loading

29.March .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

  • Home
  • Blog
  • 29.March .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ နှောင်းတန်ခူးလဆန်း(၉)ရက်၊ ဗုဒ္ဓဟူးနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၃ခုနှစ်မတ်လ(၂၉)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅:၁၂)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆:၀၀)နာရီဖြစ်ပြီး ၊ ညနေ(၆:၁၁)နာရီမှာ နေဝင် ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အနောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ဘီလူး မြေခံဖြစ်၍ သေကြေပျက်စီးရတတ်သောကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်ခြင်းကို အထူး ရှောင်သင့်ပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  ညပိုင်း(၁၀း၀၈)နာရီအထိ စနေမြေခံအဖြစ် ကျရောက်နေပြီးလွန်လျှင် သောကြာမြေခံ အဖြစ်သို့ ပြောင်းလဲကျရောက်နေပါတယ်။စနေမြေခံအရ မီးဘေးနှင့်ပတ်သက်သော အပူသောကများ အထူးဂရုစိုက် သင့်ပါသည်။ မီးဘေးကြောင့် ပျက်စီးဆုံးရှုံးရခြင်းများ၊ စိတ်ပူးပင်သောကနှင့် ဆုံးရှုံးနစ်နာရခြင်းများ ရရီစေသော ကြောင့် ခိုင်ခန့်သော အဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ အထူးရှောင့်သင့်ပါတယ်။

ဒီနေ့ဟာ နဂါးပေါ်၊ ရက်ပုပ်၊ ဝါရမိတ္တုငယ်၊ဝါရမိတ္တူကြီး၊ ရက်ရာဇာ ကျရောက်နေတာ ဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့  ညပိုင်း(၁၀း၀၈)နာရီအထိ လဆန်းတီထိ(၈)လုံး အောင်မြင်းခြင်းကိုပေးတဲ့နေ့အဖြစ် ကျ ရောက် နေပြီး လွန်လျှင် လဆန်းတီထိ(၉)လုံး ပယ်ရှင်းခြင်းကိုပေးတဲ့နေ့အဖြစ်သို့ ပြောင်းလဲကျရောက်နေပါတယ်။ စွမ်းအားတွေကိုပေးတဲ့ဇယျာတီထိကျရောက်တဲ့နေရက်ပဲဖြစ်ပါ တယ်။မိမိမှာ ရှိတဲ့ကိုယ်စွမ်းကိုယ်စတွေကို သိရှိပြီး ကြိုးစားတတ်ဖို့လိုအပ်ပါတယ်။ မိမိတို့ရင်ထဲမှာရှိတဲ့ ကိုယ်စွမ်းကိုယ်စတွေကို ထုတ်သုံးပြီးတော့ အံဝင်ခွင်ကျအသုံး ချတတ်သူ တွေအထူး အဆင်ပြေပါလိမ့်မယ်။ ကျန်းမာရေးကတော့ ဆေးဝါး ကောင်း၊သမားတော်ကောင်းတွေနဲ့ ကြုံရ ပြီး နလန်ပြန်ထပါလိမ့်မယ်။

လုပ်ငန်းခွင်အတွင်းအသုံးပြုနေတဲ့ အသုံးအဆောင်ပစ္စည်းမှန်သမျှ ပျက်နေရင်ပြုပြင်ခြင်း၊ထိန်းသိမ်းခြင်း များ အထူးဆောင်ရွက်နိုင်ပါတယ်။ စိတ်ကူးထားတာလေးတွေကိုလဲ တိုးတတ်အောင်လက်တွေ့စွမ်းဆောင်ခြင်းဖြင့် အောင် မြင် မှုတွေ ရလာနိုင်ပါတယ်။

