
ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ တော်သလင်းလဆန်း(၁၄)ရက်၊ ကြာသပတေးနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၂ခုနှစ်၊စက်တင်ဘာလ(၈)ရက်နေ့လဲ ဖြစ်ပါတယ်။
ဒီနေ့နံနက်(၀၅း၀၈)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၅း၅၆)နာရီဖြစ်ပြီး ၊ ညနေ(၆း၁၄)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်ကတောင်အရပ် ဖြစ်ပါတယ်။
လက်သမားမြေခံ ဂဠုန် မြေခံဖြစ်၍ ကြီးပွားချမ်းသာရတတ်သော နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ တနင်္လာမြေခံတဲ့နေ့ဖြစ်ပါတယ်။ တနင်္လာမြေခံ ဖြစ်တဲ့အတွက် ဒီနေ့မှာ လုပ်ကိုင် လိုက်သော လုပ်ငန်းများမှန်သမျှ အကျိုးအမြက်ကြီးကြီးမားမားရရှိကြွယ်ခြင်း၊ ချမ်းသာခြင်း၊ စည်းစိမ်ဉစ္စာ တိုးပွား ခြင်းများ အထူးပင်ရရှိစေနိုင်တာကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုး တွေ အထူးဆောင်ရွက် သင့်ပါတယ်။
ဒီနေ့ဟာ ရက်ရာဇာ၊ရက်တံခွန်၊ရက်ကန်း ရက်ကျရောက်နေတာဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့လဆန်းတီထိ ၁၃လုံး အောင်မြင်မှုနှင့်ခံနိုင်ရည်စွမ်းအားတွေကိုပေးတဲ့ ဇယတီ ထိကျရောက် တဲ့နေ့ရက်ပဲဖြစ်ပါတယ်။ ဒါကြောင့်ဒီလိုနေ့မျိုးမှာတော့ကျန်းမာရေးနဲ့ပတ်သက်ပြီး ဆေးစစ်ခြင်းကိစ္စ အ၀၀ဆောင်ရွက် လို့ အဆင်ပြေ တတ်ပါတယ်။ ဆေးဝါးကုသခြင်းများလဲစတင်နိုင်ပါတယ်။ သစ်ပင်စတင်စိုက်ပျိုး ခြင်း၊မြေတူးဆွခြင်း မျိုးတွေတော့ရှောင်အပ်ပါတယ်။
ဒီလိုနေ့မျိုးဟာစက်မှုလက်မှုပညာများစတင်သင်ကြားခြင်းတွေ၊ယာဉ်စက်ကားရောင်းဝယ်ခြင်းတွေ၊ မြေ့သန့်မင်္ဂလာ ဆောင်ရွက်ခြင်း၊နေကဇာတင်ခြင်း၊ဆိုင်ခန်းသစ်ဖွင့်ခြင်းတွေဆောင်ရွက်လို့အထူးကောင်းပါတယ်။ ပြည်တွင်းပြည် ပအလုပ်အကိုင်အခွင့်အလမ်းများ စတင်ခြင်းတွေ၊အနုပညာအလုပ်များစတင်ဆောင်ရွက်ခြင်းတွေကောင်းပါတယ်။ ဇာတ်ကားသစ်စတင်မိတ်ဆက်ခြင်း၊တေးစီးရီသစ်စတင်မိတ်ဆက်ခြင်း၊စတုဒီယိုအခန်းများစတင်ဖွင့်လှစ်ခြင်းတွေ ဆောင်ရွက်နိုင်တဲ့နေ့ရက်ပဲဖြစ်ပါတယ်။
ခန္ဓာကိုယ်ကြံခိုင်ရေးအတွက်အားကစားလုပ်ခြင်းတွေ၊အဆီကျလိုသူများစတင်အဆီချလုပ်ဆောင် ခြင်းတွေ ဆောင်ရွက်သင့်တဲ့နေ့ပါပဲ။ မိမိကုန်ပစ္စည်းများ မိမိလုပ်ငန်းများကို စတင်ကြော်ငြာခြင်းများအထူးကောင်း ပါတယ်။ပြည်တွင်းကဖြစ်စေ၊ပြည်ပကဖြစ်စေဈေးကွက်အတွက်လိုအပ်သောကုန်စည်များ ဝယ်ယူသိုလှောင်ခြင်း များ အထူးဆောင်ရွက်လို့ကောင်းပါတယ်။ မူလဗီဇယုတ်ညံ့သူများ ဒီလိုနေ့မျိုးမှာ ယုတ်ညံ့တဲ့အပြုအမူတွေကိုလဲ ပြု လုပ်တတ်ပါတယ်။
