ပါတီပွဲ၊ စာပေလုပ်ငန်း၊ စာပေဖြန့်ချိခြင်း ကောင်း၏။
ဂြဟဇာပွင့်ရာအရပ်သည် အရှေ့အရပ်ဖြစ်သည်။ ဂြဟဇာပွင့်သောအရပ်ကို မျက်နှာမူ၍ အိမ်ဆောက်ခြင်း၊ ခေါင်းဆေးမင်္ဂလာပြုခြင်း ကဲ့သို့သော ကောင်းမွန်သော ကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းမွန်ပါသည်။
အတိကဏ္ဍယုဂ် ကျရောက်နေသောကြောင့် “အတားအဆီး၊ အန္တရာယ်များစွာ” ဟူသော အဓိပ္ပာယ်ကို ကိုယ်စားပြုသည်။ ကောင်းသောကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်ရန် လုံးဝသင့်တော်မှုမရှိပါ။
ဗဗကရိုဏ်း ကျရောက်နေသောကြောင့် ဂါထာ၊ တိုက်ခိုက်မှု၊ ကျန်းမာရေးနှင့် စွမ်းအားတိုးတက်စေခြင်း၊ လိင်ပိုင်းဆိုင်ရာ သို့မဟုတ် ဖန်တီးမှုစွမ်းအင်ကို ကိုယ်စားပြုသည်။ ဤကရိုဏ်းသည် လမ်းပန်းဆက်သွယ်ရေးနှင့် မျိုးစေ့ကြဲခြင်းကဲ့သို့ ရွေ့လျားမှုဆိုင်ရာ ကောင်းသော ကိစ္စရပ်များအားလုံးအတွက် အထူးကောင်းမွန်ပါသည်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၁၀း၂၇)နာရီမှ နံနက်(၁၁း၅၁)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။
ကံကောင်းသောနေ့သားများကတော့ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ရာဟု၊ စနေ သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ တနင်္ဂနွေ သားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ သောကြာ ၊ တနင်္လာ၊ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ အဝါရောင်နှင့် နက်ပြာရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၈၊ ၅) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး ….ဝိဇ္ဇာစရဏသမ္ပဒ္ဓေါဂုဏ်တော်(၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင်ပြေ လွယ်ကူ ချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ “မက်မွန်သီး” ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒ တွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၄၅၀ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695
နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2025
အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2025
အောင်မှန်- အခါပေးဒိုင်ယာရီ2025
ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2025
ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2025
ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ
မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်
သူရဇ္ဇ လစဉ်မဂ္ဂဇင်း