မိမိလုပ်ချင်တဲ့ကုသိုလ်တွေကိုရည်မှန်းပြီး ထီကံစမ်းတာမျိုးပြုလုပ်နိုင်ပါတယ်။ ဆည်မြောင်းတာတံမံများ တူးဖော်ခြင်း၊ ရေမြောင်းများ ရေစီးရေလာကောင်းအောင်ဆောင်ရွက်ခြင်းများပြုမူသင့်ပါတယ်။ စာပေ၊စာနယ်ဇင်း ထုတ်ဝေဖြန့်ချီ ခြင်း များ အထူးဆောင်ရွက်လို့ကောင်းပါတယ်။ မေတ္တာရေးနဲ့ပတ်သက်ပြီး ဆောင်ရွက်လို့ အထူး ကောင်းပါတယ်။  ချစ်သူကို မိမိချစ်ကြောင်းဖွဲ့နွဲ့ပြောဆိုလို့အထူးသင့်ပါတယ်။

မိမိအဖွဲ့အစည်း၊မိမိလုပ်ငန်းတွေကို အင်အားကြီးမားအောင်ဆောင်ရွက်ခြင်းများအထူးကောင်းပါတယ်။ ခရီးသွား ခြင်း၊ ကုန်သွယ်ခြင်းကိစ္စများအထူးကောင်းပါတယ်။ မိမိနာမည်၊မိမိဆိုင်၊မိမိလုပ်ငန်းကို ဆိုင်းဘုတ်တင်ခြင်း များလဲ အထူး ကောင်းပါတယ်။

ရက်ပုပ်ကျတဲ့ရက် ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ကိစ္စတွေက လိုရင်းမရောက်ဘဲ မပြီးမသတ်ဖြစ် ရတတ်ပါ တယ်။  ရန်ဖြစ်လိုက်ပြီးဆိုရင်လဲကြီးမားတဲ့ အမှုအခင်းထိဖြစ်သွားနိုင်ပါတယ်။ ရန်ရှောင်သင့်တဲ့နေ့ပါပဲ။

ဝါရမိတ္တုကြီးကျရောက်တဲ့နေ့ဖြစ်တာကြောင့် မင်္ဂလာယူ ပြီးလုပ်ရမဲ့ကိစ္စတွေအားလုံးရှောင်သင့်ပါတယ်။ လက်ထပ် ထိမ်းမြားခြင်း၊စေ့စပ်ခြင်းများ၊ရုံးတတ်လက်မှတ်ထိုးခြင်း၊  မင်္ဂလာစကားပြောခြင်းများလဲ ရှောင်သင့်ပါ တယ်။

ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်ပေမဲ့ ဝါရမိတ္တုငယ်ကျရောက်တဲ့နေ့ရက်လဲဖြစ်တာကြောင့် မင်္ဂလာကိစ္စများ  အလုံးစုံရှောင်သင့်ပါတယ်။ လက်ထပ် ထိမ်းမြားခြင်း၊စေ့စပ်ခြင်း၊မင်္ဂလာစကားပြောခြင်းများရှောင်သင့်ပါတယ်။ ဒီနေ့ မှာပေါ်ပင်အလုပ်များ၊ အဆင်ပြေမ လားထင်ပြီးတော့ မြေစမ်းခရမ်းပျိုးလုပ်ကိုင်ခြင်းများလဲ အထူးပဲရှောင်ပါတယ်။  လုပ်မိရင်မှန်းချက်နဲ့ နှမ်းထွက်မ ကိုက်ဆိုတာမျိုးလဲဖြစ်နေရတတ်ပါတယ်။

