loading

မှတ်မှတ်ရရ ကဆုန်လ

  • Home
  • Blog
  • မှတ်မှတ်ရရ ကဆုန်လ

ကဆုန္လ…….
ကစ္ဆိန္န = ကင်းပြတ်ခြင်း။ မမြဲ်ခြင်း အဓိပါ္ပယ်။
ဒါကြောင့်ပင် ဒီလကို ကဆုန်လ လို့ခေါ်တယ်။
မြေဓာတ်မှာ ရေးခန်းပြီး ရေပြတ်တဲ့လ၊
ရွက်ဟောင်းတွေဟာရိုးတံကနေ ကင်းပြတ်ကြပြီးရွက်နုတွေဝေတဲ့လ၊
အအေးဓာတ်တွေခမ်းခြောက် တဲ့လ။
” အနိစ္စာ ဝတ သင်္ခါရာ ၊ဆိုတဲ့မြတ်ဗုဒ္ဓဟောကြားတဲ့ အနိစ္စတရားတွေကို
ထင်ထင်ရှားရှားမြင်တွေရတဲ့လ။ “
” ဥပ္ပါဒ ဝယ ဓမ္မိနော၊ဆိုတဲ့ မြတ်ဘုရားဟောတဲ့ ဖြစ်ခြင်း နဲ့ ပျက်ခြင်း
ပက်ပင်းတွေ့နိုင်တဲ့လ။ “
အနိစ္စဆိုတဲ့ မမြဲတဲ့တရား။ ဥပ္ပါဒဆိုတဲ့ ဖြစ်တတ်တဲ့တရား။ဝယဆိုတဲ့ ပျက်တတ်တဲ့တရား။
ဒီလိုအမှန်တရားတွေကို မျက်ဝါးထင်ထင်သိမြင်နိုင်ဖို့
ဘုရားရှင်တိုင်း ဘုရားရှင်တိုင်းဟာ
” ကဆုန်လရဲ့ အလယ်ရှိ လပြည့်ဆိုတဲ့နေ့မှာပဲ၊
၁။ နိယတဗျာဒိတ်ခံယူတော်မူကြ၊
၂။ ဖွားမြင်တော်မူကြ၊
၃။ဘုရားဖြစ်တော်မူကြ၊
၄။ ပရိနိဗ္ဗာန်ဝင်စံတော်မူကြသတဲ့။
မြတ်ဗုဒ္ဓရဲ့ ဗောဓိပင်ကို ညောင်ရေလောင်း စုပေါင်းကုသိုလ်ယူကြတာလည်း ဒီလနဲ့ ဒီရက်ပါပဲ။
” ဗျာဒိတ်တော်ကြား၊ လောင်းတော်ဖွား၍၊
ဘုရားဖြစ်တုံ ၊ နိဗ္ဗာန်လှုံ၊
ကဆုန်ညောင်ရေသွင်း ။ ” ဆိုတဲ့ ကဆုန်လပြည့်နေ့ဟာ
လွတ်မြောက်ခြင်းကိုရှာဖွေသူတို့ရဲ့အမှတ် သင်္ကေတ ထူးမြတ်တဲ့ သမယမို့ ဒီနေ့ဒီရက်ကို တရားဓမ္မတွေနှလုံးသွင်းပြီး အကျိုးရှိအောင်အသုံးချစေချင်သည်။
ကဆုန်လပြည့်နေနှင့်တိုက်ဆိုင်စွာပင် ဒီPageလေးက တစ်နှစ်တင်းတင်းပြည့်လေပြီ။
တစ်နှစ်ပြည့်တဲ့အထိမ်းအမှတ်အနေနဲ့ ရော ကဆုန်လပြည့်နေ့အထိမ်းအမှတ်နဲ့ရော ဗုဒ္ဓယတြာလေးတစ်ခုပေးချင်ပါသည်။
ငယ်ရွယ်စဉ် ဗေဒင်ပညာသင်ယူစဉ်ကာလတုန်း
က ဆရာအရှင်ကကဆုန်လပြည့်နေ့မှာ မှတ်မှတ်ရရယတြာလေးတစ်ခုပြောပြဖူးသည်။ ဒီယတြာကို မိမိကိုယ်တိုင်အကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီး အဆိုးလောကဓံရိုက်ခတ်မှုတွေကို လျော့ပါးသက်သာစေခဲ့တာအမှန်တကယ်မြင်တွေ့ရသည်။ထိုယတြာကိုပဲ
ဗေဒင်ပရိတ်သတ်တွေကို ခဏခဏပေးခဲ့ဖူးသည်။
အောင်မြင်သွားကြတာ လက်တွေ့ပင်။ နှစ်ပေါင်းများစွာယတြာရဲ့အစွမ်းကို လက်တွေ့ ကြုံ ရ၊
တဆင့်အဆင်ပြေတယ်ကြားရတော့ ဒီ Pageက ဗေဒင်ချစ်မြတ်နိုးသူတွေကိုလဲ လက်ဆင့်ကမ်းမျှဝေချင်ပါသည်။ ဒီအကြောင်းရေးနေရင်းအတိတ်က ဆရာသခင်ပြောပြခဲ့တာကို မနေ့တစ်နေ့ကလိုပြန်မြင်လာသည်။
—————————————————————————–
ကဆုန်လပြည့်နေ့…..
