loading

9.October .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

  • Home
  • Blog
  • 9.October .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ တော်သလင်းလဆုတ်(၁၀)ရက်၊ တနင်္လာနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၃ခုနှစ်၊အောက်တိုဘာလ(၉)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်( ၅:၂၇ )နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆:၁၅)နာရီဖြစ်ပြီး ၊ ညနေ(၅:၅၅)နာရီမှာ နေဝင်ပါတယ်။ ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က  မြောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ဘီလူး မြေခံဖြစ်၍ သေကြေပျက်စီးရတတ်သောကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်ခြင်းကို အထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ မွန်းလွဲ ၁နာရီခွဲအထိ မိတ္တုမြေခံတဲ့နေ့ဖြစ်ပါတယ်။ မိတ္တုမြေခံဖြစ်တာကြောင့် မိမိတွင်ပိုင်ဆိုင် ရရှိပြီးသား စည်းစိမ်ဉစ္စာများ တစ်ဖြည်းဖြည်း လျော့ပါး ဆုံးရှုံးလာတတ်ခြင်းတွေဖြစ်စေတာမို့ ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက် ရိုက်တာ မျိုး တွေ အထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့  မွန်းလွဲ ၁း၃၆မိနစ်အထိ လဆုတ်တီထိ ၁၀လုံး အလုပ်နဲ့ ပတ်သက်ပြီး ၇ရက်သားသမီး အပေါင်းအားစိုက်ရင်စိုက်သလောက်အထူး အဆင်ပြေတတ်ပါတယ်။ ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့လဲ တရှောင် ရှောင်ဖြစ်လွယ်ပါတယ်။ အဲဒါကိုတော့အထူးသတိထားလိုက်ပါ။ မိမိ ဖြစ်ချင်တာတွေကိုဖြစ်အောင်လုပ်သွားပါ။ စိတ် ကူးပုံဖော်ထားတဲ့ကိစ္စတွေကိုအထူးအောင်မြင်အောင်စွမ်းဆောင်နိုင် ပါလိမ့်မယ်။

အလှူအတန်းတွေလုပ်မယ်ဆိုရင်တော့ ကွယ်လွန်သွားတဲ့မိဘဘိုးဘွားတွေကိုရည်ရွယ်ပြီး ကုသိုလ်ပြုပေး တာမျိုး အထူးကောင်းပါတယ်။ ပုတီးစပ်ခြင်း၊တရားထိုင်ခြင်း၊ဂါထာမန္တန်ရွတ်ဖတ်ခြင်းကိုတော့ဒီနေ့မှာဦးစားပေး ဆောင်ရွက် ပါ။ လိုချင်တဲ့ငွေကြေးတွေကိုလဲ ချေးငှားလို့အဆင်ပြေတတ်ပါတယ်။

ကျောက်မျက်ရတနာများကို သွေးခြင်း၊ဖြတ်ခြင်းများဆောင်ရွက်နိုင်ပါတယ်။ ပယောဂကုသခြင်းတွေ၊ ခက်ခဲ နေတဲ့ ရောဂါ တွေကို သေချာစစ်ဆေးကုသခြင်းတွေပြုလုပ်သင့်တဲ့နေ့ရက်ပါပဲ။ အထည်ဆိုင်များ၊ဖက်ရှင်ဆိုင်များ တိုးတတ် အောင်မြင်ပါလိမ့်မယ်။ ဆိုင်ခွဲဖွင့်မယ်ဆိုရင်လဲဒီနေ့မှာသင့်တော်ပါတယ်။

ယနေ့တွင် ကုန်ပစ္စည်းများ စတင်မိတ်ဆက်နိုင်သည်။ ဖြန့်ချီရေးအတွက် ရက်ကောင်းဖြစ်သည်။ ရန်ပဋိပက္ခ များ ငြိမ်းချမ်းအောင် စီစဉ်နိုင်သည်။ တစ်ပတ်ရစ်ပစ္စည်းများ အရောင်းအဝယ်ပြုရန် ကောင်းသည်။ လက်မှု အနုပညာ ပစ္စည်းများ၊ ရှေးဟောင်းပစ္စည်းများ အရောင်းအဝယ်ပြုရန် ကောင်းသည်။

