loading

4.April .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

  • Home
  • Blog
  • 4.April .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ နှောင်းတန်ခူးလပြည့်နေ့၊ အင်္ဂါနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဧပြီလ(၄)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅:၀၈)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၅:၅၆)နာရီဖြစ်ပြီး ၊ ညနေ(၆:၁၄)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ သိကြား မြေခံဖြစ်၍ ချမ်းသာသုခကို ပေးတဲ့နေ့ ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ ကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  နံနက်(၉း၀၅)နာရီအထိ တနင်္လာမြေခံအဖြစ် ကျရောက်နေပြီး လွန်လျှင် တနင်္ဂနွေမြေခံ အဖြစ်သို့ ပြောင်းလဲကျရောက်နေပါတယ်။တနင်္လာမြေခံ ဖြစ်တဲ့အတွက် ဒီနေ့မှာ လုပ်ကိုင် လိုက်သော လုပ်ငန်း များမှန်သမျှ အကျိုးအမြတ်ကြီးကြီးမားမားရရှိကြွယ်ခြင်း၊ ချမ်းသာခြင်း၊ စည်းစိမ်ဉစ္စာ တိုးပွား ခြင်းများ အထူး ပင်ရရှိစေနိုင်တာကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုး တွေ အထူးဆောင်ရွက် သင့်ပါတယ်။

မနက်၉နာရီနောက်ပိုင်းတနင်္ဂနွေ မြေခံတဲ့နေ့ဖြစ်တာကြောင့် ဒီနေ့မှာ ဘာလုပ်လုပ် အထူးသတိထားလုပ်ကိုင်သင့် သော အချိန်ကာလမျို;ဖြစ်တာမို့ ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ကျောင်း တွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာ ပန္နက်ရိုက်တာမျိုး တွေ အထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့  နံနက်(၉း၀၅)နာရီအထိ လဆန်းတီထိ(၁၃)လုံး အောင်မြင်ခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက်နေပြီး လွန်လျှင် လဆန်းတီထိ(၁၄)လုံး ပယ်ရှင်းခြင်းအတွက်သုံးရန်ပေးတဲ့နေ့အဖြစ်သို့ ပြောင်းလဲ ကျရောက်နေပါတယ်။ ဆင်းရဲခြင်းတွေကိုဖြစ်စေတဲ့ရိတ္တာတီထိကျရောက်တဲ့ နေ့ရက်ပဲဖြစ်ပါတယ်။ဒီနေ့မှာ အပြောင်း အရွှေကိစ္စများဆောင်ရွက်ရန်ကောင်းသောနေ့ရက်ပဲဖြစ်ပါတယ်။ ဘာလုပ် လုပ်သတိမလွတ်ဘဲ လုပ်ကိုင်နိုင်မှ အဆင် ပြေပါလိမ့်မယ်။ကျန်းမာရေးကောင်းစေမဲ့ကိစ္စတွေအားလုံးဆောင်ရွက်နိင် ပါတယ်။ ဆေးစစ်ခြင်းများ၊ သမားတော်နဲ့ သေချာ စစ်ဆေးပြသခြင်းများဆောင်ရွက်နိုင်ပါတယ်။ လမ်းလျှောက်ခြင်း ၊ ဂျင်းကစားခြင်းများစတင် ဆောင်ရွက် လို့ အထူးကောင်းတဲ့နေ့ရက်ပါပဲ။

ကျောက်မျက်ရတနာများဖြတ်ခြင်း၊သွေးခြင်းတွေကိုဒီနေ့မှာဆောင်ရွက်လို့အဆင်ပြေပါလိမ့်မယ်။ဆေးရုံသစ်၊ ဆေးခန်း သစ်၊ ဆေးဆိုင်သစ်စတင်ဖွင့်လှစ်ခြင်းများလဲ ဒီနေ့မှာစတင်နိုင်ပါတယ်။ထီဝါသနာပါသူများ ၅၊၇၊၉ ဂဏန်းများပါသော ထီလက်မှတ်ကိုရွေးချယ်ကံစမ်းပါ။

ဘုရားတည်ခြင်း၊ထီးတင်ခြင်း၊အနေကဇာတင်ခြင်းတွေ၊ကျောက်ဆစ်ထုခြင်းတွေ၊ကြေးသွန်းလောင်းခြင်း တွေအထူးဆောင်ရွက်နိုင်ပါတယ်။ ကလေးငယ်အားစတင်ထမင်းခွံခြင်းများ၊ရေနှံနှင့်ဓာတ်သတ္ထုရှာဖွေခြင်းများ၊ အိမ်ဆောက်ပစ္စည်းရောင်းဝယ်ခြင်းတွေ၊ အထည်ယက်လုပ်ခြင်းတွေကိုလဲ ဒီနေ့ဦးစားပေးဆောင်ရွက်နိုင်ပါတယ်။

ခဲယမ်းမီးကျောက်ထုတ်လုပ်ခြင်း၊ ဓားလှံလက်နက်ပြုလုပ်ခြင်းတွေ၊ အရက်သေစာထုတ်လုပ်ဖြန့်ချီခြင်းတွေ ဆောင်ရွက်နိုင်တဲ့နေ့ရက်ပါပဲ။ ရန်သူစခန်းအားသိမ်းပိုက်ခြင်း၊ တရားခံအားဖမ်းဆီးခြင်းများဆောင်ရွက်နိုင်တဲ့ နေ့ရက်ပါပဲ။ အခက်အခဲအကြပ် အတည်းတွေကြားကနေလဲ လွတ်မြောက်အောက်စွမ်းဆောင်နိုင်မဲ့နေ့ရက်ပါပဲ။ သတ္ထုထုတ်လုပ်ရေးလုပ်ငန်းများ မိုင်းခွဲခြင်းတွေ အထူးဆောင်ရွက်နိုင်ပါတယ်။

ပြုဗ္ဗဖလဂုဏီ နက္ခတ်ကျရောက်တဲ့နေ့ရက်ဖြစ်ပါတယ်။ဒီနက္ခတ်က အောက်သို့မျက်နှာမူတဲ့နက္ခတ်ဖြစ်တာမို့ အဝီစီ တွင်း တူးခြင်း၊ရေကန်တူးခြင်း၊ရတနာသတ္ထုတူးဖော်ခြင်း၊Bored pile စတင်တူးခြင်း၊ရေအောက်ငုပ်ပြီး ရတနာ ရှာ ဖွေခြင်းလုပ်ငန်းများဆောင်ရွက်လို့ကောင်းပါတယ်။

