ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ သီတင်းကျွတ်လဆန်း(၈)ရက်၊ တနင်္ဂနွေနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၃ခုနှစ်၊အောက်တိုဘာလ(၂၂)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်( ၅:၃၅)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆:၂၃)နာရီဖြစ်ပြီး ၊ ညနေ(၅:၄၇)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့မြောက် အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ် ကအနောက်တောင် အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က တောင်အရပ် ဖြစ်ပါတယ်။
လက်သမားမြေခံ ဒွန်းစဏ္ဍား မြေခံဖြစ်၍ ဆင်းရဲဒုက္ခများ ကြုံတွေ့ရတတ်သော နေ့ဖြစ်တာကြောင့် ပျဉ်ထောင် အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ရှောင်သင့်ပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ စနေမြေခံတဲ့နေ့ဖြစ်ပါတယ်။ စနေမြေခံအရ မီးဘေးနှင့်ပတ်သက်သော အပူသောကများ အထူးဂရုစိုက်သင့်ပါသည်။ မီးဘေးကြောင့် ပျက်စီးဆုံးရှုံးရခြင်းများ၊ စိတ်ပူးပင်သောကနှင့် ဆုံးရှုံးနစ်နာရခြင်းများ ရရီစေသောကြောင့် ခိုင်ခန့်သော အဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ အထူးရှောင်သင့်ပါတယ်။
ဒီနေ့ဟာ သကြားပြည်ပြဿဒါး၊အမြိတ္တစုတ်ရက်နဲ့တိုက်ဆိုင်နေသောနေ့ရက်ဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ လဆန်းတီထိ ၈လုံးဖြစ်ပြီးတော့ အင်အားများ၊စွမ်းအားများကိုပေးတဲ့ ဇယတီထိကျ ရောက် တဲ့နေ့ ရက်ပဲဖြစ်ပါတယ်။ ဒီလိုနေ့ရက်တွေမှာတော့ မိမိစွမ်းဆောင်ရည်ကို ပိုကောင်းအောင်လုပ်သင့်ပါတယ်။ မိမိ လုပ်နိုင် သည်ထက်လျှော့ပြီး လုပ်တာမျိုးတွေကိုလဲအထူးရှောင်လိုက်စေချင်ပါတယ်။ ငွေကြေးနဲ့ပတ်သက်ပြီးတော့လဲ ကြိုး စားပြီးရှာဖွေ လိုက်ပါ။ ဝန်ထမ်းအလုပ်များ အထက်လူကြီးကို မိမိတောင်းဆိုချင်တာတွေတင်ပြတောင်းဆိုလို့ ရ တဲ့ နေ့ရက်ပါပဲ။
မိမိလက်ဝယ်ရှိတဲ့စက်ပစ္စည်းတွေကို ပြုပြင်ခြင်းထိန်းသိမ်းခြင်းများလဲ ဆောင်ရွက်သင့်သလို လိုအပ်တဲ့ စက်ပစ္စည်း ဝယ်မယ်ဆိုရင်လဲ အထူးအကျိုးပေးတာကိုတွေ့ရပါတယ်။ အတတ်ပညာများစတင်သင်ကြားခြင်း တွေ၊သင်တန်း စတင် တတ် ရောက်ခြင်းတွေအထူး ဆောင်ရွက်လို့ကောင်းပါတယ်။အလုပ်လျှောက်ခြင်း၊အလုပ်ရှာခြင်းများလဲ တိုး တတ် နိုင်တာကိုတွေ့ရပါတယ်။ ကျန်း မာရေးကတော့အထူးညံ့ကြုံနေရတတ်ပါတယ်။ ငွေကြေးနဲ့ပတ်သက် ပြီးတော့ စွန့်ဦးတီထွင်လုပ်ကိုင်ခြင်းမျိုးတွေကို စတင်လို့ကောင်းတဲ့နေ့ရက်မျိုးပါပဲ။
စိတ်တိုင်းကျလုပ်ကိုင်နိုင်တဲ့နေ့ရက်ဖြစ်တာကြောင့် အလုပ်နဲ့ပတ်သက်ပြီးပြုပြင်ပြောင်းလဲခြင်းများဒီနေ့မှာ အလေး ပေး ဆောင်ရွက်သင့်ပါတယ်။ ဒီလိုနေ့ရက်တွေမှာတော့ စာပေနဲ့ပတ်သက်သောကိစ္စတွေဖြစ်တဲ့ ဂျာနယ်၊မဂ္ဂဇင်း၊ စာအုပ်စာပေများစတင်ဖြန့်ချီလို အလွန်ကောင်းပါတယ်။အထည်လိပ်လုပ်ငန်းများ၊ဖက်ရှင်ဒီဇိုင်းနဲ့ ပတ်သက်သော အလုပ်များ၊ အထည်ဆိုင်နှင့် ပိုးထည်ဆိုင်များ အထူးအဆင်ပြေပါလိမ့်မယ်
ရေတွင်းရေကန်တူးဖော်ခြင်း အဝီစိတွင်းတူးဖော်ခြင်းများဆောင်ရွက်နိုင်ပါတယ်။ ခရီးသွားရင်းနဲ့လမ်းမှာတွေ့တဲ့ ထီဆိုင်မှာ ထီကံစမ်းလိုက်ပါ။ ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ရောဂါရှာဖွေတာ၊ကုသတာမျိုးတွေလုပ်ဆောင်သင့် ပါတယ်။ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းများ၊ ပွဲစားအလုပ်များ၊ကြားကနေဝန်ဆောင်မှုပေးရတဲ့ လုပ်ငန်းဆောင် တာ များ၊ အထူးဆောင်ရွက်လို့အဆင်ပြေတတ်ပါတယ်။
