ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ ဝါခေါင်လဆန်း(၂)ရက်၊ သောကြာနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဩဂုတ်လ(၁၈)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၅၆)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၅း၄၄)နာရီဖြစ်ပြီး ၊ ညနေ(၆း၂၇)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ ည(၉း၀၂)နာရီအထိ အင်္ဂါမြေခံအဖြစ်ကျရောက်နေပြီး လွန်လျှင် တနင်္လာမြေခံအဖြစ်သို့ ပြောင်းလဲ ကျရောက်နေတာ ဖြစ်ပါတယ်။အင်္ဂါမြေခံအရ ကျန်းမာရေးနှင့်ပတ်သက်၍ အထူး ထိခိုက်နိုင်တဲ့နေ့ရက် ဖြစ်တာကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက် အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူးရှောင်သင့်ပါတယ်။
ဒီနေ့ဟာ ရက်တံခွန်၊ နဂါပေါ်ရက် ကျရောက်နေတာ ဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ ည(၉း၀၂)နာရီအထိ လဆန်းတီထိ(၂)လုံး ကောင်းကျိုးဖြစ်ထွန်းစေခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက်နေပြီး လွန်လျှင် လဆန်းတီထိ(၃)လုံး အောင်မြင်ခြင်းကိုပေးတဲ့နေ့အဖြစ် ပြောင်းလဲကျရောက်နေတာ ဖြစ်ပါတယ်။ တောင်အရပ်သို့ ဦးတည် သွားလာစဉ် အန္တရာယ်ရှိတတ်သည်။ လူမှုရေးကိစ္စများ၊အချစ်ရေး အိမ်ထောင် ရေးနဲ့ပတ်သက်သောကိစ္စများလဲ အထူးဆောင်ရွက်လို့ကောင်းတဲ့နေ့ရက်ပဲ ဖြစ်ပါတယ်။ ဒီနေ့မှာအိမ်သစ်တတ်ခြင်း များ၊အပြောင်းအလဲလုပ်ခြင်းများစတင်ဆောင်ရွက်လို့ကောင်းတဲ့နေ့ရက်လဲ ဖြစ်ပါတယ်။ဆိုင်သစ်ဖွင့်ခြင်း၊ အလုပ် သစ် စခြင်း၊ ဆိုင်းဘုတ်တင်ခြင်းများဒီနေ့မနက် ရး၂၀ မိနစ်မှာစတင်ဆောင် ရွက်လို့အထူးကောင်းပါတယ်။
အရေးကြီးသောကိစ္စများ၊အရေးကြီးသောဆုံးဖြတ်စရာကိစ္စများကို မနက်၁၀း၃၀နာရီမှ မွန်းတည့်၁၂နာရီအတွင်း ဆောင်ရွက်လို့အထူးကောင်းပါတယ်။ဒီလိုနေ့မျိုးမှာ အသင်းအဖွဲ့များဖွဲ့စည်းခြင်းတွေ၊ရှယ်ယာအလုပ်များ၊ အစုစပ် အလုပ်များလုပ်ကိုင်ခြင်းတွေဆောင်ရွက် လို့အထူးကောင်းပါတယ်။ မြေသန့်မင်္ဂလာများဆောင်ရွက်ခြင်း၊ ဘုရာထီး တင်ခြင်း၊အလှူအတန်းရေစက်ချခြင်းများ လဲအထူးဆောင်ရွက်နိုင်တဲ့နေ့ရက်ပါပဲ။
ရှောင်သင့်တာတွေကတော့ အတိုက်အခိုက်၊ရန်ရှောင်စေချင်ပါတယ်။ မိမိကိုရန်စတာ၊ပြဿနာဖြစ်အောင်လုပ် ဆော်တာမျိုးတွေ၊ ၇ရက်သားသမီးတော်တော်များများကြုံရတတ်ပါတယ်။မေတ္တာနဲ့ဖြေရှင်းကြပါလို့လဲအထူးမှာချင် ပါတယ်။ လိင်မတူသူများရဲ့ ထောက်ချောက်ဆင်မှု၊ဖြားယောင်းသွေးဆောင်မှုတွေအထူးကောင်းပါတယ်။
လူအတော်များများရဲ့ ဉာဏ်ထဲမှာအတွေးကောင်းစိတ်ကူးကောင်းတွေပေါ်လာတတ်တဲ့နေ့ရက်ပါပဲ။ စိတ်ကူးတွေကို အကောင်အထည်မဖော်ရင်တော့ အဟောသိကံဖြစ်ရတဲ့နေ့ရက်ပါပဲ။ ဒီလိုနေ့ရက်တွေမှာ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပတ်သက်သော ကိစ္စများ၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံငြိမ်းချမ်း ရေးစာချုပ်ချုပ်ဆိုခြင်းများ စတာတွေဆောင်ရွက်လို့ ကောင်း တဲ့နေ့ရက် ပါပဲ။
