loading

2.April .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

  • Home
  • Blog
  • 2.April .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ နှောင်းတန်ခူးလဆန်း(၁၃)ရက်၊ တနင်္ဂနွေနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဧပြီလ(၂)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅:၀၉)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၅:၅၇)နာရီဖြစ်ပြီး ၊ ညနေ(၆:၁၃)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ ဗြဟ္မာ မြေခံဖြစ်၍ လာဘ်လာဘကိုပေးတဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ဆိုင်ခန်းလိုင်းခန်းတည်ဆောက်ခြင်းတွေ၊အိမ်ခန်းဖွဲ့တာတွေ အိမ်ပြင်တာတွေ၊မြေတူးဆွတာတွေ ဆောင်ရွက် လို့ကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  အင်္ဂါမြေခံတဲ့နေ့ဖြစ်ပါတယ်။ အင်္ဂါမြေခံအရ ကျန်းမာရေးနှင့်ပတ်သက်၍ အထူး ထိခိုက် နိုင်တဲ့နေ့ရက်ဖြစ်တာကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေ အထူး ရှောင်သင့်ပါတယ်။

သမားညို၊ရက်ကန်းကျရောက်နေတဲ့နေ့ရက်လဲဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့  လဆန်းတီထိ(၁၂)လုံး ကောင်းကျိုးဖြစ်ထွန်းစေသောနေ့အဖြစ် ကျရောက်နေပါတယ်။ ကျက်သရေမင်္ဂလာကိုပေးတဲ့ ဘဒြာတီထိကျရောက်တဲ့နေ့ရက် ပါပဲ။ ကံကောင်းခြင်းတွေ ကိုဖြစ်ပေါ်စေတဲ့တီထိပါ ပဲ။

ခရီးကိစ္စအထူးအလေးပေးဆောင်ရွက်နိုင်ပါတယ်။ ကားရောင်းခြင်း၊ကားဝယ်ခြင်း၊ကားအလဲအထပ်လုပ် ခြင်း များလဲ အထူးတိုးတတ်နိုင်တာကိုတွေ့ရပါတယ်။ ဒီနေ့ဟာ အမွေးနံ့သာလိမ်းကျံခြင်းတွေ၊ အလှပြုပြင်ခြင်းတွေ အလေး ပေးဆောင်ရွက်နိုင်ပါတယ်။ အလှအပနှင့်ဆိုင်သောပစ္စည်းများလဲ ဒီနေ့မှာရောင်းထွက်ပါလိမ့်မယ်။

ဖက်ရှင်ဆိုင်များ၊comestic ရောင်းတဲ့ဆိုင်တွေစတင်ဖွင့်လှစ်လို့အထူးကောင်းတဲ့နေ့တစ်နေ့ပါပဲ။လမ်း အသစ် ဖောက်ခြင်းများနှင့် သစ်ပင်ပန်းမန်စိုက်ပျိုးခြင်းများလဲ အထူးဆောင်ရွက်လို့ကောင်းပါတယ်။ မလိမ္မာတဲ့ သားသမီးတွေကိုပဲ့ပြင်ဆုံးမလို့ကောင်းတဲ့နေ့ရက်လဲဖြစ်ပါတယ်။မိမိပြောစရာ၊တောင်းဆိုစရာတွေကို မင်းအစိုးရထံ တောင်းဆိုခြင်း၊ အထက်လူကြီး၊အလုပ်ရှင်၊မိဘတွေဆီကတောင်းဆိုခြင်းတွေအထူးကောင်းပါတယ်။

ဒီနေ့ စတင်သောကိစ္စမှန်သမျှ တစ်ပိုင်းတစ်စ ဖြစ်နေပါမည်။ ကတိပျက်ခြင်းကြုံမည်။ စာရွက်စာတမ်း လက်မှတ် ရေးထိုးခြင်းများ ရှောင်ပါ။ အစုစပ်လုပ်ငန်းများ ဆောင်ရွက်ရန် မသင့်ပါ။ နေ့(၁၂း၀၀)နာရီကျော်က ပြဿနာဟောင်း များ ဖြေရှင်းနိုင်မည်။ ကျန်းမာရေးအညံ့ကြုံက ချက်ချင်းကုသမှုခံယူပါ

 ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့နံနက်(၈:၃၉)နာရီမှ နံနက်(၉:၃၀)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာ များရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံလာရပါ လိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ယနေ့အတွက်ကောင်းသော အဘိဇိတိံသိယနှင့်ဝိဒတြိ တိံသိယ အချိန်ကာလတွေကတော့ နေ့လယ်၁၂နာရီ၁၆မိနစ် မှ၁နာရီ၀၈မိနစ်အတွင်းဖြစ်ပါတယ်။ ဒီအချိန် ကာလ အတွင်း က တော့ အရေးကြီးသောကိစ္စများ၊ဆုံးဖြတ်ချက် ချရ သောကိစ္စများ၊ မင်္ဂလာကိစ္စများ၊ကောင်းမွန် သော ကိစ္စများ၊ ကိစ္စ တစ် ခုခု စတင်ခြင်းများ ဆောင်ရွက်နိုင်ပါတယ်။

