loading

22. Nov.2025 တစ်နေ့တာလမ်းညွှန်ချက်များနှင့် ဆောင်ရန်ရှောင်ရန် သိစရာများ

  • Home
  • Blog
  • 22. Nov.2025 တစ်နေ့တာလမ်းညွှန်ချက်များနှင့် ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်၊ နတ်တော်လဆန်း(၃)ရက်၊ စနေနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ (၂၂) ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၅၁)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၆း၃၉)နာရီဖြစ်ပြီး ၊ ညနေ(၅း၃၁)နာရီမှာ နေဝင် ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က မြောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ နွား မြေခံဖြစ်၍ ဉစ္စာပစ္စည်းများ ရတတ်သော နေ့ဖြစ်သောကြောင့် ပျဉ်ထောင်အိမ်တွေ ဆောက်တာ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွ တာတွေ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  အင်္ဂါမြေခံတဲ့နေ့ဖြစ်ပါတယ်။ အင်္ဂါမြေခံအရ ကျန်းမာရေးနှင့်ပတ်သက်၍ အထူး ထိခိုက်နိုင်တဲ့ နေ့ရက်ဖြစ်တာကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာ သမားညို၊ မဟာရက်ကြမ်း၊ နဂါးပြည်ပြဿဒါး ကျရောက်နေတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။

သမားညိုရက်ဖြစ်တာကြောင့် အိမ်ပြောင်းရွှေ့တာ၊ အလုပ်ဆိုင် ပြောင်းတာ၊ အလုပ်ရုံးခန်းပြောင်းတာ မျိုးတွေရှောင် အပ်ပါတယ်။ပညာစပြီးသင်ယူလို့မကောင်းသေးပါဘူး။ ခိုင်ခန့်သော၊ရေရှည်တည်တံ့သော အဆောက်အဦးတွေကို စတင်ဆောက်လုပ်တာ ၊တိုင်ထူတာ၊ပန္နက်ရိုက်တာ၊ မျိုးတွေလုပ်မိရင် အဆုံးမသတ် ဘဲတစ်ပိုင်းတစ ဖြစ်လွယ်ပါတယ်။

မဟာရက်ကြမ်းကျရောက်တဲ့နေ့မျိုးတွေမှာ အရေးကြီးတဲ့ လုပ်ငန်းဆောင်တာတွေကို မလုပ်သင့်ပါဘူး။ ဒီနေ့မှာ ခရီးကိစ္စတွေ တတ်နိုင်သရွေ့ရှောင်သင့်ပါတယ်။ အထူးသဖြင့် ရေလမ်းခရီးများ၊ မသွားဖူးတဲ့အရပ် ဒေသများ၊ တောတောင်များ သွားရောက်ခြင်းမျိုးကို အထူးပဲရှောင်စေချင် ပါတယ်။မင်္ဂလာကိစ္စများလဲ အလုံးစုံရှောင်လိုက် စေချင်ပါတယ်။ လက်ထပ်ထိမ်းမြားခြင်း၊စေ့စပ်ခြင်း၊မင်္ဂလာစကားပြောခြင်း၊ ရုံးတတ်လက်မှတ် ထိုးခြင်းများလဲ အထူးရှောင်အပ်ပါတယ်။

နဂါးပြည်ပြဿဒါးကျရောက်နေတဲ့နေ့ရက်ဖြစ်တာကြောင့်အိမ်၊ခြံမြေ၊တိုက်တာ၊ဆိုင်ခန်း၊အလုပ်ခန်းများ ရောင်းချ ခြင်း၊ ဝယ်ယူခြင်းမျိုးတွေရှောင်လိုက်စေချင်ပါတယ်။အရောင်းအဝယ်ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ စာချုပ်ချူပ်ဆို မယ်ဆိုရင် တော့ ဒီနေ့မှာ ပိုင်ဆိုင်တဲ့စာရွက်စာ တမ်းတွေက အစစ်လား၊အတုလားသေချာစစ်ဆေး ပြီးမှ ဆောင်ရွက်လိုက်ပါ။

ဒီနေ့ဟာ တီထိအရတော့ ကောင်းကျိုးဖြစ်ထွန်းစေခြင်းကိုပေးတဲ့ လဆန်းတီထိ(၂)လုံး ကျရောက်နေတာ ဖြစ်ပါတယ်။

