loading

5.April .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

  • Home
  • Blog
  • 5.April .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ နှောင်းတန်ခူးလပြည့်ကျော်(၁)ရက်၊ ဗုဒ္ဓဟူးနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဧပြီလ(၅)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅:၀၇)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၅:၅၅)နာရီဖြစ်ပြီး ၊ ညနေ(၆:၁၅)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က တောင်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ ကညာ မြေခံဖြစ်၍ မင်းစိုးရာဇာများ ပူဇော်တဲ့ နေ့မျိုးဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ၊ မင်း၊ အစိုးရနှင့် ပတ်သက်ဆက်နွယ်သော လုပ်ငန်းဆောင်တာများလည်း ဆောင်ရွက်လို့ အထူးကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  နံနက်(၁၀း၁၉)နာရီအထိ တနင်္ဂနွေမြေခံအဖြစ် ကျရောက်နေပြီး လွန်လျှင် မိတ္တုမြေခံ အဖြစ် သို့ ပြောင်းလဲ ကျရောက်နေပါတယ်။တနင်္ဂနွေ မြေခံတဲ့နေ့ဖြစ်တာကြောင့် ဒီနေ့မှာ ဘာလုပ်လုပ် အထူးသတိထားလုပ်ကိုင်သင့်သော အချိန်ကာလမျိုးဖြစ်တာမို့ ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ကျောင်း တွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာ ပန္နက်ရိုက်တာမျိုး တွေ အထူးရှောင်သင့်ပါတယ်။

၁၀နာရီနောက်ပိုင်းမိတ္တုမြေခံဖြစ်တာကြောင့် မိမိတွင်ပိုင်ဆိုင်ရရှိပြီးသား စည်းစိမ်ဉစ္စာများ တစ်ဖြည်းဖြည်း လျော့ပါး ဆုံးရှုံးလာတတ်ခြင်းတွေဖြစ်စေတာမို့ ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုး တွေ အထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာ ရက်ရာဇာ ကျရောက်နေတာ ဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့  နံနက်(၁၀း၁၉)နာရီအထိ လဆန်းတီထိ(၁၄)လုံး ပယ်ရှင်းခြင်းအတွက်သုံးရန် ပေးတဲ့နေ့ အဖြစ် ကျရောက်နေပြီး လွန်လျှင်လပြည့်တီထိ ပြည့်ဝခြင်းကိုပေးတဲ့နေ့အဖြစ်သို့ ပြောင်းလဲကျရောက်နေပါတယ်။ အေးချမ်းခြင်း၊ကြည်လင်ခြင်းတွေကိုပေးတဲ့ ပုဏ္ဏတီထိကျရောက်တဲ့ နေ့ရက်ပဲဖြစ်ပါတယ်။ ဒီလိုနေ့မျိုးဘာသာရေး ကိစ္စ အ၀၀ကိုအလေးပေးဆောင်ရွက်သင့်တဲ့နေ့ရက်ပါပဲ။ ရသေ့ကျော် ရက်နဲ့တိုက်ဆိုင်နေတာကြောင့် ဒီနေ့မှာ စတင်လိုက်တဲ့ စီးပွားရေး၊လူမှုရေး၊ကျန်းမာရေး၊ပညာနှင့်အလုပ်ကိစ္စရေးရာ အဖြာဖြာတွေမှာရေရှည်အောင်မြင်မှု တွေကိုအထူးရရှိပါလိမ့်မယ်။

ဒီနေ့မှာလူတော်တော်များများထံ အခွင့်အရေးကောင်းတွေရောက်လာတတ်ပါတယ်။ အရေးကြီးတဲ့ဆုံးဖြတ်ချက် တွေချမယ်ဆိုရင်လဲ မနက်၈း၂၄ကနေ ၁၀း၄၈အတွင်းဆုံးဖြတ်လုပ်ကိုင်တာအကောင်းဆုံးပါပဲ။ဒီနေ့ဟာလက်ထပ် ထိမ်းမြားဖို့ အကောင်းဆုံးနေ့ရက်ပါပဲ။ အကျဉ်းရုံးပဲမင်္ဂလာဆောင်ဆောင်၊ကြီးကျယ်ခမ်းနားစွာပဲမင်္ဂလာပွဲတွေကျင်း ပကျင်းပအထူးပဲကောင်းတဲ့နေ့ရက်ဖြစ်ပါတယ်။

