ကျွန်တော့်အနေနှင့် ဂါထာတွေ မန္တန်တွေနဲ့ပက်သက်တဲ့ Post တွေ ရေးတင်လေ့မရှိပါဘူး။ မိမိကိုယ်တိုင်ရွတ်ဆိုကြည့်ပြီးမှပဲ တကယ်အကျိုးဖြစ်ထွန်းမှုရှိမှလဲ ပေးလေ့ရှိပါတယ်။ ဘုရားရှင် ရဲ့ နှုတ်တော်ကမိန့်မြွက်တဲ့ တရားဓမ္မကလွဲလို့ပေါ့။
လွန်ခဲ့သောရက်က စာပေဟောပြောပွဲတစ်ခုမှာ ဆရာကျော်ဘိုဘိုဟိန်း(ပဲခူးရွှေမောဓောဘုရား အနောက်ရင်ပြင်)နှင့် တွေ့တော့ ဒီဂါထာတစ်ပုဒ်နဲ့ပက်သက်ပြီး စကားစမိကြသည်။ ဤဂါထာသည် နမက္ကရဘုရားရှိခိုး အမှတ်စဉ် ၁၀ လာဂါထာဖြစ်သည်။ ပုဂံခေတ် သက္ကရာဇ် ၅၅၈ ခုနှစ်တွင်ရေးထိုးထားသော ဖွားစောရွာ ဓမ္မရာဇိကဘုရားကျေက်စာတွင် ရေးထိုးထားသည်ကိုတွေ့ရသည်။
မည်သည့်အခက်အခဲမဆို မည်သည့်အပိတ်အဆို့အတားအဆီးကိုမဆို ပွင့်သွားစေနိုင်တဲ့သည့်အကြောင်းပြောဖြစ်သည်။ ကုသိုလ်ကံတွေပိတ်ဆို့နေခြင်း ၊ အလုပ်ကံတွေပိတ်နေခြင်း ၊စီးပွားရေးအတိုက်အခိုက်များပြီးပိတ်ဆို့နေခြင်း၊နိုင်ငံခြားသွားဖို့ပိတ်ဆို့နေခြင်း စတဲ့ပိတ်ဆို့နေတဲ့အရာတော်တော်များများကိုပွင့်စေနိုင်သည်။
ဆရာကျော်ဘိုဘိုဟိန်းက “တကယ်စွမ်းတယ်ငါ့ညီ လက်ထိတ်ကြိုးချည်ဆိုတာမျိုးတွေတောင် ထိုဂါထာအစွမ်းနဲ့ဖြေလို့ရတယ်” ဟု တဖွဖွပြောသည်။
မှန်သည်။ ကျွန်တော်ဆီမှာအိမ်ထောင်ဦးစီးထောင်ကျနေ၍ သောကမျက်ရည်ဝေနေရတဲ့အိမ်ထောင်ရှင်မတွေ၊ သားသမီး ထောင်ကျနေ၍သောကပင်လယ်ဝေရတဲ့ မိခင်တွေ ခဏခဏလာကြသည်။ အိမ်ထောင်ဦးစီး မတော်တဆကိစ္စရပ်တွေကြောင့်ထောင်တန်းကျနေပြီဆိုရင် ကျန်ခဲ့တဲ့မိသားစု စားဝတ်နေရေးဒုက္ခများရတာ အားလုံးအသိပင်။ အကျဉ်းကျနေသူတွေကို
ဒီဂါထာလေးရွတ်ဆိုဖို့ သူတို့ရဲ့သက်ဆိုင်သူတွေကနေတဆင့် ပေးလေ့ရှိသည်။ ခိုးဆိုးလုယက် လူသတ်ပြီးထောင်ကျနေသူတွေအတွက်ရည်ရွယ်ခြင်းမဟုတ်။
ဒီဂါထာက
