ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်၊ တန်ခူးလဆုတ်(၃)ရက်၊ စနေနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၆ခုနှစ်၊ ဧပြီလ (၄)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၀၈)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၅း၅၆)နာရီဖြစ်ပြီး ၊ ညနေ(၆း၁၄)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အနောက်အရပ် ဖြစ်ပါတယ်။
လက်သမားမြေခံ ကတော့ နတ်မြေခံဖြစ်ပါ၍ ဘေးသင့်တတ်သဖြင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ မြေတူးဆွတာတွေ လုပ်ကိုင်ဆောင်ရွက်ခြင်းငှာ မသင့်သေးပါ။
ဒီနေ့ဟာ နဂါးပြည်ပြဿဒါး၊ သမားညို ကျရောက်နေတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။
နဂါးပြည်ပြဿဒါးကျရောက်နေတဲ့နေ့ရက်ဖြစ်တာကြောင့်အိမ်၊ခြံမြေ၊တိုက်တာ၊ဆိုင်ခန်း၊အလုပ်ခန်းများ ရောင်းချ ခြင်း၊ ဝယ်ယူခြင်းမျိုးတွေရှောင်လိုက်စေချင်ပါတယ်။အရောင်းအဝယ်ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ စာချုပ်ချူပ်ဆို မယ်ဆိုရင် တော့ ဒီနေ့မှာ ပိုင်ဆိုင်တဲ့စာရွက်စာ တမ်းတွေက အစစ်လား၊အတုလားသေချာစစ်ဆေး ပြီးမှ ဆောင်ရွက်လိုက်ပါ။
သမားညိုရက်ဖြစ်တာကြောင့် အိမ်ပြောင်းရွှေ့တာ၊ အလုပ်ဆိုင် ပြောင်းတာ၊ အလုပ်ရုံးခန်းပြောင်းတာ မျိုးတွေရှောင် အပ်ပါတယ်။ပညာစပြီးသင်ယူလို့မကောင်းသေးပါဘူး။ ခိုင်ခန့်သော၊ရေရှည်တည်တံ့သော အဆောက်အဦးတွေကို စတင်ဆောက်လုပ်တာ ၊တိုင်ထူတာ၊ပန္နက်ရိုက်တာ၊ မျိုးတွေလုပ်မိရင် အဆုံးမသတ် ဘဲတစ်ပိုင်းတစ ဖြစ်လွယ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ အောင်မြင်ခြင်းကိုပေးတဲ့ လဆုတ်တီထိ(၃)လုံး ကျရောက်နေတာဖြစ်ပါတယ်။
တီထိ(၃)လုံးအနေဖြင့် စွမ်းအားကိုပေးသော အောင်မြင်မှုကိုဖြစ်ပေါ်စေသော ဇယျာတီထိကျရောက်တဲ့နေ့ ရက်ပါပဲ။ စစ်ရေးစစ်ရာနှင့်ပတ်သက်သောကိစ္စများ အထူးဆောင်ရွက်လို့ ကောင်းပါတယ်။ စစ်လက်နက်ပြုလုပ်ခြင်း၊ တပ်ဆင် ခြင်း၊ စစ်ရေးလေ့ကျင့်ခြင်းများအထူးဆောင်ရွက်နိုင်ပါတယ်။
မိမိအဖွဲ့အစည်းအတွက် ၊မိမိကုမ္ပဏီဝန်ထမ်းတွေအတွက် သင်တန်းပေးခြင်းများ၊consaltခေါ်ပြီးအကြံဉာဏ်များ တောင်းခံခြင်းများပြုလုပ်နိုင်ပါတယ်။ ကျန်းမာရေးနှင့်ပတ်သက်သောကိစ္စများ အထူးပဲဆောင်ရွက်နိုင်ပါတယ်။ ကျန်းမာရေးအတွက် ဆေးဝါးကုသခြင်းများ၊ဆေးစတင်မှီဝဲခြင်းကိစ္စများ အထူးဆောင်ရွက်နိုင်ပါတယ်။
အိမ်ပြောင်းခြင်း၊နေရာပြောင်းခြင်းများဆောင်ရွက်နိုင်သလို အိမ်တတ်ပြုလုပ်ခြင်းများလဲ ဆောင်ရွက်နိုင်ပါလိမ့်မယ်။ ခရီးသွားလို့အလွန်အဆင်ပြေမဲ့နေ့ရက်ပါပဲ။ မည်သည့်ခရီးမဆိုသွားလို့သင့်တော်ပါတယ်။ စီးပွားရေးနဲ့ပတ်သက် သောခရီးများ အကျိုးများပါလိမ့်မယ်။
ကျောက်မျက်ရတနာများ ဝယ်ယူခြင်း၊ရောင်းချခြင်း၊ခန္ဓာကိုယ်တွင်စတင်ဆင်မြန်းခြင်းမျိုးလဲ အထူးဆောင်ရွက်နိုင် ပါတယ်။မိမိလုပ်ငန်းအတွက် ၊မိမိကုန်ပစ္စည်းအတွက်စတင်ကြော်ငြာလို့အထူးကောင်းတဲ့နေ့ရက်ပါပဲ။ မေတ္တာရေးရာ ကိစ္စမျာ အစပျိုးဆောင်ရွက်နိုင်ပါတယ်။ ချစ်ရသူဆီချစ်ခွင့်ပန်တာ၊ သူအတွက်အမှတ်တရလက်ဆောင် လေးတွေဝယ် ပေး ခြင်းဖြင့် ချစ်ခြင်းတွေခိုင်မြဲတတ်ပါတယ်။
