loading

ငွေလာ ငွေမြဲ ငွေကံကောင်းဖို့

  • Home
  • Blog
  • ငွေလာ ငွေမြဲ ငွေကံကောင်းဖို့

“အောင်မျိုး …နေကောင်းလားကွ”
“ဟာ ကိုစိုးလာကွာ မင်းဘယ်ကလှည့်လာတာလဲ”
“ဒီနေ့နားရက်လေကွာ ဘုရားလာရင်း
အပြန်မင်းဆီလှည့်လာတာကွ”
” မိန်းမရေ ငါ့သူငယ်ချင်းဗေဒင်ဆရာလာတယ်
စားစရာတစ်ခုခုစီစဉ်ပါဦး”
” နေပါစေကွာ ငါစားလာပြီးပြီ ဒုက္ခမရှာစမ်းပါနဲ့ကွာ”
“မနန်းရေ ဘာမှလုပ်မနေနဲ့ ကျွန်တော်စားပြီးပြီ”
” ငါလဲမင်းဆီလာမလို့ မင်းကလဲမအားတာကများနေ
တော့ မလာဖြစ်တာလဲပါတယ်
ငါလဲအခုတလောအလုပ်တော်တော်များနေတာလဲ
ပါတာပေါ့”
” ဟုတ်တယ် အောင်မျိုးရာ မင်းသိတဲ့အတိုင်း အပြင်မှာအားရင် လိုင်းပေါ်က ဗေဒင်မေးထားသူတွေပြန်ဖြေရတာနဲ့ အားတယ်မရှိပါဘူး
စာဖတ်ချိန်တောင်မနည်းလုနေရတယ်”
အောင်မျိုးအိမ်ရဲ့ ဘုရားဆောင်ဘက် ကြည့်လိုက်တော့
သြဇာညွှန့်လေးတွေ အိုးတစ်လုံးဘုရားပူဇော်ထားတာ
တွေ့ရသည်။
” ဘယ်လိုလဲအောင်မျိုး ငွေကြေးအခက်အခဲတွေဖြစ် သေးလား”
” မင်းကိုအဲဒီကိစ္စမပြောခင် အရင်ဆုံးတောင်းပန်ရအုံးမယ်”
” ဘာကိုတုန်းကွ “
” ငါအလုပ်အဆင်မပြေ ငွေကြေးအကြပ်အတည်းတွေဖြစ်တော့ ငါ့မိန်းမ
မင်းဆီဗေဒင်လာမေးတယ်လေ
မင်းက ယတြာပေးလိုက်တော့ ငါတော်တော်နဲ့ ယတြာမလုပ်ဖြစ်ဘူးကွ မင်းကိုမယုံတာတော့မဟုတ်ပါဘူး စိတ်အရမ်းညစ်နေတော့ ဘာမှကိုမလုပ်ချင်ဖြစ်နေတာ
မိန်းမကအတင်းပဲ သြဇာညွန့်တွေခူးလာပြီး ယူလာမှပဲလုပ်ဖြစ်တော့တယ်ကွ
အခုတော့တော်တော်လေးအဆင်ပြေနေပြီ သူငယ်ချင်း….
မင်းကျေးဇူးပေါ့ကွာ”
အောင်မျိုးက သူဖြစ်စဉ်ကိုစီကာပတ်ကုံးပြောနေသည်။
ကျွန်တော်ကနားထောင်သူသက်သက်…….
” ယတြာစလုပ်ပြီး ၁၄ရက်လောက်နေတော့
ဆောက်လက်စစက်ရုံတစ်ခုကနေ
အိမ်တိုင်ရာရောက်ပဲအလုပ်လာအပ်တယ်ကွ
လိုချင်တဲ့စျေးလဲပေးတယ်
ငါ့ဆီကရှိတဲ့သူနဲ့တင်မလောက်လို့
အခုဆို လူသစ်တွေထပ်ခေါ်ရသေးတယ်”
ကျွန်တော်သူငယ်ချင်းက သံပန်းသံတံခါးတွေလုပ်သည်။ အိမ်မှာဆိုင်ဖွင့်ထားသလို အပြင်order တွေလိုက်လုပ်ပေးသည်။ အခုတလော မိုးရာသီလဲဖြစ်ပြန် အလုပ်ကလဲပါးသည်။
သူ့အိမ်ကမိသားစုကများ စားအိုးကလဲကြီးတော့
သူ့အတွက်အကြပ်အတည်းတော်တော်ဖြစ်သွားသည်။