ဓားခုတ်ရာလက်လျှိုသလိုဖြစ်ပြီးအကျဉ်းကျနေသူတွေ။ အချိုယာဉ်ချို့ယွင်းမှုကြောင့်ကားaccident ဖြစ်ပြီးထောင်ကျနေသူတွေ၊ နိုင်ငံရေးအကျဉ်းသားတွေ၊ အပြစ်မရှိဘဲထောင်ကျနေတဲ့ ကျောင်းသားတွေ။အဖိနှိပ်ခံအလုပ်သမားပြည်သူတွေဘက်က ရပ်တည်၍ အကျဉ်းကျနေသူတွေ စသည့်စသည့် အကြောင်းတရားတွေကြောင့်အကျဉ်းကျနေတဲ့လူပေါင်းများစွာ ဒီဂါထာလေးကိုရွတ်ဆိုပွားများသင့်သည်။ အမှန်တကယ်အစွမ်းထက်မြက်သည်။ ကုသိုလ်ကံတွေပွင့်လာပြီး မိမိရဲ့ပိတ်လှောင်တားဆီးခံရသည့်ဘဝမှအမြန်လွတ်မြောက်နိုင်သည်။
ဒါတင်ပဲလား။ မဟုတ်သေးပေ။
စာသင်သား၊ကျောင်းသားကျောင်းသူများ
ဉာဏ်မပွင့်လို့ စာတွေကျက်ရမှတ်ရခက်နေရင်ဒီဂါထာလေး သက်စေ့ရွတ်ပြီးမှစာကျက်ပါ။ ကံလမ်းပဲဖြစ်စေ၊ ဉာဏ်လမ်းပဲဖြစ်စေ
ဘဝတက်လမ်းမှာပဲဖြစ်စေ တားဆီးပိတ်ဆို့ခံရတာတွေ ပွင့်စေတဲ့ဂါထာတော်မြတ်ပါ။ ရှေးကဆရာကြီး
တွေဒီဂါထာတော်လေးကိုလက်သုံးပူဇော်ခဲ့ကြပြီး ဆရာစဉ်ဆက် လက်ဆင့်ကမ်းခဲ့ကြသည်။
ရှေးခေတ် ဘ.က ကျောင်း နေဖူးသူတွေ ဒီဂါထာကိုသိကြမှာပါ။မဟာနမက္ကာရ
ဘုရားရှိခိုးလို့ လူသိများပါတယ်။
နမကၠာရ ဘုရားရွိခိုးဆိုတာ
အဋ္ဌကထာကျမ်းပြုအကျော် ရှင်မဟာဗုဒ္ဓဃောသ
ဆရာတော်ကြီး သီဟိုကျွန်း စွယ်တော်တိုက်ရှေ့မှာ
ထိုင်တော်မူပြီး လက်တန်း စပ်ဆိုရှိခိုးတော်မူတဲ့
အပိုဒ်ပေါင်း၃၃ ပိုဒ်ရှိတဲ့ ဘုရားရှိခိုးကြီးပါ။
အဲဒီ ဘုရားရှိခိုး အပိုဒ် ၉ အရောက်မှာစွယ်တော်တိုက်
တံခါးကြီး တဂျုံးဂျုံးမြည်ဟည်းပြီးပွင့်သွားတယ်လို့ဆိုပါတယ်။
ရှေးသုူတော်ကောင်းတွေကတော့အပွင့်ဓာတ်ဖြစ်စေတဲ့
ဘုရားရှိခိုးလို့ သတ်မှတ်ကြပါတယ်။
“ဆရာရေ ….
လာဘ်တွေအရမ်းပိတ်နေလားမသိဘူး
ဘာလုပ်လုပ်အဆင်မပြေဘူး”ဆိုတာတွေ
နိုင်ငံခြားသွားဖို့လုပ်ထားတာကြာပြီဆရာ
နှစ်ပေါက်နေပြီ၊မသွားရသေးဘူး ..
