loading

12.July .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

  • Home
  • Blog
  • 12.July .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ ပထမဝါဆိုလဆုတ်(၁၀)ရက်၊ ဗုဒ္ဓဟူးနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဇူလိုင်လ(၁၂)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၄၀)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၅း၂၈)နာရီဖြစ်ပြီး ၊ ညနေ(၆း၄၂)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။

ဒီနေ့ဟာ လက်သမားမြေခံ ဘီလူး မြေခံဖြစ်၍ သေကြေပျက်စီးရတတ်သောကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်ခြင်း ကို အထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ ည(၇း၀၃)နာရီအထိ မိတ္တုမြေခံအဖြစ်ကျရောက်နေပြီး လွန်လျှင် ကိတ်မြေခံအဖြစ်သို့ ပြောင်းလဲ ကျရောက်နေတာ ဖြစ်ပါတယ်။မိတ္တုမြေခံဖြစ်တာကြောင့် မိမိတွင်ပိုင်ဆိုင်ရရှိပြီးသား စည်းစိမ်ဉစ္စာများ တစ်ဖြည်းဖြည်း လျော့ပါး ဆုံးရှုံးလာတတ်ခြင်းတွေဖြစ်စေတာမို့ ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုး တွေ အထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာ ရက်ရာဇာ၊ ရသေ့ကျော်၊ မွန်းလွဲလူ့ပြည်ပြဿဒါးရက် ကျရောက်နေတာ ဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ ည(၇း၀၃)နာရီအထိ လဆုတ်တီထိ(၁၀)လုံး ပြည့်ဝခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက်နေပြီး လွန်လျှင် လဆုတ်တီထိ(၁၁)လုံး ပျော်ရွှင်ခြင်းကိုပေးတဲ့နေ့အဖြစ်သို့ ပြောင်းလဲကျရောက်နေတာ ဖြစ်ပါတယ်။ ဒီနေ့ဟာမြေသန့်မဂ်လာပြုလုပ်ခြင်း၊ပန္နက်တင်ခြင်း၊အိမ်တတ်ခြင်း၊ အိမ်ပြောင်း၍အိမ်သစ်မှာစတင်နေထိုင်ခြင်း  ကိစ္စများ  ဆောင်ရွက်လို့အလွန်ကောင်းပါတယ်။ ဆံသခြင်း၊အလှပြုပြင်ခြင်းများလဲ ဆောင်ရွက်နိုင်ပါတယ်။ ဒီလို နေ့မျိုးဟာ သမထဘာဝနာပွားများခြင်းကိစ္စများအထူးဆောင်ရွက်နိုင်ပါတယ်။ ပုတီးစိပ်ခြင်း၊ဂါထာမန္တာန်ရွတ်ဖတ် ခြင်း၊အစီအရင်များပြုလုပ်ခြင်းတွေအထူးဆောင်ရွက်နိုင်ပါတယ်။

အိုးအိမ်တည်ဆောက်ဖို့အတွက် အိမ်ဆောက်ပစ္စည်းဝယ်ယူခြင်းများ ဒီနေ့မှာဆောင်ရွက်လို့သင့်တော်ပါတယ်။ အလုပ် သစ်လျှောက်ခြင်း၊ဆိုင်ခန်းသစ်ဖွင့်ခြင်းများ ဆောင်ရွက်နိုင်ပါတယ်။ စားသောက်ကုန်အလုပ်များ၊သစ်သီး ရောင်းချခြင်း အလုပ်များ အဆင်ပြေနိုင်ပါတယ်။

ဒီလိုနေ့မျိုးမှာတော့ အလှူအတန်းအလုပ်များ၊ကုသိုလ်ရေးနဲ့ပက်သက်သောအလုပ်များဆောင်ရွက်နိုင်ပါတယ်။ ဘုရား ဖူး ခရီးများ အလှူနဲ့ပက်သက်သောခရီးတွေအလွန်ကောင်းပါတယ်။ နိုင်ငံခြားသားများနှင့် ပက်သက်ဆက် နွယ်သော အလုပ်များ၊ နယ်စပ်၊ဒါမှမဟုတ်နိုင်ငံရပ်ခြားမှာစီးပွားရှာခြင်းများ အဆင်ပြေကောင်းမွန်တဲ့နေ့ရက်ပါပဲ။

စီးပွားရေးလုပ်ငန်းများမိမိတို့ထုတ်ကုန်များကို  အွန်လိုင်းကနေကြော်ငြာခြင်း၊ပြည်တွင်းပြည်ပသို့ဖြန့်ဖြူးရောင်းချ ခြင်း များကောင်းပါတယ်။ နက္ခတ်အရ ဘရဏီနက္ခတ်က အောက်ငုံ့နက္ခတ်ဖြစ်တာမို့ရေတွင်းရေကန်တူးခြင်း၊ အုတ်မြစ် ကျင်း တူးခြင်း၊ မြေတူး ခြင်း၊ အဝီစိတွင်းတူးခြင်း၊ ကျောက်မျက်ရတနာ တူးဖော်ခြင်း၊ ရေနံတူးခြင်း၊ ဓါတ်သတ္တုတူး ဖော် ရှာဖွေခြင်း၊ ရွှေတွင်း တူးခြင်း၊ ကလေးထမင်းခွံ့ခြင်း မင်္ဂလာ ပြုရာ၏။