ဒီနေ့ဟာ အဒြနက္ခတ်ဖြစ်တာမို့ ဘုရားစေတီ ထီးတော်တင်ခြင်း၊ အနေကဇာတင်ခြင်း၊ တံခွန်တိုင်တည်ခြင်း၊ အလံ ထူခြင်း၊ မဏ္ဍပ်ဆောက်ခြင်း၊ တန်ဆောင်းတည်ဆောက်ခြင်း၊ နတ်ကွန်းနတ်စင်တည်ဆောက်ခြင်း၊ အုတ်တံတိုင်း ဆောက် ခြင်း၊ ဝင်းခြံကာခြင်း၊ သစ်ပင်စိုက်ပျိုးခြင်း၊ မုခ်ဦး ပြဿာဒ်တည်ဆောက်ခြင်း၊ ဆိုင်းဘုတ်တင်ခြင်း၊ ကြော်ငြာခြင်း၊ ဦးခေါင်း၌ဝတ်ဆင်ရသော ရတနာဝတ်ဆင်ခြင်း၊ ပန်းပန်ခြင်း၊ ဆံထိုးအသစ်ထိုးခြင်း၊ အာကာသသို့ လွှတ်တင်ရ သော လုပ်ငန်းများ၊ လေယာဉ်ပျံသန်းခြင်း၊ ကင်ပွန်းတပ်ခြင်း၊ ကျောက်သွေးလောင်းခြင်း၊ အသီးများ ဆွတ်ခူး ခြင်းဆောင်ရွက် လို့ကောင်းပါတယ်။

နဂါးပေါ်ရက်ဆိုတာကတော့ အခြားအညံ့အဆိုးဖြစ်တာတော့မဟုတ်ပါဘူး။ နဂါးပေါ်ရက်ကျရောက်တဲ့နေ့ မျိုးက accident ဖြစ်လွယ်ပါတယ်။ ယာဉ်ကားကို သတိထားမောင်းနှင်ပါ။ လမ်းဖြတ်ကူးတာလဲသတိရှိပါတယ်။ ချော်လဲတာ စလစ်ဖြစ်တာမျိုးတွေလဲဖြစ်လွယ်ပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာလုပ်ကိုင်သူဆို safety ပြည့်စုံစွာဝတ်ပါ။ Halmet ဆောင်းတာ၊ safety shoe ဝတ်ဆင်တာမျိုးကို ဂရုတစိုက်လုပ်ပါ။ ဒီနေ့မှာ PPE ပြည့်စုံ စွာနဲ့အလုပ်လုပ်ပါ။ အမြင့်တတ်ရင်လဲ သတိထားပါ။ ဒီလိုနေ့မျိုးမှာ မတော်တဆထိခိုက်မှုလေးတွေ သွေးထွက် သံယိုဆိုတာမျိုးတွေ ဖြစ်လွယ်ပါတယ်။ ဒါကြောင့်သတိရှိစွာ လုပ်ကိုင်ဆောင်ရွက်ပါ။