နိုင်ငံခြားကံများပိတ်နေလားမသိဘူး” ဆိုတာတွေ
” လုပ်သက်လဲကြာနေပြီ ဆရာ အခုထိရာထူးမတိုးသေးဘူး။ ကျွန်တော်နောက်မှ အလုပ်ဝင်တဲ့သူတွေ ကျွန်တော့်ထက် ရာထူးမြင့်ကုန်ပြီ… ရာထူးတိုးမဲ့ကံတွေ
ပိတ်နေလားမသိဘူး….ဆရာရယ်” ဆိုတာတွေ
“အိမ်မှာကျက်ထားတာအကုန်ရတယ်ဆရာ
စာမေးပွဲခန်းထဲရောက်ရော ကျက်ထားတာတွေ အစဖော်လို့မရဘူး” ဆိုတာတွေ
“ငွေကံများပိတ်နေလားမသိဘူးဆရာ ငွေကမဝင်တဲ့အပြင် လက်ထဲရှိတဲ့ငွေလေးတောင် ဆီလိုအပေါက်ရှာပြီးထွက်နေတော့တာပဲ” ဆိုသူတွေ အတွက် ဒီဂါထာလေးက ရင်အေးစေမဲ့ အဆင်ပြေစေမဲ့ဂါထာလေးပါပဲ။
ဆိုတော့ကာ ဂါထာရဲ့ ပါဠိ ၊ အနက် နှင့် ဂါထာရဲ့ဖြစ်စဉ်သမိုင်းကြောင်းကိုသွားလိုက်ကြရအောင်……
နမက္ကာရ ဘုရားရှိခိုး အပိုဒ် ၉….ဖြစ်တဲ့
ဣစ္ဆာသယ အနန္တသိဒ္ဓိဂါထာပါဠိ
တဟႎ တဟႎ ပါရမိ သဥၥယံ စယံ
ဂတံ ဂတံ သဗ႓ိ သုခပ္ပဒံ ပဒံ။
နရာ နရာနံ သုခ သမ႓ဝံ ဘဝံ
နမာ နမာနံ ဇိန ပုဂၤဝံ ဂဝံ။
အနက် မြန်မာပြန်။
တဟိံ တဟိံ ဘဝေ= ထို ထို ဘဝကိုယ်တော်၏ဖြစ်ဖြစ်သမျှ၌။
ပါရမိ သဥ္စယံ စယံ =ပါရမီ အပေါင်းကို။
စယံ= ဆည်းပူးတော်မူတတ်ထသော။
သဗ႓ိ=သူတော်ကောင်းတို့သည်။
ဂတံ=ဆည်းကပ်အပ်ထသော။
သုခပ္ပဒံ=ချမ်းသာခြင်း၏ အဖို့ကို ဖြစ်စေတတ်ထသော
ပဒံ=နိဗၺာန္သို႕။
ဂတံ=ရောက်တော်မူပြီးထသော။
နရာ နရာနံ =လူနတ္တို႕၏။
သုခသမ႓ဝံ=ချမ်းသာခြင်း၏အကြောင်းကို။
ဘဝံ=ဖြစ်စေတော်မူတတ်ထသော။
ဂဝံ=နွားနှင့်တူသော သူမိုက်ကို။
ဇိနပုင်္ဂဝံ=(ဇိန ပုန်ဂဝံ) အောင်တော်မူတတ်သော
ယောင်္ကျားမြတ်ဖြစ်တော်မူသော
ျမတ္စြာဘုရားကို ။
အဟံ=အကျွန်ုပ်သည်။
နမေ နမာမိ=ရှိခိုးပါ၏။ ဟုအဓိပ္ပါယ်ရပါသည်။
အပွင့်ဓာတ်ရရှိလိုသူတိုင်း ရွတ်ပွားလေ့ရှိသောဂါထာဖြစ်သည်။သက်စေ့ သို့မဟုတ် ၄၉ခေါက်၊ပုတီး၁ပတ်အနေ ၁၀၈ခေါက် ရွတ်ဆိုနိုင်သည်။ အလိုရှိတိုင်း အောင်မြင်ပြီးမြှောက်နိုင်သည်။ပိတ်ပင်တားစီးခြင်းမှန်သမျှတို့အား ပွင့်စေ၊အောင်စေ၊နိုင်စေသည်။
