loading

ဒီနေ့မွေးရင်သွေးငယ်များ (18.Feb.2023)

  • Home
  • Blog
  • ဒီနေ့မွေးရင်သွေးငယ်များ (18.Feb.2023)

ဒီနေ့မွေး ရင်သွေးငယ်များဟာ  သိုက်ဖွား၊  မကာရစန်း၊ ဥတ္တရာသဠ်နက္ခတ်နဲ့စန်းယှဉ်ပြီးမွေးဖွားသူ၊ဗျာတိပါတယုဂ်၊ ကုမ်ရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာ အများအားဖြင့် အားနာတတ်သူများဖြစ်ကြပါတယ်။ သနားတတ်သူတွေ ဖြစ်ကြ တယ်။ ငွေကြေးကံအားကောင်းကြပြီး သာမန်ရိုးကျ မဟုတ်သော ငွေကြေးတွေဝင်လာတတ်ပါ တယ်။ ရပ်ဝေး မှာအခြေချခေါင်းချရသူတွေဖြစ်ပြီးတော့ လူမျိုးခြား၊ဘာသာ ခြား တွေနဲ့ အထူးအကျိုးပေးပါတယ်။ အစုစပ် အလုပ် ထက်တစ်ဦးပိုင်အလုပ်တွေကသာ ပိုကောင်းပါတယ်။ အသက် ၂၈နောက်ပိုင်းကာလတွေရောက်ရင်တော့ ကိုယ်ပိုင် အလုပ် ကိုစလုပ်တာက အကောင်းဆုံးပါပဲ။နိုင်ငံခြားမှာ အခြေချဖို့ ရည်ရွယ်နေတဲ့မိဘများကတော့ ဒီနေ့မွေးရင်သွေး ငယ်ဟာ နိုင်ငံခြား၊ရပ်ဝေးကံလဲ ကောင်းတာမို့ စိတ်ပူကြဖို့မလိုပါ ဘူး။ ကျန်းမာရေးကတော့ ကျောက်တည်တာမျိုး၊ ကျီးပေါင်းရောဂါမျိုးတွေဂရုစိုက်သင့်ပါတယ်။

ဥတ္တရာသဠ် နက္ခတ်နှင့် ယှဉ်၍ မွေးဖွားသဖြင့် ဒီနေ့မွေးကလေးများသည် မိတ်ဆွေပေါတတ်သည်။ ကိုယ်လုံးကိုယ်ထည် ကြီးထွားတတ်သည်။ စည်းကမ်းကြီးမည်။ ချမ်းသာသလို နေတတ်မည်။ ရဲရင့်မည်။ အောင်ပွဲအမျိုးမျိုးရတတ်သည်။ လူကြီးလူကောင်း ဆန်သည်။ ဆုံးမလွယ်သည်။ ဘာသာရေးကိုင်းရှိုင်းသည်။ မိတ်သင်္ဂဟများနှင့် ဝိုင်းရံနေမည်။ သစ္စာရှိမည်။ လှပချောမောသည်။ နှစ်ခြိုက်စရာပင်ဖြစ်တတ် ပါသည်။ အပေါင်းအသင်းပေါများခြင်း၊ ကိုယ်ခန္ဓာတုတ်ခိုင် ထွားကျိုင်းခြင်း၊ နေရာတိုင်း၌ အနိုင်ရရှိသူဖြစ်ခြင်း။ သုခချမ်းသာရှိခြင်း၊ ရဲစွမ်းသတ္တိရှိခြင်း၊ ယဉ်ကျေးသိမ်မွေ့သူ ဖြစ်တတ်ပါသည်။

တနင်္လာဂြိုဟ်သည် အတွေးအမြင် အသိဉာဏ်ပညာ၊ စိတ် နှလုံး၊ နားလည်းသဘောပေါက်ခြင်း စသောသဘော ပရိယာယ်များကို ကြီးစိုးပြီး၊ မကာရရာသီအိမ်ရှင် စနေဂြိုဟ်သည် အမြော်အမြင်ကြီးခြင်း၊ ဇွဲလုံ့လဝီရိယရှိခြင်း၊ သဘော ပရိယာယ်များကို ကြီးစိုးသည်နှင့်အညီ  နက်နဲသော အသိဉာဏ်ရှိပြီး၊ အရာရာ တိုင်းကို နက်နက်နဲနဲစဉ်စားတွေး တောပြီး ချိန်ဆတတ်သည့်သဘောရှိ သည်။ ၎င်းပြင် နက်နဲခက်ခဲသော ရှေးဟောင်းအတတ်ပညာရပ် များ၊သိပ္ပံ ပညာ ရပ်များ၊ နိုင်ငံခြားဘာသာရပ်များကို ဇွဲ၊ လုံလဝီရိယဖြင့် နက် နက်နဲနဲ လေ့လာလိုက်စားတတ်ပြီးအလွယ်တကူ နားလည် သဘော ပေါက်ကာ တတ်မြောက်တတ်ခြင်းရှိသည်။