” မင်းအဆင်ပြေရင်ပြီးတာပါပဲကွာ
သူငယ်ချင်းတွေ Okရင် ကျေနပ်ပါတယ်”
“မင်းယတြာကထူးဆန်းတယ်ကွ ငွေက
အဘက္ဘက္က ကိုဝင္လာတာကြ
ယတြာလုပ်နေတုန်း နှစ်ပတ်လောက်
နေတော့ အလုပ်တွေအဆင်ပြေပြီး
ငွေတော်တော်ဝင်တယ်
ဆုံးပြီထင်ထားတဲ့ အကြွေးတွေပြန်လာပေးလို့တောင် အံ့သြနေတာ……..
ငါတပည့်တစ်ယောက်ကလဲ ကိုရီယားကပြန်လာတာ
ငါ့ဆီလာကန်တော့သွားသေးတယ်ကွ “
” ဟုတ္တယ္ကြ ေငြေၾကးအခက္အခဲရွိလာၿပီဆို
ငါအမြဲတမ်းလုပ်ဖြစ်တဲ့ ပွဲတွေ့စီအရင်ပဲ
အရမ်းထူးခြားပြီး ဒိဋ္ဌဓမ္မအကျိုးပေးတာကွ
ကိုယ်တိုင်အောင်မြင်တဲ့ ယတြာဆိုတော့
သူများကိုလဲဒီယတြာရဲရဲပေးရဲတယ် “
” ဟုတ်တယ်ကိုစိုး ငါလဲလက်တွေ့ဆိုတော့ယုံသွားပြီ
ငါတို့ယောကျာ်းလေးတွေ ဆိုတာလဲယတြာတို့
အစီအရင်တို့ ဆိုတာက သိပ်လုပ်ကြတာမဟုတ်ဘူးလေ
မနန်းကို ကိုယ်ဘာသာလုပ်လိုက်လို့ငါပြော
ေသးတယ္ကြ
မင်းက ငါကိုယ်တိုင်လုပ်ရမယ်လို့မှာလိုက်တယ်ဆို”
“ဟုတ်တယ်လေ မင်းပဲစဉ်းစားကြည့်
မနန်းဆိုတာက အိမ်မှာမှီခိုလေကွာ
ထမင်းချက် ၊အိမ်မှုကိစ္စလုပ်ရတာနဲ့ ကလေးကျောင်း
ပို့ရတာနဲ့ သူကစီးပွားရှာနိုင်တာမဟုတ်ဘူး
ငွေမဝင်တာက မင်းနဲ့အဓိက ဆိုင်တယ်လေ
မင်းကံတွေညံ့နေလိုပေါ့ ….မဟုတ်ဘူးလား
” မင်းပြောတာလဲဟုတ်တာပဲ”
” မနန်းဒီယတြာကိုလုပ်ရင်လဲ စွမ်းတာပဲ
ဒါပေမဲ့ ထိရောက်မှုအားကကွာသွားပြီ
အကျိုးပေးမြန်ဆန်မှုတွေ ဓာတ်ထိမှုက
ကွာပြီလေကွ “
အောင်မျိုးက ခေါင်းတညိတ်ညိတ်ဖြင့် နားထောင် နေသည်။
” ငွေကြေးအကြပ်အတည်းဖြစ်တိုင်း အဲဒီယတြာကိုမင်းစီရင်
ကြည့်လို့ရတယ်ကွ “
” ဘယ်နေ့သားဖြစ်ဖြစ် ဒီအတိုင်းပဲလုပ်ရမှာလား”
“ဟုတ်တယ် ဒီအတိုင်းပဲလုပ်ရမှာ
စကားပြောလို့တော့ ကောင်းတယ် အောင်မျိုးရာ
နေလဲမြင့်လာပြီ ငါပြန်အုံးမယ်”
” ေနအံုးဆရာ “
မနန်းတစ်ယောက် အသံပြုပြီးအိမ်အနောက်က နေထွက်လာသည်။ လက်ထဲကမှာလဲအထုပ်တစ်ခုနှင့်။
“ဆရာတို့သူငယ်ချင်းနှစ်ယောက်စကားစမပြတ်တာနဲ့
စောင့်နေတာ ဒါဆရာ့အတွက်လက်ဆောင်လေ
အိမ်ပြန်လို့တကူးတက ယူလာတာ “
” ဒုက္ခရှာလို့ဗျ ကျွန်တော်အတွက်မလိုပါဘူး”
” ယူလိုက္ပါ …ကိုစိုးရာ
ရှမ်းပြည်လက်ဆောင်ဆိုတော့ မင်းကြိုက်မဲ့ လက်ဖက်နဲ့