ဒီလိုနေ့မျိုးမှာတော့ဘာလုပ်လုပ်သတိကပ်ပြီးလုပ်သင့်ပါတယ်။ ဆေးဝါးကုသခြင်းများ၊ဆေးဖော်ခြင်းများဆောင် ရွက်လို့ကောင်းပါတယ်။တစ်ဦးတစ်ယောက်ကို ယုံကြည်လွှဲအပ်ပြီးခိုင်းသောကိစ္စများ အမှားအယွင်းများတတ်ပါ တယ်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ည(22;14)နာရီမှ ည(23;05)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံ လာရ ပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာ မျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့ဟာရက်တံခွန်ရက်ကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ စီးပွားရေး၊လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့်အလုပ်ကိစ္စ ရေးရာအဖြာဖြာတွေမှာရေရှည်အောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်။
ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်ပေမဲ့ ရက်ကန်းဖြစ်တာကြောင့်် မင်္ဂလာယူပြီးလုပ်ရမဲ့ကိစ္စမှန်သမျှ ရှောင်နိုင်ရင် အကောင်း ဆုံး ပါပဲ။ လက်ထပ် ထိမ်းမြားခြင်း၊ စေ့စပ်ခြင်း၊ ဆောင်ရွက်လို့ မကောင်းသေးပါဘူး။ မျက်မြင် ကိုယ်တွေ့မဟုတ်ဘဲ တပါးသူပြောစကား နားဝင်ပြီးဆောင်ရွက်ပါက ဆုံးရှုံးခြင်းတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ ဘင်္ဂဖွား၊ မကာရစန်း၊ သိဟ်ရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာ မြင်အပ်မမြင် အပ်ပုဂ္ဂိုလ်တွေရဲ့အစောင့်အရှောက်ကိုရရှိနိုင်ကြသူတွေဖြစ်ပါတယ်။ ကူညီမဲ့သူ၊မစမဲ့သူတွေပေါ်တတ်ပါတယ်။ ဆွေမျိုးနီးစပ်ထဲက ချစ်လို့ခင်လို့ စောင့်ရှောက်တာ၊ကူညီတာ၊ထောက်ပံ့တာမျိုးတွေကြုံလွယ်ပါတယ်။ အားနည်းချက် က ငါသိငါတတ်သိပ်လုပ်ပါတယ်။ ငါဆရာကြီးဆိုတဲ့စိတ်ကြောင့် လုပ်ငန်းခွင်မှာလူမုန်းများတယ်။ တော်တဲ့ထက်တဲ့ အိမ်ထောင်ဘက်ကိုရပေမဲ့ ယောက္ခမတွေကိုရန်သူလိုသဘောထားတာကြောင့် အိမ်ထောင်ရေးသာယာဖို့က မိမိ သဘောထားကြီးမှသာအဆင်ပြေပါလိမ့်မယ်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၀၁း၃၅) နာရီမှ ညနေ(၀၃း၀၅)နာရီအတွင်း ကျ ရောက် နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူး ကောင်း ပါတယ်။
ဒီနေ့မှာ ကံကောင်းသောနေ့သားများ တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါ၊ သောကြာ သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ စနေ၊ ရာဟု သားသမီးများပဲဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ ဗုဒ္ဓဟူး၊ ကြာသပတေး သားသမီးများပဲဖြစ်ပါတယ်။