မိုးကအုပ်ဆိုင်းလျက်…ဆရာသခင်ဆီ သွားကန်တော့ရန် မုန့်ထုပ်လေးဆွဲ ပြီး ဆရာအိမ်ကိုစောစောထွက်လာခဲ့သည်။
ဆရာခြံရှေ့ရောက်တော့ ဆရာဘုရားရှစ်ခိုးသံကို အတိုင်းသားကြားရသည်။
ဆရာကဘုရားတိုးတိုးရှိခိုးရင်မကြိုက်တတ်။ ခပ်ကျယ်ကျယ်ရှိခိုးခိုင်းသည်။
” ဒီလိုကွ ဘုရာ်းရှိခိုး ၊ပြီးတော့မေတ္တာပို့ အမျှဝေတယ်မဟုတ်လား အဲလိုအမျှဝေတဲ့အခါ မင်းအသံကတိုးနေရင် အမျှယူ သာဓုခေါ်ကြတဲ့သူတွေကြားမယ်ထင်လို့လား …အချို့အစွမ်းရှိတဲ့ပြိတ္တာတွေက
ကြားနိုင်ပေမဲ့ မကြားတဲ့သူကအများကြီးကွ။ အသံမထွက်ဘဲ အမျှဝေလို့အမျှမရကြတဲ့ပြိတ္တာတွေ မနည်းဘူးကွ”
ဆရာသခင်ကထိုသို့ဆုံးမခဲ့သည်။
အခုလဲဆရာ ဘုရားရှစ်ခိုးနေတာကိုခဏထိုင်စောင့်နေသည်။ ဆရာကတော်က မုန့်လုံးရေပေါ်လာချပေးသည်။ မြန်မာမုန့်ထဲတွင်အကြိုက်ဆုံးမုန့်ပါပဲ။ အားပါးတရစားဖြစ်သည်။
ဘုရားဆောင်တွင်လဲ ကြွေပန်းကန်အပြည့်မုန့်လုံးရေပေါ်အပြည့်ထည့်ပြီး အုန်းခြစ်စာလေးတွေဖွေးနေအောင်ဖြူးထား၏။ ဘုရားညောင်ရေအိုးသုံးအိုးလုံးတွင်လဲ ရွက်လှပန်းတွေကြီးပဲဝေနေအောင် ထိုးထား၏။
ဆရာအရှင်ဘုရားရှိခိုးပြီးတော့ ….ကျွန်တော်ပါလာသောမုန့်လေး ပန်းကန်ထဲထည့်ပြီး ကန်တော့ဖြစ်သည်။
ဆရာဆုပေးနေကြအတိုင်း
“ကောင်းသောလိုအင်ဆန္ဒတွေပြည့်ပါစေကွ “ဟုတိုတိုတုတ်တုတ်ပဲဆုပေးလေ့ရှိသည်။
“ဒီနေ့မင်းလာကန်တော့အတွက်မင်းကိုထူးထူးခြားခြားယတြာတစ်ခုပေးလိုက်မယ်။
မင်းကံမှာက ဆရာသခင်နဲ့လက်ထပ်သင်ရမဲ့ကံ
ံအရမ်းနည်းတယ်။ ဒါကြောင့်ပဲ မင်းကို
အခြားတပည့်တွေနဲ့မတူဘဲ ဖြတ်လမ်းနည်းတွေသင်ပေးခဲ့တယ်။
မကြာခင်ပဲမင်းအလုပ်ကိစ္စတွေနဲ့ ငါ့ဆီလာနိုင်အုန်းမှာမဟုတ်ဘူး။
ရောက်တဲ့နေရာမှာ ပညာယူပါ။ လူပေါင်းစုံရဲ့ကံတွေလေ့လာပါ။
အမှတ်မဲ့မနေပါနဲ့။ မိမိကိုယ်တိုင်ပဲ self
study လုပ်ပါ။ သုတေသနလုပ်ပါ”
“ဟုတ္ကဲ့ဆရာ ….ေလ့လာပါ့မယ္”
” ဒီနေ့ဘာနေ့လဲ .”
