ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ တော်သလင်းလဆန်း(၉)ရက်၊ စနေနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၃ခုနှစ်၊စက်တင်ဘာလ(၂၃)ရက်နေ့လဲ ဖြစ်ပါတယ်။
ဒီနေ့နံနက်(၅:၁၅)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆:၀၅)နာရီဖြစ်ပြီး ၊ ညနေ(၆:၀၅)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်တောင် အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ စနေမြေခံတဲ့နေ့ဖြစ်ပါတယ်။ စနေမြေခံအရ မီးဘေးနှင့်ပတ်သက်သော အပူသောကများ အထူးဂရုစိုက်သင့်ပါသည်။ မီးဘေးကြောင့် ပျက်စီးဆုံးရှုံးရခြင်းများ၊ စိတ်ပူးပင်သောကနှင့် ဆုံးရှုံးနစ်နာရခြင်းများ ရရှိစေသောကြောင့် ခိုင်ခန့်သော အဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ အထူးရှောင်သင့်ပါတယ်။
ဒီနေ့ဟာ ရက်ရာဇာရက် ကျရောက်နေတာ ဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့မွန်းလွဲ ၁း၁၉မိနစ်အထိလဆန်းတီထိ၈လုံး စွမ်းအားတွေ၊ခံနိုင်ရည်တွေကိုပေးတဲ့ ဇယျာ တီထိကျရောက်တဲ့ နေ့ရက်ပဲဖြစ်ပါတယ်။ဘာလုပ်လုပ်တွေဝေခြင်းမပြုဘဲလုပ်ရင်အထူးအဆင်ပြေပါတယ်။ ကျန်းမာရေးနဲ့ ပက်သက်ပြီး ဆရာကောင်းသမားတော်ကောင်းတွေနဲ့ တွေ့ဆုံကုသခွင့်တွေရတတ်ပါတယ်။ ဆေး ကောင်းဝါးကောင်းတွေမှီဝဲခွင့် ရတတ်ပါတယ်။ ဆေးစစ်သွေးစစ်လုပ်ချင်တယ်ဆို ဒီနေ့လုပ်ခြင်းဖြင့် မှန်ကန် တဲ့ရလဒ်တွေကိုရရှိလာပါလိမ့်မယ်။
ကုန်ပစ္စည်းအသစ်တွေကြော်ငြာလို့အထူးကောင်းပါတယ်။ အနုပညာနှင့်ပတ်သက်သောလုပ်ငန်းများတိုးတတ်နိုင် ပါတယ်။ လှောင်ကုန်များရောင်းထုတ်လို့အထူးကောင်းပါတယ်။ ရပ်ဝေးမှာတည်ဆောက်ထားတဲ့စီးပွားရေးတွေ အထူး တိုးတတ်ပါလိမ့်မယ်။ အခက်အခဲတွေ၊complain တွေကိုလဲ ကောင်းစွာဖြေရှင်းသွားနိုင်ပါလိမ့်မယ်။
အလုပ်အကိုင်အခွင့်အလမ်းများအတွက် အင်တာဗျူးဖြေခြင်း ၊အလုပ်သစ်လျှောက်ထားခြင်းတွေဆောင်ရွက်နိုင် ပါတယ်။ ရာထူးတိုးအတွက်လိုအပ်တဲ့ပြင်ဆင်မှုတွေလုပ်သင့်တဲ့နေ့ရက်လဲဖြစ်ပါတယ်။
ဆောက်လုပ်ရေးနှင့် စက်ပစ္စည်းဆိုင်ရာလုပ်ငန်းတွေ တိုးတတ်မှုတွေရှိတတ်ပါတယ်။ ကားနှင့်ယန္တရား လုပ်ငန်း များ၊တွင်းထွက်ပစ္စည်းတူးဖော်ရှာဖွေရေးလုပ်ငန်းများလဲ အောင်မြင်မှုတွေရလာတတ်ပါတယ်။ ဆေးပညာ များအသစ် များစူးစမ်းရှာဖွေခြင်း၊ ဆေးဝါးသစ်ထုတ်လုပ်ခြင်း၊နည်း ပညာနဲ့ပက်သက်ပြီး အားထုတ်လုပ်ကိုင်ခြင်း များဆောင်ရွက် လို့ကောင်းပါတယ်။ယနေ့တွင် မည်သည်အရာကို ပြုလုပ်သည်ဖြစ်စေ အထူးသတိရှိရမည်။ ဘာသာရေးဆိုင်ရာနှင့် မြင့်မြက်သော ကိစ္စများ ဆောင်ရွက်ရန် အခါမသင့်သေးပါ။ သိလိုသော သတင်းအချက် အလက်များကို စုစည်းရန် ရက်ကောင်းဖြစ်သည်။ ရန်ပြဿနာများ ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းရန် ရက်ကောင်း ဖြစ်သည်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ည(၂၁:၁၅ )နာရီမှ ည(၂၂:၀၇)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရ ဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံ လာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာ မျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ ပုတိဖွား၊မူလနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ဓနုစန်း၊ ကန်ရာသီဖွားဖြစ်ပါသည်။ဒီနေ့ မွေးသူများဟာအခက်အခဲတွေဘယ်လိုပဲရှိ ပါစေ.. ကျော် လွှားနိုင်ပါလိမ့်မယ်။ လူချစ်လူခင် ပေါ များ တယ်။ လုပ်ငန်းရှင်၊ သူဌေးကြီးတွေရဲ့ အားအကိုးရဆုံးလူယုံ တွေ ဖြစ် တတ်ပါတယ်။ကျန်းမာရေး အားကောင်း ကြ သူတွေဖြစ်တတ်ပြီးတော့ အိမ်ထောင်ရေးကတော့ ကမောက်ကမ ဖြစ်လွယ်ကြသူတွေဖြစ်ပါတယ်။ ငွေကြေးကံအား ကောင်းတဲ့သူမျိုးတွေဖြစ်ကြ ပါတယ်။ ခရီးသွားလုပ်ငန်း၊ပညာရေး လုပ်ငန်း၊ ဂိုက်လုပ်ငန်းများနဲ့ အကျိုးပေးအောင်မြင် တတ်ကြတဲ့သူတွေဖြစ်ကြပါ တယ်။ အရွယ်လွန်တတိယအရွယ် ရောက်တဲ့အခါ ဘာသာရေးဘက်ကိုနွယ်သွားပြီးတော့ တရားရှာ၊တရားရတတ်တဲ့ သူမျိုးတွေအဖြစ်လဲ ဒီလိုဇာတာမျိုး ကိုတွေ့ရလေ့ရှိကြပါတယ်။
နေ့လယ် ၁၂နာရီခွဲထိမူလနက္ခတ်မို့ ပန်းချီပန်းပု လုပ်ငန်း၊ ကျောက်ဆစ်လုပ်ငန်း၊ ဂီတနှင့်အနုပညာဆိုင်ရာများ၊ အဆိုအက သရုပ်ဆောင်ခြင်း၊ ကလေးထမင်းခွံ့ခြင်း၊ ဓာတ်သတ္တုတူးဖော်ခြင်း၊ ကျောက်မျက်ရတနာလုပ်ငန်း တူးဖော်ခြင်း၊ ရေနံတူးခြင်း၊ ရေတွင်းရေကန်တူးခြင်း၊ အဝီစိ တွင်း တူး ခြင်းများ ကောင်း၏။
နေ့လယ် ၁၂နာရီခွဲနောက်ပိုင်းပြုပ္ဗာသဠ်နက္ခတ်ဖြစ်ပါတယ်။ ပြုပ္ဗာသဠ်နက္ခတ်သည်အောက်ငုံနက္ခတ်ဖြစ်တာမို့ ကလေးထမင်းစခွံ့ခြင်း၊ကျောက်မျက်ရတနာတူးဖော်ခြင်း၊စူးစမ်းရှာဖွေခြင်း၊ဆည်မြောင်း၊တာတမံဆောက်လုပ်ခြင်း၊ရေတွင်းရေကန်နှင့်အဝိစိတွင်းတူးဖော်ခြင်းများ စာရေးသားခြင်းများ အထူးကောင်းပါတယ်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မနက်(08:56) နာရီမှမနက် (10:27)နာရီအတွင်း ကျရောက် နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်း ပါတယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊သောကြာ၊စနေသားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ တနင်္လာသားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊ဗုဒ္ဓဟူး၊ရာဟု၊ကြာသပတေးသားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ နက်ပြာရောင် နှင့် ဖက်ဖူးရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၅/၄/၃) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့မြေပဲကြော်စား သွားပါ။ ပိုမို အဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ နို့အေးဘုရားကပ်လှူပြီး လိုရာ ဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင် ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695