loading

12.November .2022 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

  • Home
  • Blog
  • 12.November .2022 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ တန်ဆောင်မုန်းလဆုတ်(၅)ရက်၊ စနေနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၂ခုနှစ်၊နိုဝင်ဘာလ(၁၂)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၄၆)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆း၃၄)နာရီဖြစ်ပြီး ၊ ညနေ(၅း၃၆)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အနောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ဆင်မြေခံဖြစ်၍ သေကြေပျက်စီးရတတ်တဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ရှောင်သင့် ပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  သောကြာမြေခံတဲ့နေ့ဖြစ်ပါတယ်။ သောကြာမြေခံအရ ဥစ္စာပစ္စည်းရရှိခြင်း၊ချစ်သူ၊ မိတ်ဆွေပေါများခြင်းအကျိုးကိုရရှိစေသောကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေစတင်ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူး ဆောင်ရွက်လို့ရပါတယ်။သို့သော်သမားညိုရက်တွေနဲ့တိုက်ဆိုင်တာမို့ အချိန်အခါသေချာရွေးပြီးမှဆောင်ရွက်ပါ။

ဒီနေ့ဟာ အမြိတ္တစုတ်၊ သမားညို၊ ရှမ်းရက် ကျရောက်နေတာဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့  လဆုတ်တီထိ ၄လုံးဖြစ်ပြီးတော့ ဆေးစစ်ခြင်း၊ဆေးကုသမှုခံယူခြင်း များဆောင် ရွက်နိုင်ပါတယ်။ ဆေးကောင်းဝါးကောင်း တွေမှီဝဲခွင့်ရနိုင်သလို ၊သမားတော်ကောင်းတွေနဲ့လဲ တွေ့ကြုံရတတ်ပါ တယ်။ ရပ်ဝေးနှင့်ဆက်စပ်သော အလုပ်များ၊နိုင်ငံရပ်ခြားနှင့် ပက်သက်သောအလုပ်များ၊ နိုင်ငံခြားပိုင်ကုမ္ပဏီ အလုပ် များလဲ အထူးတိုးတတ် အောင်မြင်မှုတွေကို ကြုံရ တတ်ပါတယ်။

အိမ်အဟောင်းဖျက်ခြင်းတွေ၊ဆိုင်အဟောင်းဖျက်ခြင်းတွေအထူးဆောင်ရွက်နိုင်ပါတယ်။ မလွတ်သောသစ်ပင်များ ခုတ်လှဲခြင်းတွေဆောင်ရွက်နိုင်ပါတယ်။ မီးဖိုဆောင်ပြင်ဆင်ခြင်း၊အိမ်သာအသစ်တစ်ခုတူးဖော်ခြင်းတွေအထူး ဆောင်ရွက်လို့ကောင်းပါတယ်။

ဒီနေ့မှာကုန်စည်စီးဆင်းမှုနဲ့ပတ်သက်ပြီး အပြောင်းအလဲများရတတ်ပါတယ်။ဒီလိုနေ့ရက်မျိုးမှာ ရာသီဥတု တွေ ဖောက်ပြန်တတ်ပါတယ်။ ပညာစတင်သင်ကြားလို့ မကောင်းသေးပါဘူး ။ ပညာရှာခြင်း ၊ဆရာတင်ခြင်းများလဲ အထူးရှောင်သင့်ပါတယ်။ငွေကြေးစတင်ရင်းနှီးမြုပ်နှံခြင်းများအရှုံးပေါ်တတ်ပါတယ်။

ည၇နာရီမတိုင်ခင်ထိ အခက်အခဲပြဿနာတွေကို ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းလို့အထူးကောင်းပါတယ်။အနိဌ သဘောဆောင်တဲ့နေ့ရက်ဖြစ်တာကြောင့်လဲ မွေးမြူရေးအလုပ်များ၊ အရက်နှင့်ယာမကာလုပ်ငန်းများ၊ လောင်းကစားအလုပ်များအထူးဆောင်ရွက်နိုင်ပါတယ်။

ရှောင်သင့်တာတွေကတော့ အလုပ်အသစ်စတင်ခြင်းမျိုးဒီနေ့မှာရှောင်စေချင်ပါတယ်။ မိမိအတွက်လိုချင် နေတဲ့ငွေကြေးတွေကိုလဲ ချေးရငှားရခက်ခဲတဲ့နေ့ရက်လဲဖြစ်ပါတယ်။ လူကြီးမိဘတွေကိုအတိုက်အခိုက်မလုပ်ပါနဲ့ ။