“ကဆုန်လပြည့်နေပါ့ဆရာ”
“ကဆုန်လပြည့်ကတော့ဟုတ်ပါပြီ နေ့ကရော”
“စေနေန႔ပါဆရာ”
“စနေရဲ့အထက်ဆောင်ပန်းကဘာတွေလဲ”
၄*
၁*
၅*
-၀-
” ၾကာသပေတး ၊တနဂၤေႏြ ၊ဗုဒၶဟူးပါဆရာ “
“အေး နှစ်တစ်နှစ်ရဲ့ ကဆုန်လပြည့်နေ့၊
ဘုရားရှင်ရဲ့မွေးနေ့တွေတိုင်း ကျရောက်နေတဲ့နေ့ရဲ့အထက်ဆောင်ပန်းတွေကို ဉာဏ်သင့်သလိုလှူ ဒါန်းရတယ်
ဒီနေ့ဟာ စနေနေ့ဖြစ်တဲ့အတွက် စနေနေ့ဖွားဘုရားတွေကိုရည်မှန်းလှူ ဒါန်းရတယ်ကွ
အခုပဲမင်းကြည့် ငါမုန့်လုံးရေပေါ်ကပ်တယ်။ အပေါ်ကနေအုန်းသီးခြစ်စာလေးတွေဖွေးနေအောင်ဖြူ းထားတယ်။ ဘုရားပန်းအိုးတွေကိုရွက်လှပန်းတွေကပ်လှူထားတယ်။ပြီးတော့ ပွင့်တော်မူပြီးသောစနေနေ့ဖွားဘုရားရှင်တွေရည်မှန်းပြီးကပ်လှူတယ်
အခုကဆုန်လပြည့်ကစလို့ နောက်နှစ်ကဆုန်လပြည့်မတိုင်ခင်ထိ စနေနေ့တွေမှာ လှူ ဒါန်းရမယ်ကွ
မုန့်လုံးရေပေါ် .၅
အုန်းသီး .၁
႐ြက္လွ .၄
လှူ ဖွယ်ပစ္စည်းကတော့ ဉာဏ်သင့်သလို စဉ်းစားပြီးလှူ လို့ရတယ်ကွ၊
လိမ္မော်သီး.၄+၅၊
အုန်းရည်.၁ ကပ်လှူမလား
လက္ဖက္.၄+၅၊
အုန်းသီးစိပ်.၁ ကပ်လှူမလား
ရွက်လှပန်း .၄၊
မေမြို့ပန်း .၅၊
အုန်းပန်း.၁ ကပ်လှူမလား
ကြိုက်ရာကပ်လှူလို့ရတယ် ။ ကပ်လှူ ရမဲ့နေကတော့ စနေနေ့တွေပဲ။ မနက်စောစောကပ်လှူပေါ့ကွာ
” စနေနေ့တိုင်းလုပ်ပေးရမှာလားဆရာ”
“စနေနေ့တိုင်း မဆိုလိုပါဘူး။ မိမိတို့လဲ အားမယ်။ အချိန်လဲရမဲ့ စနေနေ့မျိုးလုပ်ပေါ့။ အပတ်စဉ်စနေနေ့တိုင်း လုပ်နိုင်ရင်တော့
ကောင်းတာပေါ့
“ဆ၊ုဖွား၊ပွင့်၊စံ ဤလေးတန်မှတ်ရန်ကဆုန်လ” ဆိုတဲ့အတိုင်း ကဆုန်လပြည့်ဟာထူးခြားတဲ့နေ့တစ်နေ့ပဲ။
ဒီယတြာကို နောက်ကဆုန်လပြည့်မတိုင်ခင်ထိ စနေနေ့တွေမှာ ပြုလုပ်ပေးရမယ်။
ဆရာစဉ်ဆက်လက်ဆင့်ကမ်းလာခဲ့တဲ့ ယတြာပဲ ။
