loading

8. Dec.2025 တစ်နေ့တာလမ်းညွှန်ချက်များနှင့် ဆောင်ရန်ရှောင်ရန် သိစရာများ

  • Home
  • Blog
  • 8. Dec.2025 တစ်နေ့တာလမ်းညွှန်ချက်များနှင့် ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်၊ နတ်တော်လဆုတ်(၄)ရက်၊ တနင်္လာနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ (၈) ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၅၆)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၆း၄၄)နာရီဖြစ်ပြီး ၊ ညနေ(၅း၂၇)နာရီမှာ နေဝင် ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က မြောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ နွား မြေခံဖြစ်၍ ဉစ္စာပစ္စည်းများ ရတတ်သော နေ့ဖြစ်သောကြောင့် ပျဉ်ထောင်အိမ်တွေ ဆောက်တာ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွ တာတွေ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  သောကြာမြေခံတဲ့နေ့ဖြစ်ပါတယ်။ သောကြာမြေခံအရ ဥစ္စာပစ္စည်းရရှိခြင်း၊ချစ်သူ၊ မိတ်ဆွေ ပေါများခြင်းအကျိုးကိုရရှိစေသောကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေစတင်ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူး ဆောင်ရွက်လို့ ရပါ တယ်။

ဒီနေ့ဟာ ရက်ပုပ်၊ ဝါရမိတ္တုကြီး ကျရောက်နေတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။

ရက်ပုပ်ကျတဲ့ ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ကိစ္စတွေက လိုရင်းမရောက်ဘဲ မပြီးမသတ်ဖြစ် ရတတ်ပါ တယ်။  ရန်ဖြစ်လိုက်ပြီးဆိုရင်လဲကြီးမားတဲ့ အမှုအခင်းထိဖြစ်သွားနိုင်ပါတယ်။ ရန်ရှောင်သင့်တဲ့နေ့ပါပဲ။

ဝါရမိတ္တုကြီးကျရောက်တဲ့နေ့ဖြစ်တာကြောင့် မင်္ဂလာယူ ပြီးလုပ်ရမဲ့ကိစ္စတွေအားလုံးရှောင်သင့်ပါတယ်။ လက်ထပ် ထိမ်းမြားခြင်း၊စေ့စပ်ခြင်းများ၊ရုံးတတ်လက်မှတ်ထိုးခြင်း၊  မင်္ဂလာစကားပြောခြင်းများလဲ ရှောင်သင့်ပါ တယ်။

ဒီနေ့ဟာ တီထိအရတော့ ဖယ်ရှင်းခြင်းအတွက်သုံးရန်ကောင်းတဲ့ လဆုတ်တီထိ(၄)လုံး ကျရောက်နေတာ ဖြစ်ပါတယ်။

တီထိ(၄)လုံးအနေဖြင့် ဖယ်ရှင်းခြင်းအတွက်သုံးရန်ပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ် ပါတယ်။ဒီလို နေ့ရက်မှာတော့ ကျန်းမာရေးအညံ့များကင်းစင်ပါလိမ့်မယ်။ အရေပြားမှာရှိတဲ့အနာ ရောဂါတွေလဲ ကင်း စင်သွား တတ်ပါတယ်။ ကုန်သွယ်စီးပွားရေးလုပ်ငန်းများဆောင်ရွက်လို့ကောင်းပါတယ်။ ငွေကြေးနဲ့ပတ်သက်ပြီး တော့လဲ အလွန်မှရင်းနှီးမြုပ်နှံလို့ကောင်းတဲ့နေ့ရက်ပါပဲ။ အလုပ်ဆိုင်းဘုတ်တင်ခြင်းတွေ၊ အလုပ်ခန်းစတင်ဖွင့်လှစ် ခြင်းတွေ လဲ ဆောင်ရွက်လို့ကောင်းပါတယ်။

အရောင်းပြပွဲများ၊ကုန်စည်ပြပွဲများ၊ဈေးပွဲတော်များကျင်းပလို့အထူးကောင်းပါတယ်။ပြည်ပဈေးကွက်သို့ကုန်ပစ္စည်း တွေ တင်ပို့ရောင်းချခြင်းတွေကိုအထူးဦးစားပေးဆောင်ရွက်လို့ကောင်းပါတယ်။ပညာရေးနဲ့ပက်သက်သော ကိစ္စ အ၀၀ လဲဆောင်ရွက်လို့ကောင်းပါတယ်။

