loading

27. Dec.2025 တစ်နေ့တာလမ်းညွှန်ချက်များနှင့် ဆောင်ရန်ရှောင်ရန် သိစရာများ

  • Home
  • Blog
  • 27. Dec.2025 တစ်နေ့တာလမ်းညွှန်ချက်များနှင့် ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်၊ ပြာသိုလဆန်း(၉)ရက်၊ စနေနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ (၂၇) ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၅၇)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၆း၄၅)နာရီဖြစ်ပြီး ၊ ညနေ(၅း၂၅)နာရီမှာ နေဝင် ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က မြောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ ဘီလူး မြေခံဖြစ်၍ သေကြေပျက်စီးရတတ်သောကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်ခြင်းကို အထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  စနေမြေခံတဲ့နေ့ဖြစ်ပါတယ်။ စနေမြေခံအရ မီးဘေးနှင့်ပတ်သက်သော အပူသောကများ အထူးဂရုစိုက်သင့်ပါသည်။ မီးဘေးကြောင့် ပျက်စီးဆုံးရှုံးရခြင်းများ၊ စိတ်ပူးပင်သောကနှင့် ဆုံးရှုံးနစ်နာရခြင်းများ ရရှိစေသောကြောင့် ခိုင်ခန့်သော အဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ အထူးရှောင့်သင့်ပါတယ်။

ဒီနေ့ဟာ ရက်ရာဇာ ကျရောက်နေတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။

ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်တာကြောင့်လောကီမင်္ဂလာကိစ္စတွေဖြစ်တဲ့လက်မှတ်ထိုးခြင်း၊ စေ့စပ် ခြင်း၊ မင်္ဂလာ  စကားပြောခြင်းများအထူးဆောင်ရွက်နိုင်ပါတယ်။ကြီးကျယ်စွာမင်္ဂလာအခမ်းအနားကျင်းပခြင်းတွေကိုလဲ ဆောင်ရွက် နိုင်ပါလိမ့်မယ်။

ဒီနေ့ဟာ တီထိအရတော့ ကောင်းကျိုးဖြစ်ထွန်းစေခြင်းကိုပေးတဲ့ လဆန်းတီထိ(၇)လုံး ကျရောက်နေတာ ဖြစ်ပါတယ်။

တီထိ(၇)လုံးအနေဖြင့် ကောင်းကျိုးဖြစ်ထွန်းစေခြင်းကို ပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။အခွင့်အရေး နှစ်ခု ပေါ်လာတတ်ပါတယ်။ တစ်ခုထက်မကသော အလုပ်တွေ လုပ်နေရတတ်ပါတယ်။ အစိုးရနှင့် ဆိုင်သော ဆက်စပ်ကိစ္စတွေကိုအထူးရှောင်ပါ။ လမ်းသွားလာစဉ် လာရောက် အလှူခံသူကို တတ်အားသမျှ လှူဒါန်းလိုက်ပါ။ အဝတ်အထည်အသစ်များ၊ လက်ဝတ်ရတနာအသစ်များ ဝတ်ဆင်ရန် မသင့်ပေ။ လာဘ်ပိတ်သွားနိုင် လို့ပါ။

မြေသန့်မင်္ဂလာပြုလုပ်ခြင်းတွေ၊ အိမ်တတ်လုပ်ခြင်းတွေ၊ ဂါထာမန္တန်တွေကို သိဒ္ဓိတင်ခြင်းတွေ၊ အရေးကြီးသော ခွဲ စိပ်ကုသမှုများပြုလုပ်ခြင်းတွေကို အထူးပဲဆောင်ရွက်နိုင်ပါတယ်။ယာဉ်ကားများရောင်းဝယ်ခြင်းတွေ၊ ရုပ်သံလိုင်း အသစ်များဒီနေ့မှာစတင်တိုးချဲ့ခြင်းတွေ၊အလှကုန်ပစ္စည်းများကိုစတင်အရောင်းမြှင့်တင်ခြင်းတွေဆောင်ရွက်လို့ ကောင်းတဲ့နေ့လဲဖြစ်ပါတယ်။

