သစ်ပင်ပန်းမန်ဆိုတာ လူတွေအတွက်ကောင်းမွန်တဲ့အရာပါ။ သဘာဝရာသီဥတုကိုသင့်တင့်မျှတစေသလို သတ္တဝါတွေကိုလည်း အကျိုးပြုစေပါတယ်။ မိမိအိမ်ပတ်ဝန်းကျင် ခြံထဲ၊အိမ်မှာအပင်တွေစိုက်ပျိုးခြင်းဟာ ကိုယ်ရောစိတ်ပါရွှင်လန်းစေမှာပါ။ ဒါပေမယ့်လို့ ရှေးမြန်မာအယူအရ မိမိအိမ်၊ခြံထဲမှာမစိုက်အပ်၊မရှိသင့်တဲ့ အပင်တချို့ရှိပါတယ်။ သိပ္ပံခေတ်ကြီးထဲမှာ ဒီအယူတွေ ခေတ်မမီတော့ဘူးလို့ဘဲဆိုဆို၊ ရှေးထုံးကိုလည်းမပယ်နဲ့ဆိုတဲ့စကားဘဲပြောပြော ဗဟုသုတအဖြစ်နဲ့ဘဲဖြစ်ဖြစ်သိရအောင် အိမ်နဲ့ပက်သက်တဲ့ရှေးမြန်မာအယူတချို့ကိုဖော်ပြပေးလိုက်ပါတယ်…။
အိမ်ပတ်ဝန်းကျင်တွင်မစိုက်အပ်သောအပင်များ
————————————————–
-အိမ်၏အရှေ့မျက်နှာဘက်တွင် ညောင်၊သပြေပင်များမစိုက်ရ။ စီးပွားပျက်တတ်သည်။
-အနောက်ဘက်တွင် လက်ပံပင်၊ထိန်ပင်-တောင်ဘက်တွင် သျှစ်သျှားပင်၊ဖီးခြမ်းငှက်ပျော၊သဘောင်္ပင် များ
-မြောက်ဘက်တွင် ထန်းပင်၊ဆန်းပင်၊သဖန်းပင်နှင့် သျှစ်သျှားပင်..
အဆိုပါအပင်များသည် ဖော်ပြပါအရပ်မျက်နှာများတွင်ရှိနေပါက စီးပွားယုတ်မည်။ ရောပါဘယထူပြောမည်။ အိမ်တွင်းအိမ်ပြင် ဆူပူတတ်သည်။ အလိုလျောက်ရှိနေပါကလည်း နှုတ်ပစ်၊ခုတ်ပစ်သင့်ပါသည်။
အိမ်ဆောက်ရက်ရွေးနည်း
—————————
တနင်္ဂနွေ – ဒုက္ခဆင်းရဲရောက်တတ်သည်။
တနလာင်္ – နှစ်လမြောက်တွင် သားသမီးဖွားမြင်သော် ချမ်းသာကြွယ်ဝမည်။
အင်္ဂါ – ဆန်ရေစပါး ပေါများကြွယ်ဝမည်။
ဗုဒ္ဓဟူး၊စနေ – သုခချမ်းသာရမည်။
ကြာသာပတေး – ချမ်းသာကြွယ်ဝမည်။
သောကြာ – သုံးလကြာလျှင် သုခပွားမည်။
အိမ်ဆောက်လရွေးနည်း
————————-
တန်ခူးလ– ချမ်းသာကြွယ်ဝမည်။
ကဆုန်လ – ဆန်ရေစပါး ပေါကြွယ်ဝမည်။
၀ါခေါင်လ – ဥစ္စာတိုးပွားမည်။
နတ်တော်လ – ထင်ပေါ်ကျော်စောမည်။
ပြာသိုလ — လူအများချီးမွမ်းမှုရမည်။
တပေါင်းလ – ချမ်းသာကြွယ်ဝမည်။
ကျန်ခြောက်လတွင် ဆောက်ပါကပျက်စီးခြင်းများကြုံရတတ်သည်။
ယနေ့ခေတ်မှာအိမ်ကိုသစ်သားအခြေပြုပြီးမဆောက်တော့သလောက်ပါဘဲ။ ဒါပေမယ့်အတွင်းပိုင်းအလှဆင်တာမျိုးတို့ ၊ ပရိဘောဂတွေမှာတော့ တွင်တွင်ကျယ်ကျယ်သုံးနေကြသေးတာကြောင့် သစ်ဟာအိမ်တစ်အိမ်ရဲ့