ဒီနေ့မှာရှောင်သင့်တာကတော့ လူတော်တော်များများ အပေါင်းအသင်းမှားတတ်ပါတယ်။ သူများစကားနား ယောင် ပြီး လုပ်လိုက်တဲ့အလုပ်တွေကအညံ့များနေတတ်ပါတယ်။ ငွေကြေးနဲ့ပတ်သက်ပြီးတော့လဲ လူလိမ်ခံရတတ် ပါတယ်။ မိမိမတတ်ကျွမ်းနားမလည်ဘဲနဲ့ ကြားကပြောလို့လိုက်လုပ်တာမျိုးရှောင်လိုက်ပါ။
ဒီနေ့ဟာအမြိတ္တစုတ်ရက်ကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ စီးပွားရေး၊လူမှုရေး၊ကျန်းမာ ရေး၊ ပညာရေးနှင့်အလုပ်ကိစ္စ ရေးရာအဖြာဖြာတွေမှာ ရေရှည်အောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်။ လောကီ အစီအရင် လုပ်ခြင်း၊ သိဒ္ဓိတင်ခြင်း၊အင်းဆွဲခြင်းများကို အလေးပေးဆောင်ရွက်နိုင်ပါလိမ့်မယ်။ ဂမ္ဘီရဆန်တဲ့ ကိစ္စတွေအတွက် ဆောင်ရွက်လို့အလွန်ကောင်းပါတယ်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ည(၁၉:၂၁)နာရီမှ ည(၂၀:၁၃)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာ များရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံလာရပါ လိမ့် မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဥတြာသာဠ်နက္ခတ် ပုံသေသဘာဝ နက္ခတ်ဖြစ်ပြီး ရေတွင်းတူးခြင်း၊ အုတ်မြစ်ချခြင်း၊ မြို့တည်ခြင်း၊ သစ်ပင်စိုက်ခြင်း၊ နန်းတက်ခြင်း၊ မြေဝယ်ခြင်း၊ ကုသိုလ်ကောင်းမှု ပြုလုပ်ခြင်း၊ မျိုးစေ့ကြဲခြင်း၊ စသည်တို့သည် တည်မြဲသော သို့မဟုတ် တည်မြဲသောအကျိုးသက်ရောက်မှုကို လိုလားတောင့်တသော အခြားလုပ်ဆောင်မှုတစ်ခုခု တို့အတွက်သင့်လျော် သည်။
ဤနက္ခတ်သည် အထက်သို့မျက်နှာမူသောနက္ခတ်ဖြစ်ပြီး အိမ်၊ဗိမာန်၊ တံတိုင်း (ဥယျာဉ်)၊ အထပ်မြင့် အဆောက်အဦ / အဆောက်အအုံများနှင့် သက်ဆိုင်သော ဆောက်လုပ်ရေးလုပ်ငန်းများ၊ အလံလွှင့်တင်ခြင်း၊ နန်းတက်ခြင်း၊ ဆင်ဖြင့် ခရီးသွားခြင်း၊ ရွာဗိမာန်၊ ခံတပ်စသည့်ပြုလုပ်ရန်သင့်လျော်သည်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ သိုက်ဖွား၊ ဥတြာသာဠ်နက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ မကာရစန်း၊ တူရာသီဖွားဖြစ် ပါသည်။ဒီနေ့ မွေးသူများဟာ နာမည်ပေးက တော်တော်အဓိက ကျတယ်ဗျ။ နာမည်ပေးမှန် သွား ရင် တော်တော်လေး စိတ် ဓာတ်ပိုင်း အားကောင်းသွားပြီးတော့ နာမည်ပေးမှားရင် ရိုင်းသွားတတ်ပါတယ်။ မိဘအသိုင်း အဝိုင်းကောင်း ရင်တော့ ပညာတက် ကြီးဖြစ်သွားနိုင်တဲ့ဇာတာရှင် တွေပဲဖြစ်ပါ တယ်။ ငွေကြေးအင်အားတောင့်တင်း ကြပြီး မိသားစုရဲ့ အထောက်အပံ့ကို အပြည့်အဝရရှိတာကိုလဲ အထူးတွေ့ရပါ တယ်။ ကျန်းမာရေးအနည်း ငယ်အားနည်း ချက်ရှိနေ ပြီးတော့ အရွယ်သုံးပါးမှာ တစ်ချိန်တခါတော့ ကျန်းမာရေးအထူး ညံ့ လိမ့်မယ်။ ကိုယ်တွင်းကလိစာ တစ်ခုခု အစား ထိုးရတာ မျိုးကြုံရတတ်တယ်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၀၄:၁၂) နာရီမှ ညနေ(၀၅:၄၀)နာရီအတွင်း ကျရောက် နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။
ကံကောင်းသောနေ့သားများကတော့ အင်္ဂါ၊ဗုဒ္ဓဟူး၊စနေသားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ ရာဟုသားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊တနင်္လာ၊ကြာသပတေး၊သောကြာသားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအညိုရောင်၊ခရမ်းရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၁/၈/၆) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ပြောင်းဖူးကြော်စား သွား ပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ကြံသကာဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလို အင်ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695