loading

27.March .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

  • Home
  • Blog
  • 27.March .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ နှောင်းတန်ခူးလဆန်း(၇)ရက်၊ တနင်္လာနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၃ခုနှစ်၊မတ်လ(၂၇)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅:၁၃)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆:၀၁)နာရီဖြစ်ပြီး ၊ ညနေ(၆:၀၉)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က တောင်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ သိန္ဓောမြင်း မြေခံဖြစ်၍ ပစ္စည်းဉစ္စာတိုးပွားတတ်သော နေ့ဖြစ်သောကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  ညပိုင်း(၆း၃၂)နာရီအထိ ကိတ်မြေခံအဖြစ်ကျရောက်နေပြီး လွန်လျှင် ရာဟုမြေခံအဖြစ်သို့ ပြောင်းလဲ ကျရောက်နေပါတယ်။ကိတ်မြေခံအရ အလုံးစုံသော စည်းစိမ်ဉစ္စာ၊ ရတာနာတို့ကို အလွယ်တကူ ရရှိ ပိုင်ဆိုင်ခွင့်များ ရရှိစေသောကြောင့် ခိုင်ခန့်သောအဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။

ဒီနေ့ဟာရက်တံခွန်၊ရသေ့ကျော် ရက်ကျရောက်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့  ညပိုင်း(၆း၃၂)နာရီအထိ လဆန်းတီထိ(၆)လုံး ပျော်ရွှင်ခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက် နေပြီး လွန်လျှင် လဆန်းတီထိ(၇)လုံး ကောင်းကျိုးဖြစ်ထွန်းစေခြင်းကိုပေးတဲ့နေ့အဖြစ်သို့ ပြောင်းလဲကျရောက်နေ ပါ တယ်။ မူလအနေအထားထက်တဆင့်မြှင့်တတ်မှုတွေကိုဖြစ်ပေါ်စေ တဲ့ နန္ဒတီထိလဲဖြစ်ပါ တယ်။ကျန်းမာရေး ကတော့ အကောင်းများပါတယ်။လူတကာရဲ့အကူအညီတွေကိုရရှိတတ်ပါ တယ်။ စုပေါင်း သွေး လှူ ခြင်းများအထူးပဲ ဆောင် ရွက်လို့ ကောင်းပါတယ်။ ဆံပင်ညှပ်ခြင်း၊ခေါင်းဆေးမင်္ဂလာ ပြုလုပ်ခြင်းများ ဒီနေ့မှာ အလေးပေးဆောင်ရွက်လို့ အထူး ကောင်းပါတယ်။

ထီထွင်ဖန်တီးမှုကိစ္စတွေကိုဦးစားပေးလုပ်ကိုင်ဆောင်ရွက်ပါ။ တစစနဲ့မြင့်တတ်လာမဲ့အလုပ်တွေကိုဦးစားပေးပါ။ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းမျိုးတွေ အထူးဆောင်ရွက်နိုင်ပါတယ်။ အလှအပနှင့်ဆိုင်သောစီးပွားရေးများ၊ အနုပညာ၊ ဂီတ၊ဖျော်ဖြေရေးနှင့်ပတ်သက်သော အလုပ်များအထူးတိုးတတ်ပါ လိမ့်မယ်။

ယာဉ်ကားရောင်းဝယ်ခြင်းတွေ၊အလှကုန်ပစ္စည်းအရောင်းမြှင့်တင်ခြင်းတွေအလေးပေးဆောင်ရွက်နိုင်ပါတယ်။ ပညာရေးနဲ့ပက်သက်တဲ့ အခွင့်အလမ်းများ၊ဟောပြောပွဲများကျင်းပလို့ကောင်းပါတယ်။ ပညာဝန်ဆောင်မှုလုပ်ငန်း များအထူးတိုးတတ်နိုင်ပါတယ်။ မြေသန့်မင်္ဂလာအခမ်းအနား၊ပန္နက်တင်အခမ်းအနားများလဲ ကျင်းပဆောင်ရွက်လို့ အထူးသင့်လျော်ပါတယ်။

ယနေ့အတွက်ကောင်းသော အဘိဇိတိံသိယနှင့်ဝိဒတြိ တိံသိယ အချိန်ကာလတွေကတော့ မနက်၀၀နာရီ၁၆မိနစ် မှ ၁နာရီ၀၆မိနစ်ထိ၊မွန်းလွဲ၁၂နာရီ၄၃မိနစ်မှမွန်းလွဲ၁၃နာရီ၃၃မိနစ်အတွင်းဖြစ်ပါတယ်။ ဒီအချိန် ကာလ အတွင်း က တော့ အရေးကြီးသောကိစ္စများ၊ဆုံးဖြတ်ချက် ချရ သောကိစ္စများ၊ မင်္ဂလာကိစ္စများ၊ကောင်းမွန် သော ကိစ္စများ၊ ကိစ္စ တစ် ခုခု စတင်ခြင်းများ ဆောင်ရွက်နိုင်ပါတယ်။

ဒီနေ့ဟာရသေ့ကျော်ရက် ကျရောက်တဲ့ နေ့ရက်ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ စီးပွားရေး၊လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့်အလုပ်ကိစ္စ ရေးရာအဖြာဖြာတွေမှာရေရှည်အောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်။