 အမဲလိုက်ခြင်း၊အရက်ချက်ခြင်း၊  ပိုးသတ်ဆေးဖြန်းခြင်းစတဲ့အနိဌနဲ့ဆိုင် တဲ့အလုပ်များဆောင်ရွက်နိုင်တဲ့နေ့ပါပဲ။ ခဲ ယမ်းလက်နက်များပြုလုပ်ခြင်းများ၊ရန်အတိုက်အခံပြုခြင်းများလဲဒီနေ့မှာဆောင်ရွက်သွားနိုင်ပါလိမ့်မယ်။ အရေး ပေါ် မှာ ဖြစ်ပေါ်နေတဲ့အနာရောဂါပဲဖြစ်ဖြစ်၊ကိုယ်တွင်းမှာဖြစ်တဲ့အနာရောဂါပဲဖြစ်ဖြစ် ခွဲစိပ်ကုသရမယ် ဆိုရင်ဒီနေ့ ဟာ ဆောင်ရွက်လို့အထူးသင့်လျော်တဲ့နေ့ရက်ပါပဲ။

ကုန်စည်ဒိုင်အသစ်များစတင်ဖွင့်လှစ်ခြင်းတွေဒီနေ့မှာဆောင်ရွက်လို့ကောင်းပါတယ်။ စပါးများကိုစတင်စပါးကျီ သွင်း ခြင်း၊ကုန်ပစ္စည်းသိုလှောင်ခြင်းများလဲ ပြုလုပ်ဆောင်ရွက်သွားနိုင်ပါလိမ့်မယ်။ အားကစားနှင့်ပတ်သက်သောလုပ် ငန်း များ အထူးတိုးတတ်မဲ့နေ့ပါပဲ။ အဖိုးများသောအားကစားပစ္စည်းများဝယ်ယူ မယ်ဆိုရင်လဲဒီနေ့ဟာဝယ်ယူလို့သင့်တော် တဲ့နေ့ရက်ပါပဲ။

ပြည်ပအလုပ်အကိုင်ရှာဖွေခြင်း၊အင်တာဗျူးခြင်းများလဲ ဒီနေ့မှာစတင်ဆောင်ရွက်လို့အထူးကောင်းပါတယ်။ ရေနံ၊ ရွှေနှင့်ကျောက်မျက်ရတနာတူးဖော်ခြင်းများလဲ ဒီနေ့မှာဆောင်ရွက်လို့သင့်တော်ပါတယ်။ ခရီးကိစ္စများ သွားလာ လုပ်ကိုင်လို့ကောင်းမွန်တဲ့နေ့ရက်ပါပဲ။ အထူးသဖြင့်လေကြောင်းခရီများအဆင်ပြေချော့မွေ့တတ်ပါတယ်။

ဘာသာရေးနဲ့ပတ်သက်တဲ့ အသင်းအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ အစည်းအဝေးလုပ်ခြင်း၊အနာဂတ်လုပ် ဆောင် သွား မဲ့ကိစ္စတွေအတွက်တိုင်ပင်ဆွေးနွေးခြင်းများအထူးဆောင်ရွက်နိုင်ပါလိမ့်မယ်။

            အလုပ်ကိစ္စများ စတင်ဆောင်ရွက်၍ အကျိုးရှိမည်။ မင်္ဂလာကိစ္စများ ဆောင်ရွက်နိုင်သည်။ အတတ်ပညာများ စတင်သင်ကြားနိုင်သည်။ ရင်းနှီးမြှုတ်နှံမှုများ ဆောင်ရွက်ရန် ရက်‌ကောင်းဖြစ်သည်။ ပစ္စည်းလှောင်ခြင်း၊ ဈေးကစား ခြင်း မပြုရ။ ပြဿနာအခက်အခဲများရှိက ချက်ချင်းဖြေရှင်းပါ။ ဉပဒေနှင့်မကင်းသော ကိစ္စမှန်သမျှ ရှောင်ကြဉ်ပါ။ အမှုပြဿနာများဖြစ်က ဖြေရှင်းရန် ခက်ခဲမည်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ ညနေ(၄း၁၅)နာရီမှ ညနေ(၅း၀၇)နာရီအတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ ပုတိဖွား၊ ပုဏ္ဏဖုသျှနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ကရကဋ်စန်း၊ ဗြိစ္ဆာရာသီဖွားဖြစ်ပါသည်။ ဒီ နေ့မွေးသူများဟာ စန်းအားကောင်းပြီးလူချစ်လူခင်များပါတယ်။ အများအားဖြင့် လူအများမှတ် မိ လွယ် ကြသူတွေ ဖြစ်ကြ ပါတယ်။ သန့်ရှင်းတောက်ပြောင်တာကိုကြိုက်တာမို့ တနင်္လာ ပုတိဖွားတွေရှိနေတဲ့ အိမ်တွေ ဟာအများအားဖြင့် သန့်ရှင်း တောက်ပြောင်နေလေ့ရှိကြပါတယ်။ငွေကြေးရှာဖွေရလွယ်ကူသူတွေဖြစ်ပေမဲ့ လက်ဖွာတာ ကြောင့် လက်ထဲ ငွေမမြဲကြတဲ့ သူတွေဖြစ်ပါတယ်။ ကျန်းမာရေးအတွက် အားနည်းချက်များနေပြီးတော့ အရေပြားရောဂါ တွေ၊ ကျောက်တည်တာတွေ၊ သည်းခြေအားနည်းတာတွေ၊သွေးတိုးလွယ်တာတွေ ဝမ်းပျက်လွယ်တာတွေကို အထူးဂရု ပြု ရလိမ့်မယ်ဗျ။ သူတစ်ပါးရဲ့ ဒုက္ခ၊သုက္ခတွေကို ကြားကနေ အစားဝင်ခံစားရတတ်တဲ့သူတွေအဖြစ်လဲ ဒီဇာတာကိုတွေ့ ရ တတ်ပါတယ်။ အသက်၂၄က နေ အသက် ၄၀အတွင်းကာလတွေမှာမှ ဘဝကိုအခြေခိုင်အောင်လုပ်မထားနိုင်ရင် ဒီဇာတာတွေဟာ သက်ကြီးပိုင်းမှာ လွန်စွာဒုက္ခရောက်သွားနိုင်ပါတယ်။

