loading

17.July .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

  • Home
  • Blog
  • 17.July .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ ပထမဝါဆိုလကွယ်နေ့ရက်၊ တနင်္လာနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဇူလိုင်လ(၁၇)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၄၁)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၅း၂၉)နာရီဖြစ်ပြီး ၊ ညနေ(၆း၄၁)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အနောက်အရပ် ဖြစ်ပါတယ်။

ဒီနေ့ဟာ လက်သမားမြေခံ ဂဠုန် မြေခံဖြစ်၍ ကြီးပွားချမ်းသာရတတ်သော နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲ တွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင် ရွက်လို့ အထူးကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ ကြာသပတေးမြေခံအဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။ကြာသပတေးမြေခံအရ မိမိကြံစည် စိတ်ကူး ထားသော အရာမှန်သမျှ အချိန်မရွှေ့ဆိုင်းပဲ ချက်ချင်းလက်ငင်း အကောင်အထည်ဖေါ် ဆောင်ရွက် သင့်ချိန် ဖြစ်၍ ခိုင်ခန့်တဲ့ အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊လမ်းတံတား တွေ၊ အထပ်မြင့်အဆောက် အဦး တွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူး ဆောင်ရွက်လို့ရပါတယ်။

ဒီနေ့ဟာ တီထိအရတော့ လကွယ်တီထိ ကျရောက်နေတာ ဖြစ်ပါတယ်။ ဓနကိုပေးသော ပြည့်စုံခြင်းကိုဖော်ကြူး သော ပုဏ္ဏတီထိကျရောက်တဲ့နေ့ရက်ပါပဲ။ ဒီလိုနေ့ရက်မှာတော့ ပညာသင်ကြားခြင်းတွေ၊သင်တန်းတွေဖွင့်ခြင်းတွေ ဆောင် ရွက် လို့အထူးကောင်းပါတယ်။ ပညာရှာနေသူတွေအတွက်လဲ ပညာစတင်သင်ယူခြင်းမျိုးတွေအထူးဆောင်  ရွက်နိုင် ပါတယ်။

လုပ်ငန်းသစ်များစတင်ခြင်းတွေ၊ အလုပ်သစ်စတင်လျှောက်ခြင်းတွေအထူးကောင်းပါတယ်။ အသက်မွေးဝမ်း ကြောင်း ပညာပဲဖြစ်ဖြစ်၊ ကျောင်းပညာရေးပဲဖြစ်ဖြစ် ပညာရပ်နှင့်ပတ်သက်သောအလုပ်စီးပွားများအထူးကောင်း ပါတယ်။

ရေနှင့်ပတ်သက်သော ငါးမွေးမြူရေးလုပ်ငန်းများ အထူးအောင်မြင်နိုင်တဲ့နေ့ရက်ပါပဲ။ ဒီလိုနေ့ရက်တွေ မှာ တွေးနိုင် လေ စဉ်းစားနိုင်လေ လမ်းမှန်ပေါ်ရောက်လေပါပဲ။ အလုပ်တွေမှာပဲဖြစ်ဖြစ်၊ လူမှုရေးမှာပဲဖြစ်ဖြစ် သံယောဇဉ်ကို ဦးစား ပေးပြီး လုပ်ကိုင်ဆောင်ရွက်မိရင်တော့ အမှားများတတ်ပါတယ်။သတိထားဖို့ပါ။

အလုပ်နဲ့ပတ်သက်ပြီး တိုးတတ်မှုတွေအလွန်ကြုံရတတ်ပါတယ်။ ကြိုးစားတဲ့သူတွေအတွက် အခွင့်အလမ်းကောင်း တွေပေါ်လာတတ်ပါတယ်။ ရှင်ပြုခြင်း၊နားသခြင်း၊ပဉ္ဖင်းခံခြင်း စတဲ့အလှူနဲ့ပတ်သက်သောမင်္ဂလာများ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။ ကုန်ပစ္စည်းသိုလှောင်ခြင်းများလဲ အထူးပဲဆောင်ရွက်နိုင်ပါလိမ့်မယ်။အိုးအိမ်နဲ့ပတ်သက် သော ကိစ္စများလဲ အထူးပဲဆောင်ရွက်နိုင်ပါတယ်။ ကောက်ပဲသီးနှံတွေကို ဓာတ်မြေသြဇာကျွေး ခြင်းများလဲအထူးဆောင်ရွက် လို့ သင့်ပါတယ်။

ပုဏ္ဏဖုသျှ နက္ခတ်သည် မော်တော်ယာဉ်များ ဝယ်ယူခြင်းနှင့် ပြုပြင်ခြင်းအတွက် ကောင်းမွန်သည်။ ၎င်းသည် ယာယီ၊ မြန်ဆန်ပြီး ရွှေ့ပြောင်းနိုင်သော သဘာဝနက္ခတ်ဖြစ်သည်။ ခရီးသွားခြင်း၊ သယ်ယူပို့ ဆောင်ခြင်း၊ ဥယျာဉ်ခြံမြေ လုပ် ခြင်း၊ သူငယ်ချင်းများနှင့်လည်ပတ်ခြင်းအတွက် သင့်လျော်သည်။

