ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ တော်သလင်းလဆန်း(၂)ရက်၊ စနေနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၃ခုနှစ်၊စက်တင်ဘာလ(၁၆)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅:၁၃)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆:၀၁)နာရီဖြစ်ပြီး ၊ ညနေ(၆:၁၀)နာရီမှာ နေဝင် ပါ တယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က တောင်အရပ် ဖြစ်ပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ အင်္ဂါမြေခံတဲ့နေ့ဖြစ်ပါတယ်။ အင်္ဂါမြေခံအရ ကျန်းမာရေးနှင့်ပတ်သက်၍ အထူး ထိခိုက်နိုင် တဲ့ နေ့ရက် ဖြစ်တာကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူးရှောင်သင့်ပါတယ်။
ဒီနေ့ဟာ ရက်ရာဇာ၊ မဟာရက်ကြမ်းရက် ကျရောက်နေတာ ဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ မနက်၁၀နာရီနောက်ပိုင်း မင်္ဂလာကျက်သရေကိုဖြစ်စေသောဘဒြာတီထိကျ ရောက်တဲ့ နေ့ရက် လဲ ဖြစ်ပါတယ်။ ဒီလိုနေ့ မျိုးမှာအထည်လိပ်လုပ်ငန်း၊အဝတ်အစားဖက်ရှင်နဲ့ ပတ်သက်သောလုပ်ငန်းများတိုး တတ်ပါလိမ့် မယ်။ အုပ်ချုပ်မှုနှင့်ဆိုင်သောလုပ်ငန်းများ၊ဘဏ္ဍာရေးနှင့်ဆိုင်သောလုပ်ငန်းများလဲ အထူးတိုးတတ်နိုင် တာ ကိုတွေ့ ရပါ တယ်။ အိမ်တွင်းအလှဆင်ခြင်း၊မိမိဆိုင်ကိုပြင်ဆင်ခြင်း၊ ရုံးခန်းအလှဆင်ခြင်းများဆောင်ရွက်သင့် တဲ့ နေ့တစ်နေ ဖြစ်ပါတယ်။
အလုပ်နဲ့ပတ်သက်ပြီးတော့လဲ အဆင်ပြေတိုးတတ်မှုတွေများပါလိမ့်မယ်။ ကြုံတွေနေတဲ့အခက်အခဲလေး တွေလဲပြေ လည် သွားတတ်တဲ့နေ့ရက်ပါပဲ၊ဒီနေ့ရက်မှာတော့ ရေလုပ်ငန်း၊မွေးမြုရေးလုပ်ငန်းများလဲ အထူးကောင်း ပါတယ်။ ကလေးအသုံး အဆောင်ပစ္စည်းများ၊စာရေးကိစ္စများ ထုတ်လုပ်ဖြန့်ချီရောင်းချတဲ့အလုပ်တွေအထူးကောင်း ပါတယ်။ ကျန်းမာရေးအတွက် လဲစိတ်ချမ်းသာရပါလိမ့်မယ်။နိုင်ငံခြားလုပ်ငန်းများအတွက် အင်တာဗျူးခြင်း၊အလုပ် သစ်တစ်ခုကိုစတင်ဖောင်တင် ခြင်းများ ဒီနေ့ မှာအလွန်ကောင်းပါတယ်။
ဓာတ်သတ္တုများ၊ကျောက်မျက်ရတနာများစတင်တူးဖော်ခြင်းတွေ အထူးကောင်းပါတယ်။ နာမည်ပေးကင်ပွန်းတပ် ခြင်းတွေဆောင်ရွက်ကို့အထူးကောင်းပါတယ်။ ပျိုးကျဲခြင်း၊ မျိုးစေ့ချခြင်းမျိုးတွေလဲ ဆောင်ရွက်နိုင်ပါတယ်။
တစ်ကိုယ်ရေသန့်ရှင်းရေးကို အသေအချာလုပ်ဆောင်ပါ။ အမွှေးနံ့သာဆွတ်ဖြန်းပါ။ မွှေးပျံ့နေလေ ကံကောင်း လေပါပဲ။ တပည့်မွေးခြင်း၊ သင်တန်းဖွင့်ခြင်းများ စတင်ဆောင်ရွက်လို့ကောင်းတဲ့နေ့ရက်ပါပဲ။ ငွေကြေးနဲ့ပတ်သက် သောရင်းနှီးမြုပ်နှံခြင်းများ ဒီနေ့မှာဆောင်ရွက်နိုင်ပါလိမ့်မယ်။
ယနေ့အချိန်အခါတွင် ရာဇမင်းထံ ဝင်၊ ထွက်၊ သွား၊ လာခြင်း မပြုရပါ။ အဖိုးထိုက်သော ပစ္စည်းများ၊ တောက် ပသော အဝတ်အစားများ ဝတ်ဆင်ခြင်းမပြုရပါ။ အန္တရာယ်ကြုံနိုင်သည်။ သွားလာစဉ် ဆုံတွေ့သော အလှူခံ ပုဂ္ဂိုလ်တို့ကို လှူဒါန်းခြင်းပြုပါ။ ပြဿနာဟောင်းများ ပြန်လည်ဖြေရှင်းနိုင်မည်။
ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်ပေမဲ့မဟာရက်ကြမ်းကျရောက်တဲ့နေ့မျိုးဖြစ်တာမို့ အရေးကြီးတဲ့ လုပ်ငန်းဆောင် တာတွေကို မလုပ်သင့်ပါဘူး။ ဒီနေ့မှာ ခရီးကိစ္စတွေ တတ်နိုင်သရွေ့ရှောင်သင့်ပါတယ်။ အထူးသဖြင့် ရေလမ်းခရီးများ၊ မသွားဖူးတဲ့အရပ် ဒေသများ၊ တောတောင်များ သွားရောက်ခြင်းမျိုးကို အထူးပဲရှောင်စေချင် ပါတယ်။မင်္ဂလာကိစ္စများ လဲ အလုံးစုံရှောင်လိုက် စေချင်ပါတယ်။ လက်ထပ်ထိမ်းမြားခြင်း၊စေ့စပ်ခြင်း၊မင်္ဂလာစကားပြောခြင်း၊ ရုံးတတ်လက်မှတ် ထိုးခြင်းများလဲ အထူးရှောင်အပ်ပါတယ်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ည(21:43)နာရီမှ ည(22:35)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာ များရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံလာ ရပါ လိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေလို ရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဟဿတနက္ခတ်ကျရောက်တာမို့အိမ်ခြံမြေအရောင်းအဝယ်ပြုလုပ်ခြင်း၊ စာအုပ် စာရေး ကိရိယာလုပ် ခြင်း၊ စာပေဖြန့် ချိရေးလုပ်ငန်း၊ အလှပြင်လုပ်ငန်း၊ လက်ဝတ်ရတနာဝတ်ဆင်ခြင်း၊ ချစ်မေတ္တာ စကားပြောဆိုခြင်း၊ ထီထိုးခြင်း၊ ခရီးသွားလာခြင်း၊ မိတ်ဆုံပွဲများ၊ ပါတီပွဲများ၊ ဧည့်ခံပွဲများစတင်၍ ဖွင့်လှစ်ခြင်း၊ ယာဉ်၊ စက်ပစ္စည်းများ ရောင်းဝယ်ခြင်း၊ ဆံသလုပ်ငန်း၊ ဆိုင်ကယ်၊ အိုးဝေ၊သုံးဘီးဆိုင်ကယ်ရောင်းဝယ်ပြုလုပ်ခြင်း ကောင်း၏။
ဒီနေ့မွေး ရင်သွေးငယ်များဟာ ပုတိဖွား၊ ကန်စန်း၊ဟဿတနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ သိဟ်ရာသီဖွားဖြစ်ပါသည်။ဒီနေ့ မွေးသူများဟာအခက်အခဲတွေကိုကောင်းစွာကျော်လွှားနိုင်ကြသူတွေဖြစ်ပါတယ်။ငွေကြေးနဲ့ပတ် သက် သော အကူ အညီတွေရလွယ်ကြတယ်။ လူချစ်လူခင်များတယ်။ မြင်တာနဲ့ တစ်ဖက်သားက အားကိုးချင်တဲ့ရုပ် လက္ခဏာ မျိုးကိုပိုင် ဆိုင်ကြသူတွေဖြစ်ပါတယ်။ နိုင်ငံခြားဘာသာတွေကို တစ်မျိုးထက်မက တက်မြောက်လွယ် ကြ သူတွေ ဖြစ် ပြီးတော့ နိုင် ငံခြားနဲ့ဆက်စပ်လုပ်ငန်းများ၊ဂိုက်လုပ်ပေးသူများ၊စကားပြန်များ၊ international ကျောင်း တွေမှာ ပြန် သင်ပြပေးနိုင်ကြ သူများ၊ခရီးသွားလုပ်ငန်းလုပ်ကိုင်ကြသူများအဖြစ်တွေ့ရပါတယ်။ အရွယ်သုံးပါးမှာ ဒုတိယအရွယ် တစ်ဝက်လောက် ကနေ ဘဝနေဝင်ချိန်ထိကံကောင်းခြင်းတွေကိုခံစားရသူများဖြစ်ပါတယ်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မနက်(၈:၅၇) နာရီမှ မနက်(၁၀:၂၉)နာရီအတွင်း ကျရောက် နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ဗုဒ္ဓဟူး၊ရာဟု၊ကြာသပတေးသားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ တနင်္လာသားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊သောကြာ၊စနေသားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ ဆင်စွယ်ရောင် နှင့် မရမ်းရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၂/၄) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့အာလူးကြော်စား သွားပါ။ ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ မုန့်ဖက်ထုပ်ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလို အင်ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695