            ယနေ့တွင် စတင်ဆောင်ရွက်လိုက်သော ကိစ္စမှန်သမျှ တစ်ပိုင်းတစ်စ ဖြစ်နေမည်။ ပစ္စည်းလှောင်ခြင်း၊ ဈေး ကစားခြင်းများ မပြုရပါ။ စာရွက်စာတမ်းကိစ္စ၊ ငွေကြေးကိစ္စများ အာမခံခြင်း၊ တာဝန်ယူခြင်း ရှောင်ကြဉ်ပါ။

            ယနေ့ အရေးကြီးသောကိစ္စတို့ကို နေ့(၁၂း၀၀)နာရီမတိုင်မီ ပြီးစီးအောင် ဆောင်ရွက်လုပ်ကိုင်ပါ။ အကြွေး  တောင်းခံရန် ရက်ကောင်းဖြစ်သည်။ ပြဿနာဟောင်းများ ဖြေရှင်းနိုင်မည်။ အလုပ်ကိစ္စများ ဆောင်ရွက်အဆင် ပြေ မည်။ ပစ္စည်းလှောင်ခြင်း မပြုရ။

ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်တာကြောင့်လောကီမင်္ဂလာကိစ္စတွေဖြစ်တဲ့လက်မှတ်ထိုးခြင်း၊ စေ့စပ် ခြင်း၊ မင်္ဂလာစကားပြောခြင်းများအထူးဆောင်ရွက်နိုင်ပါတယ်။ကြီးကျယ်စွာမင်္ဂလာအခမ်းအနားကျင်းပခြင်းတွေကိုလဲ ဆောင် ရွက် နိုင်ပါလိမ့်မယ်။

ဒီနေ့ဟာရသေ့ကျော်ရက် ကျရောက်တဲ့ နေ့ရက်ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ စီးပွားရေး၊လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့်အလုပ်ကိစ္စ ရေးရာအဖြာဖြာတွေမှာရေရှည်အောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်။

မွန်းလွဲချိန်ကစလို့လူ့ပြည်ပြဿဒါးကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် မင်္ဂလာကိစ္စတွေမှန်သမျှ မွန်းလွဲချိန် ကစလို့ ရှောင် သင့်ပါတယ်။ လက်ထပ်ခြင်း ၊ရုံးတတ်လက်မှတ်ထိုးခြင်း၊စေ့စပ်ခြင်း၊မင်္ဂလာစကားပြောခြင်းများလဲအထူးရှောင် သင့်ပါတယ်။အရေးကြီးတဲ့ ကိစ္စတွေ ကိုရှောင်သင့်ပါတယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နံနက်(၂:၀၆)နာရီမှ နံနက် (၂:၅၈)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရ ဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်း များကြုံလာ ရပါ လိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ ရာဇဖွား၊  မိဿစန်း၊ ဘရဏီနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ မေထုန်ရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေးသူများဟာအခက်အခဲ တွေကိုကောင်းစွာကျော်လွှား နိုင်ကြသူတွေဖြစ်တယ်။ကြီးကျယ်တဲ့ အောင်မြင်မှုတွေ ကိုလဲ ရတတ်သလို၊အဆင်ပြေလာပြီဆိုရင် လုပ်ငန်းတွေတစ်ခုမကကိုင်တွယ်ရသော လုပ်ငန်းရှင်မျိုးဖြစ်တတ်ပါတယ်။ ရန်အားကြီးသလို အောင်မြင် အားလဲ ကြီးမားကြပါတယ်။ အချစ် ရေးကိစ္စတွေမှာတော့ က မောက်ကမ ဖြစ်လွယ်တဲ့ ဇာတာရှင်ဖြစ်တာမို့ သမီး မိန်းကလေးရင်သွေးငယ်ဖြစ်မယ်ဆိုရင် တော့ အိမ်ထောင်ရေးအထူး သတိထားရလိမ့်မယ်။ ကျန်းမာရေးအားကောင်း ကြပေမဲ့ ဘဝမှာအရေပြားရောဂါတွေ၊ အစားမှားဆေးမှားခြင်းတွေ မဖြစ်ဖို့တော့ မိဘတွေက ဂရုစိုက်ပေး ရပါလိမ့်မယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၁၂:၁၁) နာရီမှ မွန်းလွဲ(၁:၄၉)နာရီအတွင်း ကျရောက် နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာသားသမီးများပဲဖြစ်ပါတယ်။

ကံညံ့သော နေ့သားများကတော့ စနေသားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ ရာဟု သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ ကြေးနီရောင် နှင့် ဆင်စွယ်ရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ ( ၅၊ ၁ ) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့အုန်းရည်သောက် သွားပါ ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဆနွင်းမကင်း ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

Leave a Reply

Your email address will not be published. Required fields are marked *