ဒီနေ့မှာ အပြာနုရောင် နှင့် ငွေရောင်၊မီးခိုးရောင် များများပါသော အဝတ်အစားအသုံးအဆောင်ပစ္စည်းတွေကို အထူး အလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ၇ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၂၊ ၉)ဂဏန်း တွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့သကြားလုံးငုံ သွားပါ။ ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ပူတင်း ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျဉ်း
တနင်္ဂနွေ
တွန်းတွန်းတိုက်တိုက်ကြိုးစားမှုတွေကြောင့် အရာရာရှေ့ ရောက်နေတတ်ပါတယ်။ အလုပ်တွေကိုလဲကောင်းစွာ ကြိုး စားအားထုတ်နိုင်ပါလိမ့်မယ်။ အရေးကြီးတဲ့ကိစ္စတွေကို အောက်လက်ငယ်သားတွေ၊ဝန်ထမ်း တွေဆီကအကြံဉာဏ်ယူ စေချင်ပါတယ်။ မိမိဝယ်ချင်တဲ့ လိုအပ်တဲ့ပစ္စည်းတွေ ၊တန်ဖိုးကြီးပစ္စည်းတွေကို ဒီနေ့ဝယ်လို့သင့်ပါတယ်။ ခရီးတို လေးတွေသွားမယ်ဆိုလဲသွားလို့သင့်ပါတယ်။ စိတ်ချမ်း သာရမဲ့နေ့ ရက်ပါပဲ။ စိတ်ကူးထားတာလေးတွေကိုလဲ အကောင်အထည်ဖော်လို့သင့်တဲ့နေ့ရက်ပါပဲ။ စိတ်ဓာတ်တွေ တတ်ကြွနေပါလိမ့်မယ်။ လုပ်ချင်တာတွေကို လဲ အချိန် မဆိုင်းဘဲ လုပ်မိနေတတ်ပါတယ်။
တနင်္လာ
လူများများနဲ့ အဖွဲ့အစည်းနဲ့သိုက်သိုက်ဝန်းဝန်းလုပ်လေ အဆင်ပြေလေပါပဲ။ တစ်ဦးတစ်ယောက်ထဲ ချွန်ထွက်ပြီး လုပ်တာမျိုးတွေကတော့ မသင့်တော်ပါဘူး။ ငွေရှာလို့ ကောင်းတဲ့နေ့ပါပဲ။ ပိတ်နေတဲ့လာဘ်တွေ ပြန်ပွင့်လာပါ လိမ့်မယ်။ အခက်အခဲတွေကိုကောင်းစွာကျော်ဖြတ်နိုင်ပါ လိမ့်မယ်။ ဝန်ထမ်းတွေခန့်အပ်တာ မျိုးဆောင်ရွက်သင့်ပါ တယ်။ အချစ်ရေး၊အိမ်ထောင်ရေးသာယာကြည်နူးစရာ ကောင်းတဲ့နေ့ရက်ပါပဲ။ ကြေငြာအလုပ်များ၊အွန်လိုင်း စီးပွား ရေး များ ပိုမိုအဆင်ပြေနိုင်ပါတယ်။ စိတ်ကူးအိပ်မက် တွေကို အကောင် အထည်ဖော်နိုင်ပါ လိမ့်မယ်။ ကျန်းမာရေး အညံ့တွေလျော့ပါးသက်သာခွင့်တွေရမဲ့နေ့ပါ။
အင်္ဂါ
အလုပ်တွေထဲမှာတော့ မိမိကိုချီးကျူးခံရတတ်ပါတယ်။ မိမိ မှာရှိတဲ့ဝန်ထုပ်ဝန်ပိုးတစ်ခုရှိရင် အဆင်ပြေသွားမဲ့ နေ့မျိုး ပါပဲ။ ခွဲစိပ်ကုသစရာတွေကြုံရင်တော့ဒီနေ့ကခွဲစိပ်လို့ အောင်မြင်တတ်ပါတယ်။တပည့်ရင်း၊လူယုံ ရလာတတ်ပါတယ်။ ခရီးနဲ့ပက်သက်ပြီးအဆင်ပြေရတတ်ပါတယ်။ စိတ် ထဲလိုချင်တဲ့ ဆုလဘ်တစ်ခုခု လက်တွေ့ရလာတတ်ပါတယ်။ အလုပ်သစ်ပဲဖြစ်စေ၊စိတ်ကူးသစ်ပဲဖြစ်စေ ဘာကိစ္စ ဖြစ်ဖြစ်အသစ်စမယ်ဆို ဒီနေ့ကအထူးသင့် လျော်တာကိုတွေ့ရ ပါတယ်။ အိမ်တွင်းရေးမှာတော့ ညီအကို မောင်နှမ တွေနဲ့ပတ်သက်ပြီးတော့ စိတ်ဝမ်းကွဲစရာကြုံနေရတတ်ပါ တယ်။ ကျန်းမာရေးအထူးကောင်းပါတယ်။
ဗုဒ္ဓဟူး၊ ၊ရာဟု
