ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ တပေါင်းလပြည့်ကျော်(၁၃)ရက်၊ စနေနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၃ခုနှစ်၊မတ်လ(၁၈)ရက်နေ့လဲ ဖြစ်ပါတယ်။
ဒီနေ့နံနက်(၅:၁၉)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆:၀၇)နာရီဖြစ်ပြီး ၊ ညနေ(၆:၀၄)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က တောင်အရပ် ဖြစ်ပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ မွန်းလွဲ(၁၂း၁၄)နာရီအထိ ကိတ်မြေခံအဖြစ် ကျရောက်နေပြီး လွန်လျှင် ရာဟုမြေခံအဖြစ်သို့ ပြောင်းလဲကျရောက်နေပါတယ်။ကိတ်မြေခံအရ အလုံးစုံသော စည်းစိမ်ဉစ္စာ၊ ရတာနာတို့ကို အလွယ်တကူ ရရှိပိုင်ဆိုင်ခွင့်များ ရရှိစေသောကြောင့် ခိုင်ခန့်သောအဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ ဆောင်ရွက်လို့ အထူး ကောင်းပါတယ်။
ဒီနေ့ဟာ တီထိအရတော့ မွန်းလွဲ(၁၂း၁၄)နာရီအထိ လဆုတ်တီထိ(၁၁)လုံး ပျော်ရွှင်ခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက်နေပြီး လွန်လျှင် လဆုတ်တီထိ(၁၂)လုံး ကောင်းကျိုးဖြစ်ထွန်းစေသောနေ့အဖြစ် ပြောင်းလဲကျရောက်နေပါ တယ်။ ဒါကြောင့်ပဲဒီလိုနေ့ရက်မျိုးမှာတော့ ဝန်ဆောင်မှုပေးရတဲ့လုပ်ငန်းတွေကိုဦးစားပေးလုပ်ကိုင်လို့ အထူးကောင်း ပါတယ်။ အိမ်ခြံမြေဝယ်ခြင်းရောင်းခြင်းများလဲ အထူးကောင်းပါတယ်။
ကျောက်မျက်ရတနာများ ဝယ်ခြင်းများ၊ရောင်းခြင်းများလဲအထူးကောင်းပါတယ်။ ရွှေလုပ်ငန်းများ၊ရတနာနှင့်ပက် သက်သောလုပ်ငန်းများ တိုးချဲ့နိုင်ပါလိမ့်မယ်။ လူအများနဲ့ အသင်းအဖွဲ့နဲ့လုပ်ရတဲ့ ပုံစံမျိုးလေးဖြစ်အောင်လုပ်ကိုင် စေချင်ပါတယ်။ တစ်ဦးတစ်ယောက်ထဲ လုပ်ခြင်းထက်လူအများနဲ့ လက်တွဲညီညီလုပ်မှအဆင်ပြေမဲ့နေ့ရက်ပဲဖြစ်ပါ တယ်။
ဘာသာရေးနှင့်ပတ်သက်သောကိစ္စများလဲအထူးဆောင်ရွက်နိုင်ပါတယ်။ ရှင်ပြုခြင်း၊နားသခြင်း၊ပဉ္ဇင်းခံခြင်းများလဲ အထူးဆောင်ရွက်နိုင်ပါတယ်။ရေနှင့်ဆက်စပ်သောလုပ်ငန်းများအထူးတိူးတတ်ပါလိမ့်မယ်။ ရေသန့်လုပ်ငန်းများ၊ အချိုရည်နှင့်အဖျော်ယာမကာအလုပ်များတိုးတတ်ပါလိမ့်မယ်။
ယာဉ်စက်အပိုပစ္စည်းများနှင့် အိမ်ဆောက်ပစ္စည်းရောင်းချခြင်းများလဲ ဒီနေ့မှာရောင်းပန်းဝယ်ပန်းတွေပွင့်တတ်ပါ တယ်။အနုပညာနှင့်ပက်သော ဂီတ၊သီချင်း၊ဖျော်ဖြေရေးလုပ်ငန်းများအထူးတိုးတတ်ပါလိမ့်မယ်။
ဒီနေ့ဟာ အရာရာသတိရှိရမည့် နေ့ရက်ဖြစ်နေပါတယ်။ မင်္ဂလာကိစ္စများ ဆောင်ရွက်ရန် အခါကောင်းကျရောက် နေပါတယ်။ အရပ်ဝေးနှင့် ဆက်စပ်သောကိစ္စများမှ အကျိုးပေးမည်။ ရပ်တန့်ထားသော လုပ်ငန်းများ ပြန်လည် စတင်နိုင်မည်။ မြုတ်နေသောငွေများ ပြန်ပေါ်မည်။ တစ်ပတ်ရစ်ပစ္စည်းများ ဈေးကောင်းရမည်။ ရှေးဟောင်းပစ္စည်းများ အရောင်းတွင်ကျယ်မည်။
ယနေ့အတွက်ကောင်းသော အဘိဇိတိံသိယနှင့်ဝိဒတြိ တိံသိယ အချိန်ကာလတွေကတော့ မနက်၇နာရီ ၁၆မိနစ်မှ မနက် ၇နာရီ၅၈မိနစ်ထိ၊ညနေ၅နာရီ၄၆မိနစ်မှည၁၈နာရီ၂၈မိနစ်အတွင်းဖြစ်ပါတယ်။ ဒီအချိန် ကာလ အတွင်း ကတော့ အရေးကြီးသောကိစ္စများ၊ဆုံးဖြတ်ချက် ချရ သောကိစ္စများ၊ မင်္ဂလာကိစ္စများ၊ကောင်းမွန် သော ကိစ္စများ၊ ကိစ္စ တစ် ခုခု စတင်ခြင်းများ ဆောင်ရွက်နိုင်ပါတယ်။
