ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ ပထမဝါဆိုလဆုတ်(၁၂)ရက်၊ သောကြာနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဇူလိုင်လ(၁၄)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၄၀)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၅း၂၈)နာရီဖြစ်ပြီး ၊ ညနေ(၆း၄၂)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က တောင်အရပ် ဖြစ်ပါတယ်။
ဒီနေ့ဟာ လက်သမားမြေခံ သိကြား မြေခံဖြစ်၍ ချမ်းသာသုခကို ပေးတဲ့နေ့ ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ ကောင်းပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ ည(၈း၁၉)နာရီအထိ ရာဟုမြေခံအဖြစ်ကျရောက်နေပြီး လွန်လျှင် စနေမြေခံအဖြစ်သို့ ပြောင်းလဲ ကျရောက်နေတာ ဖြစ်ပါတယ်။ရာဟုမြေခံအရ ရန်အနှောက်အယှက်များပေါများခြင်း၊ ခိုက်ရန်ဖြစ်ခြင်း၊ အချုပ်အနှောင်ခံရတတ်ခြင်း စသော အကျိုးကို ရရှိစေသောကြောင့် ခိုင်ခန့်သော အဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင်ဆောက်လုပ် တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာ မျိုးတွေ အထူးရှောင်သင့်ပါသည်။
ဒီနေ့ဟာ သမားညိုရက် ကျရောက်နေတာ ဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ ည(၈း၁၉)နာရီအထိ လဆုတ်တီထိ(၁၂)လုံး ကောင်းကျိုးဖြစ်ထွန်းစေခြင်းကိုပေး တဲ့ နေ့အဖြစ် ကျရောက်နေပြီး လွန်လျှင် လဆုတ်တီထိ(၁၃)လုံး အောင်မြင်ခြင်းကိုပေးတဲ့နေ့အဖြစ်သို့ ပြောင်းလဲကျ ရောက် နေတာ ဖြစ်ပါတယ်။ကံကောင်းခြင်းတွေကိုပေးတဲ့ ဘဒြာတီထိကျရောက်တဲ့နေ့ ရက်ပါပဲ။ အိုးအိမ်နေရာထိုင် ခင်းနှင့်ပတ်သက်သောကိစ္စများ၊ မင်းအစိုးရဌာနဆိုင်ရာနှင့်ပက်သက်သောအလုပ်များ အထူးပဲကောာင်းပါတယ်။ ဘဏ္ဍာရေးနဲ့ပက်သက်သောကိစ္စများလဲ အထူးဆောင်ရွက်နိုင်ပါတယ်။
အလှပြင်ခြင်းများ၊ အဝတ်အထည်သစ်ဝတ်ဆင်ခြင်းများစတင်လို့အထူးကောင်းပါတယ်။ ကျက်သရေမင်္ဂလာနှင့် ဆိုင်တဲ့နေ့ရက်ဖြစ်တာကြောင့် လက်ထက်ထိမ်းမြားခြင်၊ စေ့စပ်ခြင်း၊ရုံးတတ်လက်မှတ်ထိုးခြင်းများ အထူးဆောင် ရွက်နိုင်ပါလိမ့်မယ်။
ရှင်ပြုခြင်း၊နားသခြင်း၊ပဉ္ဖင်းခံခြင်းများလဲ အထူးပဲဆောင်ရွက်နိုင်ပါတယ်။ ကုန်းလမ်းခရီးများ သွားလို့အဆင်ပြေတဲ့ နေ့ရက်ပါပဲ။ လမ်းသစ်ဖောက်ခြင်းများဆောင်ရွက်နိုင်ပါတယ် ။ခွဲစိပ်ခြင်း၊ကုသခြင်းများလဲ ဒီနေ့မှာအထူး ဆောင်ရွက် နိုင်ပါတယ်။ လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်၊စီးပွားရေးနယ်ပယ်မှာပဲဖြစ်ဖြစ် အသစ်တစ်ခုလုပ်ကြည့်တာ ၊လမ်းသစ်ထွင်ကြည့် တာ မျိုးတွေ စမ်းသပ်လုပ်သင့်တဲ့နေ့ရက်ပါပဲ။
ရောဟဏီနက္ခတ်သည် မြဲမြံခိုင်ခံ့သော နက္ခတ်ဖြစ်ပြီး ရေတွင်းတူးခြင်း၊ သစ်ပင်စိုက်ခြင်း၊ နန်းတက်ခြင်း၊ မြေဝယ်ခြင်း၊ ကုသိုလ်ကောင်းမှု ပြုလုပ်ခြင်း၊ မျိုးစေ့ကြဲခြင်း၊ နတ်ဘုရားများ တပ်ဆင်ခြင်း၊ ရေရှည် တည်တံ့သော သို့မဟုတ် ထာဝရအကျိုးသက်ရောက်မှုကို အလိုရှိသော လုပ်ဆောင်ချက်များအတွက် သင့်လျော်သည်။
