ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ ပထမဝါဆိုလဆန်း(၄)ရက်၊ ဗုဒ္ဓဟူးနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဇွန်လ(၂၁)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၃၇)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၅း၂၅)နာရီဖြစ်ပြီး ၊ ညနေ(၆း၄၅)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က မြောက်အရပ် ဖြစ်ပါတယ်။
လက်သမားမြေခံ နဂါး မြေခံဖြစ်၍ ပျက်စီးဆုံးရှုံးရတတ်သော နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်ရန် မသင့်ပါ။
ဒီနေ့ဟာတီထိမြေခံအရ ညနေ(၄း၀၆)နာရီအထိ တနင်္လာမြေခံအဖြစ်ကျရောက်နေပြီး လွန်လျှင် တနင်္ဂနွေမြေခံ အဖြစ် သို့ ပြောင်းလဲကျရောက်နေတာ ဖြစ်ပါတယ်။တနင်္လာမြေခံ ဖြစ်တဲ့အတွက် ဒီနေ့မှာ လုပ်ကိုင် လိုက်သော လုပ်ငန်းများမှန်သမျှ အကျိုးအမြတ်ကြီးကြီး မားမား ရရှိကြွယ်ခြင်း၊ ချမ်းသာခြင်း၊ စည်းစိမ်ဉစ္စာ တိုးပွား ခြင်းများ အထူးပင်ရရှိစေနိုင်တာကြောင့် ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ် မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူ တာပန္နက်ရိုက်တာမျိုး တွေ အထူးဆောင်ရွက် သင့်ပါတယ်။
ဒီနေ့ဟာ မွန်းလွဲလူ့ပြည်ပြဿဒါး၊ ရက်ရာဇာ ကျရောက်နေတဲ့ နေ့ရက် ဖြစ်နေပါတယ်။
ဒီနေ့ဟာ တီထိအရတော့ ညနေ(၄း၀၆)နာရီအထိ လဆန်းတီထိ(၃)လုံး အောင်မြင်ခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက် နေတာ ဖြစ်ပြီး လွန်လျှင် လဆန်းတီထိ(၄)လုံး ဖယ်ရှင်းခြင်းအတွက် သုံးရန်ပေးတဲ့နေ့အဖြစ်သို့ ပြောင်းလဲကျရောက် နေတာ ဖြစ်ပါတယ်။ အောင်မြင်မှုကိုကိုယ်စားပြုတဲ့ ဇယာ တီထိကျရောက်တဲ့နေ့ရက်ပါပဲ။
ဒီလိုနေ့ရက်တွေမှာအောင်မြေနင်းခြင်း၊စစ်တိုက်ထွက်ခြင်း၊ ရန်သူအားခြေမှုန်းခြင်းအထူးဆောင်ရွက်လို့ကောင်းပါ တယ်။မိမိအိမ်၊မိမိရုံးခန်းတွေကိုဆေးသုတ်ခြင်း၊မိမိအိမ်ထောင်ပရိဘောဂတွေကို ပေါလစ်တင်ခြင်းများဆောင်ရွက် သင့်ပါ တယ်။ စစ်ရေးနှင့်ပက်သက်သောအလုပ်များ၊ မင်းအစိုးရနှင့်ပတ်သက်သောအလုပ်များ အထူးဆောင်ရွက်လို့ ကောင်းပါလိမ့်မယ်။ ကုန်သွယ်အလုပ်များ၊နိုင်ငံခြားသွင်းကုန်ထုတ်ကုန်လုပ်ငန်းများအဆင်ပြေအောင်မြင်တတ်ပါ တယ်။ မိမိလုပ်ငန်း၊မိမိကုန်ပစ္စည်းများကို စတင်ကြော်ငြာခြင်း၊မိတ်ဆက်ခြင်းများအထူးကောင်းပါတယ်။
ခရီးနဲ့ပတ်သက်သောကိစ္စအ၀၀ကို ဆောင်ရွက်လို့အထူးကောင်းတဲ့နေ့ရက်ပါပဲ။ အပျော်ခရီးပဲဖြစ်ဖြစ်၊ ဘုရားဖူး ခရီးပဲဖြစ်ဖြစ်၊ အလုပ်နဲ့ပက်သက်သောခရီးပဲဖြစ်ဖြစ် ခရီးနဲ့ပတ်သက်ရင် အဆင်ပြေချောမွေ့ပါလိမ့်မယ်။
အင်္ဂါဂြိုဟ်ပိုင်စိုးတဲ့နေ့ရက်ဖြစ်တာကြောင့် စူးစမ်းခြင်း၊စမ်းသပ်တီထွင်ခြင်းစစ်လက်နက်တီထွင်ခြင်းများ အထူးပဲ ဆောင်ရွက်လို့အဆင်ပြေတတ်ပါတယ်။ အရာရာကို သိပ်မတွေဝေဘဲ ချက်ချင်းထလုပ်တာမျိုး ဒီနေ့မှာဆောင်ရွက် စေချင်ပါတယ်။
