loading

26.Mar.2026 မှ 1.Apri.2026 အထိတစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း

  • Home
  • Blog
  • 26.Mar.2026 မှ 1.Apri.2026 အထိတစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း

#တနင်္ဂနွေ

            မမြင်ရသော ပုဂ္ဂိုလ်များ၏ စောင့်ရှောက်ခြင်းကို ခံရသူများဖြစ်၍ ထူးထူး ခြားခြား အောင်မြင်မှုများ ရရှိတတ် သည်။ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် လုပ်ငန်းနှစ်မျိုး၊ သုံးမျိုး တစ်ပြိုင် တည်း လုပ်ကိုင်ရမှုနှင့် ကြုံရတတ် ပါတယ်။ မိမိဆန္ဒရှိရာကိုသာ ဦးစားပေးရွေးချယ် လုပ်ကိုင်သင့်ပါတယ်။ စီးပွားရေး လုပ်ငန်းများသာမက မည်သည့် ကိစ္စတွင်မဆို မိမိကိုယ်မိမိ ယုံကြည်စိတ်ချရန်လိုသည်။သင့်အိမ်သို့ ရပ်ဝေးမှ စာသော်လည်ကောင်း၊ ပစ္စည်း သော်လည်ကောင်း၊ လူကိုယ်တိုင်သော်လည်ကောင်း ရောက်လာ တတ်သည်။ ဝန်ထမ်းများ ဖြစ်ပါက လစာတိုးခြင်း၊ ဝင်ငွေတိုးခြင်း၊ တစ်နည်းနည်းဖြင့် ဝင်ငွေကောင်းခြင်းများ ရှိ တတ်မည်။ သင့်အနေဖြင့် လက်ရှိလုပ်ငန်းမှ အခြားလုပ်ငန်း တစ်ခုခုသို့ ပြောင်းလဲလုပ်ကိုင် လိုစိတ်များ ပေါ်ပေါက် နေလိမ့်မည်။ တစ်ချက်ခုတ်၊ နှစ်ချက်ပြတ်အလုပ်မျိုး အကျိုးခံစား ဖို့အတွက်ကတော့ နှံ့နှံ့စပ်စပ်ကြိုး စားပါ။ ကျန်းမာရေးစိတ်ပူစရာလုံးဝမလိုပေမဲ့ သွေးတိုး သမားများ၊ဆီးချိုသမားများ မတည့် တာတွေ မစားဖို့အထူးအရေးကြီးပါတယ်။ လွန်စွာမှစန်းပွင့်နေ ပါလိမ့် မယ်။ အချစ်ရေးကဖွင့်ပြော ဖို့တုန့်ဆို င်းနေရင်ဒီကာလမှာ အရဲ စွန့်ပြီးဖွင့် ပြောလိုက်ပါ။ စိတ်ကောက်နေတာ၊အဆင်မပြေတာ တွေလဲ ပြန်လည်ညှိ နှိုင်း လို့ အဆင်ပြေပါလိမ့်မယ်။ အိမ် ထောင် ရေး အတွက်အထူးပူပန်သောကတွေများနေရတတ်ပါတယ်။ အိမ်ထောင် ဘက် အပေါ် အလိုမကျတာတွေ များ နေ တတ်ပါတယ်။  ပညာရေးကတော့ ကြိုးစားသလောက်အရာထင်ပါလိမ့်မယ်။