အဝတ်အထည်ဆိုင်များ၊ဖက်ရှင်ဆိုင်များ အရောင်းအဝယ်ကောင်းမွန်တဲ့နေ့ရက်ပါပဲ။ ယာဉ်ကားလုပ်ငန်းများ၊ ခရီး သည် ပို့ဆောင်ရေးလုပ်ငန်းများ၊ တိုးတတ်အောင်မြင်မှုတွေရလာတတ်ပါတယ်။ လမ်းသစ်ဖောက်ခြင်းများ၊တံ တား အသစ် စတင်ဖောက်လုပ်ခြင်းများလဲ ဆောင်ရွက်လို့သင့်တော်တဲ့နေ့ရက်လဲဖြစ်ပါတယ်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ ည(၂၃:၃၇)နာရီမှ နံနက်(၀:၃၃)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရ ဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံ လာရပါ လိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာ မျိုးမရှိ ခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ပြုဗ္ဗဖလဂုဏီ နက္ခတ်ကျရောက်တဲ့နေ့ရက်ဖြစ်ပါတယ်။ဒီနက္ခတ်က အောက်သို့မျက်နှာမူတဲ့နက္ခတ်ဖြစ်တာမို့ အဝီစီ တွင်း တူးခြင်း၊ရေကန်တူးခြင်း၊ရတနာသတ္ထုတူးဖော်ခြင်း၊Bored pile စတင်တူးခြင်း၊ရေအောက်ငုပ်ပြီး ရတနာ ရှာ ဖွေခြင်းလုပ်ငန်းများဆောင်ရွက်လို့ကောင်းပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ ဘင်္ဂဖွား၊ သိဟ်စန်း၊ပြုဗ္ဗဖလဂုဏီ နက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ သိဟ်ရာသီ ဖွားဖြစ် ပါသည်။ဒီနေ့မွေးသူများဟာ စွန့်စားနိုင်သူတွေ၊ဖောက်ထွက်နိုင် သူတွေဖြစ်ကြပါတယ်။ နာမည်ပေး မှန် ကန်ပါက ပညာရေးကံ နှင့် အိမ်ထောင်ရေးကံအားကောင်းတာကိုတွေ့ရသလို ခေတ်ရှေ့ပြေးသောအလုပ်မျိုးတွေနဲ့ သိသာထင် ရှားစွာ အကျိုး ပေးပါတယ်။ကလေးငယ်ဟာနယ်ပယ်သစ် ရှာဖွေ ဖောက် ထွက်ရာမှာ….သော်လည်းကောင်း၊ စွန့်စား လုပ်ကိုင်ရာမှာ သော်လည်ကောင်း၊စနစ်ဟောင်းတွေ ကိုချိုးဖောက် ပြီးစနစ်သစ်တော်လှန်ပြောင်းလဲမှုပြုရာ တွင် သော် လည်းကောင်း… အလွန်အင်မတန် စွမ်းအားရှိသော …ဖွားဇာတာရှင် ကလေးငယ်ပါပဲ။အချိန်တန် အရွယ် ရောက် တာနဲ့ ဆွေမျိုးသွေးသား အသိုက်အဝန်းကို စွန့်ခွာပြီး….မထင်မှတ်ထားတဲ့ အဆင့်တစ်ခုဆီကို ..စွန့်စား ဖောက်ထွက်… အောင်မြင်သွားနိုင်သော ဇာတာရှင်လို့လည်း ဆိုနိုင်ပါတယ်။ ထူးခြား ချက် တစ်ခုကတော့ ….အိမ်ထောင်ဖက်ကောင်း (ဝါ) ထင်ရှားအောင်မြင် သော အိမ်ထောင်ဖက်ကို ရရှိတတ်သော ကံဇာတာ ပါရှိလာသူပဲဖြစ်ပါတယ်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၁၀:၃၄) နာရီမှ မွန်းလွဲ(၁၂:၀၉)နာရီအတွင်း ကျရောက် နေ ပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ အင်္ဂါ၊ သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ တနင်္ဂနွေ၊ ကြာသပတေးသားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ ဗုဒ္ဓဟူး၊ ရာဟု၊ စနေသားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ မီးခိုးရောင် နှင့် အစိမ်းရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ ( ၉၊ ၁ ) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့လက်သည်းညှပ်ဆောင် သွားပါ။ ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဖရုံယိုဘုရားကပ်လှူပြီး လိုရာဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695