ရှောင်သင့်တာတွေကတော့ရက်ကန်းဖြစ်တာကြောင့်် မင်္ဂလာယူပြီးလုပ်ရမဲ့ကိစ္စမှန်သမျှ ရှောင်နိုင်ရင် အကောင်း ဆုံး ပါပဲ။ လက်ထပ် ထိမ်းမြားခြင်း၊ စေ့စပ်ခြင်း၊ ဆောင်ရွက်လို့ မကောင်းသေးပါဘူး။မျက်မြင်ကိုယ်တွေ့မဟုတ်ဘဲ တပါးသူပြောစကား နားဝင်ပြီးဆောင်ရွက်ပါက ဆုံးရှုံးခြင်းတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။

သမားညိုရက်ဖြစ်တာကြောင့် အိမ်ပြောင်းရွှေ့တာ၊ အလုပ်ဆိုင် ပြောင်းတာ၊ အလုပ်ရုံးခန်းပြောင်းတာ မျိုးတွေရှောင် အပ်ပါတယ်။ပညာစပြီးသင်ယူလို့မကောင်းသေးပါဘူး။ ခိုင်ခန့်သော၊ရေရှည်တည်တံ့သော အဆောက်အဦးတွေကို စတင်ဆောက်လုပ်တာ ၊တိုင်ထူတာ၊ပန္နက်ရိုက်တာ၊ မျိုးတွေလုပ်မိရင် အဆုံးမသတ် ဘဲတစ်ပိုင်းတစ ဖြစ်လွယ်ပါတယ်။

မာဃနက္ခတ်ကျရောက်တာမို့ဆည်မြောင်း တာတမံလုပ်ငန်းများ ပြုလုပ်ခြင်း၊ ကျောက်မျက်ရတနာတူးဖော်ခြင်း၊ ရေနံ ဓာတ်ငွေ့တူးဖော်ခြင်း၊ ဓာတ်သတ္တုတူးဖော်ခြင်း၊ ဂီတအနုပညာဆိုင်ရာနှင့် အဆို၊ အက၊ သရုပ်ဆောင်လုပ် ခြင်းများ ကောင်း၏။

ဒီနေ့မွေး ရင်သွေးငယ်များဟာ မရဏဖွား၊  ကရကဋ်စန်း နံနက်(၆)နာရီ(၆)မိနစ်လွန် စန်းသိဟ်ရာသီသို့ ပြောင်းသည်။  မာဃနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊မိန်ရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူတွေဟာ အများအားဖြင့်ရှေ့ရိုးစွဲကြသူတွေများလိမ့် မယ်။ တစ်ခုခုကိုဆုပ်ကိုင်ထား မိရင် အဲဒါကိုပဲတစ်သက်လုံးအမှန်လို့ယူ ဆသွားတတ်တဲ့သူတွေပါ။အများနဲ့ တွဲဖက်  လုပ်ကိုင်ရတဲ့အလုပ်တွေမှာအောင်မြင်လွယ်ကြတဲ့ဇာတာများပဲဖြစ်ပါ တယ်။ဘဝမှာ မိမိဘာလုပ်လုပ် ကူညီပေးမဲ့သူ တွေ၊ မိမိမှားရင်း ကာကွယ်ပေးမဲ့သူတွေပေါများကြတဲ့ဖွားဇာတာရှင် ရင်သွေးငယ်ပဲဖြစ်ပါတယ်။မသိစိတ်မှာရန် လိုစိတ် ရှိပြီး မိမိအား နှိပ်ကွက်ထားသူတွေကို အကွက်ကျကျကလဲ့စား ပြန်ခြေတတ်သူတွေအဖြစ်လဲ တွေ့ရပါတယ်။အများ မတူ ထူးခြားတဲ့စွမ်းရည်ရှိကြသူတွေပါပဲ။ ပညာရပ်တစ်ခုခုအပေါ်အလေးအနက်ထား လိုက်စားပြီးတစ်ဖက်ကမ်း ခတ် တတ် မြောက်ပါလိမ့်မယ်။ ထိုပညာနဲ့ပဲ ဘဝမှာ အကောင်းဆုံးရပ်တည်သွားနိုင်တာမျိုးကြုံရတတ်ပါ တယ်။အသက် ၂၉ထိက ဘဝက နိမ့်လိုက်မြင့်လိုက်နဲ့ လှိုင်းပမာဖြစ်နေပေမဲ့ အသက်၃၀ကစလို့ ဘဝကတိုးတတ်မှုတွေအရှိန်အဟုန်နဲ့ ရလာ တတ်တဲ့ကာလပဲဖြစ်ပါတယ်။ အားနည်းချက်က အပူအောင်းလွယ်ပြီး ရေချိုးမပျင်းဖို့လိုပါတယ်။ မိမိဇာတိထက် အရမ်းအေးလွန်းတဲ့ နေရာတွေကိုသွားရင် သတိထားရပါလိမ့်မယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၄:၄၆) နာရီမှ ညနေ(၆:၁၉)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ် ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ ရာဟု၊ ကြာသပတေး၊ သောကြာသားသမီးများပဲဖြစ်ပါတယ်။

ကံညံ့သော နေ့သားများကတော့ အင်္ဂါသားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္လာ၊ စနေသားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ မီးခိုးရောင် နှင့် နံ့သာရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၂၊ ၀၊ ၁) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ပေါင်မုန့်မီးကင်စား သွားပါ။ ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ပဲထမင်းဘုရားကပ်လှူပြီး လိုရာ ဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

Leave a Reply

Your email address will not be published. Required fields are marked *