ကျွန်ုပ်သည် ဘားလမ်း (ယခုမဟာဗန္ဓုလ ပန်းခြံလမ်း) ထိပ်တွင် ဗေဒင်လက္ခဏာ ဟောပြောနေသည်ဟု ဖော်ပြခဲ့ပြီးဖြစ်၏။ထိုဟောပြောသောနေရာမှ အခန်းပိုင်ရှင်သည် လွန်စွာကောင်းပါသည်။ သို့ရာတွင် ထိုအိမ်ရှင်နှင့် ပတ်သက်သော ဧည့်သည်အချို့မှာ ကျွန်ုပ်၏ လုပ်ငန်းကို လွန်စွာ ဒုက္ခပေးပါသည်။ ကျွန်ုပ် ဗေဒင်လက္ခဏာ ဟောပြောနေစဉ် အတွင်း ထိုသူများသည် ရေဒီယိုကို ကျယ်လောင်စွာ ဖွင့်ခြင်း၊ သီချင်းကျယ်လောင်စွာဆိုခြင်း၊ တစ်ဦးနှင့်တစ်ဦး ကျယ်လောင်စွာ ငြင်းခုံခြင်း စသော လုပ်ရပ်များသည် ကျွန်ုပ် ဗေဒင်လက္ခဏာ ဟောပြော ခြင်းအတွက် အနှောင့်ယှက် များစွာဖြစ်စေပါသည်။
ထို့ကြောင့် “ဒီနေရာက ပြောင်းမှပဲ” ဟု စိတ်ထဲ၌ ဖြစ်ပေါ်ခဲ့၏။ ပြောင်းသည်ဆိုရာ၌ လွယ်ကူလှသည် မဟုတ်။ ကျွန်ုပ်အနေနှင့် ဆိုင်လခကို ထိုက်ထိုက်တန်တန် ပေးနိုင်သော်လည်း စပေါ်ကိုမူ မပေးနိုင်ပေ။ ပေးစရာလည်း မရှိပေ။ ထိုအချိန်၌မှာပင် မိတ်ဆွေတစ်ဦးက “ ဒီမှာ ဆရာမင်းသိင်္ခ ခင်ဗျားရဲ့ အလုပ်နဲ့ဆိုရင် (၃၂)လမ်းထိပ်က ကိုသက်တင်၊ ဒေါ်ဝတို့ရဲ့ အခန်းဟာ အကောင်းဆုံးပဲဗျ။ ခင်ဗျား ပြောကြည့်ပါလား ” ဟု ပြောရာ ကျွန်ုပ်က ထိုမိတ်ဆွေအား
“ဒီလိုရှိတယ်ဗျ။ ကျုပ်က လခကိုတော့ ကောင်းကောင်း မွန်မွန် ပေးနိုင်ပါတယ်။ စပေါ်က မတတ်နိုင်ဘူးဗျ။ ဒေါ်ဝဝကြီးကလည်း စပေါ်မရရင် ကျုပ်ကို ထားပါ့မလား ” ဟု ပြောရာ ထိုမိတ်ဆွေက“သေချာတာပေါ့ဗျာ။ စပေါ် မပေးနိုင်ရင်တော့ ဒေါ်ဝဝက လက်ခံမှာ မဟုတ်ဘူး။ သွားပြောလည်း စကားအဖတ် တင်ရုံ ရှိမှာပါဗျာ ” ဟု ပြောရင်း ထိုမိတ်ဆွေသည် ကျွန်ုပ်နှင့် လမ်းခွဲသွားလေ၏။ ကျွန်ုပ်သည် ဆူးလေးဘုရား ပန်းခြံထောင့်တွင် ထိုင်းရင်း မည်သို့ မည်ပုံပြုလုပ်ရမည်ကို စဉ်းစားနေ၏။ ထိုသို့ စဉ်းစားရာ ကျွန်ုပ်၏ စိတ်တွင်း၌လည်း အောက်ပါ အတိုင်း ရေရွတ်မိလေ၏။
