ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်၊ ပြာသိုလကွယ်ရက်၊ စနေနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ (၁၇) ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၅၂)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၆း၄၀)နာရီဖြစ်ပြီး ၊ ညနေ(၅း၃၀)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။
လက်သမားမြေခံ ကတော့ ဂဠုန် မြေခံဖြစ်၍ ကြီးပွားချမ်းသာရတတ်သော နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။
ဒီနေ့ဟာ ရက်ရာဇာ ကျရောက်နေတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။
ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်တာကြောင့်လောကီမင်္ဂလာကိစ္စတွေဖြစ်တဲ့လက်မှတ်ထိုးခြင်း၊ စေ့စပ် ခြင်း၊ မင်္ဂလာ စကားပြောခြင်းများအထူးဆောင်ရွက်နိုင်ပါတယ်။ကြီးကျယ်စွာမင်္ဂလာအခမ်းအနားကျင်းပခြင်းတွေကိုလဲ ဆောင်ရွက် နိုင်ပါလိမ့်မယ်။
ဒီနေ့ဟာ တီထိအရတော့ ဖယ်ရှင်းခြင်းအတွက် သုံးရန်ကောင်းတဲ့ လဆုတ်တီထိ(၁၄)လုံး ကျရောက်နေတာဖြစ်ပါတယ်။
တီထိ(၁၄)လုံးအနေဖြင့် မီးလက်နက်စမ်းသပ်ဖောက်ခွဲ ခြင်း၊သစ်ပင်ခုတ်ခြင်း၊ ဆေးဝါးထုတ်လုပ်ခြင်း၊ အဆောင် လက်ဖွဲ့များစတင်ဝတ်ဆင်ခြင်း၊ ဆေးပေါက်ခြင်း၊ ပိုးသတ်ဆေးဖျန်းခြင်း၊ ခွဲစိပ်ကုသခြင်းများလဲ အလွန်ကောင်းမွန် တဲ့နေ့ရက်ပါပဲ။ ဒီနေ့ဟာ ရန်သဘောကိုဆောင်တဲ့ တီထိဖြစ်တာကြောင့် ရန်အလုပ်တွေဖြစ် တဲ့ ရန်သူအားတိုက် ခိုက်ခြင်း၊ အမဲလိုက်ခြင်း၊ စစ်တိုက်ခြင်း၊ စစ်လက်နက်ပြုလုပ်ခြင်း၊ ရန်သူအားဖမ်းဆီးခြင်းမျိုး ဒီနေ့မှာလုပ်ဆောင် နိုင်ပါတယ်။ဒီလိုနေ့မျိုးမှာ ချစ်သူချင်း၊လင်မယားချင်း၊ မိသားစုညီအကို မောင်နှမအချင်းချင်း အဆင်မပြေတာ၊ တစ်ယောက်နဲ့တစ်ယောက်အမြင်မကြည်တာတွေ ရှိထားခဲ့ရင်ဒီနေ့မှာညှိနှိုင်းလို့ အဆင်ပြေအောင်မြင်ပါလိမ့်မယ် ။
နိုင်ငံအချင်းချင်း စီးပွားရေးနဲ့ပတ်သက်သော ၊ငြိမ်းချမ်းရေးနဲ့ပတ်သက်သော သဘောတူစာချုပ်များ ချုပ်ဆို ခြင်းမျိုးဒီနေ့မှာအလွန်ပဲကောင်းနေပါလိမ့်မယ်။ လက်လီအလုပ်များထက် ကိုယ်စားလှယ်အလုပ်များ၊ဖြန့်ချီရေး ၊ဖြန့်ဖြူး ရေးအလုပ်များလဲ အထူးပဲအောင်မြင်ထွန်းပေါက်ပါလိမ့်မယ်။
ဒီနေ့မှာ မိမိအမည်ကို ဆိုင်းဘုတ်တင်ခြင်း၊ မိမိ ဆိုင်၊လုပ်ငန်း၊ကုမ္ပဏီ ဆိုင်းဘုတ်တင်ခြင်းများလဲ ဒီနေ့မှာ ဆောင်ရွက်ခြင်း ဖြင့်ရေရှည်အောင်မြင်မှုကို ရလာပါလိမ့်မယ်။ဒီနေ့မှာ ရှောင်သင့် ရှောင်အပ်တာတွေကတော့ အိမ်ခြံမြေအရောင်းအဝယ်ကိစ္စတွေ ၊စာချုပ်စာတန်းကိစ္စ တွေ ၊အခြားအရောင်းအဝယ်ကြီးကြီးတွေ ဒီနေ့မှာ ရှောင်စေ ချင် ပါတယ်။