အပေါင်းအသင်းတွေရဲ့အလိုကိုမလိုက်သင့်တဲ့နေ့မျိုးပါ။ အပျော်လွန်ရင်အလွန်ဒုက္ခများရတတ်ပါတယ်။ မိန်းကလေး များ ချစ်သူနဲ့ ဆိတ်ကွယ်ရာမနေပါနဲ့။ အချစ်နယ်ကျွံတာမျိုးတွေဖြစ်တတ်ပါတယ်။ အရောင်းအဝယ်ကိစ္စများနဲ့ ပတ် သက် ပြီးတော့ စာချုပ်ချုပ်ဆိုခြင်းများဆောင်ရွက်လို့အထူးကောာင်းတဲ့နေ့မျိုးပါပဲ။

            ယနေ့ အိမ်၊ ခြံမြေ ရောင်းဝယ်ခြင်း မပြုရ။ ကတိစာချုပ် လက်မှတ်ရေးထိုးခြင်းများ မပြုရ။  အရောင်း အဝယ် ကိစ္စ  မှန်သမျှ သတိနှင့် ဆောင်ရွက်လုပ်ကိုင်ပါ။ ရောင်းမှား၊ ဝယ်မှား ဖြစ်တက်သည်။ ခရီးဝေး၊ နိုင်ငံရပ်ခြားနှင့် ပတ် သက်၍ ငွေလက်လွန်တတ်သည်။ အယုံသွင်း၍  လှည့်စားခြင်းပြုသူများ အန္တရာယ် ဂရုစိုက်ရမည်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ ညနေ(၃း၀၀)နာရီမှ ညနေ(၃း၅၂)နာရီအတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ အထွန်းဖွား၊ ဉတ္တရာဘဒြပိုဒ်နက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ မိန်စန်း၊ ဓနုရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေးသူများဟာ အသက်၃၀ဝန်းကျင်မှာ ကိုယ်ပိုင်စီးပွားရေးအပိုင်းကို စတင်မြည်းစမ်းကြည့်ဖို့လိုပါတယ်။ အဲလိုမှ မဟုတ်ရင် အများဝန်ထမ်းဘဝကိုပင်စင်ယူသည်အထိလုပ်နေရတတ်ပါတယ်။ ငွေကြေးကံတော့ အားကောင်းပေမဲ့ ငွေတိုးပွားအောင် မလုပ်တတ်တဲ့ဇာတာမို့ ငွေရှိလာရင် အိမ်ခြံမြေဝယ်ထားတာက အကောင်ဆုံးပါပဲ။အထက်က ပေးလာတဲ့ အမိန့်တွေ၊တာဝန်တွေ ကို ကျေပွန်အောင် စွမ်းဆောင်နိုင်ကြသူတွေဖြစ်ပါတယ်။ငွေကြေး ကပ်စေးနည်း တတ် ပြီး ထိုကပ်စေးနည်းမှုကြောင့်ပဲ ကိုယ်ပိုင်စီးပွားမလုပ်ရဲ ၊မရင်းရဲဘဲ ထင်သလောက် မကြီးပွားတာမျိုးလဲတွေ့ရတတ် ပါ တယ်။ ကျန်းမာရေးက ဒေါင်ဒေါင် မြည်အားကောင်းကြသူတွေဖြစ်ပြီး တော်ရုံနာမကျန်းဖြစ်တာမျိုးမတွေ့ရ ပါဘူး။ အရက်၊အငန်နှင့် အပူအစပ်ကိုရှောင်ပါ။ အစာအိမ်နဲ့သွေးတိုးခြင်းတွေ ဖြစ်တတ်လို့ပါပဲ။ ဒီဇာတာရှင်တွေဟာ ငယ် ဘဝတွေမှာ မိဘနဲ့ ခွဲနေရတတ်တယ်။ အဖေ ဒါမှမဟုတ်အမေနဲ့ခွဲနေရတတ်ကြသူတွေများပါတယ်။ သက်လတ်ပိုင်း သက်ကြီးပိုင်းတော့ ထူးထူးခြားခြားတိုးတက် အောင်မြင်ကြတယ်။ ပညာရေးကို တွန်းအားတစ်ခုအနေနဲ့ကြိုးစားပါ။ ပညာကြောင့်ထိပ်ဆုံးရောက်နိုင်သလောက် ပညာမတတ်တာနဲ့ တစ်သက်တာ သူများခိုင်းဖတ်ဖြစ်သွားနိုင်ပါတယ်။