အကျိုးပေးဂဏန်း         ၆/၅/၃

အထူးဟော       စိတ်ချမ်းသာစရာတွေများနေတတ်ပါတယ်။

ယတြာ                မုန့်လုံးရေပေါ် ဘုရားကပ်ပါ

#တနင်္လာ

            စာပေဆိုင်ရာလုပ်ငန်းများ လုပ်ကိုင်သူဖြစ်ပါက အောင်မြင်မှုရရှိမည်။ အကူအညီပေး နိုင်သော မိတ်ကောင်း ဆွေကောင်းများနှင့်လည်း တွေ့ရ တတ်သည်။ စိတ်ကူး ကောင်း၊ အကြံဉာဏ်ကောင်းများလည်း မိမိအာရုံတွင် ပေါ်ထွက် လာမည်။ အိုးအိမ်၊ နေရာ ထိုင်ခင်း၊ အလုပ်ခန်း၊ ဆိုင်ခန်း၊ ဇိမ်ခံပစ္စည်းများနှင့်ပတ်သက်၍  ပြုပြင်ပြောင်းလဲရခြင်း၊ မွမ်းမံရခြင်း၊ ပစ္စည်း အသစ်များကို ဝယ်ယူပိုင် ဆိုင်ရခြင်းများရှိမည်။ ကျန်းမာရေးကြောင့်ပဲ အလုပ်ပျက်အကိုင် ပျက် ဖြစ် ရတတ်လို့ပါပဲ။ ကျန်းမာနေပေမဲ့ ရင်ကြပ် တာမျိုး၊ခေါင်းအုံတာမျိုးတွေဖြစ်တတ်ပါတယ်။ ကြိုက်တဲ့အစားအစာ တွေ ကို လိုတာထက် ပိုစားမိရာကနေ ရောဂါရ တတ်ပါတယ်။ အောက်လက်ငယ်သားတွေဆီက အကူအညီတွေရလာ တတ်ပါ တယ်။ စိတ်မြန်လက်မြန်လုပ်ချင်စိတ် တွေများနေတာမို့ အလုပ်တွေပြီးမြောက်အောင်မြင်နိုင်တဲ့ကာလပါပဲ။ ငွေကြေး အပေး အယူကိစ္စတို့တွင် စကားများစရာ၊ ဖြေရှင်း စရာများ ကြုံမည်။ စကားရှုပ်ထွေး၍ နှုတ်မလုံ သူများ၊ လုပ်ငန်းတွင် ပြိုင်ဆိုင်နှောက်ယှက်သူများနှင့် ကြုံတွေ့ နေရ သည်။ အလုပ်နဲ့ ပတ်သက်ပြီး လုပ်ဖော်ကိုင်ဖက်တွေ၊ မိမိ စီနီယာ တွေဆီကနေ အကြံဉာဏ်ယူသင့်ပါတယ်။ အချစ်ရေးကိစ္စများ စိတ်ချမ်းသာရပါလိမ့်မယ်။ အိမ်ထောင် ရေးနဲ့ ပတ်သက်ပြီးတော့လဲ အိမ်ထောင်ဘက်ကမိမိရဲ့ အခက်အခဲတွေကို ကူညီဖြေးရှင်းပေးပါလိမ့်မယ်။ ပညာရေး က ဒီကာလကအားနည်းနေ တတ်ပါတယ်။