အရမ်းလဲစွမ်းတယ်။ ဆုတောင်းစရာတောင်မလိုဘူး။
ကောင်းတဲ့ ဆန္ဒတွေ တဖြည်းဖြည်းပြည့်လာလိမ့်မယ်
” နောက်နှစ်ကဆုန်လပြည့်ကစနေမဟုတ်ဘဲ ဗုဒ္ဓဟူးဆိုရင်ရောဆရာ “
“ဗုဒ္ဓဟူးနေ့ဖွား ဘုရားရှင်တွေကိုရည်မှန်းပြီး ဗုဒ္ဓဟူးရဲ့အထက်ဆောင်ပန်းတွေကို ဉာဏ်သင့်သလိုလှူပေါ့ကွ”
” နားလည္ပါၿပီ ဆရာ “
“ဒီနေ့ကဆုန်လပြည့်နေ့ကိုမအားလို့ ဆရာလို မလှူ
ဖြစ်ရင်ရောရလား “
“ရတာလေ ၊အားတဲ့စနေနေ့ဆိုရပြီလေ တစ်နှစ်မှာစနေနေ့တွေကြီးပဲ အနည်းဆုံးရက်ပေါင်း၅၀တော့ရှိတယ် ။မိမိအဆင်ပြေမဲ့စနေနေ့မျိုး
လုပ်ပေးပေါ့ကွာ…”
” ဟုတ္ကဲ့ပါဆရာ …. “
ဆရာကိုထပ်မံ ဦးချကန်တော့လိုက်သည်။
“ငါ့တပည့် ဝေဒပညာအစွမ်းနဲ့ ၇ရက်သားသမီးကို ကယ်တင်နိုင်သူဖြစ်ပါစေကွာ”
“ပေးတဲ့ဆုနဲ့ပြည့်ပါစေ”
************************************
ဒီနှစ်ကဆုန်လပြည့်လဲ စနေနေ့ပင်။ မည်သည့်နေ့သားမဆို ဘယ်အသက်အရွယ်မဆို လုပ်လို့ရသည့်ဗုဒ္ဓယတြာပင်။ ဗေဒင်ပညာနားလည်သူတွေအနေနှင့် ဒီယတြာက
“တနင်္လာသားအတွက်တော့ အောက်နင်းကြမ်းပဲ၊ တနင်္ဂနွေသက္ခတ်၊ တနင်္လာ သက္ခတ်ရောက်နေသူတွေအတွက် နိစ်ပြပဲဆိုတဲ့အတွေးမဝင်ပါနဲ့။
ကျွန်တော့်အနေနဲ့ နှစ်ပေါင်းများစွာ မိမိကိုယ်တိုင်လဲစီရင် ၊သူများတွေကိုလဲ ပေးခဲ့တဲ့ဗုဒ္ဓယတြာပါ။
မည်သည့် side-effectsမှ မရှိပါ။
ဘယ်လောက်ထိအဆင်ပြေအောင်မြင်သည်ကို စာနဲ့ရေးပြရရင် ဒီနေ့ဒီစာဆုံးမည်မဟုတ်ပါ။ လက်တွေ့ပြုလုပ်ကြည့်ပြီး ကောင်ကျိုးတွေများစွာ ရရှိနိုင်ပါလိမ့်မည်ဟုပြောကြားရင်း……..
ငြိမ်းအေးလူ(ဗေဒင်သုတေသီ)
Posted in Uncategorized

Leave a Reply

Your email address will not be published. Required fields are marked *