ယနေ့အတွက်ကောင်းသော အဘိဇိတိံသိယနှင့်ဝိဒတြိ တိံသိယ အချိန်ကာလတွေကတော့ မနက်၄နာရီ၂၃မိနစ် မှ ၅နာရီ၁၄မိနစ်ထိ၊ညနေ၄နာရီ၅၂မိနစ်မှည၅နာရီ၄၁မိနစ်အတွင်းဖြစ်ပါတယ်။ ဒီအချိန် ကာလ အတွင်း က တော့ အရေးကြီးသောကိစ္စများ၊ဆုံးဖြတ်ချက် ချရ သောကိစ္စများ၊ မင်္ဂလာကိစ္စများ၊ကောင်းမွန် သော ကိစ္စများ၊ ကိစ္စ တစ် ခုခု စတင်ခြင်းများ ဆောင်ရွက်နိုင်ပါတယ်။

ငွေကြေးရှာဖွေစုဆောင်းလို့အထူးကောင်းပါတယ်။ ငွေကြေးနဲ့ပက် သက်ပြီးစတင်စုဆောင်းမယ်ဆိုလဲ သင့်တော်တဲ့ နေ့ရက်ပါပဲ။ဒီနေ့မှာစိတ်ကူးထားသမျှလက်တွေ့လုပ်ဆောင်လို့သင့်တော်ပါတယ်။မိမိအတွေးအကြံတွေက လက်တွေ့ အကောင်အထည်ဖော်ရင်အောင်မြင်နိုင်တဲ့နေ့ရက်ပါပဲ။

ဥတြဘရဂုဏီနက္ခတ်ဖြစ်တာမို့ဒီနက္ခတ်သည်အထက်မျှော်နက္ခတ်ဖြစ်ပြီးဘုရားတည်ခြင်း၊ ထီးတော်တင်ခြင်း၊ ကျောက် ဆစ် လုပ်ငန်းစတင်လုပ်ခြင်း၊ကြော်ငြာလုပ်ငန်း၊ ဆိုင်းဘုတ်တင်ခြင်း၊ပန်းချီပန်းပုလုပ်ငန်း လုပ်ခြင်း၊အိမ်တက် မင်္ဂလာ လုပ်ခြင်း၊ အုတ်တံတိုင်းကာခြင်း၊ ၀င်းခြံကာခြင်းများကောင်း၏။

ဒီနေ့ဟာကိုယ့်အားကိုယ်ကိုး ဆောင်ရွက်ခြင်းဖြင့်  အလုံးစုံအောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်။ သူတစ်ပါး အပေါ်ယုံ ကြည် အားထားပြီးလုပ်ရတဲ့အလုပ်တွေကတော့ ဆုံးရှုံးနစ်နာစရာများတတ်ပါတယ်။ အသက်အရွယ် ကြီးရင့်သော လူကြီးမိဘဘိုးဘွားတွေနဲ့ တွေ့ဆုံအကြံဉာဏ်တောင်းလို့ အလွန်ကောင်းတဲ့နေ့ထူးနေ့မြတ်ဖြစ်ပါ တယ်။

            မိမိတို့ကိုးကွယ်တဲ့ ဆရာတော်ကြီးကို သိက္ခာထပ်ခြင်းများလဲ အထူးဆောင်ရွက်လို့ကောင်းတဲ့နေ့ရက်ပါပဲ။ ကုမ္ပဏီတည်ထောင်ခြင်းကိစ္စများ၊ အရေးကြီးတဲ့လက်မှတ်ရေးထိုးခြင်းများလဲ ဒီနေ့မှာဆောင်ရွက်လို့အထူးကောင်း ပါတယ်။ ဘာသာရေးနဲ့ပက်သက်သောစကားများ၊လူမှုရေးနှင့် ပတ်သက်သောစကားများ ပြောဆိုခြင်းများ ဆောင် ရွက်လို့ အထူးကောင်းပါတယ်။ ဒီလိုနေ့ရက်မျိုးမှာတော့ အမှုအခင်းတွေ၊ပြဿနာတွေမဖြစ်အောင် နေထိုင် လိုက်ပါ။ ဖြစ်လိုက်ရင်ဖြေရှင်းရန်ခက် ခဲ သွားတတ်ပါတယ်။

ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်တာကြောင့်လောကီမင်္ဂလာကိစ္စတွေဖြစ်တဲ့လက်မှတ်ထိုးခြင်း၊ စေ့စပ် ခြင်း၊ မင်္ဂလာစကားပြောခြင်းများအထူးဆောင်ရွက်နိုင်ပါတယ်။ကြီးကျယ်စွာမင်္ဂလာအခမ်းအနားကျင်းပခြင်းတွေကိုလဲ ဆောင် ရွက်နိုင်ပါလိမ့်မယ်။ဒီနေ့ဟာ ရက်ကောင်းရက်မြက် ဖြစ်နေပါ၍ အလှူမင်္ဂလာကိစ္စများ ဆောင်ရွက်လုပ်ကိုင် နိုင်ပါတယ်။ တည်ဆောက်မှုရေးရာကိစ္စများ ဆောင်ရွက်လုပ်ကိုင်နိုင်ပါတယ်။ ရပိုင်ခွင့်ဟောင်းများ ပြန်လည်တောင်းခံ နိုင်မည်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့နံနက်(၈:၂၇)နာရီမှ နံနက်(၉:၁၈)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာ များရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံလာရပါ လိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ အထွန်းဖွား၊  ကန်စန်း၊ဥတြဘရဂုဏီနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊မွန်းလွဲ ၁၂း၂၂မိနစ်ကျော် ပါက ဟဿတနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ မိန်ရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာအခက်အခဲ တွေကိုကောင်းစွာ ကျော်လွှား နိုင် ကြသူတွေဖြစ်တယ်။ မိသားစုကိုကောင်းစွာထောက်ပံ့ပြီးတော့ အပြင်လူတွေကို တော့ အတ္တဆန်ဆန် ဆက်ဆံတတ်ကြသူတွေဖြစ်ပါတယ်။ မိမိအပေါ်မဟုတ်တာလုပ်တဲ့သူတွေကို ပြန်လည် ကလဲ့စားချေလို စိတ်ရှိကြ သူတွေဖြစ်ပါတယ်။ငယ်ရွယ်စဉ်ကာလကတည်းက ဘဝအဆင်ပြေမှုအောင်မြင်မှုတွေကိုထိတွေ့ခွင့်ရပါလိမ့် မယ်။ ကျေးဇူးရှိသူတွေကို မေ့မထားဘဲ တတ်နိုင်သလောက်ကူညီပေးခြင်းဖြင့် တစ်သက်တာကံကောင်းစေမဲ့ဇာတာရှင် ပဲဖြစ်ပါတယ်။ အနည်းငယ် တော့ ခေတ်ရှေ့ပြေးကြသူတွေဖြစ်ပါတယ်။ အဝတ်အစားရိုးရိုးယဉ်ယဉ် ကိုဝတ်ရတာ ကြိုက်ပေမဲ့ အလုပ်အကိုင်က တော့ ခေတ်မီတဲ့နည်းပညာတွေ၊ အိုင်တီအလုပ်တွေ အွန်လိုင်းငွေရှာနည်းတွေကို ကြိုက်နှစ်သက်ဝါသနာပါကြသူတွေ ဖြစ်ပါတယ်။ အိမ်ထောင်ရေးသတိထားဖို့လိုပါတယ်။ အိမ်ထောင်ဘက်က မိမိကိုငွေကြောင့်လက်ထပ်တာမျိုးတွေဖြစ် လေ့ရှိပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၁၂:၀၈) နာရီမှ မွန်းလွဲ(၁:၄၁)နာရီအတွင်း ကျရောက် နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါသားသမီးများပဲဖြစ်ပါတယ်။         

ကံညံ့သော နေ့သားများကတော့ သောကြာ၊ စနေသားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ ဗုဒ္ဓဟူး၊ ရာဟု၊ ကြာသပတေးသားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ နို့နှစ်ရောင် နှင့် အညိုရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၃၊ ၅၊ ၁) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ကျေးဇူးရှိသူတွေကို ရည်မှန်း ကန်တော့ပြီးမှသွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ကြက်မောက်သီးဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

Leave a Reply

Your email address will not be published. Required fields are marked *