လိုရာဆွဲပြီးပြောတဲ့အထက်လူကြီးကြောင့်စိတ်ညစ်ရ တတ်ပါတယ်။ အခက်အခဲတွေကိုမိမိတတ်အား သလောက် ရင်ဆိုင်လိုက်ပါ။ အလုပ်တွေနဲ့ပတ်သက်ပြီးတော့လဲ အောက်လက်ငယ်သားတွေကို အားထားသင့်တဲ့နေ့ရက်ပါပဲ။ မိတ်ဆွေတွေက မိမိကိုလာရောက်ဒုက္ခပေးတတ်ပါ တယ်။ ပညာသင်ကြားရေးအပိုင်းမှာ နားမရှင်းတာတွေများနေ တတ်ပါ တယ်။ ငွေနဲ့ပက်သက်ပြီး ရင်းနှီးမြုပ်နှံမဲ့ စီးပွားရေးမျိုးကိုတော့ ဒီနေ့တတ်နိုင်သလောက်မလုပ်သင့်ပါဘူး။ အလုပ်မှာ စာရင်းဇယားကိုင်ရသူဆို သေချာ စီစစ်ပြီးမှအထက်ကိုတင်ပြပါ။ ရှန်းပြီး စာရင်း အမှားတွေလုပ် မိနေ တတ်ပါတယ်။
ကြာသပတေး
အလုပ်တွေကိုအားပြုလို့မရပါဘူး။ ပင်မအလုပ်ထက်ဘေး ပေါက်အလုပ်တွေက ပိုမိုအဆင်ပြေတတ်ပါတယ်။ ငွေကိုချွေတာလိုက်ပါ။ ငွေအပေးအယူကိစ္စများ စာရွက်စာတမ်း နဲ့သေချာလုပ်စေချင်ပါတယ်။ အချစ်ရေးကိစ္စတွေမှာ မိဘတွေကြောင့်ချစ်သူနှစ်ဦးဝေးရတတ်ပါတယ်။ ကျန်းမာရေ နဲ့ပတ်သက်ရင်တော့ သူများဆီကအဖျားကူးပြီး ဖျားနာတတ်ပါတယ်။ အနည်းငယ်စိတ်ပူပန်စရာလေးတွေကြုံရ တတ်ပါတယ်။ နိုင်ငံရပ်ခြားနဲ့ပတ်သက်သောကိစ္စများ အဆင်ပြေတယ်။ ရေမကူးသင့်တဲ့နေ့ရက်ပါပဲ။ စက်ပစ္စည်း ကို second hand ဝယ်မယ်ဆိုရင်တော့ ဒီနေ့မှာ မဝယ်စေချင်ပါဘူး။
သောကြာ
အဝေးကနေမိမိချစ်ခင်ရသူတစ်ဦးဦးပြန်လာတတ်ပါ တယ်။ တစ်စိမ်းတစ်ရံတွေနဲ့လုပ်ကိုင်ရတဲ့ အလုပ်တွေက အကျိုးပို ပေးနေတဲ့နေ့ရက်ပါပဲ။ ကုန်လှောင်၊ပစ္စည်းလှောင် တာမျိုးစတင်လို့အထူးကောင်း ပါတယ်။ ခရီးတိုလေး တွေသွားလို့ကောင်းပါတယ်။ စိတ်ရှည်ရှည်နဲ့ အလုပ်ထဲမှာအာ ရုံစိုက်လေအကျိုးပေးလေ ပါပဲ။ နိုင်ငံခြားခရီးများ ၊နိုင်ငံခြားနဲ့တိုက်ရိုက်ဆက်နွယ်သောအလုပ်များပိုမိုအကျိုးပေးနေ တာကိုတွေ့ရပါတယ်။ တရားမပြတ်ရှုမှတ်သူများ ဒီနေ့ဟာဉာဏ်စဉ်တွေတတ်လာနိုင်တဲ့နေ့ရက်ပါပဲ။ကျန်းမာရေး ကတော့ လက်ရှိခံစားနေတဲ့ဝေဒနာတွေ ပိုတိုးလာ တတ်ပါတယ်။သတိထားပါ။
စနေ
မိမိအတွက်ငွေကြေးပြဿနာတွေတတ်ရပါလိမ့်မယ်။ ချေး ငှားထားတာမျိုးရှိရင်တော့အကြွေးရှင်နဲ့ စကားအခြေ အတင်ပြောရတတ်ပါတယ်။ အလုပ်တွေကိုတော့ကောင်းစွာ ကြိုးစားခွင့်တွေကြုံရတတ်ပါတယ်။ မိမိကိုနေရာပေးပြီး တာဝန်ကြီးတွေခိုင်းစေတတ်ပါတယ်။ လက်ကားစီးပွားရေး လုပ်ငန်းများကတော့ ရောင်းမှားဝယ်မှားဖြစ်တတ်ပါတယ်။ ကုန်လှောင်ရင်အရှုံးများနိုင်တာကိုသတိချပ်ပါ။ ပညာ သစ်စသင်လို့ မသင့်တဲ့နေ့ရက်မျိုးပါပဲ။ ကျန်းမာရေးကတော့ ဗိုက်အောက်ဗိုက်နာသတိထားပါ။ အစာကြေရန်ခက်ခဲ တဲ့အစားအသောက်တွေရှောင်ပါ။ ဘာသာရေးလုပ်ငန်းများ အလေးပေးလုပ်ဆောင်ကြည့်လိုက်ပါ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695