ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ သီတင်းကျွတ်လဆုတ်(၃)ရက်၊ ဗုဒ္ဓဟူးနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၃ခုနှစ်၊နိုဝင်ဘာလ(၁)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅:၄၁)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆:၂၉)နာရီဖြစ်ပြီး ၊ ညနေ(၅:၄၂)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်ကမြောက် အရပ် ဖြစ်ပါ တယ်။ စန်းပွင့်ရာအရပ်က တောင်အရပ် ဖြစ်ပါတယ်။
လက်သမားမြေခံ ကတော့ နတ်မြေခံဖြစ်ပါ၍ ဘေးသင့်တတ်သဖြင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ မြေတူးဆွတာတွေ လုပ်ကိုင်ဆောင်ရွက်ခြင်းငှာ မသင့်သေးပါ။
ဒီနေ့ဟာတီထိမြေခံအရ သောကြာမြေခံတဲ့နေ့ဖြစ်ပါတယ်။ သောကြာမြေခံအရ ဥစ္စာပစ္စည်းရရှိခြင်း၊ချစ်သူ၊ မိတ်ဆွေ ပေါများခြင်းအကျိုးကိုရရှိစေသောကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေစတင်ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူး ဆောင်ရွက်လို့ ရပါ တယ်။
ဒီနေ့ဟာ ရှမ်းရက်၊နဂါးပေါ်ရက်များနဲ့ တိုက်ဆိုင်နေတဲ့နေ့ရက်ဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ဗလာနိတ္ထိဖြစ်ခြင်းကိုဖော်ဆောင်ပေးတဲ့ရိတ္တာ တီထိကျရောက်တဲ့နေ့ရက်ပဲဖြစ်ပါတယ်။ ဒီလို နေ့ရက် မှာ တော့ ဆေးဝါးကု သရန်ရက်ကောင်းဖြစ်ပါတယ်။ ဆေးဖော် စပ်ရန်ရက်ကောင်းဖြစ်ပါတယ်။ ယနေ့ခေါင်း လျှော်၊ ခေါင်းဆေးပြုပါက ကျန်းမာရေးအတွက်ကောင်းသောကံကိုဖြစ် ထွန်းစေပါတယ်။ ရေဆော့ကစားခြင်းမပြုပါနဲ့။ ရေမကူးတတ်ဘဲ ရေထဲမဆင်းလိုက်ပါနဲ။ နံနက် ၉း၀၀နာရီကနေ ၁၀း၃၀နာရီအတွင်းကို မတော်တဆထိခိုက်မှုတွေ ဖြစ် လွယ်တဲ့အတွက် သတိနဲ့နေ့ရမဲ့အချိန်အခါပါပဲ။
ဒီနေ့ဟာ မလိုအပ်ဘဲအပျော်ခရီးသွားတာမျိုးရှောင်ပါဗျ။ အပျော်ကနေ အပျက်ဖြစ်လွယ်တဲ့နေ့ပါ။အလုပ်ခန်းများ စတင် ဖွင့်လှစ်တာမျိုးတွေကတော့ ဆောင်ရွက်နိုင်ပါတယ်။ ငွေကြေးနဲ့ပတ်သက်သောကိစ္စမှန်သမျှဆောင်ရွက်လို့ ကောင်းပါတယ်။ အိုးအိမ်တည်ဆောက်ခြင်းများဆောင်ရွက်နိုင်ပါ တယ်။
မိတ်ဆုံစားပွဲကျင်းပခြင်း၊ မိတ်ဆွေသစ်တွေနဲ့တွေ့ဆုံခြင်း၊customer တွေအတွက်ပွဲကျင်းပခြင်းတွေကိုလဲ အထူး ဆောင်ရွက်လို့ကောင်းပါတယ်။ ဒီလိုနေ့ရက်တွေမှာ မိမိစိုက်ပျိုးထားတဲ့ကောက်ပဲသီး နှံတွေကို ပိုးသတ်ဆေးဖြန်းခြင်း၊ များဆောင်ရွက်နိုင်ပါတယ်။ အဖျောယမကာများ၊အရက်များ စတင်ချက်လုပ်ခြင်း များလဲ စတင်ဆောင် ရွက်နိုင်ပါ တယ်။
ကလေးကင်းပွန်းတပ်ခြင်း၊ကလေးကို အာဟာရစတင်ကျွေးခြင်းများဒီနေ့မှာလုပ်ဆောင်သွားနိုင်ပါ လိမ့်မယ်။ စပ်တူ အလုပ်များ ၊ရှယ်ယာဝင်ခြင်းများ၊အထူးအဆင်ပြေတဲ့နေ့မျိုးပါပဲ၊ ပရဟိတအလုပ်များလဲ ဒီနေ့မှာဦးစားပေး ဆောင်ရွက် သွားခြင်းဖြင့် ကံပိုမိုမြင့်မားသွားတတ်ပါတယ်။ စိုက်ပျိုးရေးနဲ့ ပတ်သက်သောဆက်စပ်ပစ္စည်းများ ရောင်းပန်းဝယ်ပန်း တွေပွင့်နေတတ်ပါတယ်။ ကျောက်မျက်ရတနာ၊ရေနံ၊ဓာတ် သတ္တုများတူးဖော်ခြင်းတွေစတင် ဆောင်ရွက်လို့ အထူး ကောင်းပါတယ်။