ဉာဏ်ရှိသလို ပူဇော်နိုင်ကြပါစေ။
————————————————————-
နမက္ကာရဘုရားရှိခိုးသမိုင်း
သီလ ဂုဏ,် သမာဓိဂုဏ,် ပညာဂုဏ,် ဝိမုတ္တိဂုဏ,်ဝိမုတ္တိဉာဏဒဿနဂုဏ်တို့နှင့်တကွ ရူပဝိလာသ လက္ခဏာတော,် ဣဒ္ဓိဝိသယ တန်ခိုးတော် စသည်တို့ဖြင့် မွှန်း ထုံအပ်သော ကရုဏာတော်အရှင်မြတ်စွာဘုရား သခင်အား သဒ္ဓါညွှတ်ကျိုး ရှိခိုးပူဇော်ခြင်း “ဗုဒ္ဓဝန္ဒနာ”ကို ကာယပဏာမ, ဝစီပဏာမ, မနောပဏာမ မြောက် အောင် ကိုယ်တော်တိုင်ရှိခိုး ၍ အဆီး အတား ဘေးအန္တရာယ်များမှ ကင်းစေခြင်း, ရှင်လူအများ သူတစ်ပါးတို့အားလည်း ကိုယ်တော်မြတ်သိ့ုအဆီးအတားဘေးအန္တရာယ်မှကင်းစေလိုခြင်းအကြောင်းကြောင့်ဤနမက္ကာရ ဘုရားရှိခိုး ဂါထာတော်ကြီးများကိုဗုဒ္ဓမတညု အဋ္ဌကထာကျမ်းပြုအရှင် မဟာဗုဒ္ဓဃောသ မထေရ်မြတ်သည်ပင်ပြုစီရင်တော်မူအပ်လေသည်။ ထိုအရှင်မဟာဗုဒ္ဓဃောသ မထေရ်မြတ်၏ အဋ္ဌုပ္ပတ်အကျဉ်းကား …
အရှင်မဟာဗုဒ္ဓဃောသပဋိသန္ဓေယူခြင်း
သာသနာတော်နှစ် ၉၀၀-ခန့်ရောက်ရှိသော အချိန်တွင် သီဟိုဠ်ကျွန်း၌ သာသနာတော် အလွန်ထွန်းလင်းတောက်ပ စည်ပင် လျက်ရှိသည် ဖြစ်၍ ပိဋကတ်သုံးပုံပါဠိတော်နှင့် အဋ္ဌကထာများသည် မပျက်မစီး အပြည့်အစုံ သီဟိုဠ်ဘာသာအက္ခရာဖြင့် တည်ရှိလေ၏။ ဇမ္ဗူဒိပ်ကျွန်း၌မူကား အပြည့်အစုံတည်ရှိခြင်း မရှိသည်ဖြစ်၍ “ပိဋကတ်သုံးပုံပါဠိတော်နှင့် အဋ္ဌကထာများကို သီဟိုဠ်ဘာသာအက္ခရာ အရေးအသားမှ မာဂဓဘာသာ အက္ခရာအရေးအသားသို့ အဘယ်သူပြန်ဆို ကူယူနိုင်စွမ်းရှိပါလတံ့နည်း”ဟု ဇမ္ဗူဒိပ်ကျွန်းနေ မဟာထေရ်အများ စည်းဝေး တိုင်ပင်ကြပြီးနောက် တာဝတိံသာနတ်ပြည်သို့ ကြွရောက်တော်မူကြကာ ဃောသကအမည်ရှိသော နတ်သားကို
