loading

17.March .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

  • Home
  • Blog
  • 17.March .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ တပေါင်းလဆုတ်(၁၂)ရက်၊ သောကြာနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၃ခုနှစ်၊မတ်လ(၁၇)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅:၁၉)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆:၀၇)နာရီဖြစ်ပြီး ၊ ညနေ(၆:၀၃)နာရီမှာ နေဝင် ပါ တယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က တောင်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ သိကြား မြေခံဖြစ်၍ ချမ်းသာသုခကို ပေးတဲ့နေ့ ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ ကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ   ညနေ(၃း၀၉)နာရီအထိ မိတ္တုမြေခံအဖြစ် ကျရောက်နေပြီး လွန်လျှင် ကိတ်မြေခံအဖြစ်သို့ ပြောင်းလဲ ကျရောက်နေပါတယ်။မိတ္တုမြေခံဖြစ်တာကြောင့် မိမိတွင်ပိုင်ဆိုင်ရရှိပြီးသား စည်းစိမ်ဉစ္စာများ တစ်ဖြည်း ဖြည်း လျော့ပါး ဆုံးရှုံးလာတတ်ခြင်းတွေဖြစ်စေတာမို့ ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုး တွေ အထူးရှောင် သင့်ပါတယ်။

သမားညိုရက်နဲ့လဲ တိုက်ဆိုင်နေတဲ့နေ့ရက်ဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ ညနေ(၃း၀၉)နာရီအထိ လဆုတ်တီထိ(၁၀)လုံး ပြည့်ဝခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက် နေပြီး လွန်လျှင် လဆုတ်တီထိ(၁၁)လုံး  ပျော်ရွှင်ခြင်းကိုပေးတဲ့နေ့အဖြစ် ပြောင်းလဲကျရောက်နေပါတယ်။ မိမိဖြစ်ချင် တာတွေကို ဖြစ်အောင်လုပ်ဆောင်နိုင်ပါလိမ့်မယ်။ အလုပ်နဲ့ပတ်သက်ရင်လဲ အားစိုက်လို့အလွန်ကောင်းတဲ့နေ့ရက် ပါပဲ။

ဒီအချိန်ကာလအတွင်းမှာတော့ ကုန်သွယ်မှုလုပ်ငန်းတွေ၊ စီးပွားကူးသန်းတဲ့အလုပ်တွေကအထူးအောင် မြင်တတ်ပါ တယ်။ငွေကြေးချေးငှားခြင်းတွေ၊ငွေပေးငွေယူလုပ်ခြင်းတွေ၊ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေအထူး ဆောင်ရွက်လို့ ကောင်းတဲ့နေ့ရက်ပါပဲ။

အစုစပ်လုပ်ငန်းများ၊ရှယ်ယာလုပ်ငန်းများ၊ ဖက်စပ်လုပ်ငန်းများလဲဆောင်ရွက်နိုင်ပါတယ်။ လူမှုရေးနဲ့ပတ် သက်သော စကားများလဲပြောဆိုလို့အောင်မြင်တတ်တဲ့နေ့ရက်ပါပဲ။ အချစ်စကားပြောဆိုခြင်းတွေ၊ အထက်လူကြီး ကိုရပိုင်ခွင့်တွေ တောင်းဆိုခြင်းတွေ၊ မိဘတွေကို မိမိတို့ဖြစ်ချင်တာတွေတောင်းဆိုတာမျိုးတွေလုပ်ဆောင်သင့်တဲ့ နေ့ရက်ပဲဖြစ်ပါ တယ်။ နှစ်ရှည်ပင်တွေစိုက်ပျိုးတာမျိုးတွေ၊ဥယျာဉ်ခြံလုပ်ငန်းလုပ်ကိုင်ခြင်းမျိုးတွေ ဒီနေ့မှာစတင်လို့အထူးကောင်း ပါတယ်။

သမားညိုရက်ဖြစ်တာကြောင့် အိမ်ပြောင်းရွှေ့တာ၊ အလုပ်ဆိုင် ပြောင်းတာ၊ အလုပ်ရုံးခန်းပြောင်းတာ မျိုးတွေရှောင် အပ်ပါတယ်။ပညာစပြီးသင်ယူလို့မကောင်းသေးပါဘူး။ ခိုင်ခန့်သော၊ရေရှည်တည်တံ့သော အဆောက်အဦးတွေကို စတင်ဆောက်လုပ်တာ ၊တိုင်ထူတာ၊ပန္နက်ရိုက်တာ၊ မျိုးတွေလုပ်မိရင် အဆုံးမသတ် ဘဲတစ်ပိုင်းတစ ဖြစ်လွယ်ပါတယ်။

မနက် ၅း၄၇မိနစ်နောက်ပိုင်းဥတ္တရာသဠ်နက္ခတ်ဖြစ်ပြီးတော့ ထီးတော်တင်ခြင်း၊ အနေကဇာတင်ခြင်း၊ ကျောက်ဆစ် လုပ်ငန်း စတင်လုပ်ခြင်း၊ ကျောက်ရုပ်ထုခြင်း၊ သံထည်သွန်းခြင်း၊ ကြေးသွန်းလောင်းခြင်း၊ ကြော်ငြာလုပ်ငန်း၊ ဆိုင်း ဘုတ် တင်ခြင်း၊ ပန်းချီ ပန်းပု လုပ်ငန်းလုပ်ခြင်း၊ အိမ်တက်မင်္ဂလာလုပ်ခြင်း၊ အသီးဆွတ်ခူးခြင်း၊ လေကြောင်း ခရီးသွား လာခြင်း၊ နတ်ကွန်းတည်ခြင်း၊ အလံထူခြင်း၊ အုတ်တံတိုင်းကာခြင်း၊ ဝင်းခြံကာခြင်း၊ တံခွန်တိုင်ထူခြင်း ကောင်း၏။

