ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်၊ ပြာသိုလဆုတ်(၂)ရက်၊ တနင်္ဂနွေနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၅၆)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၆း၄၄)နာရီဖြစ်ပြီး ၊ ညနေ(၅း၂၇)နာရီမှာ နေဝင်ပါ တယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အနောက်အရပ် ဖြစ်ပါတယ်။
လက်သမားမြေခံ ကတော့ ကျား မြေခံဖြစ်၍ ပျက်စီးခြင်းကို ပေးတဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်ရန် အထူးရှောင်ကျဉ်သင့်တဲ့ နေ့ရက်ဖြစ်ပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ ကိတ်မြေခံတဲ့နေ့ဖြစ်ပါတယ်။ ကိတ်မြေခံအရ အလုံးစုံသော စည်းစိမ်ဉစ္စာ၊ ရတာနာတို့ကို အလွယ်တကူ ရရှိပိုင်ဆိုင်ခွင့်များ ရရှိစေသောကြောင့် ခိုင်ခန့်သောအဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ ဆောင်ရွက်လို့အထူးကောင်းပါတယ်။
ဒီနေ့ဟာ သမားညို၊ သမားဖြူ ကျရောက်နေတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။
သမားညိုရက်ဖြစ်တာကြောင့် အိမ်ပြောင်းရွှေ့တာ၊ အလုပ်ဆိုင် ပြောင်းတာ၊ အလုပ်ရုံးခန်းပြောင်းတာ မျိုးတွေရှောင် အပ်ပါတယ်။ပညာစပြီးသင်ယူလို့မကောင်းသေးပါဘူး။ ခိုင်ခန့်သော၊ရေရှည်တည်တံ့သော အဆောက်အဦးတွေကို စတင်ဆောက်လုပ်တာ ၊တိုင်ထူတာ၊ပန္နက်ရိုက်တာ၊ မျိုးတွေလုပ်မိရင် အဆုံးမသတ် ဘဲတစ်ပိုင်းတစ ဖြစ်လွယ်ပါတယ်။
ဒီနေ့ဟာသမားဖြူရက်ဖြစ်တာကြောင့် အရောင်းအဝယ်ကိစ္စတွေမှာ ရောင်းမှာဝယ်မှားဖြစ်တတ်တယ်။ လူလိမ်ခံရ တတ်ပါတယ်။ဘဝအတွက်အရေးကြီးတဲ့အလုပ်များ၊ ဆုံးဖြတ်ချက်များကိုဒီနေ့မှာလုပ်ဆောင်ချမှတ်လို့မကောင်း ပါဘူး။
ဒီနေ့ဟာ တီထိအရတော့ မွန်းလွဲ(၁း၂၈)နာရီအထိ ပျော်ရွှင်ခြင်းကိုပေးတဲ့ လဆုတ်တီထိ(၁)လုံး ကျရောက်နေပြီး လွန်လျှင် ကောင်းကျိုးဖြစ်ထွန်းစေခြင်းကိုပေးတဲ့ လဆုတ်တီထိ(၂)လုံး ကျရောက်နေတာဖြစ်ပါတယ်။
တီထိ(၁)လုံးဖြစ်သည့်အတွက် မြင့်တက်ခြင်းကို ပေးသော တီထိ ဖြစ်ကာ အိမ်ထောင်ပြု၊ မင်္ဂလာဆောင်ခြင်း၊ အိမ် ဆောက်၊ အိမ်ပြင်ခြင်း၊ အိမ်တက်မင်္ဂလာပြုခြင်း၊ ဆံသ၊ ဆံဖြတ်ခြင်း၊ မွေးကာစ ကလေးငယ်ကို ရေချိုးမင်္ဂလာပြုခြင်း၊ ရဟန်းခံရှင်ပြုခြင်း၊ အေးချမ်း၍ တိုးတက်အောင် ပြုလုပ်ရသော လုပ်ငန်းမျိုးများ၊ လယ်ယာ စိုက်ပျိုးရေး၊ မေ့ဆေး ပေးခြင်း၊ ဆေးဝါးဖေါ်စပ်ခြင်း၊ ဆီးလိမ်းကျံခြင်း၊ အိပ်ယာ၊ ကုတင်၊ ဧည့်ခန်း၊ ဆိုဖာ၊ ကုလားထိုင်များ ဝယ်ယူ အသစ်လဲခြင်း၊ ပန်းပုထုခြင်း၊ သစ်ပင်ခုတ်ဖြတ်ခြင်း၊ အမွှေးနံ့သာ၊ ပန်းမာလာများ စီခြယ်သော Decoration များ ပြုလုပ်နိုင်ပါသည်။