ဤနက္ခတ်သည် ဘေးသို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီးအနေကဇာတင်၊ ပညာသင်၊ ကြော်ငြာဆိုင်းဘုတ် တင်၊ ရှင်ပြု နား၊ အမည်ကင်ပွန်းတပ်၊ လက်ဝတ်ရတနာဝတ်ဆင်၊ အလှပြင်၊ ယာဉ် စက် ရောင်းဝယ်ခြင်း၊ ခရီးသွားလာခြင်း၊ မိတ် ဆုံပွဲ၊ ပါတီပွဲ၊ ဧည့်ခံပွဲများ၊ စတင်ဖွင့်လှစ်ခြင်း လုပ်ငန်းများ၊ အချစ်ရေး စကားပြောခြင်း၊ စာအုပ်စာပေဖြန့်ချီခြင်း၊ ထီထိုး ခြင်းများ ကောင်း၏။

စကားနဲ့ပတ်သက်ပြီးတော့ လူမှုရေးပက်သက်ပြီးစကားပြောဆိုတာတွေ၊ ရန်ပြဿနာတွေကို ညှိနှိုင်းဆောင်ရွက် ခြင်း တွေ အထူးကောင်းပါတယ်။ဆေးဝါးအသစ်များ စတင်ဖော်စပ်ခြင်းများ အထူးကောင်းပါတယ်။ ကုသိုလ်ရေး လုပ်ငန်း များ၊ ဘာသာရေးလုပ်ငန်း များအထူးဆောင်ရွက်နိုင်ပါတယ်။ တရားရှုမှတ်ခြင်း၊တရားနာခြင်းများအထူး ကောင်းပါ တယ်။

            ယနေ့သည် အလုံးစုံသော ကောင်းခြင်းများ လွှမ်းမိုးနေသော ရက်ဖြစ်ပါသည်။ မင်္ဂလာကိစ္စများ ဆောင်ရွက်ရန် ရက်ကောင်းဖြစ်ပါသည်။ ပညာအတက်များ စတင်သင်ကြားရန် အထူးကောင်းပါသည်။ လုပ်ငန်းသစ်များ စတင် ဆောင် ရွက်နိုင်ပါသည်။ မော်ကွန်းတင်လက်မှတ်ရေးထိုးရန် ရက်ကောင်းဖြစ်သည်။ အလုပ်ရှာခြင်း, အလုပ်လျှောက် ခြင်း အတွက် ရက်ကောင်းဖြစ်သည်။  

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နံနက် (၁:၄၇)နာရီမှ နံနက် (၂:၃၈)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေ ရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံ လာရ ပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွား တာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ မရဏဖွား၊  ကရကဋ်စန်း၊ပုဏ္ဏဖုသျှ နက္ခတ်နဲ့စန်းယှဉ်မွေးသူ၊  ကရကဋ်ရာသီဖွားဖြစ် ပါသည်။ဒီနေ့မွေးသူများဟာ မရဏဖွားဖြစ်ပေမဲ့ ငွေကြေးကံအားကောင်းကြသူများဖြစ်ပါတယ်။ အလုပ်တွေကိုကောင်း စွာ လုပ် နိုင်စွမ်းရှိကြတယ်။အကူအညီပေးလိုစိတ်ပြင်းထန်တယ် ။ ဒုက္ခရောက်ရင် မကယ်ရမနေနိုင်ကြသူတွေ ဖြစ်ပါ တယ်။ ငွေကြေးရှာဖွေရလွယ်ကူပြီး ဘာလုပ်လုပ်အရင်းအနှီးလိုပါက ပေးမဲ့ကမ်းမဲ့သူတွေတွေပေါများကြတာကိုတွေ့ရ ပါတယ် မွေးစကနေ ၁၅နှစ်အတွင်း အိုးအိမ်နေရာထိုင်ခင်းအပြောင်းအလဲဖြစ်လေ့ရှိပါတယ်။ ထို၁၅နှစ်အတွင်း အချိန် များသည် မျက်စိထိခိုက်လွယ်တာမို့ မျက်စိကျန်းမာရေးကိုတော့ အထူးဂရုစိုက်ရပါလိမ့်မယ်။ မျက်စိအားနည်းတာ၊ ဖုန်းအကြည့် များ တာ၊ မျက်စိကို ဘောလုံးလိုမျိုးတစ်ခုခုထိမှန်ပြီး တိမ်ဖြစ်တာမျိုးတွေသတိထားပါ။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၇:၁၉) နာရီမှ နံနက်(၈:၅၆)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ် ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ ဗုဒ္ဓဟူး၊ ရာဟု စနေ သားသမီးများပဲဖြစ် ပါတယ်။

ကံညံ့သော နေ့သားများကတော့ တနင်္ဂနွေ၊ ကြာသပတေးသားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊သောကြာသားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ ရွှေအိုရောင် နှင့် စိမ်းပြာရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ ( ၃၊ ၈ ) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့နာနတ်သီးစား သွားပါ။ပိုမို အဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ မုန့်ဟင်းခါး ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

Leave a Reply

Your email address will not be published. Required fields are marked *