loading

20.March .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

  • Home
  • Blog
  • 20.March .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ တပေါင်းလကွယ်နေ့၊ တနင်္လာနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၃ခုနှစ်၊မတ်လ(၂၀)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅:၁၇)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆:၀၅)နာရီဖြစ်ပြီး ၊ ညနေ(၆:၀၅)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အနောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ဂဠုန် မြေခံဖြစ်၍ ကြီးပွားချမ်းသာရတတ်သော နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  သောကြာမြေခံတဲ့နေ့ဖြစ်ပါတယ်။ သောကြာမြေခံအရ ဥစ္စာပစ္စည်းရရှိခြင်း၊ချစ်သူ၊ မိတ်ဆွေ ပေါ များခြင်းအကျိုးကိုရရှိစေသောကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေစတင်ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူး ဆောင်ရွက်လို့ရပါ တယ်။

ဒီနေ့ဟာ တီထိအရတော့  လဆုတ်တီထိ(၁၄)လုံး ဖယ်ရှင်းခြင်းအတွက်သုံးရန်ပေးသောနေ့အဖြစ် ကျရောက်နေပါ တယ်။ စနေဂြိုဟ်အုပ်စိုးတဲ့နေ့ရက်ဖြစ်တာကြောင့် ဖျက်စီးခြင်းကိစ္စတွေအထူးကောင်းပါတယ်။ အိမ်ဟောင်း ၊ဆိုင် ဟောင်းတွေကိုဖြိုဖျက်တာမျိုးတွေ၊ အလုပ်ဟောင်းကိုထွက်စာတင်တာမျိုးတွေ ၊ မိမိအိမ်ခြံနဲ့ မလွတ် တဲ့ သစ်ပင် တွေကို ခုတ်လှဲတာမျိုးတွေအထူးကောင်းပါတယ်။ ရေတွင်းရေကန်တူးဖော်ခြင်း၊ ဆည်မြောင်းတာတမံတူး ဖော်ခြင်း များလဲဒီနေ့မှာစတင်နိုင်ပါလိမ့်မယ်။ကျန်းမာရေး အတွက်အထူးကုသခြင်းတွေ၊ခွဲစိပ်ကုသခြင်းတွေကို ရဲရဲ လုပ် ဆောင် သင့်တဲ့နေ့မျိုးပါပဲ။

ပညာအတတ်များစတင်သင်ယူခြင်းတွေ၊အသိပညာရရှိအောင်လေ့လာဆည်းပူးခြင်းတွေအထူးဆောင်ရွက်လို့ ကောင်း ပါတယ်။ရန်သူကိုဖမ်းဆီးခြင်းတွေ၊ ရန်သူ့စခန်းကိုသိမ်းပိုက်ခြင်းတွေလဲ အထူးဆောင်ရွက်လို့ ကောင်းပါတယ်။ မိမိဖြစ် ချင်တာကိုဖြစ်အောင်စွမ်းဆောင်ဖို့ မည်သည့်အတားအဆီးကိုမဆိုကျော်လွှားသွားသင့် တဲ့နေ့ရက်ပါပဲ။ ပြဿနာတွေ၊ အထင်လွှဲအမြင်လွှဲဖြစ်နေတာတွေကိုလဲ တတ်နိုင်သမျှထိပ်တိုက်ရင်ဆိုင်ဖြေရှင်းလို့ အထူးကောင်းပါ တယ်။

မိမိစိုက်ပျိုးထားတဲ့ကောက်ပဲသီးနှံတွေကို ပိုးသတ်ခြင်းဖြန်းခြင်းတွေစတင်ဆောင်ရွက်လို့ကောင်းပါတယ်။ အင်းဆက် ပိုးမွှားတွေကိုအဆိပ်ချခြင်းများလဲ အထူးဆောင်ရွက်နိုင်ပါတယ်။ ဒီနေ့မှာ သံဝေဂရစရာမျိုးတွေအထူး ကြုံရတတ် ပါတယ်။ မိမိအမှားတွေကို ဆင်ခြင်သုံးသပ်ပြီးတော့ လမ်းမှန်ကိုရောက်အောင်စွမ်းဆောင်နိုင်မဲ့နေ့ရက် လဲဖြစ်ပါတယ်။