ပျော်ပွဲရွှင်ပွဲ၊ ပွဲလမ်းသဘင်များ အတွက် သင့်တော်ပါသည်။ ကြွယ်ဝခြင်း၊ ကောင်းမြတ်ခြင်း၊ ပျော်ရွှင်ခြင်းတို့ကို ကိုယ်စားပြုသော နန္ဒာ တီထိဖြစ်သဖြင့် အဝတ်အစား၊ အက၊ အခုန်၊ သီချင်း၊ အနုပညာ၊ ပန်းချီ၊ ပန်းပု၊ ဉယျာဉ်၊ အိုးအိမ်နှင့် ပတ်သက်သော လုပ်ငန်းများ၊ အလှအပနှင့် အဝတ်တန်ဆာ ဆင်ယင်ခြင်း လုပ်ငန်းများ၊ ပျော်ရွှင်ခြင်းနှင့် ပတ်သက်သောလုပ်ငန်းများ အထူးကောင်းပါတယ်။
ယနေ့ အဓိဌာန်ဝင်ခြင်း၊ သိဒ္ဓိတင်ခြင်း၊ ဘုရားထီးတင်၊ စေ့စပ်၊ ဆည်မြောင်း၊ တံတားပြုပြင်ခြင်း၊ ဆိုင်းဘုတ် တင်ခြင်း၊ ခွဲစိတ်ကုသမှုခံယူခြင်း၊ စာတမ်းဖက်ခြင်း၊ ကလေးထမင်းခွံခြင်း၊ ဘဏ်စာရင်းဖွင့်ခြင်း၊ မြေသန့်ခြင်း၊ မင်္ဂလာ ထွန်ချခြင်း၊ ပျိုးကြဲခြင်း၊ သီးနှံရိပ်သိမ်းခြင်း၊ အင်တာဗျူးဖြေဆိုခြင်း၊ အသီးဆွတ်ခူးခြင်းများ အထူး ကောင်း ပါတယ်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ မွန်းလွဲ(၂း၂၅)နာရီမှ ညနေ(၃း၁၆)နာရီအတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ ဘင်္ဂဖွား၊ ပုဏ္ဏဖုသျှနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ မေထုန်စန်း နေ့စက်(၁၂)နာရီ (၃၅)မိနစ်လွန် စန်းကရကဋ်ရာသီသို့ပြောင်းသည်။ ဓနုရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေးသူများဟာ အများအားဖြင့် ကံကောင်းကြသူတွေ ဖြစ်ကြပါတယ်။ အရမ်းကြီးညံ့ဖျင်းနေတာမျိုးမရှိပါဘူး။ သတိထားရမှာက လူလိမ်ခံရတတ်ပါတယ်။ အရေပြားအားနည်း ချက်ရှိတယ်။ ကျန်းမာရေးညံ့သော သားသမီးကိုမွေးဖွားတတ်ပါတယ်။ လုပ်ငန်းစီးပွားတွေအနေနဲ့ လုပ်ချင်တာနဲ့ လုပ် နေတာ တစ်သားထဲဖြစ်ကြတဲ့သူမျိုးတွေဖြစ်ပါတယ်။ အလွယ်တကူအဆင်မပြေတဲ့ကာလကတော့ အသက် ၂၉နှစ်ထိ ဖြစ်နေတတ်ပြီးတော့ အသက် ၂၉နှစ်ပြည့်ပြီးချိန်ကနေ ဘဝနေဝင်ချိန်အထိက လိုအင်ဆန္ဒပြည့်ဝခြင်းကို အထူးကြုံရမဲ့ ဇာတာမျိုးတွေဖြစ်နေတတ်ပါတယ်။ ကားလုပ်ငန်း၊ခရီးသွားလုပ်ငန်း၊ ရေလုပ်ငန်း၊အလှအပလုပ်ငန်း၊ဆရာလုပ်ငန်းတွေ နဲ့ဘဝမှာ အကျိုးများနိုင်တဲ့ဇာတာမျိုးတွေဖြစ်နေတတ်ပါတယ်။
ဤနက္ခတ်သည် ဘေးသို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး ခြေလေးချောင်းသတ္တဝါများ (မြင်း၊ ကျား၊ ကုလားအုတ်၊ နွားစသည်ဖြင့်) ဝယ်ယူခြင်းနှင့် လေ့ကျင့်ခြင်းနှင့် ပတ်သက်သည့် အလုပ်များ၊ ၊ ရေ-မြေ-လေ၊ သယ်ယူပို့ဆောင်ရေး၊ မောင်းနှင်ခြင်း၊ နွားလှည်း၊ ရထား၊ ထွန်ယက်ခြင်း၊ သီချင်းဆိုခြင်း၊ ဂီတတူရိယာများ၊ လမ်း၊ ဆည်များ စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။
