ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်၊ နှောင်းတန်ခူးလဆန်း(၁၃)ရက်၊ တနင်္လာနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၆ခုနှစ်၊ မတ်လ (၃၀) ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၁၁)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၅း၅၉)နာရီဖြစ်ပြီး ၊ ညနေ(၆း၁၁)နာရီမှာ နေဝင် ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။
လက်သမားမြေခံ ကတော့ ဗြဟ္မာ မြေခံဖြစ်၍ လာဘ်လာဘကိုပေးတဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ဆိုင်ခန်းလိုင်းခန်းတည်ဆောက်ခြင်းတွေ၊အိမ်ခန်းဖွဲ့တာတွေ အိမ်ပြင်တာတွေ၊မြေတူးဆွတာတွေ ဆောင်ရွက် လို့ကောင်းပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ တနင်္လာမြေခံတဲ့နေ့ဖြစ်ပါတယ်။ တနင်္လာမြေခံ ဖြစ်တဲ့အတွက် ဒီနေ့မှာ လုပ်ကိုင် လိုက်သော လုပ်ငန်းများမှန်သမျှ အကျိုးအမြက်ကြီးကြီးမားမားရရှိကြွယ်ဝခြင်း၊ ချမ်းသာခြင်း၊ စည်းစိမ်ဉစ္စာ တိုးပွား ခြင်းများ အထူးပင်ရရှိစေနိုင်တာကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုး တွေ အထူးဆောင်ရွက် သင့်ပါတယ်။
ဒီနေ့ဟာ ရက်တံခွန် ကျရောက်နေတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။
ဒီနေ့ဟာရက်တံခွန်ရက်ကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ စီးပွားရေး၊လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့်အလုပ်ကိစ္စ ရေးရာအဖြာဖြာတွေမှာရေရှည်အောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်။
ဒီနေ့ဟာ တီထိအရတော့ အောင်မြင်ခြင်းကိုပေးတဲ့ လဆန်းတီထိ(၁၃)လုံး ကျရောက်နေတာဖြစ်ပါတယ်။
တီထိ(၁၃)လုံးအနေဖြင့် ဒီလိုနေ့မျိုးဟာ ပြဿနာဟောင်းအမှုဟောင်းတွေရှိရင်ကောင်းစွာဖြေရှင်းနိုင်ပါလိမ့်မယ်။ အရာရာတိုင်းကို နမော်နမဲ့ မလုပ်ဘဲ သတိလေးကပ်ပြီးတော့လုပ်ကိုင်ခြင်းဖြင့်အောင်မြင်မှုတွေကို ပိုမိုရရှိစေပါလိမ့် မယ်။ဒီနေ့အတွက် ခရီး ကိစ္စများဆောင်ရွက်လို့အလွန်ကောင်းပါတယ်။ကုန်ကူးခြင်း၊ကုန်သွယ်ခြင်း၊များ ဆောင်ရွက်နိုင် သလို အပျော်ခရီး များ၊ဘုရားဖူးခရီးများလဲ သွားလို့ကောင်းတဲ့နေ့ပါပဲ။
ကြော်ငြာဆိုင်းဘုတ်များ၊ကြော်ငြာတဲ့ BILL BOARDများထောင်ခြင်းမျိုးဒီနေ့မှာစတင်နိုင်ပါတယ်။ အိမ်ခြံမြေ ရောင်းခြင်း ဝယ်ခြင်းအလုပ်များ၊ကြားကနေအဆင်ပြေအောင်အကျိုးဆောင်ပေးရတဲ့အလုပ်များ ပိုမိုအဆင်ပြေ တတ်ပါတယ်။
စာပေအနုပညာနှင့်ပတ်သက်သောကိစ္စအ၀၀ ဆောင်ရွက်နိုင်ပါလိမ့်မယ်။ စာရေးခြင်း၊ကဗျာစပ်ခြင်း၊ စာအုပ်ထုတ် ဝေခြင်းများလုပ်ဆောင်နိုင်တဲ့နေ့မျိုးပါ။စားသောက်ကုန်လုပ်ငန်းများ၊စက်ယန္တရားနှင့်ပတ်သက်သောအလုပ်များပိုမိုတိုးတတ်ပါတယ်။ကုန်ပစ္စည်းများသိုလှောင်ခြင်းများလဲအထူးသင့်လျော်ပါတယ်။
ဆေးစွမ်းကောင်း၊သမားတော်ကောင်းများနဲတွေ့ရ ကြုံရတတ်ပါတယ်။ဒါကြောင့်ပဲကျန်းမာရေး စစ်ဆေးခြင်း၊ ဆေးကုသမှုခံယူခြင်းတွေဒီနေ့မှာလုပ်ဆောင်နိုင်ပါလိမ့် မယ်။ လိုအပ်တဲ့ခွဲစိပ်ကုသ မှုများလုပ်ရမယ်ဆိုရင်တော့ ဒီနေ့မှာလုပ်ဆောင်လို့အောင်မြင်တတ်ပါတယ်။စစ်လက်နက်ဝယ်ယူခြင်းများ၊စစ်ရေးလေ့ကျင့်ခြင်းများဆောင်ရွက်နိုင်တဲ့နေ့ပါ။ ဝန်ထမ်းတွေကိုလုပ်ငန်းခွင်ပိုမို ကျွမ်းကျင်အောင်သင်တန်းပေးခြင်းများလဲပြုလုပ်နိုင်ပါတယ်။