ဥတြဘဒြပိုဒ် နက္ခတ်သည် ရေတွင်းတူးခြင်း၊ အုတ်မြစ်ချခြင်း၊ အုတ်မြစ်ချခြင်း၊ သစ်ပင်စိုက်ခြင်း၊ နန်းတက်ခြင်း၊ မြေဝယ်ခြင်း၊ ကောင်းသော ကိစ္စရပ်များ ပြုလုပ်ခြင်း၊ မျိုးစေ့ကြဲခြင်း၊ နတ်ဘုရားများ တပ်ဆင်ခြင်း၊ ဘုရားကျောင်း ဆောက်ခြင်း၊ ထိမ်းမြားလက်ထပ်ခြင်း စသည်တို့အတွက် သင့်လျော်သည်။ ရေရှည်တည်တံ့သော သို့မဟုတ် အမြဲတမ်း အကျိုးသက်ရောက်မှုကို အလိုရှိသော အခြားလုပ်ဆောင်မှုများအတွက် ကောင်းမွန်သည်။

ဤနက္ခတ်သည် အထက်သို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး အိမ်၊ ဗိမာန်၊ တံတိုင်း(ဥယျာဉ်)၊ အထပ်မြင့် အဆောက်အဦ/ အဆောက်အအုံများနှင့် သက်ဆိုင်သော ဆောက်လုပ်ရေးလုပ်ငန်းများ၊ အလံလွှင့်တင်ခြင်း၊ နန်းတက်ခြင်း၊ ဆင်ဖြင့် ခရီးသွားခြင်း၊ ရွာဗိမာန်၊ ခံတပ်၊ လက်ထပ်ထိမ်းမြားခြင်း စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။

ဂြဟဇာပွင့်ရာအရပ်သည် မြောက်အရပ်ဖြစ်သည်။ ဂြဟဇာပွင့်သောအရပ်ကို မျက်နှာမူ၍ အိမ်ဆောက်ခြင်း၊ ခေါင်းဆေးမင်္ဂလာပြုခြင်း ကဲ့သို့သော ကောင်းမွန်သော ကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းမွန်ပါသည်။

ဗျာတိပါတယုဂ် ကျရောက်နေသောကြောင့် “ဘေးဉပါဒ်” ဟူသောအဓိပ္ပာယ်ကို ကိုယ်စားပြုသည်။ ကောင်းသော ကိစ္စ ရပ်များ လုပ်ကိုင်ဆောင်ရွက်ရန် လုံးဝသင့်လျော်မှုမရှိပါ။

ဝဏိဇကရိုဏ်း ကျရောက်နေသောကြောင့် မြတ်သောယောဂအချိန်ဖြစ်သည်။ ကုန်သွယ်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ ခရီးသွားလာခြင်းနှင့် လုပ်ငန်းကိစ္စရပ်များအတွက် ကောင်းသောအကျိုး၊ စီးပွားရေး လုပ်ငန်းဆောင်တာများတွင် ကျယ်ပြန့်သော အသိပညာရှိပြီး အရောင်းအဝယ်ကိစ္စရပ်များအတွက် အသင့်တော်ဆုံး ဖြစ်ပါသည်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၉း၂၀)နာရီမှ နံနက်(၁၀း၄၃)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ ဗုဒ္ဓဟူး၊ ရာဟု၊ သောကြာ သားသမီးများပဲဖြစ်ပါတယ်။       

ကံညံ့သော နေ့သားများကတော့ အင်္ဂါ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ ကြာသပတေး၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ အပြာနုရောင်နှင့် အဝါရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၃၊ ၈) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး ….လောကဝိဒူဂုဏ်တော်ကို(၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင်ပြေ လွယ်ကူချော မွေ့ ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ “နှမ်းယို” ဘုရားကပ်လှူပြီး လိုရာဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလို အင်ဆန္ဒ တွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၄၅၀ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

#ကိုးကားစာအုပ်စာရင်း

နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2025

အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2025

အောင်မှန်- အခါပေးဒိုင်ယာရီ2025

ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2025

ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2025

ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ

မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်

သူရဇ္ဇ လစဉ်မဂ္ဂဇင်း

Leave a Reply

Your email address will not be published. Required fields are marked *