ပဲပုတ်တော့ပါလိမ့်မယ်”
” ဟုတ်ပါပြီဗျာ ယူလိုက်ပါ့မယ်”
——————————————————————-
ကျွန်တော့်၏ ပရိတ်သတ်ကို ဒီနေရာမှာပြောချင်တာက အထက်မှာပြောခဲ့တဲ့အတိုင်း အခြားကိစ္စတွေအတွက် မဟုတ်ဘဲ ငွေကြေးသီးသန့်အဆင်ပြေစေမဲ့ယတြာလေးပါ။
စီရင်ကြည့်ပါ။ ယုံယုံကြည်ကြည်လုပ်ကြည့်ပါ။ ဖြစ်နိုင်တာများကိုသာ ပေးခြင်းဖြစ်ပါတယ်။ ငွေကြေးကံကောင်းလာမယ်ဆိုတာ ရဲရဲကြီးပြောလိုက်ပါရစေ။
* အောင်အိုးလေးတစ်လုံးဝယ်ပါ။
ထိုအိုးလေးကို ငွေရောင်သုတ်ပါ။
( ငွေရောင်အိုးလေးတစ်လုံးဝယ်လဲရပါသည် ။ plastic
အိုးပဲဖြစ်ဖြစ် ၊ဖိုက်ဘာအိုးပဲဖြစ်ဖြစ်၊ မြေအိုးပဲဖြစ်ဖြစ် ငွေရောင်ဆို အဆင်ပြေပါတယ်)
*ထိိုုအိုးလေးထဲကိုရေထည့်ပြီး သြဇာညွန့် ၁၄ ညွန့်ထိုးပါ။
ထိုသြဇာညွန့်ထိုးထားသောအိုးလေးအား အိမ်ကဘုရားဆောင်မှာ ဗုဒ္ဓဟူးနေ့ နံနက် ၁၀နာရီ ၄၅ မိနစ်မှာစတင်တင်လှူပါ။ တစ်လတိတိဘုရားမှာတင်လှူထားရပါမည်။
သြဇာညွန့် ညှိုးသွားရင် အထက်ပါ နေ့ရက်အချိန်မှာပဲလဲ
ပေးရပါမည်။
* ထိုနောက် မိမိရရှိသောနေစဉ်လုပ်အား
ချွေးနည်းစာထဲက တစ်ရာနိုင်နိုင် ၊နှစ်ရာနိုင်နိုင် ထိုသြဇာ
ညွန့်အိုးလေးအောက်ထားပါ။ လခစားဖြစ်ပါက မိမိသုံး နေသည့် တစ်နေ့အသုံးစရိတ်မှဖဲ့စုထားပါ။
*တစ်ပတ်ပြည့်လျှင် ထိုအိုးအောက်တွင်စုထားသောငွေကြေးအားထုတ်ယူ၍ မိမိဝါသနာပါရာ ဒါနတစ်ခုလုပ်ပေးပါ။ ပြီးရင်ပြန်စုပါ။ ၇ရက်တစ်ပတ်ပြည့်လျှင် ပြန်လှူပါ။ တစ်လတိတိစုရပါမည်။
*အထက်ပါ သြဇာညွန့်အား ဘုရားကိုစလှူသည့်နေမှစ၍
“ဒိဝါတပတိ ဂါထာတော်” အားတစ်နေ့ကို ၁၀၈ လုံးပုတီးဖြင့် ပုတီး ၁ ပတ်စိပ်ပါ။ တစ်လတိတိစိပ်ရပါမည်။
* တစ်လပြည့်ရင် အစီအရင်ပြီးပါပြီ။ပန်းအိုးစွန့်လို့ရပါပြီ။
အစီအရင်လုပ်နေချိန်အတွင်းမှာပဲ ငွေကြေးကံကောင်းလာပါလိမ့်မည်။ ပိတ်နေတဲ့ လာဘ်လာဘတွေပွင့်လာပါလိမ့်မည် ။ လက်တွေ့စီရင်ပြီး အောင်မြင်မှုတွေရနိုင်ကြပါစေလို့ မေတ္တာပို့သရင်း ………….။ ။
ငြိမ်းအေးလူ ဗေဒင်သုတေသီ
Posted in Uncategorized

Leave a Reply

Your email address will not be published. Required fields are marked *