ဒီနေ့ဟာ တောင်တတ်ခရီးသွားလာခြင်းများ ရှောင်ကြဉ်ရမည့်နေ့ရက် ဖြစ်နေပါတယ်။ ဆေးဖေါ်ခြင်း၊ သမားပြသ ခြင်းများ အတွက် အထူးကောင်းသည်။ ဆေးဝါးစတင်ကုသရန် ရက်ကောင်းဖြစ်သည်။ မင်္ဂလာယူပြီး ဆောင်ရွက်ရမည့် ကိစ္စမှန်သမျှ (၁၂း၀၀)နာရီမတိုင်ခင်ဆောင်ရွက်ပါ။ နေ့(၃း၃၆)နာရီမှ (၆း၀၀)နာရီကြား ပြဿနာများ ဖြစ်ပေါ်လာပါက ပေါ့ပေါ့တန်တန် သဘောမထားရ။
ဖုသျှ နက္ခတ်ဖြစ်သည်။ထိုနက္ခတ်သည် ကုသိုလ်ကောင်းမှုတိုင်းအတွက် ကောင်းမွန်သည်။ ပေါ့ပါးပြီး လျင်မြန်သော နက္ခတ်ဖြစ်ပြီး အား ကစား၊ ဇိမ်ခံပစ္စည်းများ၊ စက်မှုလုပ်ငန်းစတင်ခြင်း၊ ကျွမ်းကျင်လုပ်သား၊ ဆေးကု သခြင်း၊ ပညာ ရေးစတင်ခြင်း၊ ခရီး များစတင်ခြင်း၊ သူငယ်ချင်းများတွေ့ခြင်း၊ ဝယ်ခြင်း၊ ရောင်းခြင်း၊ အလှဆင်ခြင်း၊ အနုပညာလက်ရာ များ လေ့ကျင့် ခန်းနှင့် ချေးငွေပေးခြင်း သို့မဟုတ် လက်ခံခြင်းအတွက် သင့်လျော်သည်။
ဤနက္ခတ်သည် အထက်သို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး အိမ်၊ ဗိမာန်၊ တံတိုင်း (ဥယျာဉ် )၊ အထပ်မြင့် အဆောက် အဦး/အဆောက်အအုံများနှင့် သက်ဆိုင်သော ဆောက်လုပ်ရေးလုပ်ငန်းများ၊ လက်ထပ်ထိမ်းမြားခြင်း စသည့် အလုပ် များ ပြုလုပ်ရန်သင့်လျော်သည်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့နံနက်(၃း၂၉း၂၅)နာရီမှ နံနက်(၄း၂၁း၀၂)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိ ခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ ရာဇဖွား၊ ကရကဋ်စန်း၊ဖုသျှ နက္ခတ်နဲ့စန်းယှဉ်မွေးသူ၊မေထုန် ရာသီဖွားဖြစ်ပါ သည်။ ဒီနေ့မွေးသူများဟာ စိတ်ထားကောင်းကြပါတယ်။ ဒီနေ့မွေးရင်သွေးများဟာ ဘဝအောင်မြင်မှုအားကြီးကြသူတွေ ဖြစ် ပါ တယ်။ ကိုယ်ပိုင်စီးပွားနဲ့အောင်မြင်လွယ်ပါတယ်။ ဝန်ထမ်းအလုပ်ကိုတော့ အထူးရှောင်သင့်ပါတယ်။ဘ၀မှာ ခေါင်း ဆောင်၊ အကြီးအကဲ ဖြစ်ဖို့ကံ သည် အထူးအားကောင်းနေတာက သူ့ရဲ့ထူးခြားတဲ့ကံပါပဲ။ ငွေကြေးနဲ့ ပညာ အတွက် လည်း ….အင်အားကောင်းမွန်သော ဇာတာရှင်ပါ။သို့သော် ပညာသင်ကြားရေးပိုင်းမှာတော့ နဲနဲ …ဂရုစိုက်ပေး ရပါ မယ်။ ပညာရေးတွင် လိုင်းရွေးခြယ်မှု မှားယွင်းခြင်း၊ နေရာပေးမခံရသဖြင့် စသည်ဖြင့်ကံလေးတွေကိုတော့ မုချ ရင် ဆိုင်ရ ပါလိမ့်မယ်။ဘ၀ရဲ့ဒုတိယအရွယ်ဖြစ်တဲ့ အသက်၂၈ကစလို့ ဘဝက တဟုန်းထိုးအောင်မြင်သွားတတ်ပါ တယ်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၁၂:၀၇) နာရီမှ မွန်းလွဲ(၁:၄၆)နာရီအတွင်း ကျရောက် နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ် ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ တနင်္လာ၊ ကြာသပတေး ၊ သောကြာသားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ အင်္ဂါ သားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ ဗုဒ္ဓဟူး၊ ရာဟု၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ အပြာနုရောင် နှင့် ပန်းရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၄၊ ၅၊ ၇) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ အရဟံ ဂုဏ်တော်ကို သက်သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ရွှေထမင်း ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695