အကျိုးပေးဂဏန်း           ၂/၅/၉

အထူးဟော       ကောင်းသောကံတွေအလှည့်ရောက်ပါပြီ

ယတြာ                နီးစပ်ရာစေတီဘုရားသွားပြီး မွေးနံထောင့်မှာရေသပ္ပာယ်ပါ။

#အင်္ဂါ

            ယာဉ်၊ ကား၊ စက်ပစ္စည်းများနှင့် အိမ်များရောင်း ထွက် ချိန်ဖြစ်၍ ငွေရွှင်နေမည်။ နေအိမ်အသစ်၊ ယာဉ်အသစ်များလည်း ရရှိနိုင်ပါတယ်။ အကျိုးဆောင်လုပ်ငန်းနှင့် ဝန်ဆောင်မှုပေးရတဲ့အလုပ်အကိုင်လုပ်ငန်းများ နာမည်ကောင်းရရှိပါလိမ့်မယ်။ ငွေ၊ ကား၊ ကျောက်၊ ကုမ္ပဏီ၊ ငါး လုပ်ငန်း၊ ကွမ်းသီး၊ ကွမ်းရွက်၊ ခဲ စသည့် လုပ်ငန်း၊ ကူသန်းရောင်းဝယ်ရေးလုပ်ငန်း၊ ကျူရှင်လုပ်ငန်းများ အဆင်ပြေမည်။ အလုပ်နေရာ၊ အိမ်နေရာ၊ အဆောက်အအုံ ကိစ္စတွေမှာလည်း ရည်မှန်းမျှော် လင့် ထား သ လို တွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ကျန်းမာရေးကတော့ ကောင်းစွာ ဂရု စိုက်ဖို့ လိုအပ်ပါတယ်။ကျန်းမာရေး အထူး ညံ့နိုင်တဲ့နေ့ရက်တွေပါပဲ။ အပူရှပ်တာမျိုးတွေမဖြစ် အောင် နေထိုင်လိုက် ပါ။ ဝန်ထမ်းများ တာဝန်တွေများပြား နေတတ် ပါတယ်။ ကိုယ့်အလုပ်အပြင်သူများအလုပ် တွေကိုပါဝင် ကူပေးနေရ တတ်ပါတယ်။ ဖိအားတွေ၊ပင်ပန်းမှုတွေကို ခံနိုင် ရည်ရှိဖို့တော့ အထူးလိုအပ်နေပါတယ်။ အချစ်ရေး ကံကတော့ အဆိုးထဲကအကောင်းပါဗျ။အဆင်ပြေပါလိမ့်မယ်။ အိမ် ထောင် ရေးအတွက်လဲ စိတ်ချမ်းသာရပါလိမ့်မယ်။ အဆင် မပြေတာတွေကိုပြေလည်အောင် ညှိနှိုင်းနိုင်ပါလိမ့် မယ်။ ပညာရေးကတော့ ထင်ထားသည်ထက် ပိုမိုတိုးတတ် မှုတွေ ကိုအထင်အရှားမြင်ရပါလိမ့်မယ်။

အကျိုးပေးဂဏန်း        ၃/၆/၄

အထူးဟော      စီးပွားရေးကောင်းမည်

ယတြာ သစ္စာပန်း          ၉ညွန့် ဘုရားကပ်လှူပါ

#ဗုဒ္ဓဟူး/ရာဟု

            တွဲဖက်လုပ်သူအချို့၏ ပိရိသေသပ်မှု မရှိခြင်းကြောင့် ဝေဖန်တိုက်ခိုက်ခံရမည်။ အလွယ်တကူ ရသည်၊ ဖြစ်သည် ဟူ၍ မရှိပေ၊ ဦးတည်လိုက်တိုင်း နေရာတိုင်းတွင် အခက်အခဲများ၊ အနှောက်အယှက်များ ကြုံပြီးမှ လိုရာရောက်မည်။ အလုပ်သေးလျှင်သေးသလို၊ အလုပ်ကြီးလျှင်ကြီးသလို အမြတ်အစွန်းရမည့်အချိန်ဖြစ်သည်။ လက်အောက်ငယ်သား၊ တပည့်တပန်းတို့၏ အတိုက်အခံပြုခြင်း၊ သစ္စာ ဖေါက်ခြင်းများ ခံရတတ်သည်။ အိမ်ထောင်ရေးသည် စီးပွားရေးနှင့် တိုက်ရိုက်ပတ်သက် နေသဖြင့် စီးပွားရေးအဆင် ပြေလျှင် အိမ်တွင်းရေးအေးချမ်းမှုကို ရရှိမည်။ ဝန်ထမ်းများ အပြောင်း အလဲ တစ်စုံတစ်ရာရှိမည်။ ကောင်းသော အပြောင်း အလဲများ ဖြစ်လိမ့်မည်။ ကံကောင်းနေတဲ့အချက်က အထိုင် ချဖို့ ဆောင်ရွက်တဲ့ကိစ္စ များအဆင် ပြေတတ်ပါတယ်။ အိမ်ဆောက်ခြင်း၊အိမ်ဝယ်ခြင်း၊ဆိုင်သစ်ဖွင့်ခြင်း တွေမှာ အားရ စရာအနေအထားမျိုးရလာတတ်ပါ တယ်။ မရည်ရွယ်ပဲ အလှူမင်္ဂလာကိစ္စများ လုပ်ကိုင်ဆောင်ရွက်ရလိမ့်မည်။ အလုပ်နှင့်ပတ် သက်သော အပြောင်း အလဲများ အဆင့်ဆင့် ဖြစ်ထွန်းပေါ်ပေါက်လာမည်။ ငွေကြေးအပေးအယူကိစ္စနှင့် ဆက်နွယ်၍ ဖြစ်ပေါ်လာသော အမှု ပြဿနာ များကို ဖြေရှင်းနိုင်ပါလိမ့်မည်။ လုပ်ငန်းခွင်မှသူများ နေရာသစ်များသို့ ဝင်ရောက် လုပ်ကိုင်၍ အဆင့်မြင့် တတ်လမ်း များ ဖန်တီးရနိုင်ပါသည်။ ကျန်းမာရေးနှင့်ပတ်သက်ပြီးတော့လဲ အဆိုးကြီး မဟုတ်ပေမဲ့ မတ်တပ်ဖျား မတ်တပ်နာ လောက်တော့ ဖြစ်ရတတ်ပါတယ်။ အချစ်ရေးကံလဲအထူးကောင်း နေပါလိမ့် မယ်။