တီထိ (၂)လုံး အနေဖြင့် လက်မှုပညာနဲ့ပတ်သက်သောအလုပ်များ လဲ အထူးကောင်းပါတယ်။လမ်းဖောက်လုပ်ခြင်း၊ တံတားစတင် ဆောက်လုပ်ခြင်းများအထူးကောင်းပါတယ်။ကျောက်မျက်ရတနာများကို ဝတ်စားဆင်ယင်ခြင်း၊အဝတ် အစား အသစ်များ ဆင်မြန်းဝတ်ဆင်ခြင်းအထူးကောင်း ပါ တယ်။ ယာဉ်ကားနဲ့ပတ်သက်သောအလုပ်များ၊ လိုင်းဆွဲ ခြင်း၊ကုန်စည်ပို့ဆောင်ခြင်းအလုပ်များ၊ဘုရားဖူးအလုပ် များ အလွန် ကောင်းပါတယ်။

ဝီရိယအကျိုးကိုခံစားရမဲ့နေ့ရက်ဖြစ်တာကြောင့် လုံ့လဝီရိယကိုတိုးပြီးလုပ်ကိုင်ပါ။ ကျောက်မျက်ရတနာများ ရေနံ့နှင့် သဘာဝဓာတ်ငွေ့တူးဖော်ခြင်းများဒီနေ့မှာစတင်ဆောင်ရွက်နိုင်ပါတယ်။ မျိုးစေ့ကြဲခြင်း၊သစ်ပင်စိုက်ခြင်း၊ ဥယျာဉ်ခြံ လုပ် ငန်းများအထူးကောင်းပါတယ်။

ဒီနေ့မှာ ကုန်သွယ်ခြင်းတွေ၊ပစ္စည်းလှောင်ခြင်းတွေကိုအထူးရှောင်သင့်ပါတယ်။အမှုပြဿနာတွေအဖြစ်မခံပါနဲ့။ ဖြစ်ပါ ကဖြေရှင်းရန်ခက်ခဲသွားတတ်ပါတယ်။အဆောက်အဦးပြင်ဆင်ခြင်း၊တိုးချဲ့ခြင်းပြုမိပါကရန်ပြဿနာတွေကိုဖြစ်ပွားစေပါလိမ့်မယ်။

            ကုန်ပစ္စည်းသစ်များ စတင်ဖြန့်ချီရန် ရက်ကောင်းဖြစ်သည်။ မင်္ဂလာအခါမပေးသင့်ပါ။ ပြဿနာဟောင်းများ ဖြေရှင်းရန် ရက်ကောင်းဖြစ်နေပါသည်။ ပဋိပက္ခများ  ငြိမ်းချမ်းအောင် ဆောင်ရွက်နိုင်သည်။  ယနေ့ ဆောင်ရွက်သော ကိစ္စမှန်သမျှ လူသိထင်ရှားဖြစ်တတ်သည်။ လျှို့ဝှက်၍မရပါ။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ ညနေ(၅း၁၈)နာရီမှ ညနေ(၆း၁၀)နာရီအတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ အထွန်းဖွား၊ ဇေဌနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ဗြိစ္ဆာစန်း၊ ဗြိစ္ဆာရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေးသူများဟာ အသက်၃၀ဝန်းကျင်မှာ ကိုယ်ပိုင်စီးပွားရေးအပိုင်းကို စတင်မြည်းစမ်းကြည့်ဖို့လိုပါတယ်။ အဲလိုမှ မဟုတ်ရင် အများဝန်ထမ်းဘဝကိုပင်စင်ယူသည်အထိလုပ်နေရတတ်ပါတယ်။ ငွေကြေးကံတော့ အားကောင်းပေမဲ့ ငွေတိုးပွားအောင် မလုပ်တတ်တဲ့ဇာတာမို့ ငွေရှိလာရင် အိမ်ခြံမြေဝယ်ထားတာက အကောင်ဆုံးပါပဲ။အထက်က ပေးလာတဲ့ အမိန့်တွေ၊တာဝန်တွေ ကို ကျေပွန်အောင် စွမ်းဆောင်နိုင်ကြသူတွေဖြစ်ပါတယ်။ငွေကြေး ကပ်စေးနည်း တတ် ပြီး ထိုကပ်စေးနည်းမှုကြောင့်ပဲ ကိုယ်ပိုင်စီးပွားမလုပ်ရဲ ၊မရင်းရဲဘဲ ထင်သလောက် မကြီးပွားတာမျိုးလဲတွေ့ရတတ် ပါ တယ်။ ကျန်းမာရေးက ဒေါင်ဒေါင် မြည်အားကောင်းကြသူတွေဖြစ်ပြီး တော်ရုံနာမကျန်းဖြစ်တာမျိုးမတွေ့ရ ပါဘူး။ အရက်၊အငန်နှင့် အပူအစပ်ကိုရှောင်ပါ။ အစာအိမ်နဲ့သွေးတိုးခြင်းတွေ ဖြစ်တတ်လို့ပါပဲ။ ဒီဇာတာရှင်တွေဟာ ငယ် ဘဝတွေမှာ မိဘနဲ့ ခွဲနေရတတ်တယ်။ အဖေ ဒါမှမဟုတ်အမေနဲ့ခွဲနေရတတ်ကြသူတွေများပါတယ်။ သက်လတ်ပိုင်း သက်ကြီးပိုင်းတော့ ထူးထူးခြားခြားတိုးတက် အောင်မြင်ကြတယ်။ ပညာရေးကို တွန်းအားတစ်ခုအနေနဲ့ကြိုးစားပါ။ ပညာကြောင့်ထိပ်ဆုံးရောက်နိုင်သလောက် ပညာမတတ်တာနဲ့ တစ်သက်တာ သူများခိုင်းဖတ်ဖြစ်သွားနိုင်ပါတယ်။