ယနေ့ သတင်းအချက်အလက်များ စုစည်းနိုင်သည်။ လုပ်ငန်းသစ်များ စတင်နိုင်သည်။ အလုပ်စတင်ဖွင့်လှစ်ရန် ရက်ကောင်း ဖြစ််နေပါသည်။ ငွေကြေးအပေးအယူကိစ္စများ သတိနှင့် ဆောင်ရွက်ပါ။ စာချုပ်စာတမ်း ချုပ်ဆိုခြင်းများ မပြုသင့်ပါ။ ယနေ့ ပြုသော ကတိစကားတို့ တည်တံ့ခြင်း မဖြစ်နိုင်ပါ။ အပျက်အစီးများ ပြင်ဆင်နိုင်သည်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နံနက်(၈း၅၀)နာရီမှ နံနက်(၉း၄၂)နာရီအတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ ပုတိဖွား၊ မာဃနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ သိဟ်စန်း၊ မိန်ရာသီဖွားဖြစ်ပါသည်။ ဒီ နေ့မွေးသူများဟာ စန်းအားကောင်းပြီးလူချစ်လူခင်များပါတယ်။ အများအားဖြင့် လူအများမှတ် မိ လွယ် ကြသူတွေ ဖြစ်ကြ ပါတယ်။ သန့်ရှင်းတောက်ပြောင်တာကိုကြိုက်တာမို့ တနင်္လာ ပုတိဖွားတွေရှိနေတဲ့ အိမ်တွေ ဟာအများအားဖြင့် သန့်ရှင်း တောက်ပြောင်နေလေ့ရှိကြပါတယ်။ငွေကြေးရှာဖွေရလွယ်ကူသူတွေဖြစ်ပေမဲ့ လက်ဖွာတာ ကြောင့် လက်ထဲ ငွေမမြဲကြတဲ့ သူတွေဖြစ်ပါတယ်။ ကျန်းမာရေးအတွက် အားနည်းချက်များနေပြီးတော့ အရေပြားရောဂါ တွေ၊ ကျောက်တည်တာတွေ၊ သည်းခြေအားနည်းတာတွေ၊သွေးတိုးလွယ်တာတွေ ဝမ်းပျက်လွယ်တာတွေကို အထူးဂရု ပြု ရလိမ့်မယ်ဗျ။ သူတစ်ပါးရဲ့ ဒုက္ခ၊သုက္ခတွေကို ကြားကနေ အစားဝင်ခံစားရတတ်တဲ့သူတွေအဖြစ်လဲ ဒီဇာတာကိုတွေ့ ရ တတ်ပါတယ်။ အသက်၂၄က နေ အသက် ၄၀အတွင်းကာလတွေမှာမှ ဘဝကိုအခြေခိုင်အောင်လုပ်မထားနိုင်ရင် ဒီဇာတာတွေဟာ သက်ကြီးပိုင်းမှာ လွန်စွာဒုက္ခရောက်သွားနိုင်ပါတယ်။
ဤနက္ခတ်သည် အောက်သို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး ရေတွင်းတူးခြင်း၊ တိုင်ကီ၊ မိုင်းတူးခြင်း၊ သင်္ဂြိုဟ်ခြင်း နှင့် စည်းစိမ်ဥစ္စာများ မြှုပ်နှံခြင်း ၊ စက်ရေတွင်း မီးရထားလမ်းများ ၊ လှိုဏ်ဂူအတွင်း ဝင်ရောက်ခြင်း ၊ နက္ခတ်ဗေဒင် သင်္ချာဘာသာရပ် ၊ ပန်းပုပညာ ၊ အနုပညာ ၊ အရေးအသား ၊ ဝိဉာဉ် သိပ္ပံ နှင့် သရဲ တစ္ဆေ ထိန်းချုပ်ခြင်း ၊ သစ်သား စုဆောင်းခြင်း ၊ မန္တန်၊ ယန္တရား၊ ပေါင်နှံထားသော ပစ္စည်းများကို ပြန်ယူခြင်း စသည့်အလုပ်များ ပြုလုပ်ရန်သင့် လျော်သည်။
ဂြဟဇာပွင့်ရာအရပ်သည် အရှေ့တောင်အရပ်ဖြစ်သည်။ ဂြဟဇာပွင့်သောအရပ်ကို မျက်နှာမူ၍ အိမ်ဆောက်ခြင်း၊ ခေါင်းဆေးမင်္ဂလာပြုခြင်း ကဲ့သို့သော ကောင်းမွန်သော ကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းမွန်ပါသည်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၇း၃၄)နာရီမှ နံနက်(၉း၀၆)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာ၊ စနေသားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ ရာဟု သားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္လာ၊ အင်္ဂါ သားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ အဖြူရောင်နှင့် လိမ္မော်ရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၇၊ ၉) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး မြောက်အရပ်သို့ မျက်နှာမူ၍ “သမ္မာသမ္ဗုဒ္ဓေါ” (၉)ခေါက် ရွတ်ဆိုသွားပါ ။ပိုမိုအဆင်ပြေ လွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ “သရက်ယိုစုံ” ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒ တွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၄၅၀ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695
#ကိုးကားစာအုပ်စာရင်း
နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2026
အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2026
အောင်မှန်- အခါပေးဒိုင်ယာရီ2026
ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2026
ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2026
ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ
မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်
သူရဇ္ဇ လစဉ်မဂ္ဂဇင်း
ဆရာစံ-ဇာဏီဘို(၂၀၂၆ ဗေဒင်ဒိုင်ယာရီ)