ဤနက္ခတ်သည် အထက်သို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး အဆောက်အအုံများနှင့် သက်ဆိုင်သော ဆောက်လုပ်ရေး အလံလွှင့်တင်ခြင်း၊ နန်းတက်ခြင်း၊ ရွာဗိမာန်၊ ခံတပ်၊ လက်ထပ်ထိမ်းမြားခြင်း လုပ်ရန်သင့်လျော်သည်။
ဒီလိုနေ့မျိုးမှာ လုပ်ငန်းသစ်တစ်ခုစတင်ခြင်း၊ ရေရှည်စီမံကိန်းတွေအတွက်စတင်ဆောင်ရွက်ခြင်း၊ ပန်းတိုင်တစ်ခု အတွက် ပထမခြေလှမ်းတစ်လှမ်းစလှမ်းတာမျိုးတွေ လုပ်သင့်တဲ့နေ့ရက်ပါပဲ။ယနေ့တွင် ကုန်ပစ္စည်းသစ်များ ဖြန့်ချီရန် ရက်ကေားင်းဖြစ်သည်။ ပြန့်ပွားလိုသောပစ္စည်းများ၊ ဖြန့်ချီလိုသော ပစ္စည်းများ စတင်မိတ်ဆက်နိုင်သည်။ စတင်ဆောင် ရွက်သော ကိစ္စမှန်သမျှ တစ်ပိုင်းတစ်စ ဖြစ်တတ်သည်။ ရန် အတိုက်အခံများနှင့် ယှဉ်၍ လုပ်ငန်းများလုပ်ကိုင်ရမည်။ မင်္ဂလာ ယူပြီးဆောင်ရွက်ရသော ကိစ္စများ အထူးရှောင်ကျဉ် ပါ။
ဒီနေ့ဟာ ကုန်ပစ္စည်းသစ်များ စတင်ဖြန့်ချီရန် ရက်ကောင်း ဖြစ်သည်။ ကြော်ငြာခြင်း၊ မိတ်ဆက်ခြင်းများ ပြု လုပ်နိုင်သည်။ ရန်ပဋိပက္ခများ ငြိမ်းချမ်းအောင် ဆောင်ရွက်နိုင်မည်။ အရပ်ဝေးနှင့် ဆက်စပ်၍ ဆောင်ရွက်သော ကိစ္စများမှ ကောင်းသောအကျိုးများ ရရှိမည်။ လုပ်ငန်းများ စတင်ဆောင်ရွက်ခြင်းမပြုရ။ ပစ္စည်းလှောင်ခြင်း၊ ဈေး ကစား ခြင်း မပြုရ။ ရောင်းမှား၊ ဝယ်မှား ဖြစ်တတ်သည်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နံနက် (၁:၅၈)နာရီမှ နံနက် (၂:၅၀)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ ဘင်္ဂဖွား၊ ပြိဿစန်း၊ ရောဟဏီနက္ခတ်၊ မေထုန်ရာသီဖွား ဖြစ်ပါ သည်။ ဒီနေ့မွေး သူများဟာအတွေးအခေါ်သစ်ဆန်းတာကိုတွေ့ရတယ်။ ခေတ်ဘယ်လောက်ပြောင်း ပြောင်းငွေကြေးနဲ့ပတ်သက်ပြီး ဘယ်လိုအသုံးချရမယ်..ငွေကိုဘယ်လိုပွားအောင်လုပ်ရမယ်ဆိုတဲ့အတွေးအခေါ်ရှိကြ သူတွေဖြစ်ပါတယ်။ မိသားစုနဲ့ ကွဲထွက်နေတဲ့ဓလေ့စရိုက်ရှိသူဖြစ်ပါတယ်။ အများနဲ့မတူ..လမ်းအိုမလိုက်ဘဲ ဖြတ်လမ်း နည်းကိုရှာတွေ့ပြီး အသက် ၂၈မတိုင်ခင်ကတည်းက အောင်မြင်မှုကိုထိတွေ့ခံစားရနိုင်ကြသူတွေဖြစ်ပါတယ်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၁၀:၃၁) နာရီမှ မွန်းလွဲ(၁၂:၁၁)နာရီအတွင်း ကျရောက်နေ ပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ် ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။
ကံကောင်းသောနေ့သားများကတော့ ဗုဒ္ဓဟူး၊ ရာဟု၊ စနေသားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ တနင်္ဂနွေ၊ ကြာသပတေးသားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္လာ၊ အင်္ဂါ၊ သားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ မိုးပြာရောင် နှင့် အစိမ်းရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ ( ၂၊ ၉ ) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့အိတ်ဆောင် စက်စ္စည်း တစ်ခုခု အိတ်ထဲထည့်ဆောင် သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ပျားရည်ဘုရားကပ်လှူပြီး လိုရာ ဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလို အင်ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695