ပုဏ္ဏဖုသျှ နက္ခတ်သည် မော်တော်ယာဉ်များ ဝယ်ယူခြင်းနှင့် ပြုပြင်ခြင်းအတွက် ကောင်းမွန်သည်။ ၎င်းသည် ယာယီ၊ မြန်ဆန်ပြီး ရွှေ့ပြောင်းနိုင်သော သဘာဝနက္ခတ်ဖြစ်သည်။ ခရီးသွားခြင်း၊ သယ်ယူပို့ ဆောင်ခြင်း၊ ဥယျာဉ်ခြံမြေ လုပ်ခြင်း၊ သူငယ်ချင်းများနှင့် လည်ပတ်ခြင်းအတွက် သင့်လျော်သည်။

ဤနက္ခတ်သည် ဘေးသို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး ခြေလေးချောင်းသတ္တဝါများ (မြင်း၊ ကျား၊ ကုလားအုတ်၊ နွားစသည်ဖြင့်) ဝယ်ယူခြင်းနှင့် လေ့ကျင့်ခြင်းနှင့် ပတ်သက်သည့် အလုပ်များ၊ ၊ ရေ-မြေ-လေ၊ သယ်ယူပို့ဆောင်ရေး၊ မောင်းနှင်ခြင်း၊ နွားလှည်း၊ ရထား၊ ထွန်ယက်ခြင်း၊ သီချင်းဆိုခြင်း၊ ဂီတတူရိယာများ၊ လမ်း၊ ဆည်များ စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။

ဗြဟ္မာယုဂ်သည် မြင့်မြတ်သော၊ ကောင်းသော ကိစ္စရပ်များအားလုံးအတွက် ကောင်းမွန်သည်။

ဗလဝကရိုဏ်းသည် ကုသိုလ်ကောင်းမှု။ ဝိညာဏ၊ ဗြာဟ္မဏ၊ မွန်မြတ်သော အကျင့်၊ဝိညာဉ်ရေးရာ လွန်ကဲပြီး ကောင်းမွန်သောအချိန်များနှင့် လုပ်ရပ်များအတွက် ကောင်းမွန်သည်။

ဂြဟဇာပွင့်ရာအရပ်သည် အောက်မြေကြီးအရပ်ဖြစ်သည်။ ဂြဟဇာပွင့်သောအရပ်ကို မျက်နှာမူ၍ အိမ်ဆောက်ခြင်း၊ ခေါင်းဆေးမင်္ဂလာပြုခြင်း ကဲ့သို့သော ကောင်းမွန်သော ကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းမွန်ပါသည်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၇း၄၆)နာရီမှ နံနက်(၉း၁၀)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ ကြာသပတေး၊ သောကြာ၊ စနေ သားသမီးများပဲဖြစ်ပါတယ်။          

ကံညံ့သော နေ့သားများကတော့ ရာဟု သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ အင်္ဂါ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ အပြာနုရောင်နှင့် နို့နှစ်ရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၈၊ ၅) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး ….ဘဂဝါဂုဏ်တော် (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင်ပြေ လွယ်ကူချောမွေ့ပါ လိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ “အုန်းကပ်စေး” ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒ တွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၄၅၀ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

#ကိုးကားစာအုပ်စာရင်း

နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2025

အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2025

အောင်မှန်- အခါပေးဒိုင်ယာရီ2025

ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2025

ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2025

ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ

မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်

သူရဇ္ဇ လစဉ်မဂ္ဂဇင်း

Leave a Reply

Your email address will not be published. Required fields are marked *