စိတ်အာပေါဓာတ်နှင့် သနားညှာတာခြင်း၊ ချစ်ခင်ကြင် နာခြင်းဖြောင့်မတ်မှန်ကန်ခြင်း၊ သစ္စာရှိခြင်းစွန့်ကြဲခြင်းလှူ ဒါန်း ပေး ကမ်းခြင်းစသည့်သတွဂုဏ်ကို ပိုင်ဆိုင်သော တနင်္လာဂြိုဟ် (လမင်းခေါ်စန်းသည် သူတစ်ပါး၏ဝန်ကို ထမ်းဆောင် ခြင်း၊ ခွင့်လွတ်ခြင်း သဘော ပရိယာယ်များကို ကြီးစိုးသည့် စနေဂြိုဟ်ပိုင်သော ရေပြည့် သော ရာသီဖြစ်သည့် မကာရ ရာသီတွင် ရပ်တည်နေစဉ် မွေးဖွားသော ဇာတာရှင်အနေဖြင့် ရိုးသာဖြောင့်မတ်ပြီး၊ အများ၏ ကောင်းကျိုးကို အနစ်နာ ခံ၍ဆောင်ရွက်လုပ်ကိုင်တတ်သည်။ လှူဒါန်း ပေးကမ်းမှု၌ရက်ရောတတ်သည်။ အပေါင်းအသင်းများကို ကျွေးမွေးရာ ၌ ရက်ရောတတ်သည်။

တနင်္လာဂြိုဟ်သည် စိတ်နှလုံး၊ နာမည်ကောင်းခြင်းကျော်စော ခြင်း၊ လမ်းလျှောက်ခြင်း၊ ခရီးသွားခြင်းကို ကြီးစိုးပြီး မကာရရာသီသည် စရရာသီ၊ ရေရာသီ၊ သမင်ခေါင်းနှင့် ငါးကိုယ်ပုံရုပ်ရာသီဖြစ်ပြီးရာသီအိမ်ရှင် သခင် စနေဂြိုလ်သည် ဇွဲလုံ့လဝီရိယစွဲမြဲခြင်း၊ ခေါင်း မာခြင်း၊ ကာမဂုဏ်ကို ကြီးစိုးသည်နှင့်အညီ ဇာတာရှင်အနေ ဖြင့် စိတ်ဓာတ်ပြင်းထန်ပြီး စိတ်လှုပ်ရှားမှုများတတ်ကာ တစ်နေရာတည်း တွင် အငြိမ်မနေဘဲ အမြဲတမ်းလှုပ်လှုပ်ရှားရှားနှင့် သွားလာနေထိုင်တတ် သည်။ အတိုက်အခိုက်အပြိုင်အဆိုင်၌ ဝါသနာပါတတ်ပြီး လုပ်ငန်းတာဝန်များကို ဇွဲလုံ့ လဝီရိယအပြည့်ဖြင့် အင်တိုက် အားတိုက်ဆောင် ရွက်လုပ်ကိုင်တတ်သည်။ မိမိ ရည်မှန်းချက်အတိုင်း ဖြစ်မြောက်အောင် ဆောင်ရွက်လုပ်ကိုင် တတ် သည်။

သင့်ဘဝအတွက် အရေးပါသောဂဏန်းမှာ ကိုးနှင့် ၎င်းကို ဖြစ် ပေါ်စေသောဂဏန်းတွဲများဖြစ်ပါသည်။ တနှစ်တာ အတွင်း မည်သည့် လတွင်မဆို ၉၊ ၁၈၊ ၂၇ ရက် တို့တွင် အရေးကြီးသောကိစ္စများကို ဆောင်ရွက်သင့်လှသည်။ အကျိုးပေးအရောင်များမှာ ကြက်သွေးရောင်အမျိုးမျိုး ၊အနီရောင်များဖြစ်သည်။ကံကောင်းစေမည့် ကျောက်မျက် ရတနာ တို့မှာ ပတ္တမြားနှင့် အနီရောင်ကျောက်များ ဖြစ်ကြပါသည်။ သည်သင့်ဘဝ တသက်တာတွင် အမှတ်ထင်ထင် ဖြစ်ရပ်များနှင့် ကြုံတွေ့တက်သော အသက်ပိုင်းများမှာ ၉၊ ၁၈၊ ၂၇၊ ၃၆၊ ၄၅၊ ၅၄၊၆၃၊ ၇၂ နှင့် ၈၁ တို့ဖြစ် သည်။တနှစ်တာအတွင်း မည်သည့်လတွင်မဆို သုံးနှင့်ကိုးဂဏန်း ရသူများနှင့် ဘဝတလျှောက်လုံး နီးစပ် နေကြရပါလိမ်မည်။

ဒီနေ့မွေးသူများကို နာမည်ရွေးချယ်ရာတွင်တော့ စနေအစ  အင်္ဂါအဆုံး နာမည်နဲ့ စနေအစ သောကြာအဆုံး နာမည် တွေကို အထူးရှောင်သင့်ပါတယ်။ ဥပမာ-ထက်မြတ်စိုး၊တင်ထူးစံ၊ထွေးနုညို၊တင်တင်ညို၊ ဓနသစ်၊တိုင်းကျော်ဟန်၊ နွေးရွက်သစ် စတဲ့နာမည်မျိုးတွေရှောင်ရမှာ ဖြစ်ပါ တယ်။

ဒီနေ့မွေးရင်သွေးငယ်များအားလုံး ကျန်းမာချမ်းသာ၊အသက်ရှည်ပြီး၊ဥာဏ်ပညာနှင့်ပြည့်စုံသော သားသားမီးမီးများဖြစ် ကြပါစေ။မိဘကအားကိုးရသော၊တိုင်းပြည်က အားကိုးရသော ရတနာလေးတွေ ဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်း အပ်ပါတယ်။

#ဩဘာမိုး -(မိသားစုဗေဒင်အကြံပေး)

09775555695

Posted in Daily Consult

Leave a Reply

Your email address will not be published. Required fields are marked *