            ယနေ့တွင် ဆန်ရေစပါးပေါများမည်။ လူအများတို့ ဘေးရန်ကင်းမည်။ ကိုယ်စိတ်နှလုံးအေးချမ်း၍ ချမ်းသာရမည်။ ပြဿနာအခက်အခဲများ ဖြေရှင်းရန် အခါသင့်သည်။ ရပိုင်ခွင့်များ ပြန်လည်တောင်းဆိုနိုင်သည်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့(၁၇း၅၈)နာရီမှ (၁၈း၅၀)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာ ခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွား တာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့ဟာအမြိတ္တစုတ်ရက်ကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ စီးပွားရေး၊လူမှုရေး၊ကျန်းမာ ရေး၊ ပညာရေးနှင့်အလုပ်ကိစ္စ ရေးရာအဖြာဖြာတွေမှာ ရေရှည်အောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်။ လောကီ အစီအရင် လုပ်ခြင်း၊ သိဒ္ဓိတင်ခြင်း၊အင်းဆွဲခြင်းများကို အလေးပေးဆောင်ရွက်နိုင်ပါလိမ့်မယ်။ ဂမ္ဘီရဆန်တဲ့ ကိစ္စတွေအတွက် ဆောင်ရွက်လို့အလွန်ကောင်းပါတယ်။

သမားညိုရက်ဖြစ်တာကြောင့် အိမ်ပြောင်းရွှေ့တာ၊ အလုပ်ဆိုင် ပြောင်းတာ၊ အလုပ်ရုံးခန်းပြောင်းတာ မျိုးတွေရှောင် အပ်ပါတယ်။ပညာစပြီးသင်ယူလို့မကောင်းသေးပါဘူး။ ခိုင်ခန့်သော၊ရေရှည်တည်တံ့သော အဆောက်အဦးတွေကို စတင်ဆောက်လုပ်တာ ၊တိုင်ထူတာ၊ပန္နက်ရိုက်တာ၊ မျိုးတွေလုပ်မိရင် အဆုံးမသတ် ဘဲတစ်ပိုင်းတစ ဖြစ်လွယ်ပါတယ်။

ရှမ်းရက်ကျတဲ့နေ့ဖြစ်တာကြောင့် မင်္ဂလာနှင့်ဆိုင်သောကိစ္စများအထူး ရှောင်သင့်ပါတယ်။ လက်ထပ်ထိမ်းမြားခြင်း၊ စေ့စပ်ခြင်း၊ မင်္ဂလာစကားပြောဆိုခြင်းများလဲ ရှောင်သင့်ပါတယ်။ ဒီနေ့ဟာခရီးကိစ္စတွေမှာတော့တောင်တတ် ခရီးများ၊တောတောင်ထဲကိုသွားရတဲ့ခရီးမျာကိုအထူးရှောင်လိုက်စေ ချင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  သိုက်ဖွား၊  မေထုန်စန်း၊  တူရာသီဖွားဖြစ်ပါ သည်။ဒီနေ့ မွေးသူများဟာအနည်းငယ်အတ္တ ကြီးကြသူတွေဖြစ်ပါတယ်။ လိုတာထက်ပိုပြီးတော့ ကြွားဝါတတ်တာကိုလဲ တွေ့ရတယ်။ ကောင်းတဲ့အချက်က လောက ကြီးကိုဒေါင်ကျကျ ပြားကျကျ နေနိုင်ကြသူတွေဖြစ်ပါတယ်။ လူအထင်ကြီးအောင်ဟိတ်ဟန်ထုတ်တတ်ကြသူတွေဖြစ် ပါတယ်။ ငယ်ရွယ်စဉ်ကံခေတတ်ပေမဲ့ အသက် ၃၀ဝန်းကျင်ကစလို့ ကံမြင့်မားလာတတ်ပါတယ်။ ကံဆိုးတဲ့အချက်က မည်သည့်ဘာသာဝင်ဖြစ်ပါ စေ..မိမိပို င်ဆိုင်မှုတွေကို ဒါနပုံမှန်မလုပ်ရင် ဆေးဖိုးနဲ့ပြန်ကုန်သွားတတ်ပါတယ်။အလှူဒါန အားကောင်းလေ အချမ်းသာဆုံး ဘဝကို ရလေပါပဲ။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၈း၅၉) နာရီမှ နံနက်(၁၀း၂၄)နာရီအတွင်း ကျရောက် နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်း ပါတယ်။

ကံကောင်းသောနေ့သားများကတော့ စနေ၊ ဗုဒ္ဓဟူး၊ ရာဟု သားသမီးများပဲ ဖြစ်ပါတယ်။           

ကံညံ့သော နေ့သားများကတော့ တနင်္လာ၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ အင်္ဂါ၊ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ သနပ်ခါးရောင် နှင့် အစိမ်းရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်းများကို အထူးအလေးထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းများကို ရရှိခံစားနိုင်ပါလိမ့်မည်။  

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၉၊ ၄) ဂဏန်းများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ခရမ်းချဉ်သီးသုပ်စား သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ကန်ဇွန်းရွက်ကြော် ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျယ်ကို နားဆင်လိုသောဗေဒင်ချစ်ပရိသတ်များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

   ✍️ငြိမ်းအေးလူ(ဗေဒင်သုတေသီ)

Posted in Uncategorized

Leave a Reply

Your email address will not be published. Required fields are marked *