ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့ရက်၊ တနင်္ဂနွေနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၃ခုနှစ်၊အောက်တိုဘာလ(၂၉)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်( ၅:၃၉)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆:၂၇)နာရီဖြစ်ပြီး ၊ ညနေ(၅:၄၃)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။
လက်သမားမြေခံ သိကြား မြေခံဖြစ်၍ ချမ်းသာသုခကို ပေးတဲ့နေ့ ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ ကောင်းပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ ကိတ်မြေခံတဲ့နေ့ဖြစ်ပါတယ်။ ကိတ်မြေခံအရ အလုံးစုံသော စည်းစိမ်ဉစ္စာ၊ ရတာနာတို့ကို အလွယ်တကူ ရရှိပိုင်ဆိုင်ခွင့်များ ရရှိစေသောကြောင့် ခိုင်ခန့်သောအဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ ဆောင်ရွက်လို့အထူးကောင်းပါတယ်။
ဒီနေ့ဟာ သိကြားပြည်ပြဿဒါးရက်နဲ့တိုက်ဆိုင်နေသောနေ့ရက်ဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ လဆုတ်တီထိ ၁လုံးဖြစ်ပြီးတော့ မူလအနေအထားထက်တစ်ဆင့် မြင့်တတ်ခြင်း တွေကို ပေးတဲ့နန္ဒတီထိကျရောက်တဲ့နေ့ရက်ပါပဲ။ ဒီညနေ ၃း၀၀မှ ၄း၃၀အတွင်း မတော်တဆထိခိုက်တာ၊ ချော်လဲတာစတာ တွေဖြစ်နိုင်တဲ့အတွက် သတိထားပြီးလုပ်ကိုင်သင့်တဲ့အချိန်ကာလပဲဖြစ်ပါတယ်။
ဒီနေ့ဟာဘာသာရေးကိစ္စများအလေးပေးဆောင်ရွက်လို့ကောင်းပါတယ်။ အပြင်မသွားခင် အိမ်မှာရှိတဲ့ အစား အသောက်တစ်ခုခုကိုစားပြီးသွားခြင်းဖြင့်ဒီနေ့အတွက်ကံကောင်းစေပါလိမ့်မယ်။ မိမိလုပ်ငန်းအတွက် လိုအပ်တဲ့ဆိုင်း ဘုတ်အပ်ခြင်းတွေ၊ vinyl အပ်ခြင်းတွေအထူးဆောင်ရွက်သင့်ပါတယ်။ အသီးအနှံရောင်းဝယ်တဲ့ လုပ်ငန်းတွေ၊ စာရေး ကိရိယာရောင်းချခြင်းလုပ်ငန်း၊ဆိုင်းဘုတ်နှင့်တံဆိပ်ရိုက်လုပ်ငန်းများအဆင်ပြေတိုးတတ်လာ နိုင်တာကိုတွေ့ရ ပါ တယ်။ သာမန်သွားနေကြ သွားရိုးသွားစဉ်ခရီးတွေသွားလို့အထူးကောင်းတဲ့နေ့ရက်ပါပဲ။
ဒီနေ့ မနက်၁၀း၃၀ မတိုင်ခင်ထိ ဂါထာမန္တန်ရွတ်ဖတ်ခြင်းတွေ၊ ယတြာအစီအရင်ပြုလုပ်ခြင်းတွေ၊ အဆောင် လက်ဖွဲ့တွေကိုသိဒ္ဓိတင်ခြင်းများလဲအထူးဆောင်ရွက်လို့ကောင်းတာတွေ့ရပါတယ်။ အဝတ်အထည်ဝယ်ယူခြင်းများ၊ စတင်ချုပ်လုပ်ခြင်းများဆောင်ရွက်နိုင်သလို ဇိမ်ခံပစ္စည်းနှင့်ပက်သက်သမျှအရာတွေကို ဝယ်ယူမယ်ဆိုရင်လဲဒီနေ့ ကအထူးကောင်းပါတယ်။ဆိုင်သစ်ဖွင့်ခြင်း၊လုပ်ငန်းသစ်စတင်ခြင်းတွေကိုဆောင်ရွက်လို့ကောင်းပေမဲ့ ဒီနေ့မှာတော့ အိမ်သစ်တတ် ခြင်းမျိုးနှင့် အိမ်အသစ်မှာစတင်နေထိုင်ခြင်းမျိုးကိုတော့ ရှောင်နိုင်ရင်ပိုကောင်းပါတယ်။
ယနေ့တွင် ခေါင်းဆေး၊ ခေါင်းလျှော်ပြုက လူ၊ နတ် ချစ်ခင်မည်။ ကုန်ပစ္စည်းများ ဖြန့်ချီရန် ရက်ကောင်း ဖြစ် သည်။ ကောင်းခြင်းမင်္ဂလာအဖြာဖြာတို့ ဆိုက်ရောက်လာနိုင်ပါသည်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ည(၁၈:၅၄)နာရီမှ ည(၁၉:၄၅)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါ ထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံ လာ ရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
အဿဝဏီနက္ခတ်မို့ ကျောက်ဆစ်လုပ်ငန်းစတင်လုပ်ခြင်း၊ ကျောက်ရုပ်ထုခြင်း၊ သံထည်သွန်းခြင်း၊ ကြေးသွန်းလောင်း ခြင်း၊ ကြော်ငြာလုပ်ငန်း၊ ဆိုင်းဘုတ်တင်ခြင်း၊ ပန်းချီပန်း ပုလုပ်ငန်းလုပ်ခြင်း၊ တိုင်ထူခြင်း၊ လှေကားတင်ခြင်း၊ အိမ်တက်မင်္ဂလာလုပ်ခြင်း၊ အသီးဆွတ်ခူးခြင်း၊ လေကြောင်းခရီး သွားလာခြင်း၊ နတ်ကွန်းတည်ခြင်း၊ အလံထူခြင်း၊ အုတ်တံတိုင်းကာခြင်း၊ ဝင်းခြံကာခြင်း၊ တံခွန်တိုင်ထူးခြင်းကောင်း၏။
ဒီနေ့မွေး ရင်သွေးငယ်များဟာ သိုက်ဖွား၊ အဿဝဏီနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ မိဿစန်း၊ တူ ရာသီဖွားဖြစ် ပါသည်။ ဒီနေ့မွေးသူများဟာစိတ်ကူးကောင်းကြ သူတွေ ဖြစ် ပါတယ်။ အတွေးအခေါ်ရှိပါ တယ်။ နာမည် ပေး မှား ရင်တော့ အကောင်း တွေလျော့သွားနိုင်တာကိုတော့ မေ့ထားလို့ မရပါဘူး။ နာမည်ပေးပါ မှန်ကန်ရင် အင်မတန် အောင်မြင် ထင်ရှားပြီး လူလေးစားခံရသော ပညာရှင်ဘ၀ ဖြင့် ရှင်သန်ခွင့်ရ တတ်သည့် ဖွားဇာတာ အမျိုး အစားလည်း ဖြစ်ပါ တယ်။ဖြန့်ဖြူးရေး လုပ်ငန်းအားလုံးနဲ့ သော်လည်း ကောင်း ကုန် ထုတ်လုပ်မှု လုပ်ငန်းများနဲ့ သော်လည်းကောင်း အံဝင် ခွင်ကျ အကျိုးပေး တတ်သူလည်း ဖြစ်ပါ တယ်။….ဝေးမြေ ရပ်ခြားမှာ ချစ်ခင်သူတွေ နဲ့ ဆုံဆည်းရ တတ်တဲ့ကံလည်း ရှိတတ်ပါတယ်။ ကိုယ်တစ်ကယ်ချစ်ရမယ့် ရင်းနှီးသူအချို့နဲ့ မုန်းတီးရတတ်ပြီး….သူစိမ်း တစ်ချို့နဲ့ တော့ သံယောဇဉ် တွယ်စရာ ဖြစ်ရ တတ်သော ထူးဆန်းသည့် မေတ္တာရေးကံ ရှိတတ်သူပါ။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၀၄:၀၉) နာရီမှ ညနေ(၀၅:၃၆)နာရီအတွင်း ကျရောက် နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။
ကံကောင်းသောနေ့သားများကတော့ အင်္ဂါ၊ဗုဒ္ဓဟူး၊စနေ သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ တနင်္ဂနွေသားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္လာ၊ရာဟု၊ကြာသပတေး၊သောကြာသားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအနီရောင်၊ငွေရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၉/၅/၃) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ပျားရည်သောက် သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ထမင်းကြော်ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695