ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ တပေါင်းလဆုတ်(၁၀)ရက်၊ ဗုဒ္ဓဟူးနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၃ခုနှစ်၊မတ်လ(၁၅)ရက်နေ့လဲ ဖြစ်ပါတယ်။
ဒီနေ့နံနက်(၅:၂၀)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆:၀၈)နာရီဖြစ်ပြီး ၊ ညနေ(၆:၀၂)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ ည(၇း၄၁)နာရီအထိ တနင်္လာမြေခံအဖြစ် ကျရောက်နေပြီး လွန်လျှင် တနင်္ဂနွေ မြေခံအဖြစ် သို့ ပြောင်းလဲကျရောက်နေပါတယ်။တနင်္လာမြေခံ ဖြစ်တဲ့အတွက် ဒီနေ့မှာ လုပ်ကိုင် လိုက်သော လုပ်ငန်းများမှန်သမျှ အကျိုးအမြက်ကြီးကြီးမားမားရရှိကြွယ်ခြင်း၊ ချမ်းသာခြင်း၊ စည်းစိမ်ဉစ္စာ တိုးပွား ခြင်းများ အထူးပင်ရရှိစေ နိုင်တာကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုး တွေ အထူးဆောင်ရွက်
ဒီနေ့ဟာ တီထိအရတော့ ည(၇း၄၁)နာရီအထိ လဆုတ်တီထိ(၈)လုံး အောင်မြင်ခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက်နေပြီး လွန်လျှင် လဆုတ်တီထိ(၉)လုံး ပယ်ရှင်းခြင်းအတွက် သုံးရန်ပေးတဲ့နေ့အဖြစ်သို့ ပြောင်းလဲ ကျရောက်နေပါတယ်။ အင်နှင့်အားနှင့် လုပ်ကိုင်ရမဲ့ကိစ္စတွေဆောင်ရွက်လို့အထူးကောင်းပါ တယ်။ အထိုင်မဟုတ်ဘဲ ချွေးသံတရွှဲရွဲလှုပ်ရှားရတဲ့အလုပ်တွေက ပိုမိူတိုးတတ်မှုတွေရရှိပါလိမ့်မယ်။ သစ္စာသဓီဌာန်ပြုခြင်းများ၊သစ္စာဆိုခြင်းများလဲအထူးဆောင်ရွက်လို့ကောင်းတဲ့နေ့ရက်ပါပဲ။
ပြဿနာဟောင်းတွေရှိခဲ့ရင် ဒီနေ့မှာပြီးပြတ်အောင်ဖြေရှင်းလို့ကောင်းတဲ့နေ့ရက်ဖြစ်ပါတယ်။ လက်လွန်ထားတဲ့ ငွေတွေ၊ အကြွေးတွေပြန်လည်တောင်းခံနိုင်တဲ့နေ့ရက်ဖြစ်ပါတယ်။ ရပ်တန့်ထားတဲ့အလုပ်များ၊တစ်ပိုင်းတစနဲ့ အပြီးမသတ်သေးတဲ့အလုပ်များ ပြန်လည်လုပ်ကိုင်ခြင်းဖြင့် ပြီးစီးအောင်မြင်မှုတွေရှိပါလိမ့်မယ်။
ကြော်ငြာများဖြန့်ဝေခြင်းတွေ၊ သိလိုသောသတင်းအချက်အလက်များကိုဖြန့်ချီခြင်းမျိုးလဲဆောင်ရွက်လို့ကောင်းပါ တယ်။ ဒီနေ့မှာတော့ တွေဝေခြင်း၊မိန်းမောခြင်းတွေကိုရှောင်ပြီးတော့ လုပ်ချင်တာစိတ်ထဲပေါ်လာရင်ချက်ချင်းထ လုပ်သင့်တဲ့နေ့ရက်ပါပဲ။ တိုက်ပွဲဝင်တာ၊ စစ်ရေးလေ့ကျင့်တာ၊အားကစားလုပ်တာ၊ မိမိကိုယ် ယုံကြည်လာအောာင် သီမ်းသွင်းတာမျိုးတွေ အထူးဆောင်ရွက်နိုင်ပါတယ်။
ဒီနေ့ဟာ မွန်းလွဲလူ့ပြည်ပြဿဒါး၊ ရက်ရာဇာရက်၊ရက်ကန်း၊ရသေ့ကျော် ကျရောက်နေတာ ဖြစ်ပါတယ်။
လူ့ပြည်ပြဿဒါးကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် မင်္ဂလာကိစ္စတွေမှန်သမျှရှောင် သင့်ပါတယ်။ လက်ထပ်ခြင်း ၊ရုံးတတ်လက်မှတ်ထိုးခြင်း၊စေ့စပ်ခြင်း၊မင်္ဂလာစကားပြောခြင်းများလဲအထူးရှောင် သင့်ပါတယ်။အရေးကြီးတဲ့ ကိစ္စတွေ ကိုရှောင်သင့်ပါတယ်။
ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်ပေမဲ့ ရက်ကန်းဖြစ်တာကြောင့်် မင်္ဂလာယူပြီးလုပ်ရမဲ့ကိစ္စမှန်သမျှ ရှောင်နိုင်ရင် အကောင်း ဆုံး ပါပဲ။ လက်ထပ် ထိမ်းမြားခြင်း၊ စေ့စပ်ခြင်း၊ ဆောင်ရွက်လို့ မကောင်းသေးပါဘူး။မျက်မြင်ကိုယ်တွေ့မဟုတ်ဘဲ တပါးသူပြောစကား နားဝင်ပြီးဆောင်ရွက်ပါက ဆုံးရှုံးခြင်းတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။
ယနေ့အတွက်ကောင်းသော အဘိဇိတိံသိယနှင့်ဝိဒတြိ တိံသိယ အချိန်ကာလတွေကတော့မနက် ၃နာရီ၁၆မိနစ် ကနေ မနက်၄နာရီအတွင်း၊ညနေ၂နာရီ၂၇မိနစ်မှညနေ၃နာရီ၁၆မိနစ်အတွင်းဖြစ်ပါတယ်။ ဒီအချိန် ကာလ အတွင်း ကတော့ အရေးကြီးသောကိစ္စများ၊ဆုံးဖြတ်ချက် ချရ သောကိစ္စများ၊ မင်္ဂလာကိစ္စများ၊ကောင်းမွန် သော ကိစ္စများ၊ ကိစ္စ တစ် ခုခု စတင်ခြင်းများ ဆောင်ရွက်နိုင်ပါတယ်။
ဒီနေ့ဟာရသေ့ကျော်ရက် ကျရောက်တဲ့ နေ့ရက်ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ စီးပွားရေး၊လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့်အလုပ်ကိစ္စ ရေးရာအဖြာဖြာတွေမှာရေရှည်အောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်။
ဒီနေ့ဟာ ကျန်းမာရေးအတွက် ဆေးစား၊ ဆေးကုပြုရန် အခါကောင်းကျရောက်နေပါတယ်။ မင်္ဂလာယူပြီး ဆောင်ရွက်သောကိစ္စများကို နေ့(၁၂း၀၀)နာရီမတိုင်မီ ပြဿနာဟောင်းများကို ဖြေရှင်းနိုင်ပါမည်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နံနက်(၉:၄၉)နာရီမှ နံနက်(၁၀:၄၁)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ အထွန်းဖွား၊ ဗြိစ္ဆာစန်း နံနက်(၅)နာရီ (၁၁)မိနစ်လွန် စန်း ဓနုရာသီသို့ ပြောင်းသည်။ မနက် ၈နာရီခွဲထိ ဇေဋ္ဌနက္ခတ်၊ကျော်ရင်မူလနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ မနက်၇နာရီ၃၃မိနစ်ထိ ကုမ်ရာသီဖွား၊ထိုအချိန် ကျော်ပါက မိန်ရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာ အခက်အခဲတွေကိုကောင်းစွာကျော်လွှားသွားနိုင်ပါလိမ့်မယ်။ ကူညီမဲ့သူတွေပေါများကြတယ်။ ဘဝမှာ ညီအကိုမောင်နှဆီကဖြစ်စေ၊ ဦးလေးဘကြီးတွေဆီကဖြစ်စေ အထောက် အပံ့ရလွယ်တာမျိုးအထူးကြုံရတယ်။ မိဘအသွန်အသင်မကောင်းရင်တော့ ငါ့တစ်ဘို့ထဲ ကြည့်တဲ့အတ္တသမားဖြစ် သွားလိမ့်မယ်။ လူတွေကိုအကျိုးအမြတ်ကြည့်ပြီးပေါင်းတဲ့သူဖြစ်သွားပါလိမ့်မယ်။ သတိထားရမှာကအိမ်ထောင်ကံ အားနည်းချက်ပါလာတဲ့သူတွေဖြစ်ပါတယ်။ ပေါ့ပေါ့နေပေါ့ပေါ့စားပြီး အထည်ကြီးပျက်လိုလူမျိုးတွေနဲ့ ဖူးစားဆုံရ တတ်ပြီး အိမ်ထောင်ရေးမအေးချမ်းနိုင်တာမျိုးဖြစ်လွယ်ပါတယ်။ မွေးချိန်အရတော့ကွဟချက်ရှိနိုင်ပါတယ်။