တွေ့မြင်သဖြင့် ဤနတ်သားကား ပိဋကတ်တော်ကို ပြန်ဆိုကူးယူနိုင်စွမ်းရှိရုံသာမက ဗုဒ္ဓမြတ်စွာသာသနာတော်ကိုလည်း အဓွန့်ရှည်စွာတည်စေနိုင်မည့်သူဟု အနာဂတံသဉာဏ်တော်ဖြင့် သိတော်မူသောကြောင့် ဃောသကအမည်ရှိသော နတ်သားအားအထက်နတ်ပြည်သို့ မတက်မူ၍ လူပြည်သို့ သက်ပြီးလျှင် သာသနာပြုရန်အလို့ငှာ သိကြားမင်းနှင့်တကွ မထေရ်တို့က တောင်းပန်ကြသဖြင့် ဃောသကနတ်သားသည် ပဋိညာဉ်မှုဝန်ခံခြင်းပြုပြီးနောက် မဟာဗောဓိပင်အနီး ဃောသကအမည်ရှိသော ပုဏ္ဏားကြီး၏ မယားကေသီမည်သော ပုဏ္ဏေးမ၏ ဝမ်းကြာတိုက်တွင် ပဋသန္ဓေ စွဲမှီတည်လေ၏။။
ဗေဒင်သုံးပုံနှင့် ပိဋကတ်သုံးပုံဆောင်နိုင်ခြင်း
တစ်နေ့သ၌ ဃောသကရွာတွင် မင်္ဂလာအလို့ငှာ“ လာကြပါ ထိုင်ကြပါ စားကြပါ သောက်ကြပါ “စသည်ဖြင့် ဆူညံသောအသံကိုပြု လျက် ကျွေးမွေးလှူဒါန်း ပေးကမ်းလျက်ရှိစဉ်အတွင်း ကေသီပုဏ္ဏေးမကြီးသည် ပဋိသန္ဓေကိုးလလွန်မြောက် ဆယ်လရောက်ခဲ့ သဖြင့် သားရတနာကို မီးရှူးသန့်စင်ဖွားမြင်ေလေ၏။ ထိုသတိုးသားငယ်ကို မင်္ဂလာကြွေးကြော်သံ ဆူညံနေစဉ်အတွင်း မွေးဖွားလာ ခြင်းကြောင့်၎င်း ဃောသကရွာကြီး၏ သားထူးသားမြတ်ဖြစ်သောကြောင့်၎င်း မင်္ဂလာသံနှင့် ရွာနာမံ ၂-ပါးကိုစွဲယူကာ “ဃောသက”ဟူသော အမည်ကို မှည့်ခေါ်ကြလေတော့သည်။
ထိုဃောသကသူငယ်သည် ပုဏ္ဏားဖြစ်သည့်အားလျော်စွာ ဗေဒင်အတတ်ကို သင်ကြားရာ ၇-နှစ်သားအရွယ်ကပင် တဖက်ကမ်းခပ် တတ်မြောက်လေ၏။ ဃောသကသူငယ်သည် ဗေဒင်အတတ်ကို တဖက်ကမ်းခပ် တတ်မြောက်သောကြောင့် ဗေဒင်မာန် တတ်ကြွကာ အရပ်ရပ်အရွာရွာသို့ လှည့်လည်သွားရောက်လျက် အချေအတင် ဗေဒင်စကားပြောကြားဆွေနွေးလေရာ “ရေဝတ”အမည်ရှိသော ရဟန္တာမထေရ်တပါးနှင့် တွေ့၍ အချေအတင်ဗေဒင်စကားကို ဆွေးနွေးပြောကြားအပြီး မထေရ်မြတ်က “ကုသလာဓမ္မာ- ကုသိုလ်တရားတို့ကား အဘယ်သည်တို့နည်း၊ အကုသလာဓမ္မာ- အကုသိုလ်တရားတို့ကား အဘယ်သည်တို့နည်း၊ အဗျာကတာဓမ္မာ- အဗျာကတ တရားတို့ကား အဘယ်သည်တို့နည်း”ဟု ပရမတ္တဝေဒ-မည်သော ဗုဒ္ဓမန္တာန်ကို မေးမြန်းလေ၏။