အဓိကပါဝင်ပစ္စည်းဖြစ်နေပါသေးတယ်။ ရှေးမြန်မာလူကြီးများကတော့ အိမ်နဲ့ပက်သက်ရင် သစ်ကိုအလွန်စိစစ်ပါတယ်။
ဗဟုသုတအလို့ငှာ သိသလောက်ဖော်ပြပေးလိုက်ပါတယ်။
မသုံးအပ်သောသစ် (၈)မျိုး
——————————
၁။ ခုတ်ဖြတ်စဉ် တွဲလွဲကျနေသောသစ် (သစ်ဆွဲချ)
၂။ သစ်ခွသစ်ကိုင်းကြားတို့တွင် တင်နေသောသစ် (လူကောင်တင်)
၃။ အဖျားကြီး၍ အရင်းရှူးသောသစ် (သစ်ဘီလူး)
၄။ အရင်းအဖျားရှူး၍ အလယ်တွင်ကြီးသောသစ် (သစ်နပုန်း)
၅။ လမ်းကူးချောင်းကူးသစ် (သစ်တံတား (ခ) သစ်လမ်းကူး)
၆။ အပင်ချင်းအကိုင်းချင်းကြိတ်သောသစ် (သစ်ကြိတ်)
၇။ အပင်တွင်နွယ်ရစ်ပတ်နေသောသစ် (သစ်နဂါး)
၈။ မျက်ရည်ပေါက်ကဲ့သို့ အကွက်ထနေသောသစ် (သစ်စည်ယို)
အိမ်၊ကျောင်း ဆောက်ရာတွင်မသုံးအပ်သော သစ် (၁၁)မျိုး
————————————————————–
၁။ မိကျောင်း
၂။ မအူ
၃။ သခွတ်
၄။ ညောင်
၅။ သွ်စ္သွ်ား
၆။ သီး(သား)
၇။ သေၿပ
၈။ သစ်စိမ်ရေသား
၉။ ကေလာ
၁၀။ လက္ပံ
၁၁။ လဲ
အိမ်၊ကျောင်း ဆောက်ရာတွင် မပြုအပ်သောအရာများ
———————————————————
၁။ တိုင်ဟောင်းကို ပန်းမဆွဲရ။
၂။ ထုပ်မစွပ်ခင် ယက်မ မတင်ရ။
၃။ တိုင်တို (ထောက်တို) ကိုကြမ်းပေါ် မပိုစေရ။
၄။ ကြမ်းခင်းတိုင်တွင် ဝါးမတင်ရ။
၅။ ခေါင်လျှောက်ခွတင် မပြီးခင် ကြမ်းမဖောက်ရ။
၆။ တိုင်ထူရာတွင် တိုင်ချင်းမထိရ။
၇။ အိမ်ဆောက်မပြီးခင် ဝန်းမခတ်ရ။
၈။ ထုပ်၊လျှောက်၊ဒိုင်း၊မြှား၊ခါးပန်း တို့ုကို အလယ်တည့်တည့်တွင်မဆက်ရ။
၉။ အမျိုးမတူသော သစ်ချင်းမဆက်ရ။
၁၀။ အိမ်ဟောင်း၏ လျှောက်ပေါ်တွင် အိမ်သစ်၏လျှောက်ကို တင်၍မဆက်ရ။
တိုးတက်လာသောယနေ့ခေတ် အနေအထားအရ အထက်ပါအကြောင်းအရာတို့အား လုံးဝရှောင်ကျဉ်ရန်မဖြစ်နိုင်တော့ပါဘူး။
ဒါပေမယ့်လို့ ” ရှေးသုံးလည်းမပယ်နဲ့ ဈေးသုံးလည်းမကြွယ်နဲ့ ” စကားလိုမျိုးပါဘဲ။ နှစ်ပေါင်းများစွာတည်မြဲခဲ့တဲ့
မြန်မာလူမျိုးတို့ရဲ့ ဓလေ့ထုံးတမ်းတွေကို မျှဝေချင်တဲ့သဘောပါ။
ရှာဖွေတွေ့ရှိချက်များကို တင်ပြလိုက်ရပါကြောင်း
ငြိမ်းအေးလူ ဗေဒင်သုတေသီ