အရောင်းမြှင့်တင်ခြင်းများ၊ promotion ပြုလုပ်ခြင်းတွေအထူးကောင်းပါတယ်။ အလုပ်နဲ့ပတ်သက်ပြီးတော့ လဲ တင်ပြ စရာရှိတာတွေကို အထက်လူကြီးတွေကိုရဲရဲတင်ပြပါ။ အလုပ်အတွက်ဆုံးဖြတ်စရာတွေကို မတွေဝေဘဲ ဆုံးဖြတ်ချ သင့်တဲ့နေ့ရက်မျိုးပါပဲ။

လက်ထပ်ထိမ်းမြားခြင်းတွေ၊စေ့စပ်ခြင်းတွေ၊မင်္ဂလာစကားပြောခြင်းတွေအထူးကောင်းပါတယ်။ တရား ဘာဝနာပွား များ ခြင်းတွေ၊ သံသရာကလွတ်မြောက်ကြောင်းဝိပဿနာရှုပွားခြင်းတွေကိုအထူးဆောင်ရွက်လို့ ကောင်းပါတယ်။

ရှောင်သင့်တာတွေကတော့ ဒီလိုနေ့ရက်မျိုးမှာတော့ မည်သည့်အရပ်မျက်နှာမှခရီးသွားခြင်းတွေမပြုအပ် ပါဘူး။ခရီး ကိစ္စ တွေမှာ မသွားဖူးသေးတဲ့ခရီး၊ မရောက်ဖူးသေးတဲ့ ဒေသတွေသွားရောက်ခြင်းတွေကိုအထူး ရှောင်သင့်ပါတယ်။

ဒီနေ့ဟာ ဆေးဝါးဖေါ်စပ်ခြင်း၊ ဆေးဝါးထုတ်လုပ်ခြင်းများ ဆောင်ရွက်ရန် ရက်ကောင်း ကျရောက်နေပါတယ်။ ကျန်းမာ ရေး အတွက် သမားပြခြင်း၊ ကုသခြင်းများအတွက် အထူးကောင်းမွန်ပါတယ်။ ကောင်းခြင်းမင်္ဂလာ ကိစ္စအလုံးစုံကို ဆောင်ရွက် လုပ်ကိုင်နိုင်ပါတယ်။ ယနေ့ စတင်ဆောင်ရွက်သောကိစ္စမှန်သမျှ ဆောင်ရွက် အဆင်ပြေနိုင်ပါတယ်။ အရပ်ဝေးနှင့် ဆက်စပ်လုပ်ကိုင်သော ကိစ္စမှန်သမျှ ဆောင်ရွက်အဆင်ပြေနိုင်ပါတယ်။ အလှူမင်္ဂလာကိစ္စများ ဆောင် ရွက်ရန် အချိန်အခါကောင်း ကျရောက်နေပါတယ်။

ယနေ့အတွက်ကောင်းသော အဘိဇိတိံသိယနှင့်ဝိဒတြိ တိံသိယ အချိန်ကာလတွေကတော့ ညနေ၅နာရီ၄မိနစ်မှ ညနေ၁၈နာရီ၂၈မိနစ်အတွင်းဖြစ်ပါတယ်။ ဒီအချိန် ကာလ အတွင်း ကတော့ အရေးကြီးသောကိစ္စများ၊ဆုံးဖြတ်ချက် ချရ သောကိစ္စများ၊ မင်္ဂလာကိစ္စများ၊ကောင်းမွန် သော ကိစ္စများ၊ ကိစ္စ တစ် ခုခု စတင်ခြင်းများ ဆောင်ရွက်နိုင်ပါတယ်။

သတ္တဘိသျှနက္ခတ်ကအထက်မျှော်နက္ခတ်ဖြစ်တာမို့ဘုရားတည်ခြင်း၊ထီးတော်တင်ခြင်း၊ အနေကဇာတင်ခြင်း၊ ကျောက် ဆစ်လုပ်ငန်းစတင်လုပ်ခြင်း၊ ကျောက်ရုပ်ထုခြင်း၊ သံထည်သွန်းခြင်း၊ ကြေးသွန်းလောင်းခြင်း၊ ကြော်ငြာလုပ်ငန်း၊ ဆိုင်း ဘုတ်တင်ခြင်း၊ ပန်းချီပန်းပုလုပ်ငန်းလုပ်ခြင်း၊ တိုင်ထူခြင်း၊ လှေကားတင်ခြင်း၊ အိမ်တက်မင်္ဂလာလုပ်ခြင်း၊ အသီးဆွတ် ခူးခြင်း၊ လေကြောင်းခရီးသွားလာခြင်း၊ နတ်ကွန်းတည်ခြင်း၊ အလံထူခြင်း၊ အုတ်တံတိုင်းကာခြင်း၊ ဝင်းခြံကာခြင်း၊ တံခွန် တိုင် ထူးခြင်း ကောင်း၏။