ဒီနေ့ဟာရက်တံခွန်ရက်ကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ စီးပွားရေး၊လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့်အလုပ်ကိစ္စ ရေးရာအဖြာဖြာတွေမှာရေရှည်အောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်။

ဒီနေ့ဟာ ကုန်ပစ္စည်းသစ်များ စတင်ဖြန့်ချီရန် ရက်ကောင်းဖြစ်နေပါတယ်။ ကုန်ပစ္စည်းသစ်များကို ကြော်ငြာခြင်း၊ စတင်မိတ်ဆက်ခြင်းများကို ဆောင်ရွက်လုပ်ကိုင်နိုင်ပါတယ်။ ရပိုင်ခွင့်များ ပြန်လည်တောင်းဆိုနိုင်ပါတယ်။ စတင် ဆောင်ရွက်ထားသောကိစ္စများမှ ကောင်းကျိုးများ ရရှိနိုင်ပါတယ်။ မင်္ဂလာကိစ္စများ စတင်ဆောင်ရွက်နိုင်ပါတယ်။ ရန်ပဋိပက္ခများကို ဖြေရှင်းဆောင်ရွက်နိုင်ပါတယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့နံနက်(၉:၀၂)နာရီမှ နံနက်(၉:၅၄)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရ ဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံ လာ ရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  အဓိပတိဖွား၊  ပြိဿစန်း၊ရောဟဏီနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ မိန်ရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေးသူများအတွက် အားသာ ချက်က ထီထွင်ဥာဏ်ရှိတယ်ဗျ။ ဒါကြောင့်ပဲ ပညာ ရေးဘက်မှာအားပေးနိုင်ရင် အထူးချွန်ဆုံးသူတွေ ဖြစ်လာ နိုင်ပါ တယ်။ ငယ်ရွယ်စဉ်ကတည်းကလဲ ကံကြမ္မာရဲ့ အထောက်အပံ့တွေရလာတတ်ပါ တယ်။ ကျန်းမာရေးအတွက် ကောင်း သော ရလဒ်တွေရှိကြသူတွေဖြစ်ပြီးတော့ ကျန်းမာရေးဒေါင်ဒေါင်မြည်ကောင်း ကြတဲ့သူတွေဖြစ်ပါတယ်။ ငယ်ရွယ်စဉ် ကာလတွေ ကတည်းက အောင်မြင်မှုကို စောလျင်စွာရကြသူတွေ အဖြစ်လဲ  ဒီနေ့မွေးသူကို တွေ့ရပါတယ်။အခက်အခဲ တွေကိုကောင်းစွာကျော်လွှားသွားနိုင်မဲ့သူတွေဖြစ်ပြီးတော့ ရဲစွမ်းသတ္တိနဲ့ ပြည့်ဝ ကြသူတွေဖြစ်ပါတယ်။ ပါးနပ်လိမ္မာ မှုတွေရှိတာမို့ အခြားသူတွေရဲ့ လိမ်လည်ခြင်းကိုလဲခံရလေ့မရှိကြပါဘူး။ ငွေကံအားကောင်းသူတွေမို့ ငွေကတော့ မရှိ မရှားပဲဖြစ်ပါတယ်။ ဘဝမှာ သူများတွေကိုပြန်ပြီး ခေါင်းဆောင်ရတဲ့ သူတွေ၊သူများတွေကိုလမ်းပြပေးနိုင်တဲ့သူတွေ အဖြစ် အခြားသူတွေထက် ခေါင်းတစ်လုံးသာပြီးအောင်မြင်နိုင် ကြောင်း ပါဗျ။

ဒီနေ့ဟာရောဟဏီနက္ခတ်ဟာ ရေတွင်းတူးခြင်း၊ အုတ်မြစ်ချခြင်း၊ သစ်ပင်စိုက်ခြင်း၊ နန်းတက် ခြင်း၊ မြေဝယ်ခြင်း၊ ကုသိုလ်ကောင်းမှု ပြုလုပ်ခြင်း၊ မျိုးစေ့ကြဲခြင်း၊ ရေရှည်တည်တံ့သော သို့မဟုတ် ထာဝရအကျိုး သက်ရောက်မှုကို အလိုရှိသော လုပ်ဆောင်ချက်များအတွက် သင့်လျော်သည်။ ဤနက္ခတ်သည် အထက်သို့မျက်နှာ မူသော နက္ခတ် ဖြစ်ပြီး အိမ်၊ ဗိမာန်၊ တံတိုင်း(ဥယျာဉ် )၊ အထပ်မြင့် အဆောက်အဦး /အဆောက်အအုံများနှင့် သက်ဆိုင်သော ဆောက်လုပ်ရေးလုပ်ငန်းများ၊ စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၇:၃၆) နာရီမှ နံနက်(၉:၀၈)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ် ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေးသားသမီးများပဲဖြစ်ပါတယ်။   

ကံညံ့သော နေ့သားများကတော့ တနင်္ဂနွေ၊ ရာဟုသားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ သောကြာ၊ စနေသားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ အဝါရောင် နှင့် အညိုရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၃၊ ၅၊ ၂) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့စတော်ဘယ်ရီသီးစား သွားပါ။ ပိုမို အဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဘိန်းမုန့်ဘုရားကပ်လှူပြီး လိုရာ ဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လို အင်ဆန္ဒ တွေပြည့်ဝ ကြပါစေ။

#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

Leave a Reply

Your email address will not be published. Required fields are marked *