“လူဆိုတာ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ အကြပ်အတည်း အခက်အခဲတွေ့မြဲပဲ။ ဒီလို အခက်အခဲ အကြပ်အတည်း တွေ့တဲ့အခါမှာ ငွေရှိတဲ့သူက ငွေနဲ့ပေါက်ပြီး အဲ့ဒီအကြပ်အတည်းက လွတ်အောင် ထွက်သွားလိမ့်မယ်။ အာဏာ ရှိတဲ့ သူကလည်း အာဏာနဲ့ ဖြေရှင်းသွားလိမ့်မယ်။ အသိုင်းအဝိုင်း ရှိတဲ့သူကလည်း အသိုင်းအဝိုင်းနဲ့ ဖြေရှင်း ပြီး သွားလိမ့်မယ်။ ငါ့မှာကတော့ ငွေလည်း မရှိဘူး။ အဲ့ဒီတော့ ဘယ်လိုလုပ်မတုံး။ အရေးကြုံရင် သက်လုံ ကောင်းရမယ် ဆိုတဲ့ စကားရှိတယ်။ ငါ့မှာ ဘယ်လိုသက်လုံမျိုးရှိသလဲ။ သြော် သတိရပြီ။ သြော် သတိရပြီ။ ငါ့မှာ သက်လုံကောင်းရှိတာပေါ့။
အဲ့ဒါက ဘာလဲဆိုတော့ “ပညာ”။ ဘယ်လိုပညာလဲဆိုတော့ အင်္ဂဝိဇ္ဇာပညာ။ ဒီပညာကို ငါလည်း ကျွမ်းကျွမ်း ကျင် ကျင် တတ်ထားတာပဲ။ ဘာဖြစ်လို့ အသုံးမချရမှာလဲ။ အသုံးချရမှာပေါ့။ အဲ့ဒီပညာမှာ “ သူ့ကိုနိုင်လို စာနဲ့ခို၊ လိုရာ ဆေးဖော်သုံးတဲ့။ “ ဆ ” ဆိုတာက ပညာရပ်စကားကို ပြောတာ။ အဓိပ္ပါယ်က “ ဆပွတ် ” တဲ့ ။ ဆပွတ်ဆိုတာ ခြောက်ခုမြောက် ဂြိုဟ်ကို ဆိုလိုတာ။
တနင်္ဂနွေသား” ရဲ့ “ ဆ ” ဟာ “ သောကြာ ” ။
သောကြာသား” ရဲ့ “ ဆ ” ဟာ “ ဗုဒ္ဓဟူး ” ။
ဗုဒ္ဓဟူးသား” ရဲ့ “ ဆ ” ဟာ “ တနင်္လာ ” ။
တနင်္လာသား” ရဲ့ “ ဆ ” ဟာ “ ကြာသပတေး ”
ကြာသပတေးသား” ရဲ့ “ ဆ ” ဟာ “ အင်္ဂါ ” ။
အင်္ဂါ သား” ရဲ့ “ ဆ ” ဟာ “ တနင်္ဂနွေ ” ဆိုပဲ။
အဲ့ဒီတော့ အဲ့ဒီ “ ဆ ” ကိုခိုပြီး ဒေါ်ဝကြီးဆီက တိုက်ခန်းကို ဌားအောင် လုပ်ရမှာပဲ။ အင်း……. ဘယ်လို လုပ်ရပါ မလဲ။ ငါ့ဆရာက ငါ့ကို သင်ပေးဖူးတယ်။ “ပဥ္ဓပွတ် ” နဲ့ မြား ၊ ဆပွတ်နဲ့ ဓား။ ပဥ္ဓပွတ်ဆိုတာ ငါးခု မြောက် ဂြိုဟ်ကို ပြောတာ . . . . .