ထိုအခါသူငယ်သည် ပရမတ္တဝေဒ ဗုဒ္ဓမန္တာန်ကို သင်ကြားလို၍ ထိုရဟန္တာမထေရ်မြတ်၏ ထံတော်ပါး၌ ရှင်ရဟန်းပြုပြီးလျှင် နေ့စဉ်သင်ကြားရာ တစ်နေ့တစ်နေ့တွင် ပုဒ်ပေါင်း ခြောက်သောင်း နှုတ်တက်အာဂုံဆောင်နိုင် သရဇ္စျာယ်နိုင်သည်ဖြစ်၍ တစ်လတည်းဖြင့်ပင် ပိဋကတ်သုံးပုံ နှုတ်တက်အာဂုံဆောင်နိုင်သဖြင့် ပါရဂူရောက် တတ်မြောက်လေ၏။
သီဟိုဠ်ကျွန်းသို့ ပိဋကတ်ကူးစေလွှတ်ခြင်း
“တစ်နေ့သ၌ မြတ်စွာဘုရား ဟောကြားတော်မူအပ်သော ပိဋကတ်သုံးပုံ၌ ငါ၏အသိဉာဏ်က လွန်ကဲလေသလော ငါ့ဥပဇ္စျာယ်ဆရာ၏ အသိဉာဏ်ပညာက လွန်ကဲလေသလော”ဟု အရှင်ဗုဒ္ဓဃောသ တွေးတောကြံစည်သည်ကို ဥပဇ္စျာယ်ဆရာဖြစ်တော်မူသော အရှင်ရေဝတ မထေရ်မြတ်သည် စေတောပရိယအဘိညာဉ်ဖြင့် သိရှိတော်မူရကား “ငါ့ရှင် ဗုဒ္ဓဃောသ ပိဋကတ်စာပေမာန်တက်ကာ မသင့်တော်သည်များကို မကြံစည်လင့် ဝန်လေးလှဘိသည်” စသည်ဖြင့် နှိပ်ကွပ်ဆုံးမတော်မူ၏။ ထိုအခါ အရှင်ဗုဒ္ဓဃောသသည် ထိတ်လန့်ခြင်းသံဝေဂဖြစ်ပေါ်လာ၍ ဥပဇ္စျာယ်ဆရာအား ကန်တော့ဝန်ချတောင်းပန်လေ၏။
ဥပဇ္စျာယ်ဆရာလည်း “ငါ့ရှင် ဗုဒ္ဓဃောသ သင်သည် ဝန်လေးသောအကြံအစည်ကို ကြံစည်မိလေပြီ၊ သီဟိုဠ်ကျွန်းသို့သွား၍ သီဟိုဠ်ဘာသာ အက္ခရာဖြင့် ရေးသားတင်ထားအပ်သော ပိဋကတ် သုံးပုံကို မဂဓဘာသာ အရေးအသားဖြင့် ပြန်ဆိုရေးသား လေတော့၊ ယင်းသို့ ရေးသားသော် ငါသည်းခံအံ့”ဟု မိန့်တော်မူသောကြောင့် အရှင်ဗုဒ္ဓဃောသသည် သီဟိုဠ်ကျွန်းသို့ ပိဋကတ်တော် သွားရောက်ကူးယူရန် ဝန်ခံကတိပြုလေ၏။
သမုဒ္ဒရာအလယ် မထေရ်-၂ပါး ဆုံမိခြင်း
အရှင်ဗုဒ္ဓဃောသသည် သီဟိုဠ်ကျွန်းသို့ မကြွမီ ခမည်းတော်အား မိစ္ဆာဒိဋ္ဌိအယူမှလွတ်စေပြီးလျှင် ဥပဇ္စျာယ်ဆရာရှင်၏ စကားကို ဦးဖြင့်ခံယူကာ ပိဋကတ်တော်ရေးကူးရန် အလို့ငှာ ရွက်သင်္ဘောဖြင့် သီဟိုဠ်ကျွန်းသို့ ကူးတော်မူခဲ့၏။ သုံးရက်မြောက်သောနေ့တွင် သမုဒ္ဒရာအလယ်သို့ ရောက်လတ်သော် သီဟိုဠ်မှ ပိဋကတ်တော် ကူးယူခွင့်မရ၍ ပြန်ကြွလာသော “အရှင်ဗုဒ္ဓဒတ္တ”မထေရ်က