ဒီနေ့ဟာ တန်ခူးလပြည့်နေ့နှင့် အင်္ဂါနေ့ တိုက်ဆိုင်နေပေရာ မြန်မာရိုးရာ လောကီအစီအရင်ကို ဆောင်ရွက်လုပ် ကိုင်နိုင်ပါတယ်။ ညနေ(၃း၀၀)နာရီအချိန်တွင် ဇီးပင်တစ်ပင်၏ အရှေ့တောင်ဘက်ကိုင်းမှ ဇီးကိုင်းကို (၈)လက္မ ခန့်ဖြတ်ကာ အခေါက်ခွာ ရွှေချပြီး ဈေးရောင်းကောင်းရန် လာဘ်ခေါ်အဆောင်အဖြစ် ပြုလုပ်ပါ။ ရောင်းလိုသော ပစ္စည်းများကို ၎င်းဇီးကိုင်းနှင့်ရိုက်ပါ။ သမားပြသခြင်း၊ ဆေးဝါးကုသခြင်းများအတွက် အထူးကောင်းသော ရက်ကောင်း ဖြစ်နေပါတယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့နံနက်(၈:၃၁)နာရီမှ နံနက်(၉:၂၂)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာ များရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံလာရ ပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ယနေ့အတွက်ကောင်းသော အဘိဇိတိံသိယနှင့်ဝိဒတြိ တိံသိယ အချိန်ကာလတွေကတော့ မနက်၃နာရီ၀၃မိနစ် မှ ၃နာရီ၅၅မိနစ်အတွင်းဖြစ်ပါတယ်။ ဒီအချိန် ကာလ အတွင်း က တော့ အရေးကြီးသောကိစ္စများ၊ဆုံးဖြတ်ချက် ချရ သောကိစ္စများ၊ မင်္ဂလာကိစ္စများ၊ကောင်းမွန် သော ကိစ္စများ၊ ကိစ္စ တစ် ခုခု စတင်ခြင်းများ ဆောင်ရွက်နိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ ရာဇဖွား၊  သိဟ်စန်းညနေ(၅)နာရီ (၀၄)မိနစ်လွန် စန်း ကန်ရာသီသို့ပြောင်းသည်။  ပြုဗ္ဗဖလဂုဏီ နက္ခတ်နဲ့စန်းယှဉ်ပြီးတော့၊မနက် ၁၀နာရီခွဲကျော်ပါက ဥတ္တရဖလဂုဏီနက္ခတ်ကို ကူးပြောင်းပါတယ်။ မိန်ရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာ အားငယ်စိတ်တွေ၊ဖြစ်ပါ့ဖြစ်ပါ့မလားဆိုတဲ့စိတ်တွေ ရှိနေတတ်သူပါ။ ဆင်းရဲနွမ်းပါးတဲ့ မိဘဆီမှာဝင်စားရင် သိမ်ငယ်စိတ်က ပိုများသွားတတ်ပါတယ်။ အများကအသိအမှတ်ပြုခံရတာမျိုး တွေအားနည်းပြီးတော့ မိမိကိုယ်စွမ်းကိုယ်စ ထုတ်ပြမှသာ လူအများအထင်ကြီးခြင်းကိုခံရပါလိမ့်မယ်။ သိမ်ငယ်စိတ်ကို ဖျောက်ပြီးကြိုးစားနိုင်သူတွေကတော့အသက် ၂၈လောက်ကစပြီးသိသာထင်ရှားစွာအောင်မြင်မှုရတတ်ပါတယ်။ သတိ ပေးလိုတာက ဘဝတစ်လျှောက်လုံး အားနာစိတ်ရယ်၊ အဆင်ခြင်မဲ့ပေးကမ်းတာမျိုးရယ်ကို အထူးရှောင်ပါ။

သူတစ်ပါး တွေ ရဲ့အကူအညီတွေကိုရဖို့ခဲယဉ်းကြသူတွေ အရာ ရာကို ကိုယ်ကပဲ တည်ဆောက်ယူကြရတယ်။ အမွေ ရတာ မျိုး၊ ထောက်ပံ့တာမျိုး၊အသိအမှတ်ပြုခံရတာမျိုးသိပ် ရှား တယ်။တော်တော်ကြီးသူများကိုကူညီရင်တောင် နည်း နည်းပဲ အသိအမှတ်ပြုခံကြရသူတွေပါ။ကောင်းတာဘယ် လောက် လုပ်လုပ်မုန်းသူတွေလဲ ရှိနေတတ်ကြပါတယ်။ ကိုယ်ဒူးကိုယ်ချွန်ကြိုးစားခဲ့ရတာကြောင့်ပဲ ဘဝမှာအောင်မြင် မှုခိုင် မာတယ်။ ပညာရဲရင့်ပွဲလည်တင့်တယ်။ အောင်မြင် ပြီးဆို ဘယ်သူမှလိုက်မမှီအောင် မြင့်မားသွားတတ်ပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၃:၁၄) နာရီမှ ညနေ(၄:၄၆)နာရီအတွင်း ကျရောက် နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆိုတာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာသားသမီးများပဲဖြစ်ပါတယ်

ကံညံ့သော နေ့သားများကတော့ ရာဟုသားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ စနေသားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ အစိမ်းရောင် နှင့် ပန်းရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၆၊ ၅၊ ၉) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ဖရဲသီးအနည်းငယ်စား သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ငါးဖယ်လုံးကြော်ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

Leave a Reply

Your email address will not be published. Required fields are marked *