loading

စျေးရောင်းကောင်းစေချင်ရင်

  • Home
  • Blog
  • စျေးရောင်းကောင်းစေချင်ရင်

စျေးရောင်းကောင်းစေချင်လို့ မေးလာကြသူတွေအများကြီးပါ။ အဓိကအနေနဲ့တော့ ကိုယ်က ဘာဆိုင်ဖွင့်ထားလဲ ။ ကိုယ်ရောင်းနေတဲ့ပစ္စည်းပေါ်မူတည်ပြီးယတြာပေးဖြစ်ပါတယ်။
ဆိုင်မှာဦးစီးသူနာမည် ၊ ဆိုင်က ဖုန်းရောင်းတာလား၊ ဆေးရောင်းတာလား စသည့်ဖြင့် ချိန်ဆပြီးပေးလေ့ရှိပါတယ်။
အခုအနေနဲ့ ယတြာစီရင်ပေးချင်တာက ဘယ်နေ့သားပဲဖြစ်ဖြစ် ၊ ဘယ်ဆိုင်အမျိုးအစားပဲဖြစ်ဖြစ်အဆင်ပြေအောင် ရောင်းပန်းဝယ်ပန်းပွင့်အောင် ကိုယ့်ဆိုင်လူစည်ကားအောင် အတိုက်အခိုက်တွေကင်းအောင် စတဲ့ကိစ္စတွေအတွက်စီရင်လို့ရပါတယ်။
စျေးရောင်းချခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြု စီးပွားရှာရသော သူများ မည်သူမဆိုလုပ်ဆောင်သင့် သော ယတြာကလေး ဖြစ်ပါတယ်။
လုပ်ဆောင်ရသည်မှာ နံနက် (၆) နာရီ အချိန်တွင် ဖန်ခွက် တစ်ခွက်ထဲ ရေထည့်ပြီး နေ့စဉ်ဓာတ်ပန်းကလေးများ လှဲလှယ်ထိုးစိုက်ကာ ဆိုင်ပေါ်ရှိ စားပွဲပေါ်တွင် တင်ပေးထားလိုက်ပါ ။
ထိုးစိုက်ရမည့် ဓာတ်ပန်းကလေးများမှာ
တနင်္ဂနွေနေ့တွင် သပြေညွှန့် ၊သီဟိုဠ်ညွှန့်
တနလာင်္နေ့တွင် နှင်းဆီပန်း(သို့)နှင်းပန်း
အင်္ဂါနေ့တွင် အုန်းညွှန့်(သို့)အုန်းပန်း
ဗုဒ္ဓဟူးနေ့တွင် ဂန္ဓမာပန်း(သို့)ကံ့ကော်ပန်း
ကြာသပတေးနေ့ စံပယ်ပန်း(သို့) ဇီးညွှန့်
သောကြာနေ့တွင် ရွက်လှပန်း(သို့) ဝါးညွှန့်
စနေနေ့တွင် မေမြို့ပန်း
စသည့် ဓာတ်ပန်း ကလေးများကို သူနေ့နှင့်သူ ထိုးစိုက်ပေးထားပါက ရန်သူနည်းခြင်း အရောင်းအဝယ်ကောင်းမွန်ကာ အမြတ်အစွန်း တိုးပွားရရှိစေခြင်းတို့ကို ကြုံတွေ့ရပါမည် ။ အထက်ပါပန်းတွေအညွှန့်တွေကို အရေအတွက်အနေနဲ့က လက်တစ်ဆုပ်စာလောက်ဆို လုံလောက်ပါတယ်။ အရေအတွက်အတိအကျမလိုပါဘူးဗျာ။ ။
ငြိမ်းအေးလူ ဗေဒင်သုတေသီ
Posted in Uncategorized

Leave a Reply

Your email address will not be published. Required fields are marked *