သရဝဏ်နက္ခတ်ကျရောက်တာမို့ ဒီနက္ခတ်ဟာအထက်မျှော်နက္ခတ်ဖြစ်ပြီးဦးခေါင်းတွင် ရတနာဝတ်ဆင်ခြင်း ကောင်း ၏။ ပညာစ၍သင်ခြင်း ကောင်း၏။ ဘုရားတည်ခြင်း၊ ထီးတော်တင်ခြင်း၊ အနေကဇာတင်ခြင်း၊ ကျောက်ဆစ်လုပ်ငန်း စတင်လုပ်ခြင်း၊ ကျောက်ရုပ်ထုခြင်း၊ သံထည်သွန်းခြင်း၊ ကြေးသွန်းလောင်းခြင်း၊ ကြော်ငြာလုပ်ငန်း၊ ဆိုင်းဘုတ်တင် ခြင်း၊ ပန်းချီ ပန်းပုလုပ်ငန်းလုပ်ခြင်း၊ တိုင်ထူခြင်း၊ လှေကားတင်ခြင်း၊ အိမ်တက်မင်္ဂလာလုပ်ခြင်း၊ အသီးဆွတ်ခူးခြင်း၊ လေကြောင်းခရီးသွားလာခြင်း၊ နတ်ကွန်းတည်ခြင်း၊ အလံထူခြင်း၊ အုတ်တံတိုင်းကာခြင်း၊ ဝင်းခြံကာခြင်း၊ တံခွန်တိုင် ထူခြင်း ကောင်း၏။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နံနက်(၉:၃၈)နာရီမှ နံနက်(၁၀:၂၉)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ သိုက်ဖွား၊ မကာရစန်း၊ သရဝဏ်နက္ခတ်နဲ့ စန်းယှဉ်မွေးသူ၊ မိန်ရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေးသူများဟာ အခက်အခဲတွေရန်တွေများတယ်။ အထူးသဖြင့်ဆွေမျိုးအသိုင်း အဝိုင်းတွေနဲ့ တည့်ဖို့မလွယ်ပါဘူး။ ရန်အန္တရာယ်တွေများတယ်။ မိမိကိုယ်တိုင်ကလဲအတ္တကိုဗဟိုပြုပြီး မိမိမှန်တယ် ထင်ရာကို မလွတ်တမ်းစွဲကိုင်ထားလေ့ရှိကြသူတွေဖြစ်ပါတယ်။ ကံကောင်းတာက အရွယ်ရလေ၊အတွေ့အကြုံများ လေ လောကီကိုစိတ်ကုန်ပြီး လောကုတ္တရာကိုအားထည့်ဆောင်ရွက်သွားတတ်ပါတယ်။ ပါရမီရင့်သန်သူများဖြစ်ရင် တော့ ဒီဘဝဒီခန္ဓာနဲ့ပဲ ထိုက်သင့်တဲ့ တရားထူးကိုရသွားနိုင်တဲ့ဇာတာရှင်တွေပဲဖြစ်ပါတယ်။သူများ တွေနဲ့မတူ၊အတွေးကောင်းကြသူတွေဖြစ်တယ်။ အနာဂတ်ကိုကြိုတင်ခန့်မှန်းနိုင်ကြတယ်။ ငွေဒဏ်ကိုခံနိုင်ရည်ရှိသူ ဖြစ်တာမို့ ဘယ်လောက်ငွေဝင်ဝင် ကြွားဝါခြင်းများမပြုလုပ်ဘဲ ရိုးရိုးကုပ်ကုပ်နေတတ်ကြသူတွေဖြစ်တယ်။ ဆွေမျိုးမိဘမောင်ဖွားတွေကြား မအောင်မြင်တတ်သူမို့ ရပ်ဝေးနယ်ခြားအထူးအကျိုးပေးတယ်။ နိုင်ငံခြားသွားလေ အောင်မြင်လေဇာတာပါပဲ။ မိဘရဲ့အကျိုးကျေးဇူးကို အရမ်းမခံစားရတဲ့ဇာတာရှင်တွေအဖြစ်လဲ ဒီဇာတာကိုမြင်ရ လေ့ရှိပါတယ်။ ငွေကံကောင်းတတ်ပြီး အသက် ၃၀နီးပါးအချိန်မှာပဲ အောင်မြင်မှုကိုစတင်ထိတွေ့ခံစားရတတ်တဲ့ဇာ တာမျိုးပဲဖြစ်ပါတယ်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၉:၁၃) နာရီမှ နံနက်(၁၀:၄၃)နာရီအတွင်း ကျရောက် နေပါ တယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ အင်္ဂါ၊ သောကြာ၊ စနေသားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ တနင်္လာ၊ ကြာသပတေးသားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ ဗုဒ္ဓဟူး၊ ရာဟုသားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ အပြာနုရောင် နှင့် ပုလဲရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၂၊ ၅၊ ၄) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့လက်ဖက်ရည်သောက် သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဒံပေါက်ဘုရားကပ်လှူပြီး လိုရာဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလို အင်ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.????တစ်နေ့တာ အကျိုးပေးအရောင်များ
????တစ်နေ့တာ အကျိုးပေးဂဏန်းများ
????အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
????တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်????ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
????????????အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
????????ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
✍️ငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695