ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်၊ တပေါင်းလကွယ်ရက်၊ အင်္ဂါနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၆ခုနှစ်၊ မတ်လ (၁၇) ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၁၉)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၆း၀၇)နာရီဖြစ်ပြီး ၊ ညနေ(၆း၀၃)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အနောက်အရပ် ဖြစ်ပါတယ်။
လက်သမားမြေခံ ကတော့ ဂဠုန် မြေခံဖြစ်၍ ကြီးပွားချမ်းသာရတတ်သော နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။
ဒီနေ့ဟာ သိကြားပြည်ပြဿဒါး ကျရောက်နေတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။
ရှောင်သင့်တာတွေကတော့ သိကြားပြည်ပြဿဒါးဖြစ်တာကြောင့် လောကုတ္တရာ မင်္ဂလာနဲ့ပတ်သက်သော ရှင်ပြုခြင်း၊ နားသခြင်း၊ ပဉ္ဇှင်းခံခြင်း၊ ဘုရားထီးတင်ခြင်း၊ စတဲ့ကိစ္စတွေတတ်နိုင်သလောက် ရှောင်သင့်ပါတယ်။ စာရွက်စာတမ်း လက်မှတ်ထိုးခြင်းများ၊ ကတိကဝတ်ပြုခြင်းများတွင်အမှားအယွင်းတွေရှိတတ်ပါတယ်။ ဘယ်သူပဲ ကျန်းမာရေးအညံ့ ကြုံပါက နာတာရှည်ဖြစ်သွားတတ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ ဖယ်ရှင်းခြင်းအတွက်သုံးရန် ကောင်းတဲ့ လဆုတ်တီထိ(၁၄)လုံး ကျရောက်နေတာဖြစ်ပါတယ်။
တီထိ(၁၄)လုံးအနေဖြင့် ဒါကြောင့်ဒီလိုနေ့ရက်တွေမှာပြဿနာတွေကိုထိပ်တိုက်ရင်ဆိုင်ဖြေရှင်းသင့်ပါတယ်။ ဘယ်ကိစ္စ မဆိုမျက်နှာ စုံညီဖြေရှင်းတာအကောင်းဆုံးပါပဲ။ကုမ္ပဏီလုပ်ငန်းတိုးတတ်ဖို့ပဲဖြစ်ဖြစ်၊အလုပ်နဲ့ပတ်သက်ပြီးလိုအပ်တဲ့ အကြောာင်းကိစ္စတွေကြောင့်ပဲဖြစ်ဖြစ်ရှယ်ယာဝင်တွေနဲ့ တွေ့ဆုံဆွေးနွေးလို့အလွန်ကောင်းတဲ့နေ့ပါပဲ။
ပညာရေးဆိုင်ရာကိစ္စတွေဖြစ်တဲ့ပညာသင်ခြင်း၊စာမေးပွဲအင်တာဗျူးဖြေခြင်း၊ သင် တန်း စတတ်ခြင်းများး အလွန်ပဲ ဆောင်ရွက်နိုင်ပါတယ်။ ဒီနေ့ရက်ဟာခရီးသွားလို့အလွန်ကောင်းတဲ့နေ့ရက်ပါပဲ။ ရေတွင်း၊ရေကန်၊အဝီစီတွင်းတူး ခြင်း များစတင်လုပ်ဆောင် လို့ကောင်းတဲ့နေ့ပါပဲ။ အသင်းအဖွဲ့အစည်းများ စတင်တည် ထောင်ခြင်းများ ပြုလုပ်လို့အထူး ကောင်း ပါတယ်။စိုက်ပျိုးထားတဲ့သီးနှံများကို ပိုးသတ်ဆေးဖြန်းခြင်းများ စတင်ဆောင် ရွက်ခြင်းများပြုလုပ်နိုင်ပါတယ်။
ယနေ့ မြင့်မြတ်သော ဘာသာရေးဆိုင်ရာ မင်္ဂလာကိစ္စများ အခါပေးရန် လုံးဝမသင့်ပါ။ ဆေးဝါးကုသမှုခံယူရန် ရက်ကောင်း ဖြစ်သည်။ သမားတော်များနှင့် ပြသနိုင်ပါသည်။ ခွဲစိတ်ကုသမှုခံယူရန် ရက်ကောင်း ဖြစ်နေပါသည်။ သမားပြသခြင်း၊ ဆေးဝါးဖေါ်စပ်ခြင်းများ ပြုပါက ဆေးစွမ်းထက်မြတ်မည်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နံနက်(၉း၄၂)နာရီမှ နံနက်(၁၀း၃၃)နာရီအတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ သိုက်ဖွား၊ သတ္တဘိသျှနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ကုမ်စန်း၊ မိန်ရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေးသူများဟာ အများအားဖြင့်တော်ကြထက်ကြသူတွေဖြစ်ပါတယ်။ ငွေကြေးစီမံခန့်ခွဲနိုင်ကြသူတွေဖြစ်ပါတယ်။ လွယ်ကူတာထက် ခက်ခဲတာကို ပိုပြီးအားစိုက်လုပ်ကိုင်ချင်ကြသူတွေဖြစ်ပါတယ်။ ဒါကြောင့်ပဲဘဝမှာ အများအားဖြင့် အများသူငှာ လိုက်လုပ်ဖို့ ခက်ခဲတဲ့အလုပ်တွေနဲ့ အသက်မွေးနိုင်ကြသူမျိုးတွေဖြစ်နေတတ်ပါတယ်။ သတိထားရမှာက ဒေါသထိန်းဖို့လိုပါတယ်။ ဒေါသထွက်လာရင် ပြေပျောက်ဖို့ ကြာတတ်တာမို့ ဒေါသသမား အမှားတစ်ထောင်မဖြစ်ဖို့ အလွန်ပဲ သတိထားရလိမ့်မယ်။ ပညာရေးကံမြင့်မားကြပြီး ကြိုးစားရင် ကြိုးစားသလောက် ပညာများစွာတတ်မြောက်နိုင် ကြသူတွေဖြစ်ပါတယ်။ အချစ်ရေးမှာ လှေနံနှစ်ဖက်နင်းချင်ကြသူတွေဖြစ်ပြီး ဟိုလူနဲ့လဲ သံယောဇဉ်မပြတ်၊ဒီလူနဲ့လဲ မပြတ်သားဆိုတာမျိုးတွေဖြစ်နေတတ်တဲ့ဇာတာမျိုးတွေဖြစ်ပါတယ်။
သတ္တဘိသျှ နက္ခတ်ဖြစ်တာမို့ခရီးသွားခြင်း၊ သယ်ယူပို့ ဆောင်ခြင်း၊ ဥယျာဉ်ခြံမြေလုပ်ခြင်း၊ သူငယ်ချင်းများ လည် ပတ်ခြင်း၊ ဈေးဝယ်ထွက်ခြင်း နှင့် ယာယီသဘောသဘာဝအရ မည်သည့်အရာအတွက်မဆို ယာယီ၊ လျင်မြန်စွာ ရွှေ့ပြောင်းနိုင်သော နက္ခတ်ဖြစ်သည်။
ဤနက္ခတ်သည် အထက်သို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး အိမ်၊ ဗိမာန်၊ တံတိုင်း(ဥယျာဉ်)၊ အထပ်မြင့် အဆောက်အဦ အဆောက်အအုံများနှင့် သက်ဆိုင်သော ဆောက်လုပ်ရေးလုပ်ငန်းများ၊ အလံလွှင့်တင်ခြင်း၊ နန်းတက်ခြင်း၊ ဆင်ဖြင့် ခရီးသွားခြင်း၊ ရွာဗိမာန်၊ ခံတပ်၊ လက်ထပ်ထိမ်းမြားခြင်း စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။
ဂြဟဇာပွင့်ရာအရပ်သည် အရှေ့မြောက်အရပ်ဖြစ်သည်။ ဂြဟဇာပွင့်သောအရပ်ကို မျက်နှာမူ၍ အိမ်ဆောက်ခြင်း၊ ခေါင်းဆေးမင်္ဂလာပြုခြင်း ကဲ့သို့သော ကောင်းမွန်သော ကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းမွန်ပါသည်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၃း၁၅)နာရီမှ ညနေ(၄း၄၅)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ စနေ ၊ ကြာသပတေး၊ သောကြာ သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ တနင်္လာ သားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ရာဟု သားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ လိမ္မော်ရောင်နှင့် နို့နှစ်ရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၉၊ ၄) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး အနောက်တောင်အရပ်သို့ မျက်နှာမူ၍ “ဓမ္မံပူဇေမိ” (၉)ခေါက် ရွတ်ဆိုသွား ပါ။ပိုမိုအဆင်ပြေ လွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ “ဒိန်ချဉ်” ဘုရားကပ်လှူပြီး လိုရာဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလို အင်ဆန္ဒ တွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၄၅၀ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695
#ကိုးကားစာအုပ်စာရင်း
နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2026
အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2026
အောင်မှန်- အခါပေးဒိုင်ယာရီ2026
ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2026
ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2026
ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ
မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်
သူရဇ္ဇ လစဉ်မဂ္ဂဇင်း
ဆရာစံ-ဇာဏီဘို(၂၀၂၆ ဗေဒင်ဒိုင်ယာရီ)