loading

26.February .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

  • Home
  • Blog
  • 26.February .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ တပေါင်းလဆန်း(၈)ရက်၊ တနင်္ဂနွေနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဖေဖေါ်ဝါရီလ(၂၆)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅:၃၁)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆:၁၉)နာရီဖြစ်ပြီး ၊ ညနေ(၅:၅၁)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက် တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ဒွန်းစဏ္ဍား မြေခံဖြစ်၍ ဆင်းရဲဒုက္ခများ ကြုံတွေ့ရတတ်သော နေ့ဖြစ်တာကြောင့် ပျဉ်ထောင် အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ရှောင်သင့်ပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  ရာဟုမြေခံတဲ့နေ့ဖြစ်ပါတယ်။ ရာဟုမြေခံအရ ရန်အနှောက်အယှက်များပေါများခြင်း၊ ခိုက် ရန်ဖြစ်ခြင်း၊ အချုပ်အနှောင်ခံရတတ်ခြင်း စသောအကျိုးကို ရရှိစေသောကြောင့် ခိုင်ခန့်သော အဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင်ဆောက်လုပ် တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ အထူးရှောင်သင့်ပါသည်။

ဒီနေ့ဟာ ရက်ရာဇာ၊ရက်တံခွန်၊အမြိတ္တစုတ်ရက် ကျရောက်နေတာ ဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ လဆန်းတီထိ(၇)လုံး ကောင်းကျိုးဖြစ်ထွန်းစေခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက်နေပါ တယ်။ ဒါကြောင့်ပဲဒီလိုနေ့မျိုးမှာ ကျက်သရေမင်္ဂလာရှိအောင်နေထိုင်လေကံကောင်းလေပါပဲ။ သမ္မာ အာဇီဝဖြင့် အသက်မွေးခြင်းတွေ၊ သုစရိုက် ဆယ်ပါးဖြည့်ကျင့်ခြင်းတွေလဲ ဆောင်ရွက်နိုင်တဲ့နေ့ရက်ပါပဲ။

 ဘုရားပင့်ဆောင်ခြင်း၊ ဘုရားနေကဇာတင်ခြင်းတွေ၊ဘုရားပုံတော် ကားချပ် တွေကို ချိတ်ဆွဲပူဇော် ခြင်းတွေအထူး ကောင်းပါတယ်။ မိမိပြောစရာ၊တောင်းဆိုစရာတွေကို မင်းအစိုးရထံ တောင်း ဆိုခြင်း၊ အထက်လူကြီး၊အလုပ်ရှင်၊ မိဘတွေဆီကတောင်းဆိုခြင်းတွေအထူးကောင်းပါတယ်။ ကျန်းမာရေးနှင့်ပက်သက်သောကိစ္စများအတွက်လဲ အလေးပေး ဆောင်ရွက်လို့ကောင်းပါတယ်။ ဆေးဝါးကုသခြင်း၊ ဆေးစစ်ခြင်းတွေဆောင်ရွက်နိုင်ပါတယ်။

ယာဉ်ကားနှင့်ပတ်သက်သော အလုပ်များ၊စက်ကားယန္တရားငှားရမ်းတဲ့အလုပ်များအထူးကောင်းပါတယ်။ မိမိလုပ်ချင် တာ တွေကို အားထည့်လုပ်ဆောင်သွားနိုင်ပါလိမ့်မယ်။လက်ရှိအလုပ်တွေကို ထပ်ချဲ့တာ၊ဆိုင်ခွဲဖွင့်တာ မျိုးတွေကောင်း ပါတယ်။စာရေးခြင်း၊ ကဗျာရေးခြင်း၊ သီချင်းစပ်ခြင်း၊ ပန်းချီဆွဲခြင်း၊ပန်းပုထုခြင်း စတဲ့အနုပညာဖန်တီးမှုတွေကို ဆောင်ရွက် နိုင်တဲ့ နေ့ရက်လဲဖြစ်ပါတယ်။

ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်တာကြောင့်လောကီမင်္ဂလာကိစ္စတွေဖြစ်တဲ့လက်မှတ်ထိုးခြင်း၊ စေ့စပ် ခြင်း၊ မင်္ဂလာ  စကားပြောခြင်းများအထူးဆောင်ရွက်နိုင်ပါတယ်။ကြီးကျယ်စွာမင်္ဂလာအခမ်းအနားကျင်းပခြင်းတွေကိုလဲ ဆောင်ရွက်နိုင်ပါလိမ့်မယ်။