အကျိုးပေးဂဏန်း         ၆/၇/၀

အထူးဟော        အနည်းငယ် အတွေးမှား၊အလုပ်မှားပြုမိနေတတ်ပါတယ်။

ယတြာ                စနေထောင့်မှာ သမ္ဗုဒ္ဓေ ဂါထာနဲ့ ပုတီးစိပ်ပါ။

#ကြာသပတေး

            သိုလှောင်ထားသောပစ္စည်းများကို ပြန်လည် ရောင်းထုတ်ခြင်းဖြင့် အမြက်အစွန်းများ ရရှိတတ်ခြင်း၊ တေ့တေ့ဆိုင်ဆိုင် ပြောဆိုထားသော အိုးအိမ်၊ ခြံမြေ၊ အရောင်းအဝယ်ဖြစ်ခြင်းများ ရှိမည်။ အလိမ်ခံရတတ်ခြင်းများ ရှိနေတတ်သဖြင့် လူတိုင်းအပေါ် ယုံကြည်စိတ် မထားသင့်ပါ။ ပြည်ပသို့သွားရန် စီစဉ်ထားမှု များရှိပါက အဆင်ပြေပြေ သွားဖြစ်လိမ့်မည်။လူမျိုးခြားနှင့် ဆက်စပ်လုပ်သောကိစ္စများမှ ကောင်းသောအကျိုးရရှိမည်။ ရပ်ဝေးကနေသတင်း ကောင်း၊ ဧည့် ကောင်း ဆောင် ကောင်းတွေရောက်လာတတ်ပါတယ်။  လိမ်ညာသူတွေနဲ့တွေ့တတ်တာကိုတော့ သတိထားပါ။ သတိထားရမှာက မိခင်ရဲ့ကျန်းမာရေးအနေအထားပါပဲ။မိခင် ကျန်းမာရေးညံ့နေသူများပိုမိုဂရုစိုက်ပေးပါ။ ရုတ်ခြည်း ပြောင်းလဲ သွားသော ကိစ္စတစ်ခုအပေါ် ဟန်ချက်ညီညီ လိုက်လံ ပြောင်းလဲသင့်ပါသည်။ ကျန်းမာရေးကို လဲကောင်းစွာ တိုးတတ် အောင်စွမ်းဆောင်နိုင်ပါလိမ့်မယ်။ လေ့ကျင့်ခန်းလုပ်ချင်စိတ်၊ကျန်းမာရေးကိုလိုက်စားလို စိတ်တွေကိုဖြစ်ပေါ် နေတတ် ပါ တယ်။ အချစ်ရေးနဲ့ပတ်သက် ပြီး မိမိရဲ့ချုပ်ချယ်မှုတွေက ချစ်သူကိုစိတ်ပျက်စေပါ လိမ့်မယ်။ အိမ်ထောင် ရေး မှာတော့ မိမိကသြဇာပေးလွန်းတာ ကြောင့် အိမ်ထောင်ဘက်နဲ့စကားများရတတ်ပါတယ်။ ပညာရေးကတော့ အထူး ကောင်း တယ်။ ကြိုးစားပါ။