ယနေ့ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့အချိန်ကာလကတော့နံနက်(၉:၃၀)နာရီမှ နံနက်(၁၀:၂၁)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာ များရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံလာရ ပါလိမ့် မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  အဓိပတိဖွား၊  ကုမ်စန်း၊ သတ္တဘိသျှနက္ခတ်နဲ့စန်းယှဉ်မွေးသူ မိန်ရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေး သူများ ဟာ ရဲစွမ်း သတ္တိရှိကြသူတွေဖြစ်ပါတယ်။ စွန့်စားရဲတယ်။ အကြောက်အလန့်နည်းကြသူတွေဖြစ် ပါတယ်။ ငွေကံအားကောင်း ကြပြီး ငွေကြေးပြတ်လပ်ခြင်းများ မရှိသလောက်နည်းပါတယ်။ ကျန်းမာရေးအားကောင်း ကြသူတွေလဲဖြစ်တယ်။ အားနည်းချက်က နေရာထိုင်ခင်းမတည်ငြိမ်ခြင်းအပြောင်းအလဲများခြင်း တွေအထူးကြုံရပါ တယ်။ မွေးရပ်မြေနဲ့ အဝေးနေရာတွင်အခြေချနေထိုင်ရတတ်ပါတယ်။  အသက် ၁၅နှစ်နောက်ပိုင်း ကနေ အသက် ၂၃အထိ နိုင်ငံရပ်ခြား ထိပညာသင်ကြားခွင့်ကံတွေကြုံလာနိုင်တဲ့ ဇာတာရှင်လဲဖြစ်ပါတယ်။ပါးနပ်လိမ္မာသူတွေ ဖြစ် တယ်။ သင်လွယ်တတ်လွယ်ကြသူတွေ ဖြစ်ကြပြီးတော့  ထက်မြက်ကြသူတွေဖြစ်ပါလိမ့်မယ်။ ငွေကြေးအကူအညီ အထောက်အပံ့ တွေရလွယ်ပြီးတော့ မိမိ လိုသမျှစွမ်းစွမ်းတမံ ကူညီမဲ့သူတွေရှိတတ်ပါတယ်။ ကျန်းမာရေးကတော့ အားကောင်းပြီးတော့ တော်ရုံဖျားနာတာ မျိုးကအစ ဖြစ်လေ့မရှိပါဘူး။အသက် ၁၅နှစ်နောက်ပိုင်း ဂျီကျတာမျိုး၊စိတ် ကောက် တာ မျိုးတွေသိပ်မရှိတော့ ဘဲ အလိုဆန္ဒရှိရာစိတ်ညွှတ်ပြီးလုပ်ကိုင်သွားမဲ့သူတွေဖြစ်ပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၇:၄၁) နာရီမှ နံနက်(၉:၁၂)နာရီအတွင်း ကျရောက်နေ ပါ တယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ် ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ စနေသားသမီးများပဲဖြစ်ပါတယ်။

ကံညံ့သော နေ့သားများကတော့ တနင်္လာ၊ ဗုဒ္ဓဟူး၊ ရာဟုသားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊ ကြာသပတေး၊ သောကြာသားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ ရွှေအိုရောင် နှင့် မီးခိုးရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၈၊ ၃၊ ၅) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့အသုပ်စုံတစ်ပွဲစား သွား ပါ။ ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ကိတ်ခြောက်ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.????တစ်နေ့တာ အကျိုးပေးအရောင်များ

????တစ်နေ့တာ အကျိုးပေးဂဏန်းများ

????အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

????တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်????ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

????????????အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

????????ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

   ✍️ငြိမ်းအေးလူ(ဗေဒင်သုတေသီ)

         09775555695

Leave a Reply

Your email address will not be published. Required fields are marked *