ဒီနေ့ဟာရက်တံခွန်ရက်ကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ စီးပွားရေး၊လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့်အလုပ်ကိစ္စ ရေးရာအဖြာဖြာတွေမှာရေရှည်အောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်။

ဒီနေ့ဟာအမြိတ္တစုတ်ရက်ကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ စီးပွားရေး၊လူမှုရေး၊ကျန်းမာ ရေး၊ ပညာရေးနှင့်အလုပ်ကိစ္စ ရေးရာအဖြာဖြာတွေမှာ ရေရှည်အောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်။ လောကီ အစီအရင် လုပ်ခြင်း၊ သိဒ္ဓိတင်ခြင်း၊အင်းဆွဲခြင်းများကို အလေးပေးဆောင်ရွက်နိုင်ပါလိမ့်မယ်။ ဂမ္ဘီရဆန်တဲ့ ကိစ္စတွေအတွက် ဆောင်ရွက်လို့အလွန်ကောင်းပါတယ်။

ယနေ့အတွက်ကောင်းသော အဘိဇိတိံသိယနှင့်ဝိဒတြိ တိံသိယ အချိန်ကာလတွေကတော့မနက် ၇နာရီ၅၈မိနစ် ကနေ မနက်၈နာရီ၄၇မိနစ်အတွင်း၊ည၈နာရီ၁၇မိနစ်မှ ည၉နာရီ၁၆မိနစ် အတွင်းဖြစ်ပါတယ်။ ဒီအချိန် ကာလ အတွင်း က တော့ အရေးကြီးသောကိစ္စများ၊ဆုံးဖြတ်ချက် ချရ သောကိစ္စများ၊ မင်္ဂလာကိစ္စများ၊ကောင်းမွန် သော ကိစ္စများ၊ ကိစ္စ တစ် ခုခု စတင်ခြင်းများ ဆောင်ရွက်နိုင်ပါတယ်။

ကြတ္တိကာ နက္ခတ်သည် လက်ငင်းလုပ်ဆောင်မှုများ၊ ပြိုင်ဆိုင်မှုများ၊ ပူပြင်းသောအငြင်းအခုံများ၊ သတ္တုများနှင့် အလုပ် လုပ်ရန်အတွက်ကောင်းမွန်သည်။ ဤနက္ခတ် သည် ရောနှောထားသော သဘာဝရှိသည်။ ပုံမှန်လုပ်ဆောင်မှုများ၊ နေ့စဉ်တာဝန်များကို လုပ်ဆောင်ရန် သင့်လျော်သည်။

ဤနက္ခတ်သည် အောက်သို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး ရေတွင်းတူးခြင်း၊ မိုင်းတူးခြင်း၊ စည်းစိမ်ဥစ္စာများမြှုပ်နှံခြင်း ၊ စက်ရေတွင်း မီးရထားလမ်းများ ၊ သင်္ချာဘာာသာရပ် ၊ ပန်းပုပညာ ၊ အနုပညာ ၊ ၊ သစ်သား စုဆောင်းခြင်း ၊ မန္တန်၊ ယန္တရား၊ ပေါင်နှံထားသော ပစ္စည်းများကိုပြန်ယူခြင်း စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။ဣန္ဒယုဂ်သည် ကုသိုလ်ကောင်းမှုအားလုံးအတွက် ကောင်းမွန်သည်။