“ ငါ့ရှင် ဗုဒ္ဓဃောသ ငါသည် သီဟိုဠ်ကျွန်းတွင် ပိဋကတ်တော်ကို ကူးယူခွင့်ရရန်အလို့ငှာ ဇိနာလင်္ကာရ”ကျမ်းကို ရေးသားပြုစုပြသ၏။ သီဟိုဠ်ကျွန်းသား မထေရ်များက ငါရေးသားသော ကျမ်းကို «အနှစ်မဲ့ကျမ်း»ဟု မှတ်ထင်၍ ငါ့အား ပိဋကတ်တော် ကူးယူခွင့် မပြုကြပါ။ သင်မူကား ပိဋကတ်တော်အဖွင့် သံဝဏ္ဏနာကျမ်းတခု ပြုစုပြသ၍ ကူးယူခွင့်တောင်းပါ”ဟု မှာထားပြောဆိုပြီးလျှင် သိကြားမင်းဆပ်ကပ်အပ်သော သျှိသျှားသီးကို၎င်း သံကညစ်တံကို၎င်း ကညစ်သွေးရန်ကျောက်ကို၎င်း အရှင်ဗုဒ္ဓဃောသ မထေရ်အား ပေးအပ်လေ၏။
ပိဋကတ်တော် ကူးယူခွင့်ပေးခြင်း
အရှင်မဟာဗုဒ္ဓဃောသမထေရ်မြတ်သည် သီဟိုဠ်ကျွန်းသို့ မဟာနာမမင်းလက်ထက် သာသနာ (၉၃၀)နှစ်တွင် ရောက်တော်မူသော အခါ ဦးစွာပထမ သံဃပါလ”မထေရ်ကို ဖူးမြင်၍ ပိဋကတ်တော် ကူးယူရန် လာရောက်ကြောင်း လျှောက်ထားသဖြင့် သီဟိုဠ် မထေရ်များနှင့် သံဃပါလမထေရ်မြတ်က“ သီလေ ပတိဋ္ဌာယ နရော” စသော ဂါထာတစ်ပုဒ်ကို ပေးအပ်ကာ “ဤဂါထာအနက်ကို ပိဋကတ်သုံးပုံ ချောက်ခြားစေ၍ ဖွင့်ဆိုပါဦးလော”ဟု တိုက်တွန်းလေ၏။ အရှင်မဟာဗုဒ္ဓဃောသမထေရ်လည်း ထိုနေ့ည နေ့ချမ်းအချိန်မှစ၍ အဆိုပါဂါထာကို အစအဦးအမှူးထားပြီး ဝိသုဒ္ဓိမဂ်ကျမ်းကို ပြုစုရေးသားအပြီး ကျိန်းစက်တော်မူ၏။
သိကြားမင်းသည် မထေရ်မြတ်၏ ဉာဏ်ပဋိဘာန် သိလို၍ ရေးပြီးကျမ်းတစ်ဆူကို ကွယ်ထားလိုက်၏။ မထေရ်လည်းနိုးလာ၍ ကျမ်းကို မတွေ့သဖြင့် ဒုတိယအကြိမ်ပြုစု ရေးသားပြီး ကျိန်းစက်တော်မူ၏။ သိကြားမင်းလည်း ရှေးနည်းအတူ ကွယ်ထား လိုက်ပြန်၏။ မထေရ်လည်း နိုးလာ၍ ကျမ်းကိုမတွေ့သဖြင့် တတိယအကြိမ် ပြုစုရေးသားအပြီးတွင် သိကြားမင်း ရှေးကွယ်ထား သောကျမ်း ၂-ဆူကိုပြလေ၏။ နံနက်လင်းသောအခါ တစ်ညဉ့်တည်းပြုစုရေးသားသော ဝိသုဒ္ဓိမဂ်ကျမ်းသုံးဆူကို သီဟိုဠ်မထေရ် တို့အား ဆက်ကပ်ပြသ သဖြင့် တိုက်ဆိုင်ကြည့်ကြရာ တစ်လုံးတစ်ပါဒမျှ လွဲမှားခြင်းမရှိ တညီတညွတ်တည်းရှိသည်ကို တွေ့ကြရ၍ အလွန်နှစ်သက် သဘောကျသဖြင့် ပိဋကတ်တော် ပြန်ဆိုကူးယူခွင့်ပေးသော်လည်း ပိဋကတ်တိုက်ကြီးကိုကား ဖွင့်မပေးမူ၍ “သင့်အစွမ်းဖြင့် ဖွင့်၍ ကူးယူလေတော့”ဟု မိန့်ဆိုကြပြန်၏။
နမက္ကာရဘုရားရှိခိုးဖြင့် ပိဋကတ်တိုက် ဖွင့်ခြင်း
ထိုအခါ အရှင်မဟာဗုဒ္ဓဃောသမထေရ်သည် ပိဋကတ်တိုက် တံခါးဖွင့်ရန် မြတ်စွာဘုရားသခင်၏ ဂုဏ်တော် ကျေးဇူးတော် လက္ခဏာတော် တန်ခိုးတော်များနှင့်တကွ စရိယသုံးပါး စွန့်ခြင်းကြီး ငါးပါး ပါရမီတော် ဆယ်ပါး စသည်တို့ကို “သုဂတံ သုဂတံ သေဋ္ဌံ “စသော နမက္ကာရဘုရားရှိခိုး ဂါထာတို့ဖြင့် ဖွဲ့နွဲ့ရေးသား စီရင်ပြီးလျှင် ပိဋကတ်တိုက် တံခါးဝတွင် ထိုင်တော်မူလျက် နမက္ကာရ ဂါထာပါ အနက်အဓိပ္ပါယ်လာတိုင်း ဘုရားသခင်ကိုယ်တော်မြတ်ကြီးအား အာရုံပြု၍ နမက္ကာရဘုရားရှိခိုးဂါထာပါဌ်ကို ရွက်ဆိုလျက် ရှိခိုးရာ မဟာဗောဓိပလ္လင်တော်ဝယ် ထက်ဝယ်ဖွဲ့ခွေ နေတော်မူသော မြတ်စွာဘုရားအား မာရ်နတ်လာ၍ စစ်ထိုးသော အခါ ဆယ်ဖြာသော ပါရမီတော်ကို ဖြည့်ကျင့်ဆည်းပူးခဲ့သောကြောင့် ဤဗောဓိပင်နှင့် ပလ္လင်တော်ကို ရရှိပေသည် ဟု ပါရမီတော်ကို ညွှန်ကြားမှ မာရ်နတ်ရန် ပျက်ပြားသွားသကဲ့သို့ “တဟိံ တဟိံ ပါရမိ သဥ္စယံ စယံ”ဟူသော ပါရမီဂုဏ်တော်ညွှန်းသော ဂါထာတစ်ပုဒ်ကို ရွက်ဆိုမိသည်နှင့် ပိဋကတ်တော် တံခါးသည် အလိုအလျှောက် တဟိန်းဟိန်းမြည်လျက် ဟင်းလင်းပွင့် သွားပြီး ပိဋကတ်တော်ကို ကူးယူပြန်ဆိုရလေသတည်း။..
ဆရာငြိမ်းအေးလူ ဗေဒင်သုတေသီ
ကျမ်းကိုး
-မင်းလပြည့် (ဗုဒ္ဓ ပရိတ် ဂါထာ
မန္တန်ပေါင်းချုပ်သစ် )
-အရှင်ခေမိန္ဒ တိပိဋကနိကာယ
ကျောင်းတိုက်
( အရွင္မဟာဗုဒၶေဃာသေထရုပၸတၱိ)