ဇေဌ နက္ခတ်သည် ကြောက်မက်ဖွယ်ကောင်းသော သဘာဝကြည့်ဖြစ်ပြီး စစ်ပွဲအောင်မြင်ရန်၊ ဒြပ်စင်များနှင့် အခြား နတ်များကို ဖိတ်ခေါ်ခြင်း၊ ထောင်ချခြင်း၊ ခွဲခွာခြင်း၊ ဖျက်ဆီးခြင်း၊ အထက်အရာရှိများနှင့် မဟာမိတ်ဖွဲ့ခြင်း၊ ရန်ဖြစ်ခြင်း၊ ငြင်းခုံခြင်း စသည်တို့အတွက် သင့်လျော်သည်။ ကောင်းသောကိစ္စများအတွက် မသင့်တော်ပါ။

 ဤနက္ခတ်သည် ဘေး သို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး ခြေလေးချောင်းသတ္တဝါများ (မြင်း၊ ကျား၊ ကုလားအုတ်၊ နွား စသည်ဖြင့် ဝယ်ယူခြင်းနှင့် လေ့ကျင့်ခြင်းနှင့် ပတ်သက်သည့် အလုပ်များ၊ ၊ ရေ-မြေ-လေ၊ သယ်ယူပို့ဆောင်ရေး၊ မောင်း နှင် ခြင်း၊ နွားလှည်း၊ ရထား၊ ထွန်ယက်ခြင်း၊ သီချင်းဆိုခြင်း၊ ဂီတ်တူရိယာများ၊ လမ်း၊ ဆည်များ စသည့်အလုပ်များ ပြုလုပ် ရန်သင့်လျော်သည်။

ဂြဟဇာပွင့်ရာအရပ်သည် အရှေ့တောင်အရပ်ဖြစ်သည်။ ဂြဟဇာပွင့်သောအရပ်ကို မျက်နှာမူ၍ အိမ်ဆောက်ခြင်း၊ ခေါင်းဆေးမင်္ဂလာပြုခြင်း ကဲ့သို့သော ကောင်းမွန်သော ကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းမွန်ပါသည်။

သုကမ္မယုဂ် ကျရောက်နေသောကြောင့် “ကောင်းသောအလုပ်” ဟူသော အဓိပ္ပာယ်ကို ကိုယ်စားပြုသည်။ ကုသိုလ် ကောင်းမှုအားလုံးအတွက် အထူးကောင်းမွန်ပါသည်။

ကောလဝါကရိုဏ်း ကျရောက်နေသောကြောင့် မင်္ဂလာဆောင်၊ သတို့သမီးရွေးချယ်၊ သူငယ်ချင်း၊ အချစ်ရေး၊ အလှဆင်ရန်၊ ချစ်ကြည်ရင်းနှီးမှု၊ သဘောတူညီချက် သို့မဟုတ် ကာလရှည်ကြာ တည်မြဲနေမည့် အရာများကဲ့သို့သော ပုံသေလုပ်ထားသည့် အရာများအတွက် အထူးကောင်းမွန်ပါသည်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၉း၀၂)နာရီမှ နံနက်(၁၀း၂၇)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ အင်္ဂါ၊ တနင်္ဂနွေ သားသမီးများပဲဖြစ်ပါတယ်။         

ကံညံ့သော နေ့သားများကတော့ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ ဗုဒ္ဓဟူး၊ ရာဟု၊ ကြာသပတေး၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ နို့နှစ်ရောင်နှင့် အဖြူရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၅၊ ၇) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး ….အနုတ္တရောပုရိသဓမ္မသာရထိဂုဏ်တော်(၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင်ပြေ လွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ “သံပုရာရည်” ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒ တွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၄၅၀ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

#ကိုးကားစာအုပ်စာရင်း

နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2025

အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2025

အောင်မှန်- အခါပေးဒိုင်ယာရီ2025

ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2025

ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2025

ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ

မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်

သူရဇ္ဇ လစဉ်မဂ္ဂဇင်း

Leave a Reply

Your email address will not be published. Required fields are marked *