            ယနေ့ သစ်ပင်မစိုက်ရ။ ခေါင်းဆေး၊ ခေါင်းလျှော်ပြုက ရွှေ၊ ငွေ၊ရတနာများ တိုးပွားမည်။ ထူးခြားစွာ ကောင်းသော ရက်ကောင်း ဖြစ်နေပါတယ်။ မင်္ဂလာရေးရာအဖြာဖြာ လုပ်ကိုင်သင့်သည်။ အဆောက်အဦးများ စတင် တည်ဆောက်နိုင်သည်။ လုပ်ငန်းကြီးများ စတင်တည်ဆောက်နိုင်သည်။ နံနက်(၉း၀၀)နာရီမှ နေ့(၁၂း၀၀)ကြား၊ ညနေ(၄း၀၀)နာရီမှ (၆း၀၀)နာရီကြားကာလများတွင် စတင်သောကိစ္စတို့မှ ကောင်းသောအကျိုးများ ရရှိမည်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နေ့လယ်(၁၀:၅၆)နာရီမှ နေ့လယ်(၁၁:၄၈)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  မရဏဖွား၊  ပြိဿစန်း၊  ကုမ်ရာသီဖွားဖြစ်ပါသည်။ စိတ်ကူးအယူအဆတွေတမူ ထူးခြားသူပါ။ ဘာလုပ်လုပ်အတိတ်ကလုပ်ရပ်ကိုကြည့်ပြီး သင်ခန်းစာယူတတ်သူမို့ အမှားနည်းပါလိမ့်မယ်။ သမိုင်း ကိုလေ့လာလိုက်စားသူဖြစ်ပြီး ရာဇဝင်တွေ၊ အတ္ထုပ္ပတ္တိ တွေကို စိတ်ဝင်စားသူဖြစ်နေတာကို တွေ့ရပါတယ်။ ငယ်ရွယ်စဉ်အသက် ၆နှစ်အတွင်း လာဘ်ကောင်းလေးတွေဒီရင်သွေးကြောင့် ရနိုင်တာမို့ မိဘတွေအနေနဲ့ ကလေးရဲ့ ကံကြောင့် အထိုက်အလျောက်တိုးတတ်နိုင်ပါတယ်။ မိဘတွေကံမှာလဲ ကံကောင်းချိန်တိုက်ဆိုင်နေပါက  ရင်သွေး မွေးပြီး ၅နှစ်အတွင်း မိဘတွေအိမ်ခြံဝယ်နိုင်သည်အထိအကျိုးပေးပါတယ်။ အားနည်းချက်က ခရီးသွားခြင်း၊ ရေကူး ခြင်းတွေမှာကံညံ့တာမို့ ခရီးသွားပြီး ကျောင်းထားရတဲ့ကျောင်းတွေ၊ ရေကူးတာမျိုးတွေ တတ်နိုင်သလောက် သတိနဲ့ဆောင်ရွက်ပါ။ အနစ်နာခံ တတ်ကြတယ်။ ပေးဆပ်လိုစိတ်ရှိတယ်။ တာဝန်ခံနိုင်သလို၊တာဝန်ယူချင်စိတ် ရှိတယ်။ ကြီးကျယ်တဲ့ ချမ်းသာလိုစိတ် မရှိဘဲ ဘဝကိုရောင့်ရဲစွာနဲ့ နေချင်ကြသူတွေဖြစ်ကြပါတယ်။ ငွေကံအား ကောင်းပေမဲ့ လိုအပ်သူတွေကို အမြဲကူညီတာ ကြောင့် လက်ထဲငွေမရှိဖြစ်တတ်ပါတယ်။ တစ်ခုသိထားရမှာက ဒီလိုဇာတာမျိုးက ဝန်ထမ်းဇာတာမျိုးဖြစ်တာမို့ ကိုယ်ပိုင်စီးပွားလုပ်မယ်ဆို လမ်းပြမဲ့သူ၊guidelines  ချပေးမဲ့သူတွေ လိုကိုလိုအပ်ပါတယ်။ ဒီနေ့မွေးရင်သွေး ငယ် များ ရဲ့ ဟောစာတမ်းအကျယ်ကို ဖတ်လိုပါက ➡️#https://www.facebook.com/ awbarmoeastro  မှာ ဖတ်ရှုနိုင်ပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၄:၄၃) နာရီမှ ညနေ(၆:၁၁)နာရီအတွင်း ကျရောက်နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ တနင်္လာ၊ စနေသားသမီးများပဲဖြစ်ပါတယ်။         

ကံညံ့သော နေ့သားများကတော့ အင်္ဂါ၊ သောကြာသားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ ဗုဒ္ဓဟူး၊ ရာဟု၊ ကြာသပတေးသားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ ဆင်စွယ်ရောင် နှင့် ကြက်သွေးရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၆ ၊ ၇ ၊ ၂) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ပြောင်းဖူး ပေါက်ပေါက် စား သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ စမူဆာသုတ်ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျယ်ကို နားဆင်လိုသောဗေဒင်ချစ်ပရိသတ်များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

   ✍️ငြိမ်းအေးလူ(ဗေဒင်သုတေသီ)

         09775555695

Leave a Reply

Your email address will not be published. Required fields are marked *