ဖုသျှ နက္ခတ်ဖြစ်သည်။ထိုနက္ခတ်သည် ကုသိုလ်ကောင်းမှုတိုင်းအတွက် ကောင်းမွန်သည်။ ပေါ့ပါးပြီး လျင်မြန်သော နက္ခတ်ဖြစ်ပြီး အား ကစား၊ ဇိမ်ခံပစ္စည်းများ၊ စက်မှုလုပ်ငန်းစတင်ခြင်း၊ ကျွမ်းကျင်လုပ်သား၊ ဆေးကု သခြင်း၊ ပညာ ရေးစတင်ခြင်း၊ ခရီး များစတင်ခြင်း၊ သူငယ်ချင်းများတွေ့ခြင်း၊ ဝယ်ခြင်း၊ ရောင်းခြင်း၊ အလှဆင်ခြင်း၊ အနုပညာလက်ရာ များ လေ့ကျင့် ခန်းနှင့် ချေးငွေပေးခြင်း သို့မဟုတ် လက်ခံခြင်းအတွက် သင့်လျော်သည်။

ဤနက္ခတ်သည် အထက်သို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး အိမ်၊ ဗိမာန်၊ တံတိုင်း (ဥယျာဉ် )၊ အထပ်မြင့် အဆောက် အဦး/အဆောက်အအုံများနှင့် သက်ဆိုင်သော ဆောက်လုပ်ရေးလုပ်ငန်းများစသည့် အလုပ် များ ပြုလုပ်ရန်သင့်လျော် သည်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ည(၂၀:၁၃)နာရီမှ ည(၂၁:၀၄)နာရီအတွင်း ဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ မရဏဖွား၊ဖုသျှ နက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ကရကဋ်  စန်း၊  ကန်ရာသီဖွား ဖြစ်ပါ သည်။အမည်ပေးမှန်ရင်မှန်သလို….အောက်ခြေနင်းပြားဘ၀က နေသူဌေး သူကြွယ်ဘ၀ကို …တောင် ရောက်သွား နိုင်တဲ့…ဖွားဇာတာမျိုးဖြစ်ပြီး……နောင်တရစိတ် တစ်မျိုးမျိုးကို…ဘယ်လိုမှ ဖျောက်မရဘဲ…နက်နက်နဲနဲ စွဲနေတတ် တာလည်း …ဒီဇာတာဖွားပဲလို့ ဆိုရပါလိမ့်မယ်။နေရာထိုင်ခင်း ဘယ်သော အခါမှမမြဲပဲ ပြောင်းလည်းနေ ထိုင်ရကံပါ ရှိတတ်ပြီး ..တစ်ခါတလေဒီလိုဇာတာမျိုးတွေမှာ စကားအပြောအဆို နဲ့ ဘာသာစကားပညာရပ်တွေမှာ သဒ္ဒါပိုင်းမှာ အထူးကျွမ်းကျင်လိမ္မာတတ်ကြပြန်ပါတယ်။အမည်ပေး မှားလိုက်တာနဲ့…. အိမ်ထောင်ရေးကံ ဗြောင်းဆန်နေ အောင် လည်း ဆိုးသွားတတ်ကြပြန်ပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မနက်(၀၇:၂၆) နာရီမှ မနက်(၀၈:၅၅)နာရီအတွင်း ကျရောက် နေပါ တယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ကြာသပတေး၊သောကြာ၊စနေသားသမီးများပဲဖြစ်ပါတယ်။ 

ကံညံ့သော နေ့သားများကတော့ တနင်္ဂနွေသားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊ဗုဒ္ဓဟူး၊ရာဟုသားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ ဆင်စွယ်ရောင်၊နို့နှစ်ရောင်များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၇/၉) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့သစ်တော်သီးစား သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ မုန့်ဟင်းခါးဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

Leave a Reply

Your email address will not be published. Required fields are marked *