ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်၊ တပို့တွဲလဆုတ်(၅)ရက်၊ သောကြာနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၆ခုနှစ်၊ ဖေဖေါ်ဝါရီလ (၆) ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၄၁)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၆း၃၁)နာရီဖြစ်ပြီး ၊ ညနေ(၅း၄၀)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က တောင်အရပ် ဖြစ်ပါတယ်။
လက်သမားမြေခံ ကတော့ ဆင်မြေခံဖြစ်၍ သေကြေပျက်စီးရတတ်တဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ရှောင်သင့် ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ ပြည့်ဝခြင်းကိုပေးတဲ့ လဆုတ်တီထိ(၅)လုံး ကျရောက်နေတာဖြစ်ပါတယ်။
တီထိ(၅)လုံး အနေဖြင့် ချမ်းသာသုခကို ပေးစွမ်းသော တီထိဟု သက်မှတ်ပြီး မင်္ဂလာကိစ္စမျိုးစုံကို ပြုလုပ်ရန် သင့်တော် သော တီထိဖြစ်ပါသည်။ ဒီနေ့မှာ စိတ်အလုပ်တွေကိုအားထားပြီးလုပ်ဆောင်သင့်ပါတယ်။ စိတ်ကြည်လင်အေးချမ်းစေ မဲ့ကိစ္စများ ဖြစ်တဲ့ သမထဘာဝနာများပွားများကာ၊ပရိတ်ပဌာန်းတွေရွတ်ဖတ်သရဇ္ဈာယ်တာမျိုး တွေအလွန်ကောင်းပါ တယ်။
မိမိတတ်သိနားလည်ထားတဲ့ပညာတွေကို sharing လုပ်တာ ၊တပည့်လက်ခံသင်ကြားပေးတာ ၊သင်တန်း ဖွင့်လှစ်တာမျိုးတွေဆောင်ရွက်နိုင်ပါတယ်။ မေတ္တာရေးစန်းကောင်းတဲ့နေ့ရက်ဖြစ်တာကြောင့် ချစ်ခွင့်ပန်တာ၊ ချစ်သူ ကိုအမှတ်တရလက်ဆောင်မျိုးတွေဝယ်ပေးတာမျိုးဆောင်ရွက်နိုင်သလိုမိဘတွေကိုလဲ မိမိတို့အချစ်ရေးနဲ့ ပတ်သက် ပြီး ဖွင့်ဟတိုင်ပင်သင့်တဲ့နေရက်ပါပဲ။
ကဗျာစာပေများ၊ ကျမ်းစာအုပ်များ၊စာတမ်းတင်ဖို့စတင်ခြင်းများစတဲ့ကိစ္စအ၀၀အတွက် စတင်ကြံဆ ရေးသား လို့ အထူးကောင်းပါတယ်။မိမိတို့စိုက်ပျိုးထားတဲ့ ဆန်ရေစပါးကောက်ပဲသီးနှံများ ပျက်စီးနိုင်တဲ့နေ့ရက် ဖြစ်တာကြောင့် ဓာတ်မြေသြဇာကျွေးခြင်း၊ရေလောင်း၊ပေါင်းသင်ခြင်းများ ဆောင်ရွက်သင့်တဲ့နေ့ပါပဲ။
ပြဿနာဟောင်း၊အမှုဟောင်းတွေရှိရင်လဲ ဒီနေ့မှာဖြေရှင်းနိုင်ပါလိမ့်မယ်။ ဘုရားတည်ခြင်း၊ထီးတင်ခြင်း၊ သိမ် သမုတ်ခြင်းကိစ္စများ ဆောင်ရွက်လို့အထူးကောင်းပါတယ်။ ကျောက်မျက်ရတနာများဝယ်ယူခြင်း၊ဆင်မြန်းခြင်း များလဲ ဆောင်ရွက်နိုင်ပါတယ်။
ဒီကာလတွင် သောကြာဂြိုဟ်သည် ကုမ်ရာသီသို့ ကူးပြောင်းချိန်ဖြစ်၍ ငတ်မွတ်ခေါင်းပါး၊ ဆန်ရေစပါး ရှားပါးနိုင်မည်။ သတ္တဝါအပေါင်းတို့မှာ ချမ်းသာသုခရရှိနိုင်ပါသည်။ ငွေမချေးရ၊ ပေးသူ၊ ယူသူ နှစ်ဘက်စလုံး အခက်ကြုံတွေ့နိုင်သည်။ စာရွက်စာတမ်း၊ လက်ပြောင်းလက်လွှဲမှု မှန်သမျှ အထူးသတိပြုရမည်။ ယနေ့ ဦးခေါင်း ဆီလူးခြင်းပြုက လာဘ်ရွှင်၊ ငွေဝင်မည်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ မွန်းလွဲ(၁၂း၁၅)နာရီမှ မွန်းလွဲ(၁း၀၇)နာရီ အတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ ရာဇဖွား၊ ဟဿတနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ကန်စန်း၊ မကာရရာသီဖွားဖြစ်ပါသည်။ ဒီနေ့ မွေးသူများဟာ အနုစိတ်လွန်းတဲ့ကိစ္စတွေ၊ အသေးစိတ်ကျတဲ့အလုပ်တွေတောင်လုပ်နိုင်စွမ်းရှိကြသူတွေဖြစ် ပါ တယ်။ အလုပ်လုပ်တဲ့အခါ ငွေကို ဂရုစိုက်လေ့ရှိသူများမဟုတ်ဘူး။ ငွေကိုလဲ အလေးအနက်မထားဘူး။ကိုယ်လုပ် ချင်တာ လုပ်နေရရင် ကျေနပ်နေကြသူမျိုးတွေဖြစ်လာလိမ့်မယ်။ အောက်လက်ငယ်သားအကျိုးမပေးတာမို့ လုပ်ငန်း ရှင်ဖြစ် လာရင် ဝန်ထမ်းတွေနဲ့အလုပ်ကိုလွှတ်ထားလို့မရပါဘူး။ ဒီဇာတာရှင်ဟာ ဘာသာစကားကံအားကောင်းပြီး တော့ တကယ် လေ့လာမယ်ဆိုရင် ဘာသာစကား ၂မျိုး၊၃မျိုးထိ တတ်မြောက်နိုင်တာကို အထင်အရှားတွေ့ရပါတယ်။ မိန်းကလေးဇာတာရှင်ဆို အသက် ၂၇အထိ အိမ်ထောင်မပြုစေချင်ပါဘူး။ ငယ်ရွယ်စဉ် အိမ်ထောင်ပြုရင်အိမ်ထောင် ရေးသယာဖို့ အလွန်ခဲယဉ်းပါတယ်။ မိန်းကလေးဇာတာရှင်ဆိုရင်တောင်မှ လုပ်ငန်းရှင်ဖြစ်ပြီး စီးပွားလုပ်ငန်းတစ်ခုကို ဦးဆောင်နိုင်တဲ့အရည်အသွေးပြည့်ဝကြသူတွေဖြစ်ပါတယ်။
ဤနက္ခတ်သည် ဘေးသို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး ခြေလေးချောင်းသတ္တဝါများ (မြင်း၊ ကျား၊ ကုလားအုတ် နွားစသည်ဖြင့် ဝယ်ယူခြင်းနှင့် လေ့ကျင့်ခြင်းနှင့် ပတ်သက်သည့် အလုပ်များ၊ ၊ ရေ-မြေ-လေ၊ သယ်ယူပို့ဆောင်ရေး၊ မောင်းနှင်ခြင်း၊ နွားလှည်း၊ ရထား၊ ထွန်ယက်ခြင်း၊ သီချင်းဆိုခြင်း၊ ဂီတတူရိယာများ၊ လမ်း၊ ဆည်များ စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။
ဂြဟဇာပွင့်ရာအရပ်သည် အထက်အရပ်ဖြစ်သည်။ ဂြဟဇာပွင့်သောအရပ်ကို မျက်နှာမူ၍ အိမ်ဆောက်ခြင်း၊ ခေါင်းဆေးမင်္ဂလာပြုခြင်း ကဲ့သို့သော ကောင်းမွန်သော ကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းမွန်ပါသည်။
ဓိတိယုဂ်သည် တည်ငြိမ်ခြင်းဟု အဓိပ္ပါယ်ရသည်။ ကောင်းသောကိစ္စများ အတွက် ကောင်းသည်။
ကောလ်ဝါကရိုဏ်းသည် မင်္ဂလာဆောင်၊ သတို့သမီးရွေးချယ်၊ သူ့ငယ်ချင်း၊ ချစ်ရေး၊ အလှဆင်ရန်၊ ချစ်ကြည်ရင်းနှီးမှု၊ သဘောတူညီချက် သို့မဟုတ် ကာလကြာရှည်စွာ တည်မြဲနေမည့်အရာများကဲ့သို့သောပုံသေလုပ်ထားသည့် အရာများ အတွက် ကောင်းမွန်ပါသည်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၁၀း၅၄)နာရီမှ မွန်းလွဲ(၁၂း၂၀)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ တနင်္လာ သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ရာဟု၊ သောကြာ၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ နို့နှစ်ရောင်နှင့် အနီရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၂၊ ၉) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး အရှေ့တောင်ဘက်မျက်နှာမူ၍ “လောကဝိဒူ” (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမို အဆင်ပြေ လွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ “နွားနို့” ဘုရားကပ်လှူပြီး လိုရာဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒ တွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၄၅၀ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695
#ကိုးကားစာအုပ်စာရင်း
နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2026
အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2026
အောင်မှန်- အခါပေးဒိုင်ယာရီ2026
ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2026
ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2026
ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ
မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်
သူရဇ္ဇ လစဉ်မဂ္ဂဇင်း
ဆရာစံ-ဇာဏီဘို(၂၀၂၆ ဗေဒင်ဒိုင်ယာရီ)