အကျိုးပေးဂဏန်း        ၂/၄/၉

အထူးဟော      ကံသင့်ပါတယ်

ယတြာ              နှင်းဆီပန်း ၁၀ပွင့် ဘုရားကပ်လှူပါ

#သောကြာ

            စွန့်စားလုပ်ကိုင်ရသော စီးပွားရေးလုပ်ငန်းများကြောင့် ငွေကြေးဆုံးရှုံးနစ်နာရမှုများ ဖြစ်ရ တတ်ပါတယ်။ ငွေကြေးစီးပွားနှင့် ပတ်သက်၍ အထူးသတိထားပါ။ စီးပွားရေးလုပ်ငန်းသစ် တစ်ခုခုကို လုပ်ဖူးသောလုပ်ငန်းဖြစ်စေ၊ မလုပ်ဖူးသောလုပ်ငန်းဖြစ်စေ၊ စတင်အကောင်အထည်ဖေါ် လုပ်ကိုင်သင့်ပါတယ်။ ဇွဲရှိရှိဖြင့် တစ်စိုက်မတ်မတ် လုပ်ကိုင်ခြင်းဖြင့် ရေရှည်တွင် အကျိုးပေးမည်။ လူအများနှင့် ဆက်နွယ်ပတ်သက်လုပ် ကိုင်ရသော လုပ်ငန်းများ အများ၏အားပေးခြင်းကို ခံရသည့်လုပ်ငန်းများဖြင့် အထူးအကျိုးပေးမည်။ ကိုယ်ကအိမ်ထောင်ဦးစီးဆိုရင်တော့ အိမ်                             တွင်းမှာ ဖြစ်ပေါ်လာမဲ့ ပြဿနာအခက်အခဲတွေကို ပါးပါးနပ်နပ်ကိုင်တွယ်ဖြေရှင်းတာမျိုးတွေအထူးပဲလုပ် ဆောင်သွား                                                                                                                                                                                          သင့်ပါတယ်။ မိသားစုဝင်တွေနဲ့ မတည့်တာမျိုးတွေဖြစ်နေတတ်တာကို မမေ့လိုက်ပါနဲ့။ မလိုအပ်ဘဲ ခရီးဝေး သွားခြင်း မျိုးရှောင်ပါ။ အထူးသဖြင့် ရေနဲ့နီးတဲ့နေရာတွေကို ခရီးမထွက်ပါနဲ့။ စာရင်းဇယား မှားယွင်းတာ၊ ဆရာသမား၊ ကြီးကဲသူ တွေက အထင်လွဲတာ၊သူတစ်ပါးရဲ့ကိစ္စကြားညှပ်ဖြေရှင်ပေး ရတာမျိုးတွေ ကြုံရတတ်ပါတယ်။ အဆောက် အအုံကိစ္စ၊ နေရာ ထိုင်ခင်းကိစ္စတွေကတော့ အဆင်ပြေအောင်မြင်မယ်။ ကျန်းမာရေး ကတော့ အညံ့များ နေတဲ့ ကာလ ပါပဲ။ နှလုံး သမားများ ၊ဆီးချိုသမားများ ကျန်းမာ ရေး မပေါ့သင့်တဲ့ကာလပါပဲ။ အချစ် ရေးကတော့ တကျက်ကျက်ပါပဲ။ ရန်ဖြစ် လိုက်ပြန်ချစ်လိုက်ဆိုတာမျိုးတွေဖြစ် ရတတ်ပါတယ်။

