ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်၊ တပေါင်းလဆန်း(၁)ရက်၊ တနင်္လာနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၆ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၆) ရက်၊ တရုတ်နှစ်သစ်ကူးနေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၃၇)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၆း၂၅)နာရီဖြစ်ပြီး ၊ ညနေ(၅း၄၅)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က တောင်အရပ် ဖြစ်ပါတယ်။
လက်သမားမြေခံ ကတော့ နတ်မြေခံဖြစ်ပါ၍ ဘေးသင့်တတ်သဖြင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ မြေတူးဆွတာတွေ လုပ်ကိုင်ဆောင်ရွက်ခြင်းငှာ မသင့် သေးပါ။
ဒီနေ့ဟာ နဂါးပေါ်ရက် ကျရောက်နေတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။
နဂါးပေါ်ရက်ဆိုတာကတော့ အခြားအညံ့အဆိုးဖြစ်တာတော့မဟုတ်ပါဘူး။ နဂါးပေါ်ရက်ကျရောက်တဲ့နေ့ မျိုးက accident ဖြစ်လွယ်ပါတယ်။ ယာဉ်ကားကို သတိထားမောင်းနှင်ပါ။ လမ်းဖြတ်ကူးတာလဲသတိရှိပါတယ်။ ချော်လဲတာ စလစ်ဖြစ်တာမျိုးတွေလဲဖြစ်လွယ်ပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာလုပ်ကိုင်သူဆို safety ပြည့်စုံစွာဝတ်ပါ။ Halmet ဆောင်းတာ၊ safety shoe ဝတ်ဆင်တာမျိုးကို ဂရုတစိုက်လုပ်ပါ။ ဒီနေ့မှာ PPE ပြည့်စုံ စွာနဲ့အလုပ်လုပ်ပါ။ အမြင့်တတ်ရင်လဲ သတိထားပါ။ ဒီလိုနေ့မျိုးမှာ မတော်တဆထိခိုက်မှုလေးတွေ သွေးထွက် သံယိုဆိုတာမျိုးတွေ ဖြစ်လွယ်ပါတယ်။ ဒါကြောင့်သတိရှိစွာ လုပ်ကိုင်ဆောင်ရွက်ပါ။
ဒီနေ့ဟာ တီထိအရတော့ ဖယ်ရှင်းခြင်းအတွက် သုံးရန်ကောင်းတဲ့ လဆုတ်တီထိ(၁၄)လုံး ကျရောက်နေတာဖြစ်ပါတယ်။
တီထိ(၁၄)လုံးအနေဖြင့် ဒီလိုနေ့မျိုးမှာတော့ လျှပ်စစ်ဆိုင်သောလုပ်ငန်းများ၊ဆောက်လုပ်ရေးနဲ့ဆိုင်သောလုပ်ငန်းများ အထူး ကောင်းနေတတ် ပါတယ်။ဓားလှံလက်နက်များ ထုတ်လုပ်တဲ့ပန်းပဲလုပ်ငန်းများ၊သံရည်ကြို လုပ်ငန်းများ ဆောင်ရွက် လို့အထူးအောင်မြင်နေတတ်ပါတယ်။ အမှုဟောင်း၊ပြဿနာဟောင်းတွေကို ထိပ်တိုက်ရင်ဆိုင်ဖြေရှင်း လိုက်ပါ။ ပြေလည်မှုတွေရလာပါလိမ့်မယ်။
အနုစိပ်အသေးစိပ်လုပ်ငန်းများ၊ ပြုပြင်ထိန်းသိမ်းရသောအလုပ်များ၊အကျိုးပေးအောင်မြင်နေတတ်ပါတယ်။ ဖုန်း၊ ကွန်ပြုတာ၊ပြင်ဆင်ခြင်းလုပ်များ အထူးအဆင်ပြေတတ်ပါတယ်။ နိုင်ငံခြားသွင်းကုန်ထုတ်ကုန် လုပ်ငန်းများ၊ နိုင်ငံခြားသွားဖို့အင်တာဗျူးခြင်းများ၊ နိုင်ငံခြားသား၊လူမျိုးခြားနဲ့ဆက်စပ် လုပ်ကိုင်ခြင်းများ၊ အထူးအောင်မြင်တတ် ပါတယ်။
အထည်၊ထီး၊ဖိနပ်၊တွင်ခုံလုပ်ငန်းများစတဲ့စနေနံလုပ်ငန်းများလဲ မူလအခြေအနေထက်ပိုမိုအဆင့်မြင့် အောင်မြင် သွားတတ်တဲ့နေ့ပါပဲ။ လုပ်လက်စအလုပ်များ၊ အပြီးမသတ်ရသေးတဲ့အလုပ်တွေကို ဒီနေ့မှာ အပြီးသတ်ပြီးစီးအောင် လုပ်နိုင်မှာပါ။ လက် လွန်ထားတဲ့ငွေကြေးတွေဒီနေ့မှာပြန်လည်တောင်းခံလို့ အလွန်ကောင်းနေတတ်ပါတယ်။
ရေတွင် အပျော်ဆော့ကစားခြင်းမပြုရ။ အရှေ့အရပ်သို့ ဦးတည်သွားလာစဉ် အန္တရာယ်ရှိတတ်သည်။ ယနေ့ ယာဉ်ကားမောင်းနှင်မှုအစ၊ မတော်တဆ ထိခိုက်မှုအန္တရာယ်များ အထူးသတိရှိရမည်။ အနောက်တောင်အရပ်သို့ ဦးတည်၍ ခရီးသွားလာခြင်းများ မပြုသင့်ပါ။ နံနက်(၉း၀၀)နာရီမှ (၁၀း၃၀)နာရီကြား ကာလများတွင် ရန်အန္တရာယ်များ လွှမ်းမိုးနေမည်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နေ့လယ်(၁၁း၃၆)နာရီမှ မွန်းလွဲ(၁၂း၂၇)နာရီ အတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ ပုတိဖွား၊ သရဝဏ်နက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ မကာရစန်း၊ ကုမ်ရာသီဖွားဖြစ်ပါ သည်။ဒီနေ့မွေး သူများ ပေါ့ပေါ့နေပြီး ပျော်ပျော်နေတတ်သူတွေဖြစ်ပါတယ်။ ငွေကြေးကံအားကောင်းပြီးတော့ ငယ်ရွယ်စဉ်က တည်းက ငွေရွှင်ကြပါတယ်။ငွေကို ထိန်းသိမ်းထားတတ်သူတွေကတော့ ထူးခြားစွာတိုးတက်လာ နိုင်ပါတယ်။ အဖြုန်းများနေ ရင်တော့ အိုဇာတာပိုင်းညံ့ဖျင်းသွားနိုင်ပါတယ်။ စိတ်ချမ်းသာစရာတွေကိုသာ လက်ခံပြီး စိတ်ညစ်စရာ တွေကို ရှောင် ကွင်းသွားချင်သူမို့ လောကဓံကြီးကြီးမားမားတွေကို ရင်ဆိုင်နိုင်စွမ်းအလွန်အားနည်းနေ ပါတယ်။ အသက် ၂၃နှစ်ထိ မိဘက အထိန်းအကွပ်ကောင်းဖို့လိုပါတယ်။ သူပေါင်းတဲ့အပေါင်းအသင်းတွေကို စီစစ်ပြီးပေါင်းဖို့ ညွှန်ကြား နိုင်မှသာ အနာဂတ်လှပပါလိမ့်မယ်။
သရဝဏ် နက္ခတ်သည် ယာယီ၊ အမြန်နှင့် ရွှေ့ပြောင်းနိုင်သော ကြယ်ဖြစ်ပြီး ခရီးသွားခြင်း၊ သယ်ယူပို့ ဆောင်ခြင်း၊ ဥယျာဉ်ခြံမြေလုပ်ခြင်း၊ လည်ပတ်ခြင်း၊ သူငယ်ချင်းများ လည်ပတ်ခြင်း၊ ဈေးဝယ်ခြင်း နှင့် ယာယီသဘောသဘာဝ တစ်ခုခုကို လုပ်ဆောင်ခြင်း အတွက် အဆင်ပြေသည်။
ဤနက္ခတ်သည် အထက်သို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး အိမ်၊ ဗိမာန်၊ တံတိုင်း(ဥယျာဉ်)၊ အထပ်မြင့် အဆောက်အဦ/ အဆောက်အအုံများနှင့် သက်ဆိုင်သော ဆောက်လုပ်ရေး လုပ်ငန်းများ၊ အလံလွှင့်တင်ခြင်း၊ နန်းတက်ခြင်း၊ ဆင်ဖြင့် ခရီးသွားခြင်း၊ ရွာဗိမာန်၊ ခံတပ်၊ လက်ထပ်ထိမ်းမြားခြင်း စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။
ဂြဟဇာပွင့်ရာအရပ်သည် အောက်အရပ်ဖြစ်သည်။ ဂြဟဇာပွင့်သောအရပ်ကို မျက်နှာမူ၍ အိမ်ဆောက်ခြင်း၊ ခေါင်းဆေးမင်္ဂလာပြုခြင်း ကဲ့သို့သော ကောင်းမွန်သော ကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းမွန်ပါသည်။
ဝီရိယယုဂ် ကျရောက်နေသောကြောင့် “နှစ်သိမ့်မှု” ဟူသော အဓိပ္ပာယ်ကို ကိုယ်စားပြုသည်။ ကောင်းသော ကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းမွန်ပါသည်။
သကုနိကရိုဏ်း ကျရောက်နေသောကြောင့် ဂါထာ၊ တိုက်ခိုက်မှု၊ ပြိုင်ဆိုင်မှု၊ အစီအရင်၊ ခိုးယူခြင်းနှင့်ကဲ့သို့သော ရာဇဝတ်မှုများ ကျူးလွန်ရန်၊ ငှက်များ ထိန်းကျောင်းခြင်း၊ ဆေးနှင့်သက်ဆိုင်သောအလုပ်များနှင့် စစ်ပွဲအမျိုးမျိုးတို့ကို လုပ်ဆောင်ရန်အတွက် အထူးသင့်တော်ပါသည်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၇း၅၉)နာရီမှ နံနက်(၉း၂၆)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ ရာဟု၊ တနင်္လာ သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊ သောကြာ၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ အဖြူရောင်နှင့် ပန်းနုရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၂၊ ၉) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး မြောက်အရပ်သို့ မျက်နှာမူ၍ “သတ္တာဒေဝ မနုဿာနံ” (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင်ပြေ လွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ “အုန်းထမင်း” ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒ တွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၄၅၀ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695
#ကိုးကားစာအုပ်စာရင်း
နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2026
အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2026
အောင်မှန်- အခါပေးဒိုင်ယာရီ2026
ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2026
ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2026
ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ
မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်
သူရဇ္ဇ လစဉ်မဂ္ဂဇင်း
ဆရာစံ-ဇာဏီဘို(၂၀၂၆ ဗေဒင်ဒိုင်ယာရီ)