ဒီနေ့ဟာ ကုန်ပစ္စည်းသစ်များ စတင်မိတ်ဆက်ရန် အချိန်ကောင်း ကျရောက်နေပါတယ်။ ကြော်ငြာလိုသော ကုန်ပစ္စည်း များ စတင်မိတ်ဆက်နိုင်ပါသည်။ ပစ္စည်းလှောင်ခြင်း မပြုရ။ ဈေးကွက်စီးကြောင်း အပြောင်းအလဲများ ရှိနေမည်။ အရောင်းအဝယ်မှန်သမျှ သတိနှင့် ဆောင်ရွက်ပါ။

ယနေ့အတွက်ကောင်းသော အဘိဇိတိံသိယနှင့်ဝိဒတြိ တိံသိယ အချိန်ကာလတွေကတော့ မနက်၁၀နာရီ ၃မိနစ်မှမနက် ၁၀နာရီ၄၆မိနစ်ထိ၊ည၂၀နာရီ၄၂မိနစ်မှည၂၁နာရီ၂၄မိနစ်အတွင်းဖြစ်ပါတယ်။ ဒီအချိန် ကာလ အတွင်း ကတော့ အရေးကြီးသောကိစ္စများ၊ဆုံးဖြတ်ချက် ချရ သောကိစ္စများ၊ မင်္ဂလာကိစ္စများ၊ကောင်းမွန် သော ကိစ္စများ၊ ကိစ္စ တစ် ခုခု စတင်ခြင်းများ ဆောင်ရွက်နိုင်ပါတယ်။

ဒီနေ့ဟာ ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နံနက်(၉:၄၂)နာရီမှ နံနက်(၁၀:၃၃) နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံ လာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိ ခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  ပုတိဖွား၊  ဓနုစန်း နံနက်(၁၁)နာရီ (၁၇)မိနစ်လွန် စန်းမကာရရာသီသို့ ပြောင်းသည်။  မနက် ၅း၄၇မိနစ်နောက်ပိုင်းဥတ္တရာသဠ်နက္ခတ်နဲ့စန်းယှဉ်မွေးသူ ၊မိန်ရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေးသူများဟာ အခက်အခဲ တွေများစွာ ကြုံ ရပြီးမှ အဆင်ပြေတတ်သူတွေဖြစ်ကြတယ်။ ကံကောင်းတာကတော့ မိဘတွေရဲ့ ဖူးဖူး မှုတ်ထား ခြင်း ကိုခံရသူ တွေပါပဲ။ မိမိကိုယ်တိုင်ကလဲ မျက်နှာမြင်ချစ်ခင်ပါစေ၊အသံကြားသနားပါစေဆိုတဲ့ အချက် နဲ့ပြည့်စုံကြသူ တွေပဲဖြစ်ပါ တယ်။ အားနည်းချက်က အပျော်အပါးလိုက်စားမှုများခြင်း၊အခက်အခဲကိုရင်မဆိုင်လိုခြင်း၊ ဆရာတင် မှားခြင်း၊ဘဝ ရည်မှန်း ချက်လမ်းကြောင်းရွေးရာတွင် မိမိနဲ့ မကိုက်ညီတဲ့လမ်းကိုရွေးမိခြင်းကံတွေလဲ ရှိနေပါတယ်။

အခက်အခဲ ဘယ်လောက်ကြုံပါစေ။ အပြုံးနဲ့ရင်ဆိုင်ကျော်ဖြတ်နိုင်ကြသူတွေဖြစ်ပါတယ်။ဘဝမှာ ဘယ်လောက်နိမ့် ကျတဲ့ မိဘ တွေဆီမှာ ဝင်စားသူဖြစ်ပါစေ..တစ်ချိန်ချိန်မှာ အောင်မြင်ပေါက်မြောက်နိုင်တဲ့ဇာတာမျိုး ပဲဖြစ်ပါတယ်။ ငွေကြေးနဲ့ ပတ်သက်ပြီး ရှာဖွေရလွယ်သူတွေဖြစ်ကြတယ်။ ဂီတနယ်ပယ်၊နည်းပညာနယ်ပယ်နဲ့ပတ်သက်ပြီး ထူးခြား သော အောင်မြင်မှုတွေရနိုင်ပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၁၀:၄၄) နာရီမှ မွန်းလွဲ(၁၂:၁၄)နာရီအတွင်း ကျရောက်နေ ပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများကတော့ အင်္ဂါ၊ ဗုဒ္ဓဟူး၊ စနေသားသမီးများပဲဖြစ်ပါတယ်။       

ကံညံ့သော နေ့သားများကတော့ တနင်္ဂနွေ၊ ကြာသပတေးသားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္လာ၊ ရာဟု၊ သောကြာသားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ အပြာနုရောင် နှင့် အဖြူရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၁၊ ၆၊ ၀) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ဆိတ်သားဟင်းနဲ့ ထမင်း စား  သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ သရက်သီးဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.????တစ်နေ့တာ အကျိုးပေးအရောင်များ

????တစ်နေ့တာ အကျိုးပေးဂဏန်းများ

????အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

????တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်????ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

????????????အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

????????ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

   ✍️ငြိမ်းအေးလူ(ဗေဒင်သုတေသီ)

         09775555695

Leave a Reply

Your email address will not be published. Required fields are marked *