တနင်္ဂနွေ ” ရဲ့ ပဥ္ဓပွတ်ဟာ “ ကြာသပတေး ” ။
ကြာသပတေး ” ရဲ့ ပဥ္ဓပွတ်ဟာ “ တနင်္လာ ”
တနင်္လာ ” ရဲ့ ပဥ္ဓပွတ်ဟာ “ သောကြာ ” ။
သောကြာ” ရဲ့ ပဥ္ဓပွတ်ဟာ “ အင်္ဂါ ” ။
အင်္ဂါ ” ရဲ့ ပဥ္ဓပွတ်ဟာ “ စနေ ”
စနေ ” ရဲ့ ပဥ္ဓပွတ်ဟာ “ ဗုဒ္ဓဟူး” ။
ဗုဒ္ဓဟူး ” ရဲ့ ပဥ္ဓပွတ်ဟာ “ တနင်္ဂနွေ ” တဲ့။
အဲ့ဒီတော့ ဒေါ်ဝဆိုတာက ဗုဒ္ဓဟူးသမီး။ ဗုဒ္ဓဟူးကို ပဥ္ဓပွတ်နဲ့ မျှားရမယ် ဆိုတော့ ဗုဒ္ဓဟူးရဲ့ ပဥ္ဓပွတ်ဟာ တနင်္ဂနွေ ဖြစ်တယ်။ ဒါကြောင့် ငါ့အိတ်ထဲမှာ အုန်းညွန့် ကလေးတစ်ခု ထည့်ပြီး သွားရမယ်။ ဆပွတ်နဲ့ ဓားဆိုတဲ့ စကားအရ ဗုဒ္ဓဟူးရဲ့ ဆပွတ်ဟာ တနင်္လာဆိုတော့ တနင်္လာနေ့ကို သွားမယ်။ သွားတဲ့အချိန်ဟာလည်း ဗုဒ္ဓဟူးရဲ့ ဆပွတ်အချိန် တနင်္လာအချိန်ကို သွားရမယ်။ အဲ့ဒါက ဗုဒ္ဓဟူးနေ့ရဲ့ ညနေ ၄ နာရီခွဲကနေ ၆ နာရီအတွင်းဖြစ်တယ်။ ဆပွတ်နေရာက ဗုဒ္ဓဟူးရဲ့ ဆပွတ်ဟာ တနင်္လာ ဆိုတော့ အရှေ့စူးစူးပဲ။ ဒေါ်ဝကြီးနဲ့ တွေ့တဲ့အခါမှာ ငါ ဟာ အရှေ့စူးစူး နေရာကထိုင်ပြီး သူ့ကိုစကားပြောမယ်။
ဒီပညာက ခိုင်လုံတဲ့ ပညာပဲ။ ပြီးရင် ဒီပညာဟာ ငါ့ရဲ့ သက်လုံဖြစ်တယ် ” ကျွန်ုပ်ဟာ အထက်ပါအတိုင်း ရေရွတ်ပြီးနောက် တနင်္လာနေ့သို့ရောက်သောအခါ၌ အိတ်ထဲတွင် အုန်းညွန်တစ်ညွန်ထည့်၍ ဒေါ်ဝကြီးထံ သွား၍တွေ့၏။ ဒေါ်ဝကြီးနှင့်တွေ့၍ ထိုင်သောအခါ၌လည်း ကျွန်ုပ်သည် အရှေ့စူးစူးက ထိုင်၍ ဒေါ်ဝသည် အနောက် စူးစူးက ရှိနေ၏။ ဒေါ်ဝသည် ကျွန်ုပ်ကို တွေ့လျှင်တွေ့ချင်း “ ထူးထူးခြားခြား ဆရာရောက်လာတယ်။ ဘာကိတ်” ဟု မေးလေ၏။ “ ကျုပ်ကတော့ ရှားမီးကိတ်ပေါ့ဗျာ။ လာတာကတော့ ကိတ်မုန့်စားဖို့ လာတာမဟုတ်ပါဘူး။
ကျုပ်က စကားလည်း သိပ်ပြီး မပြောတတ်ဘူး။ စကားပြောရင်လည်း ကြာကြာပြောတဲ့အခါ အမောက်မတည့် ဖြစ်လာတတ် တယ်။ ဒါကတော့ အဆန်းမဟုတ်ပါဘူး။ ကျုပ်တို့လို လူနုံလူအတွေဟာ အဲ့ဒီလိုဖြစ်တတ်ပါတယ်။ အဲဒီတော့ စကားပြောတဲ့အခါမှာ “ သူများလို လျှာမရှည် ငတေမာ၏ ” ဆိုတဲ့ စကားအတိုင်းပဲ တိုတိုနဲ့လိုရင်းပဲ ပြောတတ်ပါတယ်။ အဲဒီတော့ ဒေါ်ဝရေ မဖြစ်နိုင်ပါဘူးတို့၊ ဘယ်လိုက ဘယ်ချမ်းသာဆိုတဲ့ ဆင်ခြေမျိုးတွေ မပြောပါနဲ့ဗျာ။ ခင်ဗျားရဲ့ ဟောဒီအခန်းကလေးဟာ လူလည်း နေတာ မဟုတ်ဘူး။ စာအုပ်အဟောင်းတွေ ထားတဲ့ ဥစ္စာမဟုတ်လား။