ယနေ့ အပျော်ခရီးများ မသွားအပ်ပါ။ အရှေ့မြောက်အရပ်သို့ သွားလာစဉ် မတော်တဆ အန္တရာယ်များ အထူးပြု သတိထားရမည်။ ခရီးကိစ္စတွေ အဆင် မပြေ မှုတွေကြုံရတတ်ပါတယ်။ ခရီးသွားပြီးကုန်သွယ်ခြင်းများ၊ ခရီးသွား လုပ်ငန်းများ၊ အထစ်အငေါ့လေးတွေ ကြန့်ကြာမှုလေးတွေဖြစ်ပြီးမှပဲ အဆင်ပြေအောင်မြင်သွားတတ်ပါတယ်။
ဒီနေ့ဟာ ဆေးဝါးများဖေါ်စပ်ခြင်း၊ စတင်ကုသခြင်းများ ပြုလုပ်ရန် ရက်ကောင်းဖြစ်သည်။ ခွဲစိတ်ကုသခြင်းများ ပြုက အထူးအောင်မြင်မည်။ ဆေးဖါ်စပ်ခြင်း၊ သမားပြသခြင်းများလည်း ပြုနိုင်ပါသည်။ မင်္ဂလာယူပြီး ဆောင်ရွက်သော ကိစ္စ မှန်သမျှကို နံနက်(၈း၂၄)နာရီမှ (၁၀း၄၈)နာရီအတွင်း ဆောင်ရွက်လုပ်ကိုင်နိုင်ပါသည်။ နေ့(၁း၁၂)နာရီမှ ညနေ(၃း၃၆) နာရီအတွင်း ရပိုင်ခွင့်များ တောင်းခံနိုင်ပါသည်။ အရပ်ဝေးနှင့် ဆက်စပ်သော လုပ်ငန်းကိစ္စများ ဆောင်ရွက်လုပ်ကိုင် နိုင်ပါသည်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ မွန်းလွဲ(၁း၃၄)နာရီမှ မွန်းလွဲ(၂း၂၅)နာရီအတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ အထွန်းဖွား၊ ပြုဗ္ဗာဿဋ်နက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ဓနုစန်း၊ မကာရရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေးသူများဟာ ဘဝအချိုးအကွေ့တွေများနိုင်တာကိုတွေ့ရပါတယ်။ ငွေကံအားကောင်းနေပေမဲ့ ငွေကြေးကရလာ ရင် မမြဲတဲ့ဇာတာမျိုးဖြစ်ပါတယ်။ မထင်မှတ်ထားသော ဘဝအပြောင်းအလဲတွေကို လိုက်လျောညီထွေနေတတ်လေလေ အောင်မြင်နိုင်လေပါပဲ။ အသက် ၃၀ကစလို့ ကောင်းသောအပြောင်းအလဲတွေကို ကြုံရပြီး ဘဝလမ်းမှန်ကိုရှာတွေ့နိုင် ကြတဲ့သူမျိုးတွေဖြစ်တတ်ပါတယ်။ ပညာရေးမှာ သေချာကြိုးစားဖို့လိုပါတယ်။ ကလေးကို ဂိမ်းနဲ့လွှတ်ထားရင် စာသင်ဖို့ ခက်ခဲသွားနိုင်တာမို့ ကျောင်းစာတွေနဲ့ ပျော်မွေ့အောင် ထားဖို့လိုပါတယ်။ ပညာရေးမှာတော့ သေချာလမ်းတည့်ပေးနိုင် မှသာ ရလဒ်ကောင်းပါလိမ့်မယ်။
ပြုဗ္ဗသာဋ်နက္ခတ်သည် ရက်စက်ကြမ်းကြုတ်သော နက္ခတ်ဖြစ်ပြီး တိုက်ခိုက်ရန်၊ အတင်းအကြပ်၊ မကောင်းမှု၊ လှည့်ဖြား မှုနှင့် ပဋိပက္ခ၊ ပျက်စီးခြင်းများအတွက် သင့်လျော်သည်။ ရန်သူ၊ ထောင်ချ၊ အဆိပ်ခတ်၊ မီးရှို့မှု၊ တိုက်ပွဲ၊ မီးတင်၊ ဖျက် ဆီးခြင်း၊ ဂုဏ်သိက္ခာမဲ့ခြင်း၊ ရက်စက်ကြမ်းကြုတ်ခြင်းတို့အတွက် သင့်လျော်သည်။ ကောင်းသော ကိစ္စရပ် များအတွက် မသင့်လျော်ပါ။
