ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ ကဆုန်လဆန်း(၁၃)ရက်၊ တနင်္လာနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၃ခုနှစ်၊မေလ(၁)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄:၅၂)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၅:၄၀)နာရီဖြစ်ပြီး ၊ ညနေ(၆:၃၀)နာရီမှာ နေဝင် ပါ တယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။
လက်သမားမြေခံ ကတော့ ဗြဟ္မာ မြေခံဖြစ်၍ လာဘ်လာဘကိုပေးတဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ဆိုင်ခန်းလိုင်းခန်းတည်ဆောက်ခြင်းတွေ၊အိမ်ခန်းဖွဲ့တာတွေ အိမ်ပြင်တာတွေ၊မြေတူးဆွတာတွေ ဆောင်ရွက် လို့ကောင်းပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ ဗုဒ္ဓဟူးမြေခံအဖြစ်ကျရောက်နေပါတယ်။ဗုဒ္ဓဟူးမြေခံအရ ဉစ္စာပစ္စည်းများ အလွယ်တကူရရှိ ခြင်းနှင့် ချမ်းသာရတတ်ခြင်းအကျိုးကိုပေးတာကြောင့် ခိုင်ခန့်တဲ့ အဆောက်အဦးတွေ၊ ကျောင်းတွေ၊ အိမ်တွေ၊ လမ်း တံတားတွေ အထပ်အမြင့်အဆောက်အဦးတွေ ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာတွေ အထူးကောင်း ပါတယ်။သမားညိုရက်နဲ့တိုက်ဆိုင်နေတာမို့အချိန်အခါရွေးပြီးဆောင်ရွက်ပါ။
ဒီနေ့ဟာ သမားညိုရက် ကျရောက်နေတာ ဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ ညပိုင်း(၁၁)နာရီ (၆)မိနစ်အထိ လဆန်းတီထိ(၁၁)လုံး ပျော်ရွှင်ခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက်နေပြီး လွန်လျှင် လဆန်းတီထိ(၁၂)လုံး ကောင်းကျိုးဖြစ်ထွန်းစေခြင်းကိုပေးတဲ့နေ့အဖြစ် ပြောင်းလဲ ကျရောက်နေပါတယ်။ ကောင်းမြတ်ခြင်း၊ကြွယ်ဝခြင်းကိုပေးတဲ့ နန္ဒတီထိကျ ရောက်တဲ့နေ့ရက်ပဲဖြစ်ပါတယ်။ မြေထဲ နက္ခတ်နဲ့ကြုံပေရာအခက်အခဲတွေကိုကောင်းစွာကျော်လွှားသွားနိုင်ပါလိမ့် မယ်။ငွေကြေးနဲ့ပတ်သက် သောကိစ္စအ၀၀ များဆောင်ရွက်နိုင်ပါတယ်။
ငွေကြေးမြုပ်နှံထားတဲ့အလုပ်တွေကအကျိုး အမြတ်တွေရလာပါလိမ့်မယ်။ လူမှုရေး ကိစ္စ၊အိမ်တွင်းရေးကိစ္စများတွင် ကြုံတွေ့နေရတဲ့ ရှုပ်ထွေးမှုများဖြေရှင်းနိုင်ပါ လိမ့်မယ်။
ကျန်းမာရေးကတော့အထူးကောင်းပါတယ်။ ဒီနေ့မှာနေကောင်းကျန်းမာနေတတ်ပါတယ်။ အလုပ်တွေနဲ့ ပက်သက်ပြီးတော့ ခံစားချက်ကိုဦးစားပေးတဲ့အလုပ်တွေကပိုမိုအောင်မြင်အဆင်ပြေတတ်ပါတယ်။ သစ်ပင်စိုက်ပျိုး ခြင်း၊ပျိုကြဲခြင်းများစတင်လို့အထူးကောင်းပါတယ်။ဘာသာရေးနှင့်ပက်သက်သောကိစ္စများ၊ပရဟိတအလှူအတန်းနှင့်ဆိုင်သောကိစ္စများဆောင်ရွက်နိုင်ပါတယ်။ဘယ်နယ်ပယ်တွင်မဆိုအသစ်တီထွင်ခြင်း၊မူလလက်ဟောင်းကို modifine ပြုလုပ်ခြင်းများလဲဆောင်ရွက်နိုင်ပါ တယ်။ အိမ်အလှဆင်လုပ်ငန်းများ တိုးတတ်အောင်မြင်တတ်ပါတယ်။
အနုပညာနှင့်ပတ်သက် သောအလုပ်များ၊ဖျော်ဖြေရေးနဲ့ပတ်သက်သောအလုပ်များ တိုးတတ်ပါလိမ့်မယ်။ ပါတီပွဲများ ကျင်းပခြင်း၊ ပျော်ပွဲရွှင်ပွဲများကျင်းပခြင်းများလဲ ပြုလုပ်နိုင်ပါတယ်။ အားကစားရုံများစတင်ဖွင့်လှစ်ခြင်း၊ဘောလုံး ကွင်းများ၊GYMခန်းမများစတင်ဖွင့်လှစ်ခြင်းများအထူးကောင်းပါတယ်။ဆည်မြောင်းတာတမံများတူးဖော်ခြင်း၊ ရေတွင်း၊ ရေကန်၊ အဝီစိတွင်းများ တူးဖော်ခြင်းတွေဆောင်ရွက်နိုင်ပါတယ်။