ယနေ့ အိမ်၊ ခြံ၊ မြေ အရောင်းအဝယ် မပြုသင့်ပါ။ မြန်မာလဆုတ်(၃)ရက်နေ့ ဖြစ်ပေရာ အရောင်းအဝယ် သတိရှိရမည်။ လုပ်ငန်းများ စတင်ဆောင်ရွက်ရန် မသင့်ပါ။ တစ်ပိုင်းတစ်စ ဖြစ်တတ်သည်။ ပညာစတင်သင်ကြားခြင်း မပြုသင့်ပါ။ ငွေကြေးအပေးအယူကိစ္စမှန်သမျှ အထူးသတိရှိပါ။ အငြင်းပွားရတက်သည်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နံနက်(၈း၃၁)နာရီမှ နံနက်(၉း၂၂)နာရီအတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ အထွန်းဖွား၊ သွာတိနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ တူစန်း၊ မိန်ရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေးသူများဟာအခက်အခဲတွေကို ရင်ဆိုင်နိုင်ကြ သူတွေဖြစ်ပါတယ်။ ပေးအပ်တဲ့တာဝန်တွေကို ကျေပွန်စွာ ထမ်း ဆောင်နိုင်ကြတဲ့ သူတွေဖြစ်ပါတယ်။ မိဘလက်ငုတ် အလုပ် တွေကို အမွေဆက်ခံလို့အလွန်ကောင်းတဲ့ သူတွေ လဲဖြစ်ကြ ပါတယ်။ အိမ်ထောင်ပြုတဲ့အခါ ဥာဏ်ကြီးတဲ့သူကို ရွေးယူ နိုင်ဖို့အတွက် အချိန်ပေးပါ။ ဒီလို ဇာတာ အများ အပြားဟာ အိမ်ထောင်ဘက်က ဥာဏ်နုံနည်းကြတဲ့သူ တွေဖြစ်တတ်ပါတယ်။ ငွေကြေးအသုံးအစွဲကျစ်လစ်ပေမဲ့ ရင်းနှီး မြုုပ်နှံမှု အပိုင်းတွေမှာ အားနည်းတာကြောင့် ကုန်လှောင် ခြင်း၊ ရှယ်ယာဝင်တဲ့အလုပ်တွေမှာ အားနည်းကြ တာများပါ တယ်။ ငယ်ရွယ်စဉ်မှာ လောကဓံလှိုင်းတပိုး တွေကို ကြံ့ကြံ့ခိုင်ရင်ဆိုင်ရတတ်တာကိုလဲတွေ့ရမြင်ရပါတယ်။ ကျန်းမာရေး ကြောင့် စိတ်မညစ်ရပေမဲ့ သွေးထွက်သံယိုနဲ့ မတော် တဆ ထိခိုက်မှုတွေကိုတော့ ဘဝမှာကြုံလွယ်ပါတယ်။
သွာတိ နက္ခတ်သည် ခရီးသွားခြင်း၊ သယ်ယူပို့ ဆောင်ခြင်း၊ ဥယျာဉ်ခြံမြေလုပ်ခြင်း၊ ဈေးဝယ်ထွက်ခြင်း၊ အလည် အပတ်ခရီးထွက်ခြင်း၊ သူငယ်ချင်းများနှင့် ယာယီသဘာဝအတိုင်း လုပ်ဆောင်ရန် အဆင်သင့်ရှိသော ယာယီ၊ ရွေ့ပြောင်းနိုင်သော် အမြန်သဘာဝရှိသော နက္ခတ်တစ်လုံးဖြစ်သည်။
ဤနက္ခတ်သည် ဘေးသို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး ခြေလေးချောင်းသတ္တဝါများ (မြင်း၊ ကျား၊ ကုလားအုတ်၊ နွားစသည်ဖြင့် ဝယ်ယူခြင်းနှင့် လေ့ကျင့်ခြင်းနှင့် ပတ်သက်သည့် အလုပ်များ၊ ၊ ရေ-မြေ-လေ၊ သယ်ယူပို့ဆောင်ရေး၊ မောင်းနှင်ခြင်း၊ နွားလှည်း၊ ရထား၊ ထွန်ယက်ခြင်း၊ သီချင်းဆိုခြင်း၊ ဂီတတူရိယာများ၊ လမ်း၊ ဆည်များ စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။
ဂြဟဇာပွင့်ရာအရပ်သည် မြောက်အရပ်ဖြစ်သည်။ ဂြဟဇာပွင့်သောအရပ်ကို မျက်နှာမူ၍ အိမ်ဆောက်ခြင်း၊ ခေါင်းဆေးမင်္ဂလာပြုခြင်း ကဲ့သို့သော ကောင်းမွန်သော ကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းမွန်ပါသည်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၉း၀၄)နာရီမှ နံနက်(၁၀း၃၆)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ အင်္ဂါ၊ ကြာသပတေး၊ သောကြာ၊ စနေ သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ တနင်္လာ သားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ ဗုဒ္ဓဟူး၊ ရာဟု သားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ ဖက်ဖူးရောင်နှင့် ပန်းရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၄၊ ၃) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး ….တောင်ဘက်ကိုမျက်နှာမူပြီး အရဟံအောင်သိဒ္ဓိ (၉)ခေါက် ရွတ်ဆိုသွားပါ။ ပိုမိုအဆင်ပြေ လွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ “ဒိန်ချဉ်” ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒ တွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၄၅၀ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695
#ကိုးကားစာအုပ်စာရင်း
နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2026
အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2026
အောင်မှန်- အခါပေးဒိုင်ယာရီ2026
ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2026
ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2026
ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ
မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်
သူရဇ္ဇ လစဉ်မဂ္ဂဇင်း
ဆရာစံ-ဇာဏီဘို(၂၀၂၆ ဗေဒင်ဒိုင်ယာရီ)