ဤနက္ခတ်သည် အောက်သို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး ရေတွင်းတူးခြင်း၊ တိုင်ကီ၊ မိုင်းတူးခြင်း၊ သင်္ဂြိုဟ်ခြင်း နှင့် စည်းစိမ်ဥစ္စာများ မြှုပ်နှံခြင်း ၊ စက်ရေတွင်း မီးရထားလမ်းများ ၊ လှိုဏ်ဂူအတွင်း ဝင်ရောက်ခြင်း ၊ နက္ခတ်ဗေဒင် သင်္ချာဘာသာရပ် ၊ ပန်းပုပညာ ၊ အနုပညာ ၊ အရေးအသား ၊ ဝိဉ္စာ၌ သိပ္ပံ နှင့် သရဲ တစ္ဆေ ထိန်းချုပ်ခြင်း ၊ သစ်သား စုဆောင်းခြင်း၊ မန္တန်၊ ယန္တရား၊ ပေါင်နှံထားသော ပစ္စည်းများကို ပြန်ယူခြင်း စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော် သည်။
ဂြဟဇာပွင့်ရာအရပ်သည် အောက်မြေကြီးအရပ်ဖြစ်သည်။ ဂြဟဇာပွင့်သောအရပ်ကို မျက်နှာမူ၍ အိမ်ဆောက်ခြင်း၊ ခေါင်းဆေးမင်္ဂလာပြုခြင်း ကဲ့သို့သော ကောင်းမွန်သော ကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းမွန်ပါသည်။
ဗျာဃာတယုဂ် ကျရောက်နေသောကြောင့် “သတ်ခြင်း” ဟူသော အဓိပ္ပာယ်ကို ကိုယ်စားပြုသည်။ ကောင်းသော ကိစ္စရပ်များ အားလုံးအတွက် သတိထားဆောင်ရွက်ပါ။
ဗိဌိကရိုဏ်း ကျရောက်နေသောကြောင့် မကောင်းသောအကျင့်၊ ပျက်စီးခြင်း၊ ဖျက်ဆီးခြင်း၊ ပရိယာယ်အားဖြင့် ရန်သူကို တိုက်ခိုက်ခြင်း၊ ပြန်ပေးဆွဲခြင်း စသည့် အဖျက်လုပ်ငန်းများအတွက် ၎င်းတို့အား သင့်လျော်စေပါသည်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၉း၂၇)နာရီမှ နံနက်(၁၀း၅၁)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ ဗုဒ္ဓဟူး၊ ရာဟု၊ သောကြာ သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ အင်္ဂါ သားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ ကြာသပတေး၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ မိုးပြာရောင်နှင့် ဖက်ဖူးရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၇၊ ၆) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး …. တောင်အရပ်မျက်နှာမူ၍ အနုတ္တရောပုရိသဓမ္မသာရထိ ဂုဏ်တော်ကို(၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင်ပြေ လွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ “နွားနို့ထမင်း” ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒ တွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၄၅၀ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695
#ကိုးကားစာအုပ်စာရင်း
နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2026
အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2026
အောင်မှန်- အခါပေးဒိုင်ယာရီ2026
ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2026
ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2026
ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ
မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်
သူရဇ္ဇ လစဉ်မဂ္ဂဇင်း
ဆရာစံ-ဇာဏီဘို(၂၀၂၆ ဗေဒင်ဒိုင်ယာရီ)