အကျိုးပေးဂဏန်း         ၃၊၄၊၈

အထူးဟော       ကျန်းမာရေးသာဂရုစိုက်ပါ

ယတြာ              နွမ်းပါးသူတွေကို ဒိန်ချဉ်ဝယ်လှူလိုက်ပါ

#စနေ

            လူကောင်းသဖွယ်နေထိုင်သည့် စိတ်ရောဂါရှင်တစ်ဦး၏ အနှောက်အယှက်ကြုံရ တတ်၏။ အခက် အခဲများ ကျော်လွှားနိုင်မည်။ ထီကံကို ကံကြမ္မာအတိုင်းထားလိုက်ပါ။ အသဲအသန်အာရုံစိုက်ပြီး လိုက်မထိုးပါနှင့်။ ကုသိုလ်ကံသည် အထက်သို့တိုးတတ်နေ၏။ စီးပွားရေးလုပ်ငန်းများ တိုးတတ်စေမည့် အကောင်းဘက်သို့ ပြောင်း သည့် အပြောင်းအလဲဖြစ်၏။ ရွှေနှင့်ကျောက်မြတ်၊ သစ်ထုတ်လုပ်ရေး လုပ်ကိုင်နေသူများ ဝင်ငွေတိုးနိုင်သော အချိန်ဖြစ်သည်။ ကျန်းမာရေး အားသာချက်ရှိနိုင်တဲ့ကာလပါ။ တော်ရုံရောဂါတော့ မဝင်နိုင်ပါ။ သတိထားရမှာက အရက်နှင့်ဝိုင်ကို သောက်သုံးခြင်းကို တတ်နိုင်သလောက်လျှော့လိုက်သင့်တဲ့ကာလပါပဲ။ တတ်နိုင်သ၍ ဒီကာလမှာ မိမိဆန္ဒဆုံးဖြတ်ချက် ထက် ပညာရှင်တွေ ကိုအကူအညီတောင်း၊အကြံဥာဏ်ယူတာအကောင်းဆုံးပါပဲ။ အလုပ်နဲ့ပတ်သက်ရင်တော့ အထိုင် အလုပ်တွေထက် လှုပ်ရှားသွားလာလုပ်ကိုင်နေရတဲ့အလုပ်တွေက ပိုမိုအဆင် ပြေတဲ့ကာလပါပဲ။ ပညာရေးနယ်ပယ်က စီပွားရေးများလဲ တိုးတတ်ပါလိမ့်မယ်။ သင်တန်းဖွင့်ခြင်း၊ ပညာသင် ပေးခြင်းများစတင်လို့အထူးကောင်းပါတယ်။ အချစ် ရေးနဲ့ပတ်သက် ပြီး တော့ အထူးကောင်းပါတယ်။ မိမိ က သဝန်တို တတ်တာမျိုးကိုတော့လျော့ပါ။ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး တော့စိတ်ညစ် ရပါလိမ့်မယ် ။ပညာရေး ကံကောင်းနေ တဲ့နေ့ရက်တွေပါပဲ။

အကျိုးပေးဂဏန်း        ၅/၇/၀

အထူးဟော      နည်းနည်းတော့ အလုပ်များရမည်

ယတြာ              ကျန်းမာရေးမကောင်းသူများကို လူမမာစာများ လက်ဆောင်ပေးလိုက်ပါ။

၇ရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ

                                                                                                ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

                                                                                                            0977 5555 695

                                                                                                            09 44 5555 695

Leave a Reply

Your email address will not be published. Required fields are marked *