ဒီအခန်း ကလေးမှာ ကျုပ် ဗေဒင်လက္ခဏာ ဆိုင်ဖွင့်ချင်တယ်ဗျာ။ စပေါ်တော့ တစ်ပြားမှ မပေးနိုင်ဘူး။ လခကတော့ ၁၅၀ မေးမယ်။ မနက်ဖြန်ကို ကျုပ်စားပွဲခုံတွေ ရွေ့လာတော့မယ် ” ဟု ပြောလိုက်ရာ ဒေါ်ဝက “ မနက်ဖြန်တော့ မလုပ်ပါနဲ့ ဆရာရယ်။ ဒီအချိန်ဟာ လူရှင်းတယ်။ အခုပဲ ရွေ့လိုက်ပါလား ” ဟု ပြောသဖြင့် ကျွန်ုပ်လည်း ချက်ချင်းပင် ရွေ့လိုက်တော့သတည်း။
ဤ နည်းကလေးသည် အဆန်းတကြယ်နည်း မဟုတ်ပါ။ ဘယ်လိုကိစ္စမှာ ဖြစ်ဖြစ် ဘယ်လောက် ခက်ထန်တဲ့ ခေါင်းမာတဲ့ လူနဲ့ပဲ ဖြစ်ဖြစ်၊ အရေးကြုံလို့ ပြောစရာရှိရင် ဒီနည်း ကလေးကို ကျွန်ုပ် အမြဲတမ်းလိုလို အသုံးပြုခဲ့ပါ သည်။ ယခုအချိန်အထိ လွဲချော်ချွတ်ယွင်းသွားသည်ဟု မရှိသေးပါ။ မိဘသဘောမတူသော ခိုးပြေးကြသော စုံတွဲများသည် မိဘထံပြန်လိုသောအါ၌ ကျွန်ုပ်ထံလာ ဤအကူအညီ တောင်းတတ်ပါသည်။ ကျွန်ုပ်သည် “ ပဥ္ဓပွတ်နှင့် မြား၊ ဆပွတ်နှင့် ဓား ” ဟူသည့် ဤနည်း ကလေးနှင့်ပင် ၎င်းတို့၏ မိဘများထံသွားရောက် ၍ နားဖောက်ရပါသည်။ အောင်မြင်သည်ချည်း သာ ဖြစ်လေ၏။
ထို့ကြောင့် ကျွန်ုပ်အကြောင်းကို မသိသော လူအတော်များများက “ မင်းသိင်္ခ ” အတော်စွမ်းတယ်” ဟု ပြောလေ့ရှိ ပါသည်။ အမှန်စင်စင် ကျွန်ုပ် မစွမ်းပါ။ အရေးကြုံလျှင် သက်လုံကောင်းစေဆိုသော စကားအတိုင်း ကျွန်ုပ်၌ နည်းကောင်း ရှိသောကြောင့် ဖြစ်၏ ။ ဤနည်းကို ယုံယုံကြည်ကြည်သုံးပါ။ ဤနည်းမှာ များစွာခက်သောနည်း မဟုတ်ပါ။ အောက်တွင် ဖော်ပြထားသော ဇယားကလေးကို သုံးမိနစ်လောက် ဖတ်ရှုလေ့လာလိုက်လျှင် မုချ တတ်ကျွမ်း သွားပါလိမ့်မည်။ ထိုသို့ တတ်ကျွမ်း သွားပြီးဆိုလျှင် ထိုနည်းကလေးသည် တစ်နေ့နေ့ တစ်ချိန်ချိန်၌ သင့်ဘဝအတွက် တန်ဖိုးမဖြတ်နိုင်သော အရာကလေးတစ်ခု မုချ ဖြစ်လာပေလိမ့်မည်။ ထိုအခါမျိုး၌ သင်သည် ကျွန်ုပ်အား မုချကျေးဇူးတင်ပေလိမ့်မည်။
သဗ္ဗေ သတ္တာ ကမ္မဿကာ
မင်းသိင်္ခ