သမားညိုရက်ဖြစ်တာကြောင့် အိမ်ပြောင်းရွှေ့တာ၊ အလုပ်ဆိုင် ပြောင်းတာ၊ အလုပ်ရုံးခန်းပြောင်းတာ မျိုးတွေ ရှောင် အပ်ပါတယ်။ပညာစပြီးသင်ယူလို့မကောင်းသေးပါဘူး။ ခိုင်ခန့်သော၊ရေရှည်တည်တံ့သော အဆောက်အဦးတွေ ကို စတင်ဆောက်လုပ်တာ ၊တိုင်ထူတာ၊ပန္နက်ရိုက်တာ၊ မျိုးတွေလုပ်မိရင် အဆုံးမသတ် ဘဲတစ်ပိုင်းတစ ဖြစ်လွယ်ပါ တယ်။
ဒီနေ့ဟာ ရင်းနှီးမြှုပ်နှံမှုများ လုံးဝမပြုလုပ်သင့်သော နေ့ရက် ဖြစ်နေပါတယ်။ တန်ဖိုးကြီးပစ္စည်းများလည်း ဝယ်ယူရန် မသင့်ပါ။ စတင်လုပ်ကိုင်သော ကိစ္စမှန်သမျှ တစ်ပိုင်းတစ်စ ဖြစ်တတ်သည်။ လုပ်ကိုင်လက်စ လုပ်ငန်းတို့ကိုသာ ဆက်လက် လုပ်ကိုင်နိုင်မည်။ အခက်အခဲပြဿနာများ ဖြေရှင်းအဆင်ပြေမည်။ ကျန်းမာရေးအညံ့ကြုံက မပေါ့ဆ အပ်ပါ။ အကြီးအကဲများထံ ဝင်ထွက်သွားလာနိုင်မည်။
ပြုဗ္ဗဖလဂုဏီ နက္ခတ်ကျရောက်တဲ့နေ့ရက်ဖြစ်ပါတယ်။ဒီနက္ခတ်က အောက်သို့မျက်နှာမူတဲ့နက္ခတ်ဖြစ်တာမို့ အဝီစီ တွင်း တူးခြင်း၊ရေကန်တူးခြင်း၊ရတနာသတ္ထုတူးဖော်ခြင်း၊Bored pile စတင်တူးခြင်း၊ရေအောက်ငုပ်ပြီး ရတနာ ရှာ ဖွေခြင်းလုပ်ငန်းများဆောင်ရွက်လို့ကောင်းပါတယ်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့နံနက်(၆း၄၉)နာရီမှ နံနက်(၇း၄၁)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရ ဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံ လာရ ပါ လိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေ လိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ မရဏဖွား၊ သိဟ်စန်း၊ပြုဗ္ဗဖလဂုဏီ နက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ မိဿရာသီဖွား ဖြစ်ပါ သည်။ဒီနေ့မွေးသူများဟာ စိတ်ဝင်တစား ဆောင်ရွက်လေ့ရှိတယ်။ မည်သည့်ကိစ္စမဆို လေ့လာလိုတယ်။ငွေကြေးကို မက်မောခြင်းမရှိ၊ကြွားဝါခြင်းမရှိ၊ ကံကောင်းတာက ဘာလုပ်လုပ် အရင်းအနှီးလိုရင်ထုတ်ပေးမဲ့သူပေါများတယ်။ သက် လတ်ပိုင်းကာလတွေဖြစ်တဲ့ အသက် ၂၅ကနေစလို့ ငွေကြေးအလုံးအရင်းဝင်လာတတ်ပါတယ်။ငယ်ရွယ်စဉ်ကာလ တွေမှာ မိဘတွေကြောင့် နေရာပြောင်း၊အိမ်ပြောင်းမကြာခဏကြုံရတတ်ပါတယ်။ သမီးမိန်းကလေးရင်သွေးငယ်တွေ ဖြစ်ရင်တော့ အရွယ်ရောက်တဲ့အခါ အိမ်ထောင်ရေးသတိပြုပါ။ အိမ်ထောင်ဆက်များတတ်ပါတယ်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၇:၁၆) နာရီမှ နံနက်(၈:၅၂)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ် ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။
ကံကောင်းသောနေ့သားများကတော့ အင်္ဂါ၊ သောကြာ၊ စနေ သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ တနင်္ဂနွေ သားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္လာ၊ ဗုဒ္ဓဟူး၊ ရာဟု၊ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ အဖြူရောင် နှင့် လိမ္မော်ရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၆၊ ၄၊ ၃) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့သစ်သီးဖျော်ရည် တစ်မျိုး မျိုးသောက်သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ သံပုရာဖျော်ရည် ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်း သောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို…နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နား ဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695