ဂြဟဇာပွင့်ရာအရပ်သည် အနောက်မြောက်အရပ်ဖြစ်သည်။ ဂြဟဇာပွင့်သောအရပ်ကို မျက်နှာမူ၍ အိမ်ဆောက်ခြင်း၊ ခေါင်းဆေးမင်္ဂလာပြုခြင်း ကဲ့သို့သော ကောင်းမွန်သော ကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းမွန်ပါသည်။
ဝေဓတိယုဂ် ကျရောက်နေသောကြောင့် “ရပ်တန့်ခြင်း၊ ဖမ်းဆီးခြင်း” ဟူသော အဓိပ္ပာယ်ကို ကိုယ်စားပြုသည်။ ကံမကောင်းသော ယောဂအချိန်ဖြစ်နေပါသည်။
ကောလဝါကရိုဏ်း ကျရောက်နေသောကြောင့် မင်္ဂလာဆောင်၊ သတို့သမီးရွေးချယ်၊ သူငယ်ချင်း၊ အချစ်ရေး၊ အလှဆင်ရန်၊ ချစ်ကြည်ရင်းနှီးမှု၊ သဘောတူညီချက် သို့မဟုတ် ကာလရှည်ကြာ တည်မြဲနေမည့်အရာများကဲ့သို့သော ပုံသေလုပ်ထားသည့်အရာများအတွက် အထူးကောင်းမွန်ပါသည်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၄း၂၁)နာရီမှ ညနေ(၅း၄၅)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ အင်္ဂါ၊ ကြာသပတေး သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ ဗုဒ္ဓဟူး၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္လာ၊ ရာဟု၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ အပြာရောင်နှင့် အနီရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၃၊ ၈) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး ….အနောက်အရပ်ကိုမျက်နှာမူပြီး ဗုဒ္ဓေါ (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင်ပြေ လွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ “နို့သာကူ” ဘုရားကပ်လှူပြီး လိုရာဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလို အင်ဆန္ဒ တွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၄၅၀ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695
နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2025
အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2025
အောင်မှန်- အခါပေးဒိုင်ယာရီ2025
ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2025
ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2025
ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ
မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်
သူရဇ္ဇ လစဉ်မဂ္ဂဇင်း