ဖောက်ထွက်လုပ်လိုစိတ်နည်းတယ်။ လုပ်ငန်းတစ်ခုခု ငွေရှိ လို့လုပ်မယ်ဆိုရင်တော့ တစ်ယောက်ထဲ မလုပ်ရဲဘဲ စပ်တူလုပ်နဲ့ သူမျိုးဖြစ်ကြတယ်။ ငွေရဖို့ဆို တရားနည်းလမ်း ကျတာမကျတာတွေ ခေါင်းထဲထည့်နေတဲ့သူ မဟုတ်ပါဘူး။ ဝန်ထမ်းလခစားအကျိုးပေးသလို ကိုယ်ပိုင်အလုပ်လုပ်မယ် ဆိုလဲ အကြိမ်ကြိမ် ကျဆုံးပြီးမှအောင် မြင်တတ်ပါတယ်။ အမိအဘတွေကိုကောင်းစွာလုပ်ကျွေးခွင့်ရလိမ့်မယ်။ ကံ ကောင်းတဲ့ အချက်က ညီအကိုမောင်နှ မများလေ ကောင်းလေပါပဲ။ သွေးသားရင်းချာ ညီအကိုမောင်နှမတွေဆီက အကူအညီတွေအလွန်ရလွယ် တဲ့ဇာတာ မျိုးပါပဲ။
မနက် ၈နာရီခွဲထိ ဇေဋ္ဌနက္ခတ်၊ကျော်ရင်မူလနက္ခတ် ကိုကူးပြောင်းပါတယ်။ မူလနက္ခတ်ချိန်များတွင် ပန်းချီပန်းပု လုပ်ငန်း၊ ကျောက်ဆစ်လုပ်ငန်း၊ ဂီတနှင့်အနုပညာဆိုင်ရာများ၊ အဆိုအကသရုပ်ဆောင်ခြင်း၊ ကလေးထမင်းခွံ့ခြင်း၊ ဓာတ်သတ္တုတူးဖော်ခြင်း၊ ကျောက်မျက်ရတနာလုပ်ငန်းတူးဖော်ခြင်း၊ ရေနံတူးခြင်း၊ ရေတွင်းရေကန်တူးခြင်း၊ အဝီစိ တွင်း တူး ခြင်းများ ကောင်း၏။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၁၂:၁၅) နာရီမှ မွန်းလွဲ(၁:၄၅)နာရီအတွင်း ကျရောက်နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။
ကံကောင်းသောနေ့သားများကတော့ အင်္ဂါ၊ ကြာသပတေး၊ သောကြာသားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ စနေ၊ ဗုဒ္ဓဟူးသားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ တနင်္လာ၊ ရာဟုသားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ မိုးပြာရောင် နှင့် အစိမ်းရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၉၊ ၄၊ ၅) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ပဲသီးကြော်နဲ့ထမင်းစား သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဘူးသီးကြော်ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.????တစ်နေ့တာ အကျိုးပေးအရောင်များ
????တစ်နေ့တာ အကျိုးပေးဂဏန်းများ
????အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
????တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်????ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
????????????အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
????????ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
✍️ငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695