ဒီနေ့တွင် အရှေ့အရပ်သို့ ဦးတည်သွားလာစဉ် အန္တရာယ်နှင့် ကြုံတွေ့ရတတ်သည်။ နံနက်(၇း၀၀)နာရီမှ (၉း၀၀)နာရီ ကြား ကာလများတွင် အသွားအလာ၊ အနေအထိုင် အထူးဂရုစိုက်ပါ။ အိုးအိမ်သစ်များ စတင်တည်ဆောက်ခြင်းများ မပြုရပါ။ မီးလောင်ဆုံးရှုံးရတတ်ပါတယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နံနက်(၈:၅၄)နာရီမှ နံနက်(၉:၄၆)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရ ဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရ ပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  အထွန်းဖွား၊  မေထုန်စန်း၊ အဒြနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ မိန်ရာသီဖွားဖြစ်ပါ သည်။ဒီနေ့မွေးသူများဟာ အနည်းငယ်ပြောစရာလေးတွေရှိပါတယ်။ ငယ်ငယ်ကတည်းက အသက်မွေးမှုပညာကို တစ်ခုခု တက် မြောက်ဖို့ လိုပါ တယ်။ ကျောင်းပညာထက် အပြင်အသက်မွေးမှုပညာတွေနဲ့ ကြီးပွားလွယ်တဲ့ သူဖြစ်လို့ပါပဲ။ နောက်ပြီးနိုင်ငံခြားရပ် ဝေးကံအားကောင်းပါတယ်။ ရပ်ဝေးကနေပညာရှာတာ၊စီးပွားရှာတာ မျိုးတွေ အထူး အားထည့်လို့ကောင်းပါတယ်။ ညံ့ဖျင်းတဲ့အမှောင်ချိန်တွေမှာ မွေးထားမိရင်တော့ တစ်ကိုယ်ကောင်းဆန်တာ၊ ကိုယ့်မိသားစုကလွဲရင်အခြားလူတွေ ဘာဖြစ်ဖြစ်ဆိုတဲ့ အတ္တကိုဖြစ်စေနိုင်တာမို့ နာမည်ပေးမှားလို့မရပါဘူး။ ဗုဒ္ဓဟူး သားကို စနေနဲ့ပိတ်ပေးလိုက် မယ်ဆိုရင်တော့ သူဘဝကိုအဆိုးဆုံးတွန်းပို့လိုက်တာမျိုးတွေ ဒီနေ့မွေးရင်သွေးမှာ ဖြစ်လွယ်တာကိုတွေ့ ရပါတယ်။အရာရာကို ချင့်ချိန်နိုင်စွမ်းမြင့်မားကြတယ်။သူမတူတဲ့အတွေး တွေရှိတယ်။ အရွယ် ရောက်တာနဲ့ အလုပ်နဲ့ လက်အမြဲထိတွေ့နေမှအဆင်ပြေတယ်။ အလုပ်နဲ့ဝေးသွားရင်လူက မလုပ်ချင်တော့ဘဲ ပျင်းသွားတတ်ပါတယ်။ ချမ်းသာလေလေ အတ္တကြီးလေလေဆိုတဲ့ ဇာတာဖြစ်တာတွေ့ရတယ်။ ဆင်းရဲနေချိန် စိတ်ထားကောင်းပေမဲ့ ချမ်းသာနေချိန် စိတ်ပြောင်းသွားတတ်သူဖြစ်ပါတယ်။ စာဖတ်အားကောင်းဖို့ သွန်သင်ဆုံးမမှု မှန်ကန်ဖို့လိုပါတယ်။ ကျန်းမာရေးအညံ့အဆိုးနည်းပြီး တော်ရုံရောဂါမဖြစ်တတ်တဲ့ဇာတာမျိုးပဲဖြစ် ပါတယ်။

ယနေ့အတွက်ကောင်းသော အဘိဇိတိံသိယနှင့်ဝိဒတြိ တိံသိယ အချိန်ကာလတွေကတော့ မနက်၃နာရီ၀၂မိနစ် မှ ၃နာရီ၅၄မိနစ်ထိ၊မွန်းလွဲ၄နာရီ၀၄မိနစ်မှမွန်းလွဲ၄နာရီ၅၆မိနစ်အတွင်းဖြစ်ပါတယ်။ ဒီအချိန် ကာလ အတွင်း က တော့ အရေးကြီးသောကိစ္စများ၊ဆုံးဖြတ်ချက် ချရ သောကိစ္စများ၊ မင်္ဂလာကိစ္စများ၊ကောင်းမွန် သော ကိစ္စများ၊ ကိစ္စ တစ် ခုခု စတင်ခြင်းများ ဆောင်ရွက်နိုင်ပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၁၂:၁၁) နာရီမှ မွန်းလွဲ(၁:၄၁)နာရီအတွင်း ကျရောက်နေ ပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ တနင်္လာ၊ ကြာသပတေးသားသမီးများပဲဖြစ်ပါတယ်။        

ကံညံ့သော နေ့သားများကတော့ အင်္ဂါ၊ သောကြာသားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ ဗုဒ္ဓဟူး၊ ရာဟု၊ စနေသားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ ကြည်ပြာရောင် နှင့် ပန်းရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၅၊ ၄၊ ၈) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ပဲပေါက်ဆီစား သွားပါ။ပို မိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ တည်သီးဘုရားကပ်လှူပြီး လိုရာဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလို အင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

Leave a Reply

Your email address will not be published. Required fields are marked *