နဂါးပေါ်ရက်ဆိုတာကတော့ အခြားအညံ့အဆိုးဖြစ်တာတော့မဟုတ်ပါဘူး။ နဂါးပေါ်ရက်ကျရောက်တဲ့နေ့ မျိုးက accident ဖြစ်လွယ်ပါတယ်။ ယာဉ်ကားကို သတိထားမောင်းနှင်ပါ။ လမ်းဖြတ်ကူးတာလဲသတိရှိပါတယ်။ ချော်လဲတာ စလစ်ဖြစ်တာမျိုးတွေလဲဖြစ်လွယ်ပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာလုပ်ကိုင်သူဆို safety ပြည့်စုံစွာ ဝတ် ပါ။ Halmet ဆောင်းတာ၊ safety shoe ဝတ်ဆင်တာမျိုးကို ဂရုတစိုက်လုပ်ပါ။ ဒီနေ့မှာ PPE ပြည့်စုံ စွာနဲ့ အလုပ်လုပ်ပါ။ အမြင့်တတ်ရင်လဲ သတိထားပါ။ ဒီလိုနေ့မျိုးမှာ မတော်တဆထိခိုက်မှုလေးတွေ သွေးထွက် သံယို ဆိုတာမျိုးတွေ ဖြစ်လွယ်ပါတယ်။ ဒါကြောင့်သတိရှိစွာ လုပ်ကိုင်ဆောင်ရွက်ပါ။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ ည(၁၈:၄၂)နာရီမှ ည(၁၉:၃၄)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာ များရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါ လိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
မိဂသီ နက္ခတ်သည် ခရီးများ၊ အဆောက်အဦးများ ဆောက်လုပ်ခြင်း၊ ဖောင်ဒေရှင်း များအတွက် သင့်တော်ပါသည်။ ဤနက္ခတ်သည် နူးညံ့သိမ်မွေ့သောသဘောရှိသည်၊ အနုပညာ၊ သင်ယူမှု၊ မိတ်ဖွဲ့မှု၊ ကာမဂုဏ် ကာမဂုဏ်၊ အလှဆင်မှု၊ လိင်ဆက်ဆံမှု၊ ဝတ်စုံသစ် ဝတ်ဆင်မှု၊ အိမ်ထောင်ပြုမှု၊ သီဆိုကခုန်မှု၊ စီတန်းလှည့်လည်မှု၊ ပွဲတော်များ၊ လယ်ယာ လုပ်ငန်းနှင့် ခရီးသွားလာမှုတို့အတွက်ကောင်းမွန်သည်။
ဤနက္ခတ်သည် ဘေးသို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး ခြေလေးချောင်းသတ္တဝါများ (မြင်းကျားကုလားအုတ်၊ နွား စသည်ဖြင့် ဝယ်ယူခြင်းနှင့် လေ့ကျင့်ခြင်းနှင့် ပတ်သက်သည့် အလုပ်များ၊ ရေ မြေ-လေ၊ သယ်ယူပို့ဆောင်ရေး၊ မောင်းနှင်ခြင်း၊ နွားလှည်း၊ ရထား၊ ထွန်ယက်ခြင်း၊သီချင်းဆိုခြင်း၊ ဂီတတူရိယာများ၊ လမ်း၊ ဆည်များ စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ ရာဇဖွား၊ မိဂသီ နက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ပြိဿစန်း၊ တူရာသီဖွားဖြစ်ပါ သည်။ဒီနေ့မွေး သူများဟာအခက်အခဲ တွေကိုကောင်းစွာကျော်လွှား နိုင်ကြသူတွေဖြစ်တယ်။ကြီးကျယ်တဲ့ အောင်မြင် မှုတွေ ကိုလဲ ရတတ် သလို၊အဆင်ပြေလာပြီဆိုရင် လုပ်ငန်းတွေတစ်ခုမကကိုင်တွယ်ရသော လုပ်ငန်းရှင်မျိုးဖြစ် တတ်ပါ တယ်။ ရန်အားကြီးသလို အောင်မြင် အားလဲ ကြီးမားကြပါတယ်။ အချစ် ရေးကိစ္စတွေမှာတော့ က မောက်ကမ ဖြစ်လွယ်တဲ့ ဇာတာရှင်ဖြစ်တာမို့ သမီး မိန်းကလေးရင်သွေးငယ်ဖြစ်မယ်ဆိုရင် တော့ အိမ်ထောင်ရေးအထူး သတိ ထားရလိမ့်မယ်။ ကျန်းမာရေးအားကောင်း ကြပေမဲ့ ဘဝမှာအရေပြားရောဂါတွေ၊ အစားမှားဆေးမှားခြင်းတွေ မဖြစ်ဖို့ တော့ မိဘတွေက ဂရုစိုက်ပေး ရပါလိမ့်မယ်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မနက်(၁၁:၄၉) နာရီမှ မွန်းလွဲ(၀၁:၁၅)နာရီအတွင်း ကျရောက် နေ ပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ဗုဒ္ဓဟူး၊ရာဟု၊စနေသားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ သောကြာသားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္လာ၊အင်္ဂါ၊ကြာသပတေးသားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ ပန်းရောင်၊အဝါရောင်များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၃/၆/၀) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့အာလူးကြော် စားသွား ပါ။ပိုမို အဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ဆနွင်းမကင်း ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင် ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695