ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ ဝါခေါင်လဆန်း(၁၃)ရက်၊ အင်္ဂါနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဩဂုတ်လ(၂၉)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၀၂)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၅း၅၀)နာရီဖြစ်ပြီး ၊ ညနေ(၆း၂၀)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က တောင်အရပ် ဖြစ်ပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ ညနေ(၃း၅၀)နာရီအထိ တနင်္လာမြေခံအဖြစ် ကျရောက်နေပြီး လွန်လျှင် တနင်္ဂနွေ မြေခံအဖြစ်သို့ ပြောင်းလဲကျရောက်နေတာ ဖြစ်ပါတယ်။တနင်္လာမြေခံ ဖြစ်တဲ့အတွက် ဒီနေ့မှာ လုပ်ကိုင် လိုက်သော လုပ်ငန်းများမှန်သမျှ အကျိုးအမြတ်ကြီးကြီးမားမားရရှိကြွယ်ခြင်း၊ ချမ်းသာခြင်း၊ စည်းစိမ်ဉစ္စာ တိုးပွား ခြင်းများ အထူးပင်ရရှိစေနိုင်တာကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုး တွေ အထူးဆောင်ရွက် သင့်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ ညနေ(၃း၅၀)နာရီအထိ လဆန်းတီထိ(၁၃)လုံး အောင်မြင်ခြင်းကိုပေးတဲ့နေ့အဖြစ် ကျ ရောက် နေပြီး လွန်လျှင် လဆန်းတီထိ(၁၄)လုံး ဖယ်ရှင်းခြင်းအတွက်သုံးရန် ပေးတဲ့နေ့အဖြစ်သို့ ပြောင်းလဲကျရောက် နေတာ ဖြစ်ပါတယ်။ အောင်မြင်မှုတွေကို ဖော်ဆောင်ပေးမဲ့ဇယာတီထိကျရောက်တဲ့ နေ့ရက်လဲဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဒီလိုနေ့ရက်တွေမှာတော့ အခက်အခဲတွေကိုကောင်းစွာကျော်ဖြတ်နိုင်ပါလိမ့် မယ်။ လုပ်လို့အဆင်မပြေလို့ လက်လျော့လိုက်တဲ့အလုပ်တွေကိုပြန်လည်ဆန်းသစ်သင့်တဲ့ နေ့ရက်ပါပဲ။ ကျန်းမာ ရေးနဲ့ ပတ်သက် ပြီး အသေး အမွှားကုသတာကစလို့ ခွဲစိပ်ကုသတာတွေအထိ အထူးအဆင်ပြေ အောင်မြင်မှု တွေကိုရရှိတတ်ပါတယ်
ကျောက်မျက်ရတနာများသွေးခြင်း၊ရွှေငွေလက်ဝတ်ရတနာများဖန်တီးခြင်းတွေကိုလဲ အထူးဆောင်ရွက်လို့ ကောင်းပါတယ်။ ရွှေဆိုင်များ လက်ဝတ်ရတနာဒီဇိုင်းသစ်တွေကိုပြုလုပ်ဆောင်ရွက်လို့ကောင်းတဲ့နေ့ရက်ပါပဲ။
သရဝဏ် နက္ခတ်သည် ယာယီ၊ အမြန်နှင့် ရွှေ့ပြောင်းနိုင်သော ကြယ်ဖြစ်ပြီး ခရီးသွားခြင်း၊ သယ်ယူပို့ ဆောင်ခြင်း၊ ဥယျာဉ်ခြံမြေလုပ်ခြင်း၊ လည်ပတ်ခြင်း၊သူငယ်ချင်းများ လည်ပတ်ခြင်း၊ ဈေးဝယ်ခြင်း နှင့် ယာယီသဘောသဘာဝ တစ်ခုခုကို လုပ်ဆောင်ခြင်း အတွက်အဆင်ပြေသည်။
ဤနက္ခတ်သည် အထက်သို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး အိမ်၊ဗိမာန်၊တံတိုင်း (ဥယျာဉ်)၊ အထပ်မြင့် အဆောက်အဦ / အဆောက်အအုံများနှင့် သက်ဆိုင်သော ဆောက်လုပ်ရေးလုပ်ငန်းများ၊ အလံလွှင့်တင်ခြင်း၊ နန်းတက်ခြင်း၊ ဆင်ဖြင့် ခရီးသွားခြင်း၊ ရွာဗိမာန်၊ ခံတပ် စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။
မိမိအိမ်ရိက္ခာအတွက်ဆန်၊ဆီ၊ကြက်သွန်စတာတွေများများစားစားဝယ်ယူထားလို့အထူးကောင်းတဲ့နေ့ရက်ပါပဲ။ စစ်လက်နက်ထီထွင်ခြင်း၊စမ်းသပ်ဖောက်ခွဲခြင်း၊စစ်ရေးလေ့ကျင့်ခြင်းများလဲဆောင်ရွက်နိုင်တဲ့နေ့ရက်ပါပဲ။ ကုန် သွယ်ခြင်းလုပ်ငန်းများ၊ စက်ပစ္စည်းအပိုရောင်းချတဲ့လုပ်ငန်းများ၊လျှပ်စစ်လုပ်ငန်း၊ လမ်းတံတားနှင့် အဆောက်အဦး လုပ်ငန်းများပိုမိုတိုးတတ်ပါလိမ့်မယ်။
မိန်းကလေးတွေအများဆုံးလုပ်ကိုင်ကြတဲ့ အလုကုန်လုပ်ငန်း၊အလှပြုပြင်ခြင်း၊ အထည်ချုပ်လုပ်ငန်း စတာတွေလဲ တိုးတတ်အောာင်မြင်အောင် စွမ်းဆောာင်နိုင်ပါလိမ့်မယ်။အိမ်မွေးတိရိစ္ဆာန်များ၊သတ္တဝါများ ရောင်းဝယ်ခြင်းလုပ်ငန်း တွေ၊ မိမိဖြစ်ချင်တဲ့ဆန္ဒတွေကိုစတင်အကောင်အထည် ဖော်တာမျိုးတွေ အထူးကောင်းပါတယ်။
ဒီလိုနေ့မျိုးဟာ အချိန်မဖြုန်းဘဲအချိန်ကိုအကျိုးရှိစွာ အသုံးချတတ်သူတွေကတော့ အထူးတိုးတတ်အောင်မြင်မှု တွေရှိပါလိမ့်မယ်။ဆေးဝါးဖော်စပ်ခြင်း၊ဖြန့်ဖြူးရောင်းချခြင်းတွေအထူးကောင်းပါတယ်။အရေးကြီးကိစ္စများဆောာင် ရွက်လို့ကောင်းတဲ့နေ့ရက်ဖြစ်တာကြောင့် မနက်၁၀း၄၈ မွန်းလွဲ ၁း၁၂မိနစ်အတွင်း ဆောင်ရွက်လို့ အထူးကောင်း တာကိုတွေ့မြင်ရပါတယ်။ခရီးကိစ္စအ၀၀ဆောင်ရွက်လို့ အထူးကောင်းပါတယ်။ အပျော်ခရီးပဲဖြစ်ဖြစ်၊ အလှူအတန်း နှင့်ပက်သက်သောခရီးပဲ ဖြစ်ဖြစ်၊ အလုပ်ခရီးတွေပဲဖြစ်ဖြစ်ခရီးကိစ္စများအတွက်စိတ်ချမ်းသာရပါလိမ့်မယ်။
ဒီနေ့ဟာ ဆေးစား၊ ဆေးကုပြုရန် ကောင်းသောရက်ဖြစ်ပါတယ်။ သမားပြသခြင်း၊ ဆေးဝါးကုသခြင်းများ ပြုနိုင်သည်။ ရင်းနှီးမြှုတ်နှံမှုတို့မှ အကျိုးအမြက်ကောင်းများ ရရှိမည်။ အရေးပါသော ဆုံးဖြတ်ချက်များ ချမှတ်ရမည်။ အရပ်ဝေးနှင့် ပတ်သက် ဆက်နွယ်သော အလုပ်များ အကျိုးပေးမည်။ ငွေကြေးအပေးအယူကိစ္စတွင် ဖြစ်ပေါ်နေသော ပြဿနာများ ဖြေရှင်းနိုင်မည်။ မူလလက်ဟောင်းပစ္စည်းများ ဈေးကွက်တွင် အရောင်းပြန်လည်သွက်လပ်မည်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ ည(၂၂:၅၄)နာရီမှ ည(၂၃:၄၅)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရ ဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံ လာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ အဓိပတိဖွား၊ မကာရစန်း၊သရဝဏ် နက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ သိဟ်ရာသီဖွားဖြစ်ပါ သည်။ဒီနေ့ မွေးသူများဟာ အတွေးအခေါ်အားကောင်းကြသူတွေ၊ တစ်ခုခုကို သိလွယ်မြင်လွယ်တက်မြောက် လွယ်ကြသူတွေ ဖြစ်ပါတယ်။တစ်ခုသတိထားရမှာကဘဝမှာ ရင်းနှီးမြုပ်နှံမှုမှားယွင်းခြင်းဆိုတဲ့ ကံကိုပေးတာမို့ စတင် ပြီးငွေကြေးရင်းနှီး တော့မယ်ဆို အဘက်ဘက်မှာလေ့လာပြီးမှဆောင်ရွက်သင့်ပါတယ်။ မိန်းကလေးရင်သွေးငယ် ဖြစ် မယ်ဆိုရင်တော့ နာမည်ပေးလုံးဝမှားလို့မရပါဘူး။ အနာဂတ်ကာလမှာ ….အိုင်တီနယ်ပယ်။ စက်မှုနယ်ပယ်၊ လက်နက် ကိုင်အဖွဲ့အစည်း နယ်ပယ်၊ စာရင်းကိုင်နယ်ပယ်၊ ဘာသာစကားနယ်ပယ် တွေနဲ့ မုချ အောင်မြင်မယ့် ဖွားဇာတာအမျိုး အစားဖြစ်ပါတယ်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၃:၁၄) နာရီမှ ညနေ(၄:၄၈)နာရီအတွင်း ကျရောက် နေ ပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ် ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ ကြာသပတေး၊ သောကြာ သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ တနင်္လာသားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ရာဟု၊ စနေသားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ ပန်းရောင် နှင့် အညိုရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ ( ၂၊ ၉ ) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့နွားနို